HZEE
05/01/2026
'NEWSWAN' Album Review
မထွက်ခင်ထဲက hype ပြီးမျှော်နေရတဲ့ album တစ်ခုလို့ ပြောရင် မမှားဘူး အရင် THE DEVIL OF HELL’S
KITCHEN မှာထဲက ကြိုက်တဲ့ Rapper မလို့လဲပါတယ် ဒီ album ကတော့ လုံးဝ အသစ် အသစ်တွေချည်းဘဲ NEWSWAN ဆိုတဲ့အတိုင်း
Track တစ်ခုချင်းစီတိုင်းက ပုံစံတစ်မျိုးစီနဲ့ သုံးထားတဲ့ Tunes တွေကလဲ ထပ်မနေဘဲ လှလှပပ သုံးထားတာမျိုး တွေ့ရတယ်
Vocal arrangement တွေလဲ unique ဖြစ်ပြီး Featuring နဲ့ အပေးအယူတွေလဲ တော်တော်မျှတယ်လို့ ခံစားရတယ်
Flow ပိုင်းမှာဆိုရင်လဲ NEWSWAN ရဲ့ ပုံစံအတိုင်း တစ်ပုဒ်နဲ့ တစ်ပုဒ် မထပ်ဘဲ အမိုက်ဆုံး ဆိုထားတာတွေ့ရတယ်
Mixing ပိုင်းတွေမှာဆိုလဲ တော်တော်သေသပ်တယ် ပို hype တာက သီချင်းအကုန်လုံးက်ို SWAN ကိုယ်တိုင် mixing လုပ်တာဖြစ်နေတာဘဲ
Big Respect my bro
LOVEISCIRCLE, WHENBIRDSNEVERLIE, SSPY, WELCOMETODERRY, ARKHAM, RELATIONSH*T, SWANSYSTEM အဲ့အပုဒ်တွေကို အကြိုက်ဆုံးဘဲ ကျန်တဲ့ HOLY, A, KAUNGMALAY, MOVIESTAR, ZOMBIEAPOCALYPSE အပုဒ်တွေကလဲ တကယ်မိုက်ပြီး unique အရမ်းဖြစ်တယ်
Album စနားထောင်မယ့်သူတွေကို အကြံပေးချင်တာက Track တွေက်ို အစဉ်လိုက်နားထောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်
Track List တစ်ပုဒ်ပြီး တစ်ပုဒ်က ပျင်းဖို့မကောင်းဘဲ balance ဖြစ်နေတာမလို့ အချိန်ပေးပြီး စီထားမှန်းအရမ်းသိသာတယ်
တကယ်ကို အထာကျပြီး မိုက်တဲ့ album တစ်ခုမလို့ နားထောင်ကြည့်စေချင်ပါတယ်
Hope 2026 is the NEWSWAN era.
Every track hits different, each one bringing its own recipe and impact.
07/12/2025
🃏
11/11/2025
WELCOME TO DERRY
Lyrics:
လမ်းမပေါ်တက်လို့လျှောက်
လိုက်ရှာတဲ့အပေါင်းအသင်းတွေ ဘယ်ကိုရောက်
လမ်းတွေပါပျောက်
ဘေးနားက နံရံမှာရေးထားတဲ့ သွေးစတွေကြောင့် ငါ့မှာ psycho ဖောက်
ဒီလိုနဲ့ ထွက်လို့ပြေးလာ
ဟိုးရှေ့မှာ လက်ပြနေကြတဲ့ မိစ္ဆာကြီးများ
ပျောက်သွားတဲ့သူတွေလဲ ရှိနေကြလား
ညမထွက်ဖို့ ပြောတုန်းမှာ အသိကိုကပ်ထား
အမှောင်ထုက ကြီးစိုးနေ မြို့ပြထဲအေးစက်
ကူရာမဲ့ ကယ်ရာမဲ့ အသူရာငရဲ ညှင်းစဲ
မုချငါ လှုပ်မရပါ ဂုတ်ကနေဆွဲကာ အကျဉ်းထဲ
ကလီစာတွေ ထည့်ထားတာ ပုလင်းထဲ
S**t ! လမ်းဆုံးသွားပြီ
ဘေးမှာတွေ့တာက ခွဲစိတ်ခန်းသုံးဓားကြီး
ထိတ်လန့်စရာအော်သံကြား လှမ်းပြုံးပြသည့်
အမှောင်ထဲက ချောင်ထဲမှာ သွေးတွေနဲ့ clown ကြီး
Breakdown :
ဒီသီချင်းမှာ ကျွန်တော်တို့ ရဲ့ perspective က Derry မြို့ထဲက ကလေးနှစ်ယောက်နေရာကနေ ရေးထားပါတယ်
ကျွန်တော့်ရဲ့ Verse မှာတော့ ပျောက်ဆုံးသွားတဲ့ သူငယ်ချင်းတွေကို လိုက်ရှာရင်းနဲ့ တစ်ယောက်တည်း ရင်ဆိုင်ရတဲ့ အဖော်မဲ့မှု၊ ကြောက်ရွံ့မှုနဲ့ မလွဲမသွေ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို ပုံဖော်ထားပါတယ်။
Verse ပြီးခါနီးမှာ အနောက်မှာ 4 bars ကျန်သေးပါတယ် အဲ့မှာ ပုံမှန်ဆက်ဆိုဖို့ စဉ်းစားပေမယ့် Swan ရဲ့ verse တစ်ခုကိုဘဲ pre chorus လို ပြန်ဝင်ဖို့ လုပ်ဖြစ်ခဲ့တယ်
ဒီလိုပြုလုပ်ခြင်းဟာ ကျွန်တော့်ရဲ့ ဇာတ်ကောင်ဟာ နောက်ဆုံးမှာတော့ Clown ကြီးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီဖြစ်လို့ ဆက်လက် အသံထွက်ခွင့်မရတော့ဘူးဆိုတဲ့ ပုံစံမျိုး Creepy vibe ဆန်ဆန် လုပ်လိုက်တာ ဖြစ်ပါတယ်
Streaming Link Tree
https://found.ee/WelcometoDerry
Recording Session 🎙️
WELCOME TO DERRY (Lyric Video) 🎈
NEW SWAN, Jeremy Swan + HZEE + Pyae Pyae
Written By Jeremy Swan & HZEE
Prod By - Alpha & NEW SWAN
Vocal Mix - Htoo Thit
Mixing/Mastering - Jeremy Swan
Youtube Stream
https://youtu.be/BlWfv73fGD0?si=IBwtVu-FytAu_y3c
Streaming Link Tree
https://found.ee/WelcometoDerry
The Memory of B2B Music Talk
Run Up On Me? (Official Lyrics Video) - Tracker Noise (Prod. By JP Beatz)
YouTube link - https://www.youtube.com/watch?v=493H7HOqC94
Spotify - https://open.spotify.com/track/4sWiduEA2iikypZ7Xt40mS?si=qoCwDoI5SGCFpn1FmVNN4w
Click here to claim your Sponsored Listing.