Zoey's cloud
18/04/2025
ဖေဖေအမြဲပြောဖူးတဲ့ ဆုံးမစကား
ဘဝမှာ အရေးကြီး ၄ပါးရှိတယ်သမီး။ ၄ပါးထက်လည်းမပိုဘူး၊လျော့လည်းမလျော့ဘူး၊၊
အဲ့ဒါဘာလဲဆိုတော့ …
၁ - ကျန်းမာရေး
၂ - လူမှုရေး
၃ - စီးပွါးရေး
၄ - ဘာသာရေး
နောင်တမရချင်ရင် အဲ့ဒီအရေးကြီး ၄ပါးကို နေ့စဉ် လုပ်ဖြစ်အောင်လုပ်သမီး
🤍ကျန်မာရေးဆို နာရီဝက်လမ်းလျှောက်လိုက်တာပဲဖြစ်ဖြစ်ပေါ့။ အားကစားတွေလုပ်နိုင်ရင် ၊ ဂျင်တွေ သွားနိုင်ရင်တော့ပို့ကောင်းတာပေါ့။
🤍လူမှုရေး ဆိုတာကတော့ အသိမိတ်ဆွေတွေနဲ့အမြဲအဆတ်အသွယ်မပျက်စေနဲ့။ ကူညီသင့်တဲ့သူတွေကိုကူညီ။ ရှောင်သင့်တဲ့သူတွေကိုလည်းရှောင်ရမယ်။ နောင်အိမ်ထောင်တွေကျရင် တဖက်ကအသိုင်းဝိုင်းနဲ့ဆက်ဆံရတာတွေဆိုတာလည်း လူမှုရေးပဲသမီး
🤍စီးပွါးရေးလည်းကြိုးစားရမယ်။ ပုံမှန်ဝင်ငွေ တစ်ခုရအောင် အရင်လုပ်ပါ။ ကျောင်းသားဆိုရင်တော့ ပညာရေးပေါ့
🤍ဘာသာရေးကတော့ ကြီးကြီးမားမားကြီးတွေမလုပ်နိုင်ရင်တောင် ကုသိုလ်၄မျိုးကို နေစဉ်လုပ်ပါ။
၁-ဒါနကုသိုလ် ၊ ၂- သီလကုသိုလ် ၊ ၃- အဓိဠာန်ပါရမီကုသိုလ် ၊ ၄- ဘာဝနာကုသိုလ်
ဒါနကုသိုလ်ကတော့ သောက်တော်ရေကပ်တာ ၊ဆွမ်း၊ဆီမီးကပ်တာပေါ့၊၊ သီလကုသိုလ်က ၅ပါးသီလမှာ ၃ပါးလောက်တော့ လုံအောင်ထိန်း၊ အဓိဠာန်ပါရမီကုသိုလ်ကတော့ ဘုရားရှစ်ခိုး၊ပုတီးစိပ်တာ နေ့စဉ်မပျက်စေနဲ့။ ဘာဝနာကုသိုလ်ကတော့ သမီး တစ်နေ့ကို အနည်းဆုံး ၁၅မိနစ်တော့ တရားရှုမှတ်ပါ ။
~☁️
01/01/2025
Level up your life in 2025 🤍
✨ စောစောအိပ်ယာထပါ
✨ Journaling ရေးတဲ့အကျင့်လုပ်ပါ
✨ ရည်မှန်းချက်တွေထားပါ ( weekly / monthly/ year goals )
✨ တစ်ရက် အနည်းဆုံး ၁၀ မိနစ် တရားထိုင်ပါ ( စိတ်တည်ငြိမ်ပြီး self-control အားကောင်းလာပါလိမ်မယ် )
✨ Skills အသစ်တွေ သင်ယူပါ
✨ စာ နေတိုင်းဖတ်ပါ
✨ ကျေးဇူးတင်တတ်ခြင်း ( Gratitude) အကျင့်လေးလေ့ကျင့်ပါ
✨ Time Management သေချာလေးလုပ်ပေးပါ
✨ လေ့ကျင့်ခန်းလုပ်ပါ
✨အမှားတွေကနေ သင်ခန်းစာယူပါ
✨တပါးသူအပေါ် အပစ်တင်ခြင်းနည်းပြီး၊ နားလည်နိုင်အောင် လေ့ကျင့်ပါ
✨ ငွေကြေးစီမံခန့်ခွဲမှုသေချာလုပ်ပါ
✨ ကိုယ့်အမှားကိုယ် လက်ခံနိုင်အောင်ကြိုးစားပါ
✨ ကိုယ့်ကိုကိုယ်ပိုချစ်ပါ
✨ခွင့်လွှတ်တတ်ခြင်း ၊ ဥပက္ခာထားတတ်ခြင်း
✨Self - Control ကောင်းအောင်လေ့ကျင့်ပါ
~ ☁️
29/11/2024
ကိုယ်က ဘဝလက်တွဲဖော် ရှာနေတာလား?
ခဏတာပျော်ရွှင်ရတဲ့လက်တွဲဖော်ကိုရှာနေတာလား? သိချင်ရင်ဆက်ဖတ်ပါ!
