Myanmar Library Association

Myanmar Library Association

Share

11/05/2026

Good news for Libraries and Librarians!!

မြန်မာပညာရပ်ခေါင်းစဉ်များ (Myanmar Subject Headings) အသုံးပြုရန် ဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA) က ပြုစုထားသော “မြန်မာပညာရပ်ခေါင်းစဉ်များ (Myanmar Subject Headings)” စာရင်းကို ယခုအခါ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

ဤစာရင်းတွင် မြန်မာနှင့် အင်္ဂလိပ် ပညာရပ်ခေါင်းစဉ်များအပြင် DDC နံပါတ်များကိုလည်း OneSearch Application ဖြင့် လွယ်ကူစွာ ရှာဖွေနိုင်ရန် စီစဉ်ထားပြီး PDF Format ဖြင့်ပါ ရယူအသုံးပြုနိုင်ပါသည်။

စာကြည့်တိုက်ပညာရှင်များ၊ သုတေသီများနှင့် ဝါသနာရှင်များအနေဖြင့် လက်တွေ့အသုံးပြုပေးပြီး အောက်ပါအချက်များအတွက် အကြံပြုချက်များ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

• ထပ်မံထည့်သွင်းသင့်သော ခေါင်းစဉ်အသစ်များ
• ရှိပြီးသား ခေါင်းစဉ်များအတွက် ပြင်ဆင်ရန် အကြံပြုချက်များ
• စမ်းသပ်အသုံးပြုစဉ် တွေ့ကြုံရသည့် အခက်အခဲများ

ရယူရန် Link
https://zawaunghtut.github.io/MLA_Subject_Heading/

အကြံပြုချက်ပေးပို့ရန် – [MLA Contact: Daw Ni Ni Sein gmail: [email protected]

သင်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကြံပြုချက်များသည် မြန်မာပညာရပ်ခေါင်းစဉ်များကို ပိုမိုပြည့်စုံကောင်းမွန်သော စနစ်တစ်ခုဖြစ်လာစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပါသည်။

လေးစားစွာဖြင့်
မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (MLA)

မြန်မာ ပညာရပ်ခေါင်းစဉ် (MLA) — Subject Heading Search

01/05/2026

စာကြည့်တိုက်အခန်းသီးသန့်မရှိသောကျောင်းများ အတွက်
စာဖတိခန်းတည်ထောင်နိုင်ရန် လမ်းညွှန်ပေးထားပါသည်။

01/05/2026

Reading Corner
စာကြည့်တိုက်အတွက် အခန်းသီးသန့်ထားရန်နေရာအခက်အခဲရှိသောကျောင်းများ စာဖတ်ခန်းများစတင်အကောင်အထည်ဖော်နိုင်ရန်...

https://www.facebook.com/share/v/18HegLGBWp/?mibextid=wwXIfr

15/04/2026

ဝမ်းနည်းကြေကွဲခြင်း

ဒေါ်သင်းသင်းထွတ်(အသက် ၆၆နှစ်)(နှင်းဆီကုန်းဘိုးဘွားရိပ်သာ စာကြည့်တိုက်မှူး)၊
ရန်ကုန်တက္ကသိုလ်လက်ထောက်စာကြည့်တိုက်မှူး(ငြိမ်း))သည် ဧပြီလ ၁၅ရက်နေ့ သကြင်္န်အကြတ်နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားသည့်အတွက်ကျန်ရစ်သူမိသားစုများနှင့်ထပ်တူဝမ်းနည်းကြေကွဲပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Address

#002, University Diamond Jubilee Hall, Kamaryut Tsp.
Yangon