Healthy Life
03/04/2025
စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုရောဂါ (Post Traumatic Stress Disorder)
PTSD ဆိုတာ အလွန်ပြင်းထန်တဲ့ စိတ်ဒဏ်ရာ (Trauma) တစ်ခုခုကြောင့် ဦးနှောက်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့စနစ် ပျက်ယွင်းသွားတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ နာတာရှည်စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။ ဥပမာ - စစ်ပွဲ၊ မုဒိမ်းမှု၊ မတော်တဆမှု၊ ငလျင်ကဲ့သို့သော သဘာဝဘေးတွေကို ကြုံတွေ့ခဲ့ရသူတွေမှာ ဒီရောဂါဖြစ်နိုင်ခြေများပါတယ်။
PTSD ဘာကြောင့်ဖြစ်ရတာလဲ?
1. ဦးနှောက်ရဲ့ တုံ့ပြန်မှုစနစ် ပျက်ယွင်းခြင်း
- ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ အန္တရာယ်ကြုံရင် Fight-Flight-Freeze တုံ့ပြန်မှုဖြစ်ပေါ်ပြီး အချိန်တိုအတွင်း ပြန်လည်ငြိမ်သက်သွားတတ်ပါတယ်။
- PTSD ရှိသူတွေမှာတော့ ဦးနှောက်ရဲ့ Amygdala (ကြောက်ရွံ့မှုဗဟို) အလွန်အမင်းအလုပ်လုပ်ပြီး Prefrontal Cortex (ယုတ္တိတန်အောင် စဉ်းစားနိုင်တဲ့အပိုင်း) အားနည်းသွားတာကြောင့် အန္တရာယ်မရှိတော့ရင်တောင် စိုးရိမ်မှုတွေ ဆက်ဖြစ်နေတတ်ပါတယ်။
2. ဟော်မုန်းနဲ့ အာရုံကြောစနစ် ပြောင်းလဲမှု
- Cortisol (စိတ်ဖိစီးမှုဟော်မုန်း) နဲ့ Norepinephrine တွေ ပုံမှန်ထက်ပိုထွက်ကာ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်များခြင်း၊ အသက်ရှူမြန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
PTSD ရဲ့ အချိန်ကြာလာရင် ဘာဖြစ်နိုင်လဲ?
- စွဲလမ်းမှုပြဿနာများ (အရက်၊ မူးယစ်ဆေးသုံးစွဲခြင်း)
- ကိုယ်ခံအားကျဆင်းပြီး နာတာရှည်ရောဂါများ (နှလုံး၊ ဆီးချို)
- မိသားစုနဲ့ အလုပ်ခွင်ပြဿနာများ (ဒေါသထွက်လွယ်၊ လူမှုရေးအထီးကျန်ခြင်း)
- အဆိုးမြင်စိတ်ကြီးစိုးပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဖြစ်နိုင်ခြေ များလာခြင်း
ကုသမှုနည်းလမ်းများ ကတော့ စိတ်ပညာနည်းလမ်းများ၊ ဆေးဝါးကုသမှု၊ လူနေမှုပုံစံပြောင်းလဲခြင်း(ယောဂ၊ တရားထိုင်ခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း) စတာတွေက အထောက်အကူဖြစ်စေပါတယ်
PTSD ကို ဘယ်လိုကူညီနိုင်မလဲ?
- မိမိကိုယ်ကို စာနာပါ။ ("ဒါဟာ ငါ့အပြစ်မဟုတ်ဘူး" ဆိုတဲ့အတွေးကို လက်ခံပါ။)
- ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ စကားပြောပါ။
- ပညာရှင်နဲ့ တိုင်ပင်ပါ။ (စိတ်ကျန်းမာရေးဆရာဝန် နှင့် တိုင်ပင်ပြသဆွေးနွေးခြင်း၊ အကူအညီဖုန်းလိုင်းများ ခေါ်ဆိုပြီး အကြံဥာဏ် ရယူခြင်း တို့ ရှိပါတယ်။)
PTSD ဟာ ကုသလို့ရတဲ့ရောဂါ ဖြစ်ပါတယ်။ စောစောကုသနိုင်လေ ပြန်လည်နာလန်ထူမှုမြန်လေပါ။
HCAHealthcare
29/01/2025
❗️ဒီထက်လွယ်တဲ့ဝိတ်ချနည်းမရှိတော့ပါ❗️
💥ရေ ၁ ရက် (၃) လီတာသောက်
💥ထမင်းကို၁ရက်လုံးစာအတွက်(၁၅)ဇွန်းပဲစားပါ
(၁၅ဇွန်းကိုမနက်နေ့ညနေ(၃)နပ်အဆင်ပြေသလိုခွဲစား
လိုက်ပါ)
💥ဆီပြန်ဟင်းရှောင်ပြီးအသီးအရွက်များများ /အသား/
ငါး/ပဲအမျိုးမျိုး စားလို့ရပါတယ်
💥စားပြီးရင်ထိုင်တာလှဲတာရှောင်ပါ
(နာရီဝက်လမ်းဖြေးဖြေးလျှောက်ပေးပါ)
💥ဝမ်းမချုပ်အောင်ဂရုစိုက်ပါ ။ဝမ်းချုပ်တတ်ရင်
(မန်ကျည်းမှဲ့ကိုထန်းလျက်ညို၁လုံးဆားနဲနဲထည့်ပြီး
ရေနွေးနဲ့စိမ်နေ့တိုင်း၁ရက်၁ခွက်ပုံမှန်သောက်ပေးပါ)
❌ဝိတ်တက်စာမှန်သမျှလုံးဝမစားဘူးဆိုပြီး
ရှောင်ပစ်လိုက်ပါ❌
💥အဆာပြေဆိုရင်(အသီး/အစေ့အဆံလက်၁ဆုပ်/ကြက်ဥ
ပြုတ်အနှစ်မပါ)ဒါလေးတွေစားလို့ရပါတယ်နော်)
💥ညနေစာကို၆နာရီနောက်ဆုံးထားစားပေးပါ။
(၆နာရီနောက်ပိုင်းဘာမှမစားပါနဲ့တော့ဆာရင်ရေပဲ
သောက်ပါ)
👉ခုပြောတဲ့အချက်တွေကိုတိတိကျကျသေသေချာချာလေးလိုက်လုပ်မယ်ဆိုရင်အဆီကျလှပပြီးကျန်းမာနေမှာအမှန်ပါ👈
ချစ်တဲ့မင်မင်❤️
29/01/2025
မုန်လာဥဖြူနဲ့ အူတွေဆေ:ကြရအောင် ဖတ်ကြည့်ပေးနော်🥬🥬
__________________
အူတွေဆေ:ခြင်းကို တလတခါလောက်တော့ မဖြစ်မနေ လုပ်သင့်ပါတယ်။ဘာလို့လဲဆိုရင်အူလမ်းကြောင်းနဲ့ လူ့ကျန်းမာရေးကတိုက်ရိုက်ပတ်သက်နေလို့ ဖြစ်ပါတယ်။ ပြီးတော့အူတွေဟာဒုတိယဦးနှောက်လည်းဖြစ်တယ်။ ဦးနှောက်နဲ့အူတွေကို အာရုံကြောတွေနဲ့ဆက်ထားပြီး ခန္ဓာကိုယ်အတွက်အလုပ်တွေအများကြီးလုပ်ပါတယ်။ ဒါကြောင့်အူတွေ သန့်ရှင်းနေဖို့ လိုပါတယ်။
အူဆေ:ဖို့ အသုံးပြုမှာကတော့ မုန်လာဥဖြူ ဖြစ်ပါတယ်။ သဘာဝကြီးရဲ့လက်ဆောင်ဖြစ်တဲ့ မုန်လာဥဖြူနဲ့ အူဆေ:ကြမယ်။ မုန်လာဥဖြူမှာ Fibre အမျှင်ဓါတ်တွေ အများကြီးပါတယ်။ အဲဒီ fibre အမျှင်ဓါတ်တွေက အူအတွင်းနံရံမှာရှိနေတဲ့ မစင်ဂျိုးတွေကအစ အညစ်အကြေးတွေအားလုံးကို တိုက်ချွတ်ဆေးကြောပေးပါတယ်။
စျေးကနေ မုန်လာဥလှလှလေးတွေ ဝယ်မယ်။ ကျောက်ဆားလေးနဲနဲထည့်ပြီးပြုတ်လိုက်မယ်*။ အကြာကြီးပြုတ်စရာမလိုဘူး။ အူဆေ:ဖို့အတွက် စနေနေ့နေ့လယ်စာစားပြီးနောက်မှာ တခြားဘာမှမစားဘဲမုန်လာဥပြုတ်၁မျိုးပဲ စားရမယ်။ကြိုက်သလောက်စားပါ၊ ဗိုက်ဝအောင်သာစား၊ ဗိုက်ဆာလာတိုင်းစား။ ညအိပ်ယာမဝင်ခင်အထိဆာတိုင်း စားလို့ရပါတယ်။ စားလို့လည်းတော်တော်ကောင်းတယ်။ ရေငတ်လည်းပြေတယ်၊ စားရတာအတော်ကျေနပ်စရာကောင်းပါတယ်။နောက်နေ့မနက် အိပ်ယာထရင် ရေ၁လီတာ သောက်ရမယ်။ပြီးရင်တော့ဝမ်းဗိုက်ထဲကအစာဟောင်းတွေ ရှောရှောရှူရှူ အကုန်ထွက်သွားလိမ့်မယ်။
