Mufti Muhammad Nurullah

Mufti Muhammad Nurullah

Share

22/04/2026

#အိမ်မှုကိစ္စပြုလုပ်သူအိမ်ရှင်မ၏တန်ဖိုး #မွဖ်သီနူရွလ္လာဟ်

#ဒိုအာယူနွတ်စ်၏ရှင်းလင်းချက်#မွဖ်သီနူရွလ္လာဟ် 03/04/2026

https://youtu.be/p8wF6SdqmaI?si=FSM6xqe416tixgkC

#ဒိုအာယူနွတ်စ်၏ရှင်းလင်းချက်#မွဖ်သီနူရွလ္လာဟ် ***inurullah #မွဖ်သီနူရွလ္လာဟ် ***i nurullah myanmar #ဗယာန် 2026မွဖ်သီမုဟမ္မဒ်နူရွလ္လာဟ် B.E ( Civil ) မဒါးဗလီ(၁၃၆)လမ်းနှင့်လမ်း - ၄၀ ဗလီရှေ့.....

29/03/2026

မနေ့က ကျွန်တော်ရေးခဲ့တဲ့ သမိုင်းမှာ “ဇာသေစလာစိလ်” စစ်ပွဲ battle of chains က လက်ရှိ ကူဝိတ်နိုင်ငံ ကာဇွေမဟ် ဒေသမှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီမှာ ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ က ပါရှန် စစ်သူကြီး ဟုရ်မုဇ်ကို အနိုင်ရခဲ့တယ်။ ဒါဟာ ပါရှန်းဒေသကို ဆွာဟာဗဟ်တို့ ပထမဆုံး အောင်နိုင်မှု ရပြီး ဝင်ရောက်နိုင်ခဲ့တယ်။
အဲ့ဒီနေရာနဲ့ ဟောမုဇ်ရေလက်ကြားနဲ့ အတော်လေး အလှမ်းဝေးတယ်။ ဒီအတွက် ဟဇရသ် ခါလိဒ်ဗင်န် ဝလီးဒ်ؓ က ပါရှန်းထဲကို ရှေ့ဆက်တိုးဝင်သွားပေမယ့် ရေလက်ကြားနေရာအထိတော့ မရောက်ခဲ့ဘူး။

အဲ့ဒီနောက်ပိုင်းမှာ ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ က ဟဂျ်သွားလုပ်ချင်တဲ့ ဆန္ဒပြင်းပြပြီး ဘယ်သူ့ကိုမှ အသိမပေးဘဲ မက္ကာဟ်ကို ရုပ်တရက် ထွက်လာလိုက်တယ်။ ဟဂျ်ပြီးနောက် အီရတ်ကို ပြန်သွားခဲ့တယ်။ ဒါကို ဟဇရသ် အဗူဗကရ် ဆွိဒ္ဒီးက်ؓ သိသွားတဲ့အခါ နောက်နောက် အဲ့ဒီလို မထွက်လာဖို့ ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ သခင်ကို စာရေးအကြောင်းကြားခဲ့တယ်။

အဲ့ဒီနောက်ပိုင်းမှာ ရှားမ် ဆီရီယားနယ်စပ်မှာ ပြင်းထန်တဲ့ စစ်ပွဲတွေ ဖြစ်နေတယ်။ အဲ့ဒီနေရာမှ ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ လို ပုဂ္ဂိုလ် ပိုပြီး လိုအပ်နေတယ်။ အဲ့ဒီအတွက် ဟဇရသ် အဗူဗကရ် ဆွိဒ္ဒီးက်ؓ က ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ ကို ရှားမ် နယ်စပ်ကို ရွှေ့ပြောင်း တာဝန်ပေးလိုက်တယ်။

ပါရှန်းဖက်မှာ ဟဇရသ် ခါလိဒ်ဗင်န်ဝလီးဒ်ؓ မရှိတဲ့နောက်ပိုင်း ဆက်ပြီး တာဝန်ယူခဲ့တာက ဟဇရသ် မုစန်နား ဗင်န်ဟာရိစဟ် ؓ ဖြစ်တယ်။ ဟဇရသ် မုစန်နား ဗင်န်ဟာရိစဟ် ؓ ဟာ တော်တော်လေး ရှေ့ဆက်ပြီး ကြိုးပမ်းခဲ့တယ်။ ပါရှန်းတွေရဲ့ ပုန်ကန်မှုတွေကိုလည်း ရင်ဆိုင် တွန်းလှန်ခဲ့တယ်။ အခက်အခဲများစွာကို ရင်ဆိုင်ကြိုပမ်းရင်း ဟဇရသ် မုစန်နား ဗင်န်ဟာရိစဟ်ؓ ဟာ ကွယ်လွန်သွားရှာခဲ့တယ်။ အီရတ် အီရန် ဒေသတွေကို အောင်နိုင်ခြင်းမှာ ဟဇရသ် မုစန်နား ဗင်န်ဟာရိစဟ်ؓ ရဲ့ အခန်းကဏ္ဍဟာ တော်တော်လေး အရေးပါလှတယ်။

