The Study Hive
01/12/2025
The Study Hive မိသားစုမှလည်း
ကွယ်လွန်သူ မြန်မာစာဆရာကြီး
ဂုဏ်ထူးဦးသိန်းနိုင်၏ မိသားစုနဲ့ထပ်တူ
ဝမ်းနည်းလျက်ပါရှင့် 😢😢
မြန်မာစာရဲ့ အနှစ်သာရ ၊ မြန်မာစာရဲ့တန်ဖိုးကို
သိသာမြင်သာအောင် ရှေ့ဆောင်လမ်းပြပေးခဲ့သော
#မြန်မာစာဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်၏
နောက်ဆုံးခရီးအား နှုတ်ဆက် ဂါရဝပြုရန်
ဆရာကြီးနေအိမ်သို့ သွားရောက်၍
ဆရာကြီးအား ရိုသေစွာ
ရှိခိုးကန်တော့ ဂါရ၀ပြု နှုတ်ဆက်ခဲ့သည်။
လူသေသော်လည်း နာမည်မသေသော ဆရာကြီး
မှတ်သားစရာ စာအုပ်ကောင်းများစွာကို
ရေးသားပေးခဲ့သော ဆရာကြီး
တပည့်ကောင်းများစွာကို ပျိုးထောင်ပေးခဲ့သော
မေတ္တာရှင် ဆရာကြီး
အလွန်တန်ဖိုးထား လေးစားရသော ဆရာကြီး
ကောင်းရာဘုံဘ၀ကို ရောက်ရှိပါစေ။ ။
20/10/2025
Happy Diwali 2025
Happy Festival Of Lights
" ဒီပါဝလီနေ့မှာ လိုအင်ဆန္ဒများ ပြည့်ကြပါစေ "
Happy Deepavali.... ဒီပဝလိ = မီးတို့ကို စီတန်းသွယ်ကာထွန်းညှိခြင်း ။
Happy Dipavali.... ဒီပါ ဝလိ = ဇဗ္မူဒိတ်ကျွန်းကို တန်ဆာဆင်ခြင်း ။
Happy Diwali...... ဒေဝါလီ = နတ်တို့ အလင်းရောင်ထွန်းပခြင်း
မြန်မာပြည်မှာတော့ ဒေဝါလီနေ့ (Diwali) လို့ လူ သိများတဲ့ ပွဲတော်တစ်ခုကို အခြားနိုင်ငံအချို့မှာတော့ ဒီပါဝလီ (Deepavali) လို့ အသုံးများပါသည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ရဲ့ အနည်းငယ်ကွဲလွဲတဲ့ အခေါ်ဝေါ်ဖြစ်ပေမယ့် တူညီတာကတော့ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော် တစ်ခုပါ။ ဒီပါဝလီနေ့ကို နိုင်ငံအတော်များများမှာ တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထာပြီး မြန်မာနိုင်ငံမှာလည်း ရုံးပိတ်ရက် အဖြစ်အသိမှတ်ပြုထားသော ရက်တစ်ရက်ဖြစ်သည်။
ဒီပ ဆိုတာ မီးအလင်းရောင်ကိုခေါ်တာပါ။ ဒီပါဝလီဆိုတာ ဆီမီးခွက်တွေ စီတန်းထွန်းညှိပူဇော်တဲ့ပွဲပါ။ ဒီပါဝလီ ဆိုသော စကားက ပျက်ပြီး ဒေဝါလီ လို့ အလွယ်ခေါ်ကြတာ ဒေဝါလီ လို့ အလွယ်မခေါ်သင့်ပါ။ဒီပါဝလီလို့ ခေါ်မှ အခေါ်အဝေါ်မှန်ပါမည်။ ဂေါ်ဏကာရ်တိကီ အမာဝသျာ (gauna kartiki amavasya) နေ့ကို ဒီပါဝလီနေ့အဖြစ် သတ်မှတ်ပါသည်။ သီတင်းကျွတ်လကွယ်လို့ ယေဘူယျ ဆိုနိုင်ပါသည်။ တိထီနဲ့သတ်မှတ်တာမို့ ဝေါဟာရရက်နဲ့ တစ်ရက်နှစ်ရက် ကွာနိုင်ပါသည်။ ဒီပါဝလီ ဆိုတာကတော့ ဆီမီးထွန်းညှိပူဇော်ခြင်းလို့ ဆိုလိုတာပါ။
မီးပူဇော်ခြင်းဖြင့် အလင်းဖြင့် အမှောင်ကို ခွင်းနိုင်သကဲ့သို့ အဆိုးအညံ့တွေရှိခဲ့ပါက ကောင်းခြင်းတို့ရောက်လာခြင်း၊ လက်မှိုင်ချနေရတဲ့ အခြေနေတွေကို မျှော်လင့်ချက်တွေရရှိလာစေခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ မီးပူဇော်ကြတာပဲ ဖြစ်ပါသည်။
ဒါကြောင့်မို့ ဒီပါဝလီညမှာ အိမ်ရှိ ဝင်ပေါက် ထွက်ပေါက် တံခါး၊ ပြတင်းပေါက် နဲ့ အဆောက်အအုံများအနီးပတ်ချာလည်မှာ ဆီမီးထွန်းညှိ ပူဇော်ကြပါသည်။ ဒီပဝါလီည မရောက်ခင်မှာ ဘာသာဝင်များက အိမ်သန့်ရှင်းခြင်း၊ ကိုယ်လက်သန့်စင်ခြင်းတို့ ပြုလုပ်ပြီး ဒီပါဝလီညကို ကြိုဆိုကြပါသည်။ အိန္ဒိယတွင် ဒီပါဝလီနေ့၌ စီးပွားရေးလုပ်ငန်းများ ငွေကြေးစာရင်းဟောင်းများပိတ်၍ စာရင်းသစ်ဖွင့်သည့်နေ့အဖြစ် သတ်မှတ်ခံယူကြသည်။ ကြွေးမြီများကိုလည်း ဒီပါဝလီနေ့မတိုင်ခင် ရှင်းလင်းကြပြီး ဒီပါဝလီနေ့တွင် လုပ်ငန်းများ နားကြကာ နောက်နေ့တွင် စာရင်းသစ်ဖွင့်လှစ်လေ့ရှိသည်။
စာရင်းသစ်ဖွင့်ရာတွင်သောအခါ ဒီပါဝလီညက ပူဇော်ပွဲတွင် အသုံးပြုထားသော မှင်အိုးအသစ် ကလောင်အသစ် စာအုပ်အသစ်တို့ကို မင်္ဂလာရှိသောပစ္စည်းများအဖြစ်မှတ်ယူကာ အသုံးပြုကြသည်။ ဒီပါဝလီနေ့တွင် အရောင်းအဝယ်များနားသဖြင့် တစ်နှစ်စာ ပိုက်ဆံများကို ပိုက်ဆံသေတ္တာတွင်ထည့်ကာ ကုဝေရနတ်မင်းကြီးထံအပ်နှံ၍ စောင့်ရှောက်မှုခံယူသည်။
ဟိန္ဒူဘာသာမှာ ညအချိန် ညလုံးပေါက်ကျင်းပတဲ့ ပွဲတော်တွေထဲမှာ ထင်ရှားတဲ့ပွဲတော်သုံးပွဲရှိပါသည်။ ဒီပါဝလီ - ကာလရာတြီ ၊ ရှိဝရာတြီ-မဟာရာတြီ ၊ ရာသပုရ်ဏိမာ-မောဟရာတြီ တို့ဖြစ်ပါသည်။ လတိုင်းလတိုင်းမှာ လကွယ်ဟာ အမှောင်ဆုံးနေ့ဖြစ်သည်။ တစ်နှစ်ပတ်လုံးမှာ သီတင်းကျွတ်လကွယ်ဟာ အမှောင်ဆုံးလို့ ယူဆကြပါသည်။ ဒါကြောင့် အမှောင်ဆုံးနေ့ ကာလရာတြီလို့ခေါ်တာပါ။ ကာလဆိုတာ အချိန် သေမင်း သေဆုံးရမည့်အချိန် ပျက်စီးရမည့်အချိန် အနက်ရောင် အမှောင်စသည်ဖြင့်အဓိပ္ပာယ်ရပါသည်။ ကာလ၏စွမ်းရည် (shakti/သတ္တိ)ဟာ ကာလီဖြစ်သည်။ ညတစ်ညလုံးမှာ သန်းခေါင်ဟာ အမှောင်ဆုံးဖြစ်သည်။ တစ်နှစ်လုံး၏ အမှောင်ဆုံးလ အမှောင်ဆုံးနေ့အမှောင်ဆုံးအချိန်မှာ ကာလီမယ်တော်ကြီးကို ပူဇော်ရှိခိုးကြပါသည်။ ဒီပန်ဝိတာ ကာလီမယ်တော်ပူဇော်ပွဲလို့ခေါ်ပါသည်။ ကာလီမယ်တော်၏ တပည့်သားသမီးတွေအတွက် ကာလီမယ်တော်ရှိခိုးတဲ့ပွဲထဲမှာ အကြီးမားဆုံးရှိခိုးသည့်ပွဲပါ။ တစ်နှစ်တာမှာ အမှောင်ဆုံးနေ့ဖြစ်လို့ ဘုရားကျောင်းတိုင်း အိမ်တိုင်းမှာ ဆီမီးခွက်များစီတန်းထွန်းညှိကာ ဘုရားမီးပူဇော်ကြရပါသည်။ ဒါကိုအစွဲပြုပြီး မီးထွန်းပွဲတော် ဒီပါဝလီလို့ ခေါ်ဝေါ်ကြတာပါ။
ရွှေပြားငွေပြားများကို ဖြန့်ခင်းကာ လက်ချ်မီးမယ်တော်အတွက် အခင်းအဖြစ်ပူဇော်သည်။ လက်ချ်မီးမယ်တော်မှ အခင်းအဖြစ် ထိုင်တော်မူသွားသဖြင့် ရွှေငွေရတနာများသည် ကျက်သရေမင်္ဂလာပြည့်စုံကာ ဝတ်ဆင်သူများ ကိုင်တွယ်အသုံးပြုသူများ၊ မယ်တော်၏ တန်ခိုးတော်ကြောင့် ကျန်းမာချမ်းသာကာ ဘေးအန္တရာယ်ကင်းသည်ဟု ယူဆကြသည်။ အရောင်းအဝယ်စီးပွားရေးလုပ်ရာတွင် အသုံးပြုသော ချိန်ခွင်၊ ကတ္တား၊ ကိုက်တံ၊ ပေတံ၊ ပေကြိုး ချင်ခွက်၊ ပြည်တောင်း၊ တင်းတောင်းများကိုလည်း သေချာဆေးကြောသန့်စင်ကာ တုလာဒေဝီမယ်တော်ကို ပင့်ဖိတ်ကာ ပူဇော်အပ်နှံပြီး အရောင်းအဝယ်ကောင်းပါစေကြောင်း အလှူဒါနများစွာ ပြုနိုင်ရပါစေကြောင်း ဆုတောင်းကြသည်။ ပူဇော်ရှိခိုးရာနေရာတွင်လည်း ညလုံးပေါက် ဆီမီးများထွန်းညှိကာ တစ်ညလုံး ကျမ်းစာများ ရွတ်ဖတ်ကြသည်။ ထို့ကဲ့သို့ ညလုံးပေါက် ပူဇော်ကြပြီး ဆီမီးများ ထိန်ထိန်ငြီးအောင် ထွန်းညှိထားသောညဖြစ်သဖြင့် ဒီပဝါလီဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
ဒီပါဝလီလကွယ်တွင် ပါရ်ဝဏာ သျှာဒ္ဓ နှင့် ကာလီမယ်တော်ပူဇော်ရှိခိုးပွဲ ပြုလုပ်ရမည်။ နေ့အချိန်တွင် ပါရ်ဝဏာသျှာဒ္ဓပြုလုပ်ရမည်ဖြစ်ပြီး ညသန်းခေါင်ယံတွင် ကာလီမယ်တော်ပူဇော်ရှိခိုးရမည်။ နှစ်ညလုံးတွင် ညသန်းခေါင်ယံ၌ အမာဝသီတိထီမရှိခဲ့လျင် ပထမနေ့၏ညသန်းခေါင်ယံတွင် ကာလီမယ်တော်ကို ပူဇော်ရှိခိုးရမည်။ ပါရ်ဝဏာသျှာဒ္ဓ ဆိုသည်မှာ မိဘဘိုးဘေးများအတွက်ရည်စူးပြုလုပ်သော ဘာသာရေးအခမ်းအနားဖြစ်သည်။
နေဝင်ပြီး (၂၄)မိနစ်နောက်ပိုင်းတွင် လက်ချမီးမယ်တော်ကို ပူဇော်ရှိခိုးရမည် ယုံကြည်မြတ်နိုးသောစိတ်ဖြင့် ဘုရားကျောင်းများတွင် ဆီမီးကပ်လှူပူဇော်ရမည်။ ဒါကြောင့် ဟိန္ဒူအိမ်တိုင်းဟာ နေဝင်ပြီးညဦးပိုင်းမှာ လက်ချမီမယ်တော်ကို ပူဇော်ရှိခိုးကြပြီး မီးထွန်းပွဲတော်ကျင်းပလေ့ရှိပါသည်။ ဘုရားငါးဆူ(ဒေဝီမယ်တော်ကြီး၊ ဝိရှ်ဏုသခင်၊ သီဝသခင်၊ ဂဏေ့ရှသခင်၊ နေမင်းကြီး)၊ ဂြိုဟ်မင်းကိုးပါး၊ အရပ်ဆယ်မျက်နှာစောင့်နတ်မင်းကြီးများ၊ ဂေါ်ရီဂဏေ့ရှ၊ ကလသာအိုး၊ လက်ချမီးမယ်တော်၊ ဝိရှ်ဏုအရှင်မြတ်၊ သိကြားမင်း၊ ပိုက်ဆံသေတ္တာတွင် ကုဝေရနတ်မင်းကြီး(သိကြားမင်း၏ဘဏ္ဍာစိုး၊ စည်းစိမ်ဥစ္စာကိုစောင့်ရှောက်ပေးသောနတ်မင်း)၊ တံခါးမုခ်ဦးကိုစောင့်ရှောက်ကာ ဘေးအန္တရာယ်ဖယ်ရှားပေးသော ဒေဟလီဝိနာယက ခေါ် ဂဏေ့ရှသခင်၊ မှင်အိုးတွင် မဟာကာလီမယ်တော်ကြီး၊ ကလောင်တံတွင် စာပေအရေးအသားကိုစောင့်ရှောက်သော လေခနီဒေဝတာ၊ စာအုပ်တွင် အတတ်ပညာကိုစောင့်ရှောက်သော သူရသတီမယ်တော်၊ ချိန်ခွင်ကတ္တားနှင့် ကိုက်တံပေတံများတွင် အချင်အတွယ်ကိုစောင့်ရှောက်သော တုလာဒေဝီ၊ လက်ချမီမယ်တော်၏ စီးတော်ယာဉ် နတ်ဇီးကွက်၊ လမင်းကြီး၊ ဂေါ်ရီမယ်တော်နှင့်ရုဒြ(သီဝ)သခင်ကြီး၊ ကာရ်တိကေယသခင်၊ နန္ဒီရွှရ ရသေ့ကြီး၊ နတ်နွားများပိုင်ရှင် သုရဘိ(ကာမဓေနု)၊ နတ်ဆိတ်များပိုင်ရှင် ဟုတာရှန(မီးနတ်မင်း)၊ နတ်သိုးများပိုင်ရှင် ဝရုဏ(ရေနတ်မင်း)၊ နတ်ဆင်များပိုင်ရှင် ဝိနာယက(ဂဏေ့ရှ)၊ နတ်မြင်းများပိုင်ရှင် ရေဝန္တနတ်မင်း၊ နတ်ထိမ်းကြီး နိကုမ႓ တို့ကို နေဝင်ပြီး၂၄မိနစ်နောက်ပိုင်း ညဉ့်ဦးယံအချိန်တွင် တင်မြှောက်ပူဇော်ကြပါသည်။
ပထမဦးဆုံး စည်းစိမ်ဥစ္စာနှင့် အေးချမ်းသာယာမှုကိုဖယ်ရှားဖျက်ဆီးတတ်သော အလက်ချမီ(လက်ချ်မီမယ်တော်နှင့် ဆန့်ကျင်ဘက်)မယ်တော်ကို အိမ်ဝိုင်း၏ အပြင်ဘက် အနောက်တောင်အရပ်တွင် မြေပြင်၌ နွားချေးလိမ်းကျံထားသောနေရာပြုလုပ်ကာ ပူဇော်ရှိခိုးပြီး တံမြက်စည်းအတို အသစ်တချောင်းနှင့် ဆန်ကောငယ်တစ်ခုတွင် ဆန်အပြည့်ထည့်၍ဆက်သကာ နောက်လှည့်မကြည့်ဘဲ ပြန်လာခဲ့ရသည်။ အိမ်တွင် လင်ပန်းမားတီးခတ်ကာတောထုတ်သည်။ အိမ်အနောက်တံခါးများကို ပိတ်ထားလိုက်သည်။ အိမ်အရှေ့တံခါးများကို ဖွင့်လှစ်ထားကာ အိမ်တံခါးနှင့် အိမ်ရှေ့မျက်နှာစာတွင် ဆေးရောင်များရေးချယ် သရက်ရွက်များချိတ်ဆွဲကာ အလှဆင်ပြီး လက်ချ်မီမယ်တော်ကြီးကို ကြိုဆိုကြပါသည်။ ပြီးမှ အထက်ပါ ဘုရားများ မယ်တော်များနတ်မင်းကြီးများကို တင်မြှောက်ပသ ပူဇော်ရှိခိုးကြပါသည်။
အချို့က ရာမမင်းက ဒဿဂီရိဖြစ်သည့် ရာဝဏ ကို သတ်နိုင်ခဲ့သဖြင့် ပျော်ပွဲရွှင်ပွဲလုပ်တာလို့ ဆိုကြပါသည်။ ဒါက မဟုတ်ပါဘူး။ ရာမမင်းစစ်နိုင်၍ ပြန်လာသောအခါ မီးများထွန်းညှိပူဇော်ကြသည် မှန်ပါသည်။ သို့သော် ရာမမင်းခေတ် မတိုင်မီကတည်းက ဒီပါဝလီ ရှိနှင့်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ရာမမင်းကို ကြိုဆိုကြရာမှ ဒီပါဝလီ ပေါ်ပေါက်သည်ဟူသော အဆိုလည်း မသင့်ပါ။ အမှောင်ဆုံးနေ့ဖြစ်၍ ဘုရားဆီမီးများ အထူးထွန်းညှိပူဇော်ခြင်းဖြစ်သည်ဟူသော စကားသာသင့်သည်။ ဘယ်လောက်ပဲမှောင်မှောင် ငါတို့မှာ ဘုရားသခင်၏အလင်းရောင်ရှိသည် ။။ ထို့ကြောင့် လောကတွင်မှောင်သော်လည်း ငါတို့ရင်ထဲတွင် ဘုရားကြောင့်လင်းသည် ဟူသောသဘောကို ဖော်ကြူးခြင်းပွဲတော်ဖြစ်သည်ဟု ဆိုပါက ကျိုးကြောင်းသင့်ပေသည််။
06/10/2025
"သီတင်းကျွတ် ဆုတောင်း"
ချစ်ခင်လေးစားရပါသော
The Study Hive မှ
ကျောင်းသား/ကျောင်းသူများနှင့်
မိဘများ မင်္ဂလာပါရှင့်🙏
ကျောင်းသား/သူများ ၊
ဆရာ/ဆရာမ များနှင့်တကွ
မိဘပြည်သူအားလုံး
ခွင့်လွှတ်ခြင်း ကျေးဇူးဆပ်ခြင်းတို့ နှင့်
ထုံမွှမ်းထားသော ချစ်ခြင်းမေတ္တာ
လမြတ် အခါသမယ မှာ
မင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍
စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေကြောင်း
The Study Hive မှ
ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်။
Welcome October.....
October 1 ရက်နေ့ကတော့
The Study Hive ရဲ့ Main Teacher
Tr Mia Htay မွေးနေ့လေးဖြစ်ပါတယ်ရှင့်
Tr Mia မွေးနေ့မှစ၍
နောက်နှစ်ပေါင်းများစွာတိုင်အောင်
နေ့ရက်တိုင်းကို ပျော်ရွှင် ကျန်းမာ
စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ပါစေကြောင်း
မှ
မွေးနေ့ဆုမွန်ကောင်းလေး
တောင်းပေးလိုက်ပါတယ်ရှင့်.....🥰🥰🥰
14 September 2025🎉🎉🎉
Birthday Party 🎉 🎉 🎉
Today is Tr.Grace's Birthday🎂
Hope this birthday becomes a memorable milestone for you.
May you have a lifetime of success starting from your happy birthday.
07/09/2025
Hello....
PEARSON/CAMBRIDGE CURRICULUM
WEEKEND BOOSTER CLASS မှ
ကြိုဆိုပါတယ်ရှင့်
Weekend တန်းဖြစ်သော်လည်း
သင်ရိုးကိုအသေးစိတ်ထိရောက်စွာ
သင်ကြားပေးသွားမှာဖြစ်ပါတယ်။
Government သင်ရိုးတက်နေကြသော
ကျောင်းသား ကျောင်းသူများ အနေနဲ့
IS သင်ရိုးကိုလေ့လာလိုသူတိုင်း
လေ့လာလို့ရအောင် သင်ကြားပေးမှာ
ဖြစ်သောကြောင့် စိတ်ဝင်စားသူတိုင်း
Join လို့ရတဲ့ အတန်းလေးဖြစ်ပါတယ်။
အတန်းတစ်တန်းကို လူနည်းနည်းနဲ့
ကျောင်းသားတစ်ဦးချင်းစီရဲ့လိုအပ်ချက်ကို
ထိထိရောက်ရောက်ကြည့်ရှူသင်ကြား
ပေးသွားမှာဖြစ်ပါတယ်။
Pearson May/June, 2026 Exam ကို
ဝင်ရောက်ဖြေဆိုလိုသောသူများအတွက်လည်း ကောင်းစွာ အထောက်အကူပြုဖို့
အာမခံပါတယ်ရှင့်.....
Exam Results ကောင်းများရရှိဖို့ရန်
ကျောင်းသား မိဘ ဆရာ အတူလက်တွဲ၍
ထိရောက်မှုရှိအောင် သင်ကြားပေးသွားမည်
ဖြစ်သောကြောင့် သင်တန်းလေးအပ်နှံဖို့
ဖိတ်ခေါ်လိုက်ပါတယ်ရှင့်....
သင်ကြားမှုပုံစံ အခန်းအနေအထားများ
သိရှိလိုသော မိဘများအတွက်လည်း
ပုံလေးတွေနဲ့ မျှဝေပေးလိုက်ပါတယ်ရှင့်
ကိုယ်တိုင်လာရောက် ကြည့်ရှုလိုသူများလည်း
ကျွန်မတို့ The Study Hive သို့
လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်
ကျေးဇူးတင်ပါတယ်။ ။
| | |
စနေနှင့် တနင်္ဂနွေ 8:30AM - 3:00PM
Achievement Test Preparation အခမဲ့!
1 Subject - 70,000 Ks
4 Subjects - 250,000 Ks (Special Discount)
Limited seats– Enroll now !!
ဆက်သွယ်ရန် – 09-253117701 ; 09-444775701
လိပ်စာ – No.1048, Duya Street, (43) Ward, North Dagon Township
လူဦးရေ ကန့်သတ်ထားလို့
အမြန် အပ်ထားမှ စိတ်ချရမယ်နော်
မေမေတို့ရေ.....
Click here to claim your Sponsored Listing.
Category
Website
Address
Yangon