မုန်လာဥနဲ့အူဆေ:ခြင်းဟာ အူလမ်းကြောင်းသာမက ကျောက်ကပ်ကိုလည်းသန့်ရှင်းစေပါတယ်။ကျောက်ကပ်သန့်ရှင်းဖို့အတွက် မုန်လာဥပြုတ်စားရင်းရေပိုသောက်ပေးဖို့လည်း လိုပါတယ်။
အူတွေသန့်ရှင်းသွားရင်သွေ:လည်းသန့်သွားပါတယ်။ ဘာလို့လဲဆိုရင်သွေ:ဆိုတာအူတွေကနေစတင်ဖြစ်ပေါ်လာလို့ ဖြစ်ပါတယ်။ သွေ:သန့်ရင်ရောဂါကင်းတယ်။ ရောဂါတွေကသွေ:ထဲမှာရှိနေတော့သွေ:သန့်တာနဲ့အမျှ ရောဂါဖြစ်ဖို့ရာနှုန်း နည်းသွားပါတယ်။
အူဆေ:ပြီးလို့ အူသန့်သွားတာနဲ့လူကပေါ့ပါး လန်းဆန်းသွားလိမ့်မယ်။ ကျန်းမာဖို့အတွက်အူသန့်ဖို့က အဓိကပဲ။ ထမင်းစားရတာလည်းအရသာရှိလာမယ်၊ရေသောက်လို့လည်းကောင်းတယ်၊အလုပ်လုပ်လို့သိပ်ကောင်းတယ်၊ဥာဏ်ရည်ဥာဏ်သွေ:တွေ ထက်လာတယ်၊ အိပ်လို့လည်း ကောင်းလာတယ်၊ အစာအိမ်ရောဂါရှိရင်လည်း သက်သာသွားမယ်၊ ခေါင်းကို*က်တာတွေလည်း သ.က်သာသွားမယ်၊ ညောင်းညာကို*က်ခဲတာတွေလည်းပျောက်သွားမယ်၊ အစာမကြေလေထိုးလေအောင့်တွေလည်းပျောက်သွားမယ်၊ ရုပ်ရည်ပါနုပျိုလန်းဆန်းလာပါလိမ့်မယ်။
တနင်္ဂနေ့မနက်မှာတော့အူဆေ:ခြင်းကိစ္စပြီးပါပြီ။ ၂၄နာရီ fasting လုပ်ချင်တဲ့သူတွေဆက်လုပ်နိုင်ကြပါတယ်။ Detoxပါဆက်လုပ်ချင်တယ်ဆိုရင်တော့ညဘက်မှာ သံလွင်ဆီပေါင်းစပ်ရည်သောက်လိုက်ရုံပါပဲ။ ဒါကြောင့်အူဆေ:လိုသူများ, fasting လုပ်လိုသူများ, Detox ပါလုပ်လိုသူများ၊၂မျိုးလုပ်ချင်သူများ၊ ၃မျိုးလုပ်ချင်သူများ မိမိတို့စိတ်ကြိုက် လုပ်နိုင်ကြပါပြီ။
ကျောက်ဆား
အိန္ဒိယကလာတဲ့ ပန်းရောင်ဆားကို ကျောက်ဆားလို့ ခေါ်ပါတယ်၊ City Mart မှာ ရပါတယ်၊ ဟိမဝန္တာဆားလို့လည်း ခေါ်ပါတယ်၊ ပန်းရောင်ဆားပါ။ မရရင် အိမ်သုံးဆားကို လှော်ပြီး သုံးလို့လည်း ရပါသည်။
မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
29/01/2025
သံပုရာသီး ၃-၄ လုံးကို ပါးပါးလေးတွေလှီးပြီး ဖန်ခွက်တစ်လုံးထဲထည့်၊ ရေနွေးထည့်လိုက်၊ နေ့တိုင်းသောက်ပေးရင် ကျန်းမာရေးကို အကျိုးပြုပါလိမ့်မယ်။
ဒါ့အပြင်... သံပုရာရည်ထဲမှာပါတဲ့ Citric Acid နှင့် Flavonoids တို့သည် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သည်။
သွေးကြောအတွင်း သွေးခဲခြင်းကို ကာကွယ်ပေးသည်။
သွေးကိုသန့်စင်စေပြီး အားအင်တိုးစေတယ်၊ ကြွက်တက်တာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အဆီတွေကို လျှော့ချပေးတယ်။
မနက်တိုင်း သောက်ပါ။
မနက်-နေ့လည်-ညနေ နေ့တိုင်းသောက်ပေးနိုင်ပါက
သင် ပိုကျန်းမာလာမှာ သေချာတယ်!!
စမ်းသောက်ကြည့်ကြရအောင်...........
Click here to claim your Sponsored Listing.