Vara Nathi

Vara Nathi

Share

13/10/2025

နာရေးဖိတ်စာ တစ်ရွက်က
လူ ဘယ်နှယောက်ရဲ့ ရင်ကို ဆွဲဖြဲနိုင်သလဲ တဲ့…..?

ဒါကတော့ ဖိတ်စာထဲ ပါတဲ့သူအပေါ်မူတည်တာပေါ့ အကိုရ …သေချာတာက သူ့မိသားစုက​တော့
မပါမဖြစ်လေ …..ဆိုတော့
သူ့ဝသီအတိုင်း ခပ်ဖွဖွလေး ရယ်တယ်…….။

ဒါဆို ကို့လို မိသားစုမရှိတဲ့သူကကော ….တဲ့

ကျနော်ရှိတယ်လေ….ကျနော်က မိသားစု၂စုစာလောက်ရင်ကွဲခံပေးမှာပေါ့…. ဖြေတော့
ငါ့အနားမှာလာငိုမှာလား တဲ့….
ကလေးတွေလိုအော်ငိုပစ်မှာ ….. ဒါပေမယ့် အကိုမပူနဲ့ ကျနော် အရင်သွားမှာမို့ အကိုပဲမပျက်မကွက်လာငိုနော်…..ဆိုတော့
မင်းအတော် ရယ်စရာကောင်းတယ် ဆိုပြီး သွားတက်လေး ပေါ်အောင်အကိုရယ်ပြန်တယ်…..

(ဆက်ရန်……….)

08/10/2025

ကိုယ့်ကိုထားခဲ့နိုင်သူရဲ့ ရင်ထဲမှာလည်း
အဲ့ဒီလိုထားခဲ့ချင်တဲ့
အကြောင်းတစ်ခုခုတော့ ရှိနေမှာပဲ

ကျွန်တော် သူ့ကိုခွင့်လွှတ်တယ်။

#နွေသစ်ငြိမ်း

08/10/2025

သတိရနေတာ အကိုရ….ဆိုတော့
စီးကရက်ကိုတချက်ရှိုက်ရင်း ဟက်ကနဲ တချက် ရယ်ရင်း အကိုကဆိုတယ်…

တော်ပါကွာ…. မင်းမှာ ပေါသောနေတာ ကိုယ့်ကိုသတိရချိန်တောင်ရှိသလား …တဲ့။

ဘာကိုဆိုလိုချင်တယ်မသိပေမယ့် ဘာစကားမှမထွက်လာမိတော့ဘူး
မျက်လုံး ၂ လုံးပွင့်ကထဲက အကို့ကိုသတိရလွန်းလို့ အကိုပုံလေးကြည့်ပြီးမှ အိပ်ရာထတာတွေ…..
vb မှာ last online ကို အားတိုင်းဝင်ကြည့်မိတာတွေ….
အကိုရှိနိုင်မယ့်နေရာတွေမှာ အကြောင်းမရှိသွားလာနေတာတွေ….
Private password တွေကို အကို့နာမည်ပါအောင်ထားမိတာတွေ….
အကို မသိပါဘူး
အကိုသိတာက အကို့နားက ကောင်မလေးတသိုက်နဲ့ အကိုသာယာနေဖို့ …..

အကိုက သူတို့တွေကို သဘောကျတယ်
ကိုယ်က အကို့ကို ငေးနေရတယ်
အာ့ကစလွဲလာတာ ခုထိလွဲကောင်းနေတုန်း ……

12/08/2025

ဒီအက်ဖ်အေဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့
နောက်ကွယ်မှာ
လူဘယ်နှစ်ယောက်လောက်ငြင်းခဲ့ရလဲ နင်တို့မသိဘူး🙄

08/08/2025

၈ ရက် ၈ လ ၈ နာရီမှာ
ဆုတောင်းကြ ဆိုလို့
အကိုနေကောင်းကျန်းမာပျော်ရွှင်ဖို့
တဝကြီး ထိုင်ဆုတောင်းခဲ့တယ်
အကို အေးချမ်းနေရင် ရပြီ. . .
ကျနော်က ပူပူ အေးအေး 😑

8-8-2025

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon