TNEC

TNEC

Share

Photos from TNEC's post 17/05/2026
TikTok · Thet Naing 08/09/2025

TikTok · Thet Naing Check out Thet Naing’s post.

10/07/2025

စာရေးဆရာ မောင်သာချို ကွယ်လွန်

ရန်ကုန်၊ ဇူလိုင် ၁၀

မြန်မာ့စာပေလောကတွင် ထင်ရှားကျော်ကြားသော စာရေးဆရာ မောင်သာချိုမှာ ယနေ့ နံနက်ပိုင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း စာရေးဆရာအသိုင်းအ၀ိုင်းက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၈ နာရီအချိန် ပင်လုံဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း ဆရာအော်ပီကျယ်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး ရန်ကုန် တိုင်း ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာတွင် အဖ ဦးဝင်းသိန်း၊ အမိ တို့က ၁၉၅၈ ခု၊ မတ်လ ၁၁ ရက် အင်္ဂါနေ့တွင် မွေးဖွားခဲ့သည်။ အမည်အရင်းမှာ ဦးညွန့်သောင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိနေပြီဖြစ်သည်။

ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခု၊ ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်းမှ 'ခေတ်သစ် မေတ္တာ' ကဗျာဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ၁၉၈၈ ခု၊ ဇူလိုင်လထုတ် အိပ်မက်ဖူး မဂ္ဂဇင်းမှစကာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး လုပ်သားများ ကောလိပ်၊ ဒေသကောလိပ်၊ နိုင်ငံခြား ဘာသာသိပ္ပံ၊ ရန်ကုန် တက္ကသိုလ်၊ မိတ္ထီလာ ဒီဂရီ ကောလိပ်၊ ဟင်္သာတ ကောလိပ် ၊ပညာရေးတက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြ၊ ကထိကနှင့် ပါမောက္ခရာထူးများကို အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ စာရေးဆရာ မောင်သာချိုကို စစ်တပ်က ဖမ်း ဆီးခဲ့ပြီး စစ်အာဏာမသိမ်းမီ ရေးသားခဲ့သော ဆောင်းပါးများက နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် စစ်တပ်က အမှုဖွင့်တရားစွဲခဲ့သည်။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် စာရေးဆရာ မောင်သာချိုကို စစ်တပ်က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်နေ့ တွင် လွတ်ငြိမ်းဖြင့်ပြန်လွတ်လာခဲ့ပြီးနောက် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

စာရေးဆရာ မောင်သာချိုသည် ရွှေညဝါဆရာတော်နှင့်အတူ ၂၀၂၂ ခုနှစ် နို ဝင်ဘာလ ၁၇ ရက်နေ့ အင်းစိန်ထောင်မှ တစ်ချိန်တည်း တစ်ရက်တည်း လွတ် မြောက်ခဲ့သည်။

ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် ရွှေညဝါ ဆရာတော်ကြီး ပျံလွန်တော်မူချိန် ယနေ့ နံနက် ၈ နာရီအချိန် စာရေးဆရာ မောင်သာချိုမှာလည်း ဆရာတော်နှင့်အတူ တစ်ရက်တည်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

09/07/2025

ကျူရှင်သွားရင်း ပျော-က်သွားပြန်ပြီတဲ့ ကူရှယ်ကြပါဦး
**********************************

အမည် မဂျူနီထွန်း
အသက်၁၉ နှစ် G.12 ကျောင်းသူ
အရပ်၅ပေ ၃လက်မ.အသားညို. ပေါင်ချိန် ၁၅၀ ခန့်. တွေ့ရှိခဲ့.ပါက.ဆက်သွယ်အကြောင်းကြားေပးပါ.ကျူရှင်သွားယင်းပြန်မလာတာပါ.ဖခင်စိတ်ပူနေသည်
တွေ့ရှိသူများ ပေ့မက်ဆင်ဂျာသို့ လာပြောပေးပါ။

Photos from TNEC's post 02/07/2025

ပညာမျိုးဆက် ကိုယ်ပိုင် အထက်တန်း ေကျာင်းGrade10 tutorial. First time

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Address

Hlaing Tharyar
Yangon
TNH777