Chit Thinzar

Chit Thinzar

Share

09/04/2026

PhD ဆိုတာ အလုံးလား ၊ အပြားလား ဘာကြီးမှန်းမသိတဲ့ လူငယ်များအတွက် ဗဟုသုတ ရစေရန် ရည်ရွယ်ပါသည်…
PhD ဆိုတာ certificate တစ်ရွက် မဟုတ်ပါဘူး။
PhD ဆိုတာ စိတ်ရှည်မှု၊ သတ္တိ၊ စည်းကမ်း နဲ့ ရိုးသားမှုကို စမ်းသပ်တဲ့ journey တစ်ခုပါ။
လူငယ်တွေ အများစုက…
“PhD လုပ်ချင်တယ်”
“Dr. ဆိုတဲ့ title ရချင်တယ်”
လို့ ပြောကြပါတယ်။
ဒါပေမယ့် PhD ရဲ့ လုပ်ငန်းစဉ်အဆင့်အမှန် ကို မသိတဲ့သူ ပိုများပါတယ်… အခြား faculty တွေတော့ ကိုယ်မတက်ဖူးတော့ မပြောရဲပါဘူး… ကိုယ့် subject ဖြစ်တဲ့ Organization development အကြောင်းကိုတော့ ကောင်းကောင်းသိလို့ ပြောပြနိုင်ပါတယ်…

Step 1 — Coursework
Coursework ဆိုတာ တကယ်တော့ lecture times တွေပါ… PhD စတင်တဲ့အချိန်မှာ Research Methodology, Statistics, Theory စတဲ့ ဘာသာတွေကို သင်ရပါတယ်… Theory ဆိုတာက Engineering PhD ဆို Engineering theory ၊ OD ဆို OD theory ပေါ့…
ဒီ stage မှာ…
“စာတွေ ဖတ်ရတာ ခက်တယ်”
“ဘာမှ မနားလည်ဘူး”
ဆိုတဲ့ feeling ကို လူတိုင်း ကြုံရပါတယ်။
ဒါပေမယ့် Theory foundation မရှိရင် Research တစ်ခုကို တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး… ခက်ပေမဲ့လဲ မဖြစ်မနေကျော်ဖြတ်ရတဲ့ Step တစ်ခုပါပဲ…

Step 2 — Comprehensive Exam
ဒီ exam က “PhD level knowledge and theory ကို အမှန်တကယ် နားလည်လား” ဆိုတာ စမ်းသပ်တဲ့ exam ဖြစ်ပါတယ်…
တချို့တွေက PhD မှာ စာကျက်စရာမလိုဘူး ပြောတယ်… အဲ့ဒါ လုံးဝတော့မှန်မနေပါဘူး… စာမကျက်ရပေမဲ့ စာမှတ်ရပါတယ်… စာကို မမှတ်တတ်တဲ့သူဆိုရင်တော့ စာကျက်ပေါ့… (ကျက်ဆိုတာ facts တွေထုတ်ပြီး ကျက်တာပြောတာ… ကပ်သီးကပ်သတ် လာငြင်းမှာစိုးလို့…)
Fail ဖြစ်နိုင်ပါတယ်… နောက်တစ်ကြိမ် ပြန်ကြိုးစားရနိုင်ပါတယ်…
PhD journey မှာ Failure က failure မဟုတ်ပါဘူး… Failure က feedback ဖြစ်ပါတယ်။

Step 3 — Proposal Defense
Thesis အတွက် Chapter 1, 2,3 ကို supervisor က pass ဖြစ်ရင် ကိုယ့် research topic ကို Professor တွေ၊ Examiner တွေရှေ့မှာ တင်ပြပြီး approve ရယူရပါတယ်။
Supervisor ကလဲ အနည်းဆုံး ၅/၆ခါလောက် ပြင်ပါတယ်… Supervisor pass ဖြစ်ပြီးသားကိုလဲ proposal defense မှာ examiner တွေက 70% of whole chapters ကို ပြန်ပြင်ပါတယ်…
အကြိမ်ပေါင်းများစွာ revision လုပ်ရပါတယ်… ဆိုကြပါစို့… Chapter 1 to 3 ကို စာမျက်နှာ ၁၀၀ ရေးရမယ်ဆိုရင် အနည်းဆုံး ကိုယ်ရေးခဲ့တာ စာမျက်နှာ ၄၀၀ ပါ…

Step 4 — Pre Survey
Survey
Interview
Observation
Data analysis
ဒီ stage က Interventions တွေမလုပ်ခင် လုပ်ရတဲ့ stage ပါ… မြင်သာအောင်ပြောရရင် နေမကောင်းလို့ ဆေးခန်းတခုသွားတယ် ဆိုပါစို့… ဆရာဝန်က ဘာအရင်လုပ်သလဲ… သွေးပေါင်ချိန်တိုင်းမယ် ၊ အဖျားတိုင်းမယ်… အခြားလိုအပ်တာ စမ်းသပ်မယ်… ဒါက pre survey ပါ… Pre Survey လုပ်ပြီးမှ ဆေးကို ပေးရတာပါ…
ဒီအဆင့်မှာ Physical energy နဲ့ mental energy
နှစ်ခုလုံး လိုအပ်ပါတယ်။ တစ်ခါတစ်ရံ လူတွေက respond မပေးကြဘူး ၊ အဲ့တော့ Data မလုံလောက်ဘူး … Questionnaire တွေကို ပြင်မလား… Data pool ကိုချဲ့မလား… ပြသနာတွေက အများကြီးပါ…

Step 5 - Organization Development Interventions
ဒီအဆင့်က ဘာနဲ့တူလဲဆိုရင် ဆရာဝန်က Pre Survey လုပ်ပြီးတဲ့အခါ ODI ဆိုတဲ့ ဆေးကို ပေးပါတယ်… အတွေ့အကြုံ နဲ့ အသိအမြင်တွေပေါ်မူတည်ပြီး ဆရာဝန်တစ်ယောက်နဲ့ တစ်ယောက် ပေးတဲ့ဆေး နဲ့ dosage မတူနိုင်ပါ… OD practitioners တွေလဲ ဒီလိုပါပဲ… ဒီအဆင့်ဟာ ပညာသားအရမ်းပါပါတယ်… Training တွေပေးရတယ်… လူတွေရဲ့ mindset တွေကို change ရတယ်… psychological trick တွေ အများကြီး ပါပါတယ်… အလွန်အင်မတန် ရှုပ်ထွေးပြီး သိမ်မွေ့တဲ့အပိုင်းပါ…
———
Step 6- Post survey
ဒီ stage က ဆရာဝန်က ဆေးပေးပြီး တပတ်ပြည့်ရင် ပြန်လာပြခိုင်းသလိုပါပဲ… ODI တွေလဲ လုပ်ပြီးပြီ… ဆေးပတ်လဲလည်ပြီးဆိုတော့ လူနာနဲ့ တူတဲ့ Company ကို ပြန်လည် စစ်ဆေးတဲ့သဘောပါ…
———
Step 7— Thesis Writing
Thesis ဆိုတာ စာအုပ်တစ်အုပ်လို research document ဖြစ်ပါတယ်။
Copy မရပါဘူး။
Google မှာ ရှာပြီး paste လုပ်လို့ မရပါဘူး။
အဲ့ဒါကြောင့်
Turnitin ဆိုတဲ့ system ကို အသုံးပြုပါတယ်။
Turnitin ဆိုတာဘာလဲ?
Turnitin က ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ research paper, website, book တွေနဲ့ ကိုယ့်စာကို နှိုင်းယှဉ်ပြီး
“Copy လုပ်ထားသလား”
“Original ဖြစ်သလား”
ဆိုတာ စစ်ပေးတဲ့ software ဖြစ်ပါတယ်။
Similarity % သတ်မှတ်တာထက်ကျော်ရင် Revision ပြန်လုပ်ပေတော့ပဲ… Paraphrase လုပ်လဲ Turnitin မှာမိတာပဲမို့ အစထဲက ကိုယ်ဘာသာရေးတာအကောင်းဆုံးပါ…
ဒါဟာ Academic integrity ကို ကာကွယ်ဖို့ ဖြစ်ပါတယ်… ကျွန်မ Thesis ဆိုရင် စာမျက်နှာ ၃၈၉ မျက်နှာရှိခဲ့ပါတယ်…

Step 8 — Article Publication (မိမိResearch ကို ကမ္ဘာကို ချပြခြင်း)
Article ဆိုတာဘာလဲ?
Article ဆိုတာ ကိုယ့် research result ကို academic journal ထဲမှာ short version အဖြစ် publish လုပ်တဲ့ paper ဖြစ်ပါတယ်။
Articlesတွေကို peer reviewers (အခြား professor တွေ) လက်ခံပြီးမှ publish လုပ်ပေးပါတယ်။ ကန့်ကွက်မဲ့သူရှိရင် Publish လုပ်လို့မရပါ…
ဒါဟာ Quality control process ဆိုလဲ မမှားပါဘူး…

Step 9 — Viva / Final Defense

ဒီ stage က PhD journey ရဲ့ hardest moment ဖြစ်ပါတယ်… ကိုယ်တုန်းက External examiner ( အခြား အစိုးရအသိအမှတ်ပြုတက္ကသိုလ်) က professor ၃ယောက် ပါပါတယ်… ကိုယ်ကျောင်းက professor က ၃ယောက်… ပေါင်း ၆ယောက်ပါ… ဒါက ဘာကိုပြချင်တာလဲဆို Transparency နဲ့ Objectivity ကို ပြချင်တာပါ…
External examiner တွေ Professor တွေရှေ့မှာ…
“ဒီ research ကို ကိုယ်တိုင် လုပ်ထားတာလား”
“ဒီ result ကို ဘယ်လို ရရှိခဲ့တာလဲ”
တကယ့်ကိုမှ တကယ့်ကို theory ပိုင်းဆိုင်ရာ နှိုက်နှိုက်ချွတ်ချွတ်မေးခွန်းတွေကို ကျော်ဖြတ်ရပါတယ်… ကိုယ်က course work မှာ စာသေချာလုပ်ထားတော့ ဒီနေရာမှာ အတော်အသက်ရှူချောင်ပါတယ်… ဒါတောင် ကိုယ့် Thesis စာမျက်နှာ ၃၈၉ မျက်နှာကို တကယ်ကိုယ်ရေးခဲ့ရတာ စာမျက်နှာ ၂၀၀၀ကျော်ပါတယ်… အကြိမ်ကြိမ်အဖန်ဖန် ပြင်ရင်းနဲ့မှ နောက်ဆုံး version ကို ရခဲ့တာပါ…
Confidence
Knowledge
Honesty
သုံးခုလုံး လိုအပ်ပါတယ်။

Step 10 — Graduation
Convocation stage ပေါ်တက်တဲ့အချိန်
လူတွေ “Congratulations Dr.” လို့ ပြောလေ့ရှိကြပါတယ်။
ဒါပေမယ့် PhD က title တစ်ခု မဟုတ်ပါဘူး။
PhD ဆိုတာ
Responsibility (တာဝန်ယူ၊ တာဝန်ခံမှု)
Ethics (Professional ကျင့်ဝတ်)
Credibility (လေးစားယုံကြည်ရမှု)
ကို ကိုယ်စားပြုတဲ့ degree ဖြစ်ပါတယ်။

Full Academic Recognition ရှိတဲ့ University ကို ဘယ်လိုရွေးမလဲ?

1 — Government Accreditation ရှိရမယ်
University ကို Ministry of Education (သို့) Higher Education Authority က officially recognize လုပ်ထားရပါမယ်။
AI မှာ ဒီလိုမေးလဲ ရပါတယ်…
“Does a PhD from ———— University get full academic recognition?”