အဲ့ဒီအချိန် ဟဇရသ် အုမရ်ؓ ရဲ့ ခေလာဖသ် ရဲ့ ကာလကို ရောက်ရှိနေပြီ ဖြစ်တယ်။ ဟဇရသ် အုမရ်ؓ ဟာ ဟဇရသ် မုစန်နား ဗင်န်ဟာရိစဟ်ؓ ရဲ့နေရာမှာ ဟဇရသ် စအဒ်ဗင်န်အဗီဝကားဆွ်ؓ ကို တာဝန်ပေးခဲ့တယ်။
နောက်ဆုံး ဟဇရသ် ဟဇရသ် စအဒ်ဗင်န်အဗီဝကားဆွ်ؓ ဦးဆောင်နေတဲ့ အချိန်မှာ ကာဒီစီယဟ် စစ်ပွဲဖြစ်ခဲ့တယ်။ ကာဒီစီယဟ်စစ်ပွဲဟာ ပါရှန်း အင်ပါယာကို လုံးဝ ချည့်နဲ့ ပြုန်းတီးစေခဲ့တယ်။
ပါရှန်းတို့ရဲ့ နန်းစိုက်မြို့ကိုပါ အောင်နိုင်ခဲ့တယ်။

ပါရှန်းဘုရင် ကိစ်ရာရဲ့ သရဖူနဲ့ လက်ကောက်ဟာ ဟဇရသ် အုမရ်ؓ ဆီရောက်လာတယ်။ တစ်ချိန်က တမန်တော်မြတ် ﷺ ဟိဂျ်ရသ် ခရီးစဉ်မှာ တမန်တော်မြတ် ﷺ ကို ဖမ်းဆီးဖို့လာတဲ့ စုရာကဟ်ဗင်န် မာလိက်ؓ ကို တမန်တော်မြတ် ﷺ ကြိုတင်ပြောခဲ့တဲ့စကား ပြန်အောက်မေ့ကြတယ်။ တမန်တော်မြတ် ﷺ ရဲ့ မုအ်ဂျေဇဟ် ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့တယ်။
ဟဇရသ် အုမရ်ؓ က စုရာကဟ် ဗင်န် မာလိက်ؓ ကို အဲ့ဒီသရဖူနဲ့ လက်ကောက်ကို ဝတ်ခိုင်းပြီး ဝံ့ကြွားစွာ သက်ဗီးရ်ဆိုခိုင်းခဲ့တယ်။
နောက်ဆုံးမှာ ပါရှန်း အိမ်ရှေ့မင်းသား ဟုရ်မုဇာန်းပါ ဖမ်းဆီးခံရပြီး ဟဇရသ် အုမရ်ؓ ရှေ့ရောက်လာတယ်။ ဒီအိမ်ရှေ့မင်းသားက ဟဇရသ် အနတ်စ် ؓ ရဲ့ အစ်ကိုဟဇရသ် ဗရားအ် ဗင်န် မာလိက်ؓ ကို ရှဟီးဒ် လုပ်ခဲ့သူဖြစ်တယ်။ ပါရှန်း အိမ်ရှေ့မင်းသား ဟုရ်မုဇားန်က ဟဇရသ် အုမရ်ရဲ့ အရှေ့ရောက်တော့ ရေသောက်ဖို့ ရေတောင်းတယ်။ ရေယူလာပေးတော့ သူက ရေသောက်နေတဲ့ အချိန် သတ်ခံရမှာ စိုးလို့ မသောက်ရဲဘူးလို့ ပြောတယ်။ ဟဇရသ် အုမရ်ؓ က لابأس علیک حتی تشربه မင်း ရေမသောက်ရသေးမချင်း ဘာမှ စိတ်မပူနဲ့ လို့ ကတိပေးလိုက်တယ်။ သူက ချက်ချင်းပဲ ရေခွက်ကို ပစ်ချပြီး ရေတွေ သွန်လိုက်တယ်။
ဒီ အိမ်ရှေ့မင်းသားက လှည့်စားလိုက်တာ ဖြစ်တယ်။ သို့ပေမယ့် ဟဇရသ် အနတ်စ်ؓ ကိုယ်တိုင်ကော ဟဇရသ် ဇုဘိုင်းရ်ؓ တို့ကပါ သူ့ကို သတ်ခွင့်မရှိတော့ဘူးလို ဟဇရသ် အုမရ်ကို တင်ပြကြတယ်။
နောက်ဆုံး ဟဇရသ် အုမရ်ؓ က မိမိကတိစကားအတိုင်း သူ့ကို လွတ်ငြိမ်းပေးလိုက်တယ်။ ပြီးတော့အစ္စလာမ်ဖက်ကို ဖိတ်ခေါ်တယ်။ မင်းသား ဟုရ်မုဇာန်က ချက်ချင်းပဲ အစ္စလာမ် သာသနာကို လက်ခံလိုက်တယ်။ ဟဇရသ် အုမရ်ؓ က ဝမ်းသာပြီး ဟုရ်မုဇာန်ကို ဒိရ်ဟမ် ၂၀၀၀ နဲ့ မဒီနဟ်မှာ အိမ်တစ်လုံး ချီးမြှင့်လိုက်တယ်။
تاریخ امت مسلمہ
‏မှ ကောက်နှုတ် တင်ပြပါတယ်

မွဖ်သီ နူရွလ္လာဟ် B.E (Civil)

20/03/2026
Photos from M***i Muhammad Nurullah's post 17/03/2026
Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon