Winner Computer Group

Winner Computer Group

Share

We provide our customers with the best ICT products, training and solutions, to help enrich their lives and help meet their business needs.

24/11/2024

AI for Teachers

AI သည် ကျွန်ုပ်တို့၏နေ့စဉ်ဘဝများနှင့် လုပ်ငန်းခွင်တွေမှာ တဖြေးဖြေး ပိုမိုပေါင်းစပ် ပါဝင်လာ နေတာ ပြောစရာမလို အားလုံးသိကြပါတယ်။

👨‍🏫 AI က ဆရာတွေအတွက် ဘယ်လိုအသုံးဝင်လဲ၊
အလုပ်တွေကို ဘယ်လို ပိုမိုလွယ်ကူအောင် လုပ်ပေးနိုင်သလဲ
ဆိုတာကို စိတ်ဝင်စားရင်၊
AI ဖြင့် သင်၏သင်ကြားမှုကို အဆင့်မြှင့်ချင်ရင်
ဒီသင်တန်းလေး တက်ကြည့်ပါ။

👨‍🏫 ဒီသင်တန်းဟာ instructor နဲ့အတူ လက်တွေ့လုပ်ရမဲ့ သင်တန်း
ဖြစ်တဲ့အတွက် သင်တန်းပြီးရင် AI tools တွေကို
ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

👨‍🏫 ဒီသင်တန်းမှာ သင်ကြားမှာကတော့
AI အခြေခံ နှင့် AI ကိုပညာရေးနယ်ပယ်တွင် အသုံးပြုနေပုံများ၊
တာဝန်ယူမှုရှိစွာ AI ကိုအသုံးပြုခြင်း နှင့်
Hands on session မှာတော့ AI tools များသုံး၍
✍️ lesson plan ရေးဆွဲခြင်း၊
✍️ assessment မေးခွန်းများထုတ်ခြင်း၊
✍️ worksheets, presentation slides အစရှိသည့်
teaching materials များ ပြုလုပ် ပြင်ဆင် ခြင်း၊
🤵‍♀️ ကျောင်းသား course work ဖြေဆိုမှု ပေါ်လိုက်၍ feedback ပေးခြင်း နှင့်
💡 class room management အတွက် idea များရယူခြင်း အစ ရှိသည့်
သင်ကြားမှုဆိုင်ရာ လုပ်ငန်းများ ကို မိမိ အလိုရှိသလို လုပ်ဆောင် နိုင်ရန်အတွက် အခြေခံ Prompt ရေးနည်း များကို သင်ကြားပေးပါမယ်။

🖥️ Course Delivery: Online and interactive

🗓️ Time: 9 - 11 am (Sat, Sun) week-end class (14-15 Dec)

💸 Fees: 20,000 Kyats

📍 Sign Up Now: https://tinyurl.com/5dwxvymm

(သင်တန်းတွင် လက်တွေ့ တခါတည်း သင်ကြားမည် ဖြစ်သောကြောင့် ‌လူဦးရေ ကန့်သတ်ထားပါသည်။)

27/11/2021

Essential tools for online teaching

💻 ခုလိုအချိန်ကာလမှာ Online သင်တန်းတွေလဲ ဖွင့်ချင်တယ်၊ အဲဒီ့အတွက် လိုအပ်တဲ့ software တွေကို သုံးဖို့လဲ အခက်အခဲဖြစ်နေတယ်ဆိုရင်တော့ အခုသင်တန်းကနေကူညီပေးသွားပါမယ်။
💻 ဒီသင်တန်းမှာ Online သင်တန်းတစ်ခုဖွင့်မယ်ဆိုရင် မသုံးမဖြစ်လိုအပ်တဲ့ Video Conferencing software တစ်ခုဖြစ်တဲ့ Zoom software နဲ့ သင်ခန်းစာကို ရှင်းလင်းစွာသင်ကြားနိုင်ဖို့ အသုံးပြုရတဲ့ PowerPoint application software အသုံးပြုပုံတွေကို သင်ပြပေးမှာဖြစ်ပါတယ်။
💻 Zoom Software ကို install လုပ်ပုံ မှအစ၊ သင်တန်း schedule လုပ် ခြင်း၊ သင်တန်းသားများအား ဖိတ်ခေါ်ခြင်း၊ zoom website settings များ setup လုပ်ခြင်း၊ slide များ၊ video များအသုံး ပြု၍ သင်ကြားခြင်း၊ အခန်းများခွဲ၍ အုပ်စုလိုက် ဆွေးနွေးခြင်း (Group Discussion) ပြုလုပ်ပုံ၊ စာသင်နေစဉ် record လုပ်ခြင်း၊ recording video အား ‌ရယူခြင်းနည်းများ နဲ့ မိမိရဲ့ class participants တွေကိုဘယ်လို manage လုပ်ရမလဲစတာတွေကိုပါသင်ပြပေးသွားမှာ
ဖြစ်ပါတယ် ။
💻 မိမိသင်ကြားမဲ့ဘာသာရပ်တွေအတွက် Presentation တစ်ခုကိုကောင်းမွန်ပိုင်နိုင်စွာဖန် တီးပြုလုပ်ပြီး မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိ Presentation တွေတင်ဆက်နိုင်ဖို့အတွက်လဲ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
💻 စာသင်ခန်းထဲ မှာသင်ကြားရတဲ့အတိုင်း ဆရာမများနှင့် အပြန်အလှန်ဆွေးနွေး မေးမြန်းနိုင်သော Live virtual classroom ဖြင့် သင်ကြားပေးမှာဖြစ်ပြီး မိမိကိုယ်တိုင်လက်တွေ့လုပ်ရမှာဖြစ်တဲ့အတွက် သင်တန်းပြီးဆုံးတဲ့အခါ Online Class တစ်ခုကို သေချာပိုင်နိုင်စွာ သင်ကြားနိုင်ဖို့အတွက် ဒီသင်တန်းက တာဝန်ယူပါတယ်။
💻သင်တန်းကာလကိုလဲ ၈ရက်တည်းနဲ့ အပြီးသင်ကြားပေးသွားမှာဖြစ်လို့ ရက်တိုတိုနဲ့ ပညာရပ်တစ်ခုကို လေ့လာချင်တယ်ဆိုရင်တော့ ဒီသင်တန်းလေးကို join ကြည့်ပေးပါနော်။

- သင်တန်းစတင်မည့်ရက် - 13.12.2021
- သင်တန်းချိန် - 10:00 – 12:00 PM
- သင်တန်းကာလ - (13.12.2021 to 22.12.2021) Sat, Sun (off)
- သင်တန်းကြေး - 25,000 ကျပ် (Mobile banking ဖြင့်လဲပေးချေနိုင်ပါသည်)
- သင်ကြားမည့်စနစ် - Online (Zoom)
- လူဦးရေကန့်သတ်ထားပါသည်။
- သင်တန်းသားဟောင်းများအတွက် discount ရှိပါသည်။

📞ဆက်သွယ်ရန်ဖုန်း - 09454793179, 09402560071, 09972135981
Page Messenger မှ တဆင့်လဲ စုံစမ်းနိုင်ပါသည်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00