2 — အပေါ်က step တွေနဲ့ ပြည့်စုံရပါမယ်… Turnitin / Examiner / Publication Requirement ရှိရမယ်
Quality control system မရှိရင်
Academic standard မပြည့်နိုင်ပါဘူး။

3 — သင့်တော်တဲ့ Time Duration ဖြစ်ရပါမယ်…
PhD ကို ၆ လ၊ ၁ နှစ် အတွင်း ပေးနိုင်တယ်ဆိုရင်
Red flag ဖြစ်နိုင်ပါတယ်။

ဒါကြောင့် PhD လုပ်မယ့် လူငယ်တွေ Degree မရွေးခင်
“Shortcut ရှိလား?” ဆိုတာ မမေးပါနဲ့။
“Highly Accredited ဖြစ်လား?” ဆိုတာကိုပဲ မေးပါ။
ဒါဟာ ကိုယ့် reputation ကို ကာကွယ်ခြင်း တမျိူးဖြစ်ပါတယ်…
PhD ဆိုတာ လူတစ်ယောက်ရဲ့ intelligence ကိုသာ စမ်းသပ်တာမဟုတ်ပါဘူး…
Character ကို စမ်းသပ်ပါတယ်…
Discipline ကို စမ်းသပ်ပါတယ်…
Integrity ကို စမ်းသပ်ပါတယ်…
Title ရဖို့ထက် Trust ရဖို့ ပိုအရေးကြီးပါတယ်…
ဂုဏ်ဒြပ်တွေထက် ပညာတတ်ဖို့ ပိုအရေးကြီးပါတယ်…
လူငယ်တိုင်း ပညာကို ချစ်မြတ်နိုးပြီး ပညာကို တန်ဖိုးရှိစွာ ဆည်းပူးနိုင်ကြပါစေ…
ချစ်တဲ့
Dr. Jue Chit Thinzar
PhD , Organization Development
Assumption University, Thailand
9.4.26

Photos from Chit Thinzar's post 21/10/2025

Giveaway အပိုင်း (၂) လာပါပြီရှင်…
Jue Chit Thinzar
Chit Thinzar
Curvy
ဒီ ၃ခုကို See first လုပ်ထားတဲ့ Fan အမာခံများ SS လေးနှင့်တကွ မန့်ခဲ့ပေးထားတဲ့
တယောက်ကို ၂သောင်းစီ နှင့် အယောက် ၂၀ အရင်ဆုံးဖောက်ပေးပါမည်…
ဒါပြီးရင်လဲ နောက်ထပ် အခန်းဆက် Giveaway တွေရှိသေးတာမို့ Page လေးကို စောင့်ကြည့်ပေးပါ… တလလုံးနီးပါး ဖောက်ပေးမှာပါ…
Giveaway ပေါက်ရန်ကျန်သူများကို နောက် ၂ရက်နေရင် ကြေညာပေးပါ့မယ်…
+959673815878 Viber မှာ လာရောက်ထုတ်ယူပေးပါရှင်..’’
Note - Acc တုများရှိလို့ Profile lock မချထားပါနဲ့ရှင့်…
- K Pay ဖုန်းနံပါတ်များ comment တွင်လဲမန့်ပေးပါရှင့်….

15/10/2025

ကိုယ်လှနေတာ .. ကိုယ့် အတွက် 💪💪

14/10/2025

Giveaway အပိုင်း (၂) လာပါပြီရှင်…
ဒီတခါ လွယ်လွယ်လေးပါ…
Jue Chit Thinzar
Chit Thinzar
Curvy
ဒီ ၃ခုကို See first လုပ်ထားတဲ့ Fan အမာခံများ SS လေးနှင့်တကွ မန့်ခဲ့ပေးပါ…
တယောက်ကို ၂သောင်းစီ နှင့် အယောက် ၅၀ ဖောက်ပေးပါမည်…
ဒါပြီးရင်လဲ နောက်ထပ် အခန်းဆက် Giveaway တွေရှိသေးတာမို့ Page လေးကို စောင့်ကြည့်ပေးပါ… တလလုံးနီးပါး ဖောက်ပေးမှာပါ…
Giveaway ပေါက်သူများကို နောက် ၃ရက်နေရင် ကြေညာပေးပါ့မယ်…

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon