BO K
10/11/2025
ထိုင်းကို အောက်လမ်းနဲ့လာချင်တဲ့မြန်မာပြည်သားများသို့
⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️
အောက်လမ်းဆိုတာ အောက်လမ်းပါပဲ
သူများနိုင်ငံထဲကို တရားမဝင် ခိုးဝင်ရတာပါ
Vip လမ်းကြောင်းနဲ့လာလာ
ရိုးရိုးလမ်းကြောင်းနဲ့ပဲ လာလာ
ခိုးကြောင်ခိုးဝှက်လာရတယ်ဆိုတာကြိုပြောပါရစေ။
Vipလမ်းကြောင်းနဲ့လာရင် လမ်းမလျှောက်ရဘူး
ဟုတ်ပါတယ် အိမ်စီးကားနဲ့ စီးရပါတယ်
မြင်သာအောင်ပြောရရင် အနည်းဆုံး
ကားတစီးကို လူ၂၀ယောက် လောက်တော့ တင်ပါတယ်
ထပ်လိုက်သင့်ရင်လိုက်ရသလို အိပ်လိုက်သင့်ရင်လိုက်ရပါတယ် အပေါ်ကမိုးကာအုပ်ပြီးဖုံးထားပေးပါတယ်။
အများဆုံး ၃-ရက်မှ ၅ရက်လောက်ဆို ရောက်ပါတယ်။
ရိုးရိုးလမ်းကတော့ တောထဲတောင်ထဲမှာပဲစခန်းချသင့်ရင်ချရပါတယ်
လမ်းလျှောက်ရပါတယ် ၂ည/၃ညလဲတောထဲမှာပဲ ကြာရင်ကြာသွားနိုင်ပါတယ်
လူအများကြီးပြွတ်သိပ်ပြီး တင်ပါတယ်
လူပေါင်းအများကြီး ၃၀/၄၀/၅၀ အစုလိုက်အပြုံလိုက် ခေါ်တင်တဲ့ လမ်းကြောင်းပုံစံမျိုးပါ
တစ်ခါတစ်လေ လူပေါင်း တစ်ရာကျော် ပါတယ်
ရာသီဥတုသာမကောင်းရင် လမ်းအခြေနေကပိုဆိုးပါတယ်။
လမ်းကြောင်းတော်တော်များများက လူရောက်ငွေချေစနစ်ပါ
အဲဒါကပဲအရေးကြီးတဲ့အချက်ပါ
တစ်ကယ်လို့ ခိုးဝင်လာရင်း ရဲဖမ်းမိသွားရင် တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဝရှိတဲ့ အေဂျင်စီ/ပွဲစားဆိုတော်သေးပေမယ့်
ဘာတာဝန်ယူမှုမှမရှိတဲ့သူတွေက ပိုများနေတာလည်းသတိပြုစေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တော်တော်များများက
နင်တို့ပိုက်ဆံတပြားမှ ယူထားတာမဟုတ်ဘူး ဖမ်းမိလည်း တာဝန်ယူစရာမလိုဘူးဆိုတဲ့ အောက်တန်းစားဝဲစားတွေကြောင့် ရာနဲ့ချီပြီးဖမ်းမိပြီး မြန်မာပြည်ပြန်ပို့ခံရတာတွေများလို့ပါ။
အခုနောက်ပိုင်း နည်းပညာတွေတိုးတတ်လာတာနဲ့အမျှ ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေက ဒရုန်း တွေနဲ့ပါ ကင်းထောက်လာတဲ့အတွက် ပိုပြီးအန္တရာယ်များပါတယ်။
ဒါကလည်း ထိုင်းနိုင်ငံက သူတို့ပ်ိုင်နက်ထဲကိုတရားမဝင်အစုလိုက်အပြုံလိုက်ခိုးဝင်နေတာက်ို တားဆီးရမှာပဲ။ ကျနော်တို့နိုင်ငံကို လည်းတခြားပြည်ပနိုင်ငံကနေခိုးဝင်နေကြရင်လည်း ကျနော်တို့တားဆီးရမှာပါပဲ။ အပြစ်ပြောလို့မရဘူးလေနော့
အဲတော့ လူခံရှိမှ အဆက်သွယ်စိတ်ချရမှ
တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိတဲ့သူမျိုးနဲ့သာ တတ်လာကြပါလို့ ပြောချင်ပါတယ်။
လိုင်းပေါ်မှာတွေ့တိုင်း အယုံမလွယ်ကြပါနဲ့နော်။.
အောက်လမ်းကောင်းမကောင်း
ထိုင်းရောက်မြန်မာတွေအသိဆုံး
😖
ဟုတ်ကဲ့ ကိုရွှေမန်းတို့အတွဲကို
မိတ်ဆက်ပေးလိုက်တာ
ဝါဆိုတို့စုံတွဲလည်းမဟုတ်သလို
ကိုကိုထွန်းထွန်းလဲ မဟုတ်ပါဘူး
ကျနော်မိတ်ဆက်ပေးလိုက်တာပါ.🤪.
အမလေး မြန်မာ့ရုပ်ရှင်လောကရယ်
ရှင်းပြ လေ ရှုပ်လေ
အထုပ်ဖြေတဲ့သူနဲ့ အပုပ်ဖော်တဲ့သူနဲ့
တစ်ဖက်စောင်းနင်းပြောတဲ့သူနဲ့
ထိုးနှက်ကြသူတွေနဲ့ ဪ........
ရှုပ်ရှက်ကိုခတ်နေတာပဲ
08/11/2025
Respect 🙏
07/11/2025
DearX အပိုင်း ၄ ပိုင်းကြည့်ပြီး ဘယ်လိုခံစားရလဲဆိုရင်
ကြည့်တဲ့ကိုယ်ပါမွန်းကြပ်ပြီး အသက်ရှုမဝသလိုခံစားရတယ်
အားလုံးက သရုပ်ဆောင်ကောင်းလိုက်တာ သူ့ေနရာနဲ့သူ အံဝင်ဂွင်ကျတယ်လို့ပဲ ပြောချင်ပါ
တယ်
Truama code အပိုင်း ၈ ပိုင်းကို တစ်ကွက်မှကျော်မကြည့်ဘဲ တစ်ထိုင်ထဲကြည့်ချင်တဲ့ ခံစားချက်မျိုးပြန်ရတယ်
နောက်အပိုင်းသစ်တွေမှာ ဘာဆက်ဖြစ်မလဲ ရင်ခုန်စွာစောင့်ကြည့်လိုက်ရအောင်.......😗🙂
ကိုယ်နိုင်သလောက်ပမာဏမို့
လူတွေကို ခနခနအကူညီပေးကြည့်မိတယ်
တစ်ဖက်လူက ဒါကိုအခွင့်ကောင်းယူပြီး
ရောင့်တတ်လာကြတယ် ။
လိုအပ်တိုင်း တောင်းလို့ရမယ်လို့ ထင်လာကြတယ်
တစ်ခါလေးပဲ မပေးဘဲနေကြည့်
လိုင်းပေါ်ပို့စ်တင်ပြီး စောင်းသလိုမြောင်းသလို
ကြေကွဲခန်းတွေဖွင့်ကြတော့တာပဲ ။
ကိုယ်ကတော့ မပေးနိုင်လို့တောင်
စိတ်မကောင်းဖြစ်ရပေမယ့် သူတို့အတွေးက
ကိုယ်က ရှိရဲ့သားနဲ့မပေးသလို တွေ မြင်လာကြတယ်။
ရှင်းရှင်းပြောရရင် ဘယ်သူ့အတွက်မှ
တာဝန်ယူစရာရှိမနေဘူး
မရှိရင် ရှာစား တောင်းစား လုပ်စားကြပေါ့။
သူတစ်ပါးအပေါ်မှီခိုလွန်းအားကြီးတယ်။
BO K
27/10/2025
တစ်ပုံစံတည်းတူတဲ့ အင်္ကျီကိုဝတ်ထားကြသော်လည်း
တစ်မျိုးစီ လှနေကြတဲ့ သံသာညီနဲ့ ကစ်ကစ်
ချစ်စရာလေးတွေနော်❣️
26/10/2025
#အိပ်ရင်သွားကြိတ်တတ်တဲ့သူတွေရှိလား
#အိပ်ရင်းသွားကြိတ်ခြင်းကို
ဆေးပညာအရ Bruxism လို့ ခေါ်ပါတယ်။ ဒါဟာ အိပ်ပျော်နေစဉ်မှာ သွားတွေကို မသိစိတ်ကနေ ဆုပ်ကိုင်ထားတာ၊ ကြိတ်ချေနေတာမျိုး ဖြစ်တတ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ လှုပ်ရှားမှု မူမမှန်တာ တစ်မျိုးဖြစ်ပါတယ်။
အိပ်ရင်းသွားကြိတ်ခြင်း (Sleep Bruxism) ရဲ့ အကြောင်းရင်းများ
သွားကြိတ်ခြင်းရဲ့ အတိအကျ အကြောင်းရင်းကို မသိရသေးပေမဲ့၊ အောက်ပါအချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။
#စိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှုများ (Stress and Anxiety)
နေ့ဘက်မှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ များပြားနေခြင်းက ညဘက်မှာ သွားကြိတ်တာကို ဖြစ်ပေါ်စေနိုင်ပါတယ်။
#အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ (Sleep Disorders)
အိပ်နေစဉ် အသက်ရှူရခက်ခဲခြင်း (Sleep Apnea) ကဲ့သို့သော အခြားသော အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများနဲ့ ဆက်စပ်နေနိုင်ပါတယ်။
#ဆေးဝါးများ (Medications)
အချို့သော စိတ်ကျရောဂါ ကုသဆေးများ (ဥပမာ- SSRIs) ကဲ့သို့သော ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ဖြစ်ပေါ်နိုင်ပါတယ်။
#လူနေမှုပုံစံအလေ့အထများ (Lifestyle Habits)
အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကဖိန်းဓာတ် (လက်ဖက်ရည်/ကော်ဖီ) များပြားစွာ သောက်သုံးခြင်း စတဲ့ အလေ့အထတွေကလည်း ပိုပြီး ဖြစ်စေနိုင်ပါတယ်။
#မျိုးရိုးလိုက်ခြင်း (Genetics)
မိသားစုဝင်တွေထဲမှာ သွားကြိတ်ဖူးသူ ရှိရင်လည်း ပိုပြီး ဖြစ်နိုင်ပါတယ်။
သွားနှင့်ခံတွင်း အခြေအနေ (Dental Issues)
သွားတွေ မညီမညာဖြစ်ခြင်း သို့မဟုတ် ကိုက်တဲ့ပုံစံ ပုံမမှန်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
#သွားကြိတ်ခြင်းရဲ့လက္ခဏာများ
အိပ်ရင်းသွားကြိတ်သူ အများစုဟာ သူတို့ကိုယ်တိုင် သတိမထားမိကြပါဘူး။ ဒါပေမဲ့ အောက်ပါ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
သွားများ ပျက်စီးခြင်း
သွားတွေ ပွန်းပဲ့ခြင်း၊
အက်ကွဲခြင်း၊
ကျိုးပဲ့ခြင်း၊
သွားခေါင်း (Enamel) စားသွားခြင်း။
သွားတွေ ထိခိုက်လွယ်ခြင်း (Sensitive ဖြစ်ခြင်း)။
မေးရိုးနှင့် မျက်နှာ နာကျင်ခြင်း
နိုးလာချိန်မှာ မေးရိုးနေရာ၊
မျက်နှာကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း။
မေးရိုးအဆစ် (TMJ) နေရာမှာ တောက်တောက်မြည်သံ ထွက်ခြင်း သို့မဟုတ် နာကျင်ခြင်း။
ခေါင်းကိုက်ခြင်း
အထူးသဖြင့် မနက်ခင်းမှာ နားထင်တစ်ဝိုက် ခေါင်းကိုက်ခြင်း။
နားအူခြင်း သို့မဟုတ် နားနာကျင်ခြင်း
တကယ်တမ်း နားနဲ့မဆိုင်ဘဲ မေးရိုးကြွက်သားတွေ နာကျင်မှုကြောင့် နားအောင့်သလို ခံစားရခြင်း။
အိပ်စက်ဖော်ကို အနှောင့်အယှက်ဖြစ်စေခြင်း
သွားကြိတ်သံက ကျယ်လောင်လွန်းတာကြောင့် အတူအိပ်တဲ့သူကို နိုးသွားစေနိုင်ခြင်း။
ကုသခြင်းနှင့် စီမံခန့်ခွဲခြင်း
သွားကြိတ်ခြင်းကို ကုသတဲ့ နည်းလမ်းတွေက အကြောင်းရင်းပေါ် မူတည်ပြီး ကွဲပြားပါတယ်။
#သွားနှင့်ခံတွင်းအကာအကွယ်ပစ္စည်းများ (Mouth Guards / Splints)
Mouth Guard (သို့မဟုတ် Night Guard) လို့ခေါ်တဲ့ အကာအကွယ်ပစ္စည်းကို သွားဆရာဝန်နဲ့ တိုင်ပင်ပြီး ပြုလုပ်ကာ ညအိပ်ရာဝင်ချိန်မှာ တပ်ဆင်အိပ်စက်ခြင်းဟာ သွားတွေ ပွန်းပဲ့ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။
* စိတ်ဖိစီးမှု စီမံခန့်ခွဲမှု (Stress Management)
* စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက အဓိကအကြောင်းရင်း ဖြစ်တယ်ဆိုရင် အပန်းဖြေတဲ့ နည်းလမ်းများ (Relaxation Techniques)၊ ယောဂ (Yoga)၊ တရားထိုင်ခြင်း (Meditation)၊ လေ့ကျင့်ခန်း လုပ်ခြင်း တို့က အထောက်အကူဖြစ်စေပါတယ်။
* လိုအပ်ရင် စိတ်ကျန်းမာရေး ပညာရှင် (Therapist or Counselor) နဲ့ ဆွေးနွေးကုသမှု ခံယူနိုင်ပါတယ်။
* နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
* အိပ်ရာမဝင်မီ နာရီအနည်းငယ်အတွင်း ကဖိန်းဓာတ် နှင့် အရက် သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း။
* ဆေးလိပ်ဖြတ်ခြင်း။
* မေးရိုးလေ့ကျင့်ခန်းနှင့် အလေ့အထ ပြောင်းလဲခြင်း
* သွားဆရာဝန်က မေးရိုးကြွက်သားတွေ ဖြေလျှော့ဖို့အတွက် လေ့ကျင့်ခန်းတွေ ဒါမှမဟုတ် မှန်ကန်တဲ့ မေးရိုးနေရာချထားပုံကို သင်ကြားပေးနိုင်ပါတယ်။
* နေ့ဘက်မှာ သွားကြိတ်မိတဲ့ အလေ့အထရှိရင် သတိထားပြီး ရပ်တန့်ဖို့ ကြိုးစားရပါမယ်။
* ဆေးဝါးများ (Medications)
* ပြင်းထန်တဲ့ အခြေအနေတွေမှာ Botox ထိုးဆေး လိုမျိုး ကြွက်သားတွေကို ဖြေလျှော့ပေးတဲ့ ကုထုံးတွေကို သွားဆရာဝန်က အကြံပြုနိုင်ပါတယ်။
#သွားကြိတ်တာဟာ အချိန်ကြာလာတာနဲ့အမျှ သွားတွေနဲ့ မေးရိုးအဆစ်တွေကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်တာကြောင့် လက္ခဏာတွေ ခံစားရတယ်ဆိုရင် သွားဆရာဝန် နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ကုသမှု ခံယူသင့်ပါတယ်။
Click here to claim your Sponsored Listing.