How to not die alone ဆိုတဲ့ စာအုပ်ကနေ ပြန်လည်ဝေမျှပေးပါရစေ
The prom date vs the life partner
ဘဝအတွက်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဆိုတာ တကယ်ကို လုပ်ရခက်တဲ့အရာပါ
ကျွန်မတို့တွေဟာ ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာသိတယ်၊ ဒါပင်မယ့် မလုပ်ဘူး။
ကျွန်မတို့အနာဂါတ်အတွက် ငွေကြိုစုသင့်တယ်ဆိုတာလည်းသိတယ် ၊ ဒါပင်မယ့် ငွေတွေဖြုန်းပစ်တယ်
လုပ်ရမယ့်အလုပ်တွေကိုလည်း ချက်ချင်းလုပ်လို့ရရင်တောင် အချိန်ဆွဲလေ့ရှိတယ်။
အဲ့လိုပဲကျွန်မတို့အများစုဟာ date တဲ့အခါမှာလည်း ရေရှည်ကိုမစဉ်းစားကြပါဘူးတဲ့
အဲ့တော့ ကိုယ်က prom date ရှာနေတာလား ? Life partner ရှာနေတာလား ?
Prom date ဆိုတာဟာ ~
ကျွန်မတို့နိုင်ငံမှာတော့ ဒီဓလေ့ကမရှိဘူးပေါ့နော် ~ ဒါပင်မယ့် အထက်တန်းကျောင်းတုန်းကအချစ်ဇာတ်လမ်းလေးတွေနဲ့တော့ဆင်တယ်။ အဲ့တော့ prom date မှာ လူငယ်အများစုက ကိုယ့်ရဲ့ လက်တွဲဖော် partner က ရုပ်ရည်ချောမောရမယ်၊ ပြီးရင် အဲ့ တညတာက အရမ်းပျော်ဖို့ကောင်းရမယ် ၊ အရမ်းကို ရိုမက်တစ်ဖြစ်နေရမယ် ၊ သူငယ်ချင်းတွေကြားထဲမှာ ကိုယ့်အတွဲက ထင်ပေါ်ပြီးအမိုက်စားဖြစ်နေရမယ် ။ အဲ့ လို အတွေးတွေနဲ့ စိတ်ကူးယျဉ်ပြီးရွေးချယ်ကြတယ်ပေါ့နော်
တကယ်ပဲ အဲ့လိုလူမျိုးနဲ့ လက်ထပ်ချင်တာလား
အသက်ကြီးသွားတဲ့ မင်းမိဘတွေအပေါ်သူကကောင်းပေးပါ့မလားလို့ စိတ်ပူဖူးလား ? ဒါမှမဟုတ် ကလေးတွေနဲ့မိဘတွေအစည်းဝေးမှာ ကြွားဖို့လား?
အဲ့လိုမျိုးကိုယ့်ကိကိုယ်ပြန်မေးဖူးလား? Date တခုကနေပြန်လာပြီဆို ဒီလူကို ထပ်တွေ့ချင်လား ? ထပ် kiss ပေးချင်လား ? ဒါမျိုးတွေပဲမေးဖူးတယ်မှတ်လား ?
ဒါပင်မယ့် Long-term partner ( Life partner) ဆိုတာကတော့
ကိုယ်ရေရှည်လက်တွဲမယ့်သူ ( Long term partner ) ဆိုတာက ဘဝအနိမ့်အမြင့် အတက်အကျ တွေမှာ ကိုယ်နဲ့အတူရှိနေပေးမယ့်သူ ၊ မှီခို အားကိုး လို့ရမယ့်သူ ၊ ဆုံးဖြတ်ချက်တွေအတူတူချရမယ့်သူ ပါပဲ ။
အဲ့တော့ ကိုယ့်ကိုကိုယ်
ဒီလူနဲ့လက်တွဲရင် ငါ့ရဲ့ love story လေးက ဘယ်လိုလေးဖြစ်မလဲ ? လို့မမေးပဲ
ဒီလူနဲ့ ငါဘဝတစ်ခု တည်ဆောက်လို့အဆင်ပြေပါ့မလား? လို့မေးကြည့်ပါ။
( ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ )
ကျွန်မတို့ဟာ ဆယ်ကျော်သက်တွေ မဟုတ်တော့ဘူးဆိုရင်
ဘဝလက်တွဲဖော်ရှာနေတဲ့သူတွေဆိုရင်တော့ ( stop looking for Prom dates and start seeking a Life Partner)
✨✨✨
28/11/2024
Life partner ရွေးချယ်ရာမှာ ကျွန်မတို့ထင်နေတဲ့ အရေးပါတယ်ဆိုတဲ့ တချို့အရာတွေက အမှန်တော့ အဲ့သလောက်အရေးမပါ ပါဘူး
How to not die Alone ဆိုတဲ့ စာအုပ်မှာရေးထားတဲ့အရဆိုရင်
ထင်ထားသလောကအရေးမပါတဲ့အချက် (၄) ချက်
၁ ငွေကြေး (money)
၂ ရုပ်ရည် ( good look )
၃ တူညီတဲ့ဗီဇ ( personality similar to yours )
၄ တူညီတဲ့ဝါသနာ ( shared hobbies)
ထင်ထားတာထက်ပိုအရေးကြီးတဲ့အချက် ( ၆ ) ချက်
၁ ကြင်နာမှုနှင့်စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်စွမ်း ( emotionally stability and kindness)
၂ သစ္စာရှိမှု ( loyalty)
၃ တိုးတက်လိုစိတ် / သင်ယူလိုစိတ် ( growth mindset)
၄ ကိုယ့်ကို ပိုတော်စေတဲ့ လူမျိုး( personality that brings out the best in you )
၅ ရန်ဖြစ်တတ်တဲ့သူ ( skill to fight )
၆ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို အတူတကွဆုံးဖြတ်နိုင်သူ ( ability to make hard decisions with you )
ဆိုပြီး relationship research တွေအရသိရပါတယ်~
~ ☁️
Click here to claim your Sponsored Listing.