Sengmi Studio
လက်ကျန်ဖြတ် လျှော့ဈေးအပြင် 3 ထည်ဝယ်တာနဲ့ Deli Free
22/05/2026
🌧️ မိုးရာသီမှာ အကြိုက်ဆုံးအင်္ကျီလေးတွေ မှိုမတက်၊ အနံ့မဆိုးစေဖို့ ထိန်းသိမ်းနည်း (၅) ချက်
မိုးရာသီရောက်ပြီဆိုတာနဲ့ ဖက်ရှင်ချစ်သူတွေ အဓိကကြုံရတဲ့ ပြဿနာက အဝတ်အစားတွေ အနံ့အသက်မကောင်းတာနဲ့ မှိုတက်တာပဲ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရတဲ့ အဝတ်အစားလေးတွေကို နွေရာသီမှာလိုပဲ အမြဲသစ်လွင်နေစေဖို့ ဒီအချက်လေးတွေကို သတိထားကြည့်ရအောင်။
၁။ လုံးဝခြောက်သွေ့မှ သိမ်းဆည်းပါ
မိုးတွင်းမှာ အဝတ်လှန်းရတာ အခက်ခဲဆုံးမို့ တစ်ခါတလေ နည်းနည်းစိုထိုင်းထိုင်း ဖြစ်နေတာကို ဒီအတိုင်း ခေါက်သိမ်းမိတတ်ကြပါတယ်။ ဒါဟာ အနံ့ဆိုးထွက်ခြင်းနဲ့ မှိုတက်ခြင်းရဲ့ အဓိကအကြောင်းရင်းပါ။ လေမှုတ်စက် (Hair Dryer) ဒါမှမဟုတ် မီးပူတိုက်ပြီး လုံးဝခြောက်သွေ့သွားအောင် လုပ်ပြီးမှ ဗီရိုထဲထည့်ပါ။
၂။ ဗီရိုထဲမှာ လေဝင်လေထွက် ကောင်းပါစေ
ဗီရိုထဲမှာ အဝတ်အစားတွေကို အရမ်းကျပ်ညပ်နေအောင် မသိမ်းပါနဲ့။ အဝတ်တစ်ခုနဲ့တစ်ခုကြား လေဝင်လေထွက်ရှိမှ အစိုဓာတ်ကို လျှော့ချနိုင်မှာပါ။ ဖြစ်နိုင်ရင် ဗီရိုတံခါးကို တစ်နေ့ တစ်ကြိမ်လောက် ခဏဖွင့်ထားပေးပါ။
၃။ Camphor Ball (ပရုတ်လုံး) နှင့် Silica Gel များ အသုံးပြုပါ
အဝတ်ဗီရိုထဲမှာ Silica Gel အထုပ်လေးတွေ ဒါမှမဟုတ် ပရုတ်လုံးလေးတွေ ထည့်ထားပေးပါ။ သူတို့က အစိုဓာတ်ကို စုပ်ယူပေးနိုင်သလို အင်းဆက်ပိုးမွှားတွေ အဝတ်အစားကို လာမကိုက်အောင်လည်း ကာကွယ်ပေးပါတယ်။
၄။ အဝတ်လျှော်တဲ့အခါ Fabric Softener ကို သတိထားပါ
မိုးတွင်းမှာ အဝတ်လျှော်ရင် အနံ့ပျောက်စေဖို့ဆိုပြီး အမွှေးဆီ/အပျော့ဆီ (Fabric Softener) တွေ အလွန်အကျွံသုံးတတ်ကြပါတယ်။ ဒါပေမဲ့ နေမပြဘဲ လေနဲ့ပဲအခြောက်လှန်းရတဲ့အခါ အဲဒီအမွှေးဆီတွေကပဲ အနံ့ကို ပိုပုပ်သွားစေနိုင်ပါတယ်။ အနံ့ပြင်းတာထက် Bacteria ကို သေစေတဲ့ အဝတ်လျှော်ရည်မျိုးကို ဦးစားပေးသုံးသင့်ပါတယ်။
၅။ မိုးရေစိုလာရင် ချက်ချင်းလျှော်ပါ
မိုးမိလာတဲ့ အဝတ်အစားတွေကို ဒီအတိုင်း ပစ်ထားတာဟာ အဝတ်သားကို အမြန်ဆုံး ပျက်စီးစေပါတယ်။ မိုးရေထဲမှာပါတဲ့ ဓာတုပစ္စည်းနဲ့ ဖုန်မှုန့်တွေက အဝတ်ပေါ်မှာ စွဲကျန်နေတတ်လို့ အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းလျှော်ပစ်ဖို့ တိုက်တွန်းပါရစေ။
"မိုးတွင်းမှာ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး အခြောက်မြန်တဲ့ Premium Quality အထည်လေးတွေကို မင်မင်တို့ SengMi Studio မှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်" 😍
မိုးရာသီမှာလည်း အားလုံးပဲ သန့်ရှင်းလန်းဆန်းတဲ့ ဖက်ရှင်လေးတွေနဲ့ လှပနိုင်ကြပါစေရှင်။ 👗
Special Sale is ON! 📣
"အဝတ်အစား ကောင်းကောင်းဝတ်တာဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တာတစ်မျိုးပဲ" တဲ့။ ညဘက် အိပ်စက်ချိန်မှာလည်း အသားအေးပြီး သက်သောင့်သက်သာအရှိဆုံး ဖြစ်နေဖို့ လိုတယ်ဟုတ်? 🥰
အသားအေးအေး၊ အပွဒီဇိုင်းမို့ မိုးဘယ်လောက်ရွာရွာ ပူအိုက်တဲ့ ရာသီဥတုနဲ့ အလိုက်ဖက်ဆုံးပဲနော်..
- အသားအေး၊ ပေါ့ပါး၊ သက်သောင့်သက်သာ
- Design မျိုးစုံ၊ အရောင်အသွေးစုံ
- အကန့်အသတ်ရှိ Stock မို့ မြန်မြန်လေးမှာမှ စိတ်ချရမယ်နော်။
🏷 Special Price: 20000✅
🏷 Normal Price: 23000❌
မှာယူလိုပါက ပုံလေးနဲ့အတူ Messenger မှာ စာပို့လိုက်ပါရှင့်။ 💌
💥 Special Sale 💥
High-neck အထာလေးနဲ့ ကျောအလှပြ ခါးချည်ဒီဇိုင်းမို့ ဝတ်လိုက်ရင် ခါးလေးသေးပြီး အရပ်ရှည်သယောင် စမတ်ကျကျ လှနေစေမယ်နော်။
ပွဲတက်၊ ကဖေး၊ Beach ဘယ်သွားသွား ဝတ်လို့ရတဲ့ မျက်စိကျစရာ Dress လေးပါ။
🎨ရနိုင်တဲ့ ကာလာများ
ခရမ်းရင့်၊ ကော်ဖီ၊ အပြာ၊ မုန်ညင်းဝါ၊ အနက်၊ ဝိုင်နီ
💰 Special Price: 31000✅
💰 Normal Price: 34000❌
Size Free
ရင် - ၄၂
ခါး - ၃၀
အရှည် - ၃၈
Item တိုင်းက အကန့်အသတ်နဲ့ပဲမို့ စိတ်ဝင်စားရင် အမြန်ဆုံး Chat box ကို ပြေးလာခဲ့တော့နော်! Stock ပြတ်ရင် ပြန်မရတော့ပါဘူးရှင့် 🛒💨
Click here to claim your Sponsored Listing.
Category
Website
Address
Opening Hours
| 00:00 - 00:00 |