Zaw Consultant
Zaw Consultant နဲ့ လက်တွဲပြီး သင့်လုပ်ငန်းကိုနောက်တစ်ဆင့်တက်လှမ်းလိုက်ပါ။
သင့်ရဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အသင့်ဖြစ်ပြီလား? 📈
Zaw Consultant က သင့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးပြီး ရေရှည်တိုးတက်မှုတွေရရှိအောင် အတူတကွ လက်တွဲဆောင်ရွက်ပေးနေပါတယ်။ 🚀
ပိုမိုကောင်းမွန်တဲ့ အနာဂတ်နဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေအတွက် ကျွန်ုပ်တို့နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။ ✨
📞 Contact Us:
09-252612600
09-796403760
09-456881802
📧 Email: [email protected]
စာရင်းဇယားကိစ္စအတွက် ခေါင်းရှုပ်မခံပါနဲ့ Zaw Consultant ရှိတယ်နော်! 😊📊
လုပ်ငန်းတိုးတက်ဖို့ စီမံကိန်းတွေ ချမယ်… ဒါပေမယ့် နောက်ကွယ်က နှစ်ချုပ်စာရင်းတွေ၊ အခွန်ကိစ္စတွေက ခေါင်းရှုပ်စရာဖြစ်နေပြီလား? 🤯
စိတ်မပူပါနဲ့… ဒါတွေအားလုံးအတွက် Zaw Consultant က ရှိပါတယ်! 💼✨
ကျွန်တော်တို့နဲ့လက်တွဲရင် -
✅ကုမ္ပဏီစာရင်းကိုင်ပြုစုခြင်း
✅လစဉ်၊ နှစ်တိုင် ဘဏ္ဍာရေးအစီရင်ခံစာများ ပြင်ဆင်ခြင်း
✅အခွန်တွက်ချက်ခြင်းနှင့် အခွန်ဆောင်ခြင်း လုပ်ငန်းစဉ်များ
✅စာရင်းစစ်ခံရန် ပြင်ဆင်ခြင်း
✅ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများ
ခေါင်းရှုပ်စရာတွေကို ကျွန်တော်တို့ကိုအပ်နှံလိုက်ပါ။ ကိုယ့်လုပ်ငန်းကို ကိုယ်အာရုံစိုက်ပါ။ 🎯
အဆင်ပြေသွားအောင် ကျွန်တော်တို့က ဂရုစိုက်ပေးပါမယ်။ ❤️
#စာရင်းကိုင်ဝန်ဆောင်မှု #အခွန်ကိစ္စ #လုပ်ငန်းတိုးတက်ရေး #အကြံပေးဝန်ဆောင်မှု #ခေါင်းရှုပ်တာဝေး
01/05/2026
'May Day’ သို့မဟုတ် ‘အလုပ်သမားနေ့’
ကျွန်တော်တို့ နေ့စဉ် မြင်တွေ့နေရတဲ့ တိုးတက်မှုတွေရဲ့ နောက်ကွယ်မှာ မရှိမဖြစ် အရေးပါတဲ့ အုတ်မြစ်တစ်ခုရှိနေပါတယ်။
အဲဒါကတော့ ကျရာကဏ္ဍကနေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင်နေကြတဲ့ အလုပ်သမားထုကြီးရဲ့ လုပ်အားပဲ ဖြစ်ပါတယ်။
ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (International Labour Day) ပါ။
ကမ္ဘာ့တစ်ဝှမ်းမှာရှိတဲ့ ကာယ၊ ဉာဏ နှစ်ဖြာသော အလုပ်သမားများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
#အလုပ်သမားနေ့
30/04/2026
ကဆုန် ညောင်ရေသွန်းပွဲ..💦
ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။ ညောင်ရေသွင်းပွဲကို ဂိမှာနဟု ဆိုအပ်သော နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။ ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်သည်။
#ကဆုန်ညောင်ရေသွန်းပွဲ
စာရင်း၊ ဇယား ကိစ္စတွေအတွက်ဆို Zaw Consultant ကိုသာ စိတ်ချ၊ လက်ချ အပ်နှံထားလိုက်ပါ 🏢 🤝
🤔 Company Struck-Off ဆိုတာ ဘာလဲ ❓
🚨 Company Struck-Off ဆိုတာ ဘယ်လောက်ထိပြင်းထန်သလဲ 🚨
"ဒီကိစ္စက တစ်ချို့လူတွေ ထင်သလိုမျိုး ကုမ္ပဏီအမည်ကို စာရင်းကနေ ယာယီဖျက်တာ သက်သက်မဟုတ်ပါဘူး။ ဒါဟာ သင့်ရဲ့လုပ်ငန်းကို ဥပဒေအရ သေဆုံးသွားအောင် လုပ်လိုက်တာနဲ့ အတူတူပါပဲ။"
Zaw Consultant ကနေ ပြောပြချင်တာက "Company Struck-Off" ဆိုတဲ့ စကားလုံးဟာ ကုမ္ပဏီတစ်ခုအတွက် ပိတ်သိမ်းခံရခြင်း ရဲ့ အဆုံးသတ်ပါပဲ။
Struck-Off ဖြစ်သွားရင် ဘာတွေဆက်ဖြစ်မလဲ? 😱
၁။ လုပ်ငန်း တရားဝင်အဆုံးသတ် 🛑
သင့်ရဲ့ကုမ္ပဏီအမည်နဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် အားလုံး အလိုအလျောက် ရပ်ဆိုင်းသွားမယ်။ ဘဏ်ကိစ္စ၊ စာချုပ်ကိစ္စ၊ မှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်အားလုံး ရပ်တန့်သွားပါမယ်။
၂။ ပိုင်ဆိုင်မှုများ ဆုံးရှုံး 💸
ကုမ္ပဏီပိုင်ဆိုင်တဲ့ ဘဏ်အကောင့်ထဲက ငွေကြေးတွေ၊ အိမ်ခြံမြေ၊ ကားယာဉ် စတဲ့ ပစ္စည်းအားလုံးဟာ ကုမ္ပဏီသေဆုံးသွားတဲ့အတွက် တရားဝင်ပိုင်ဆိုင်ခွင့် မရှိတော့ပါဘူး။ ပြန်လည်ရယူဖို့ဆိုတာ ခက်ခဲလှပါတယ်။
၃။ အခွန်မှ ကင်းလွတ်ခွင့် မရှိ 📑
ကုမ္ပဏီပိတ်လိုက်ရပြီဆိုတိုင်း သင့်ရဲ့ အခွန်ကြွေးတွေ၊ ဒဏ်ငွေတွေ ပျောက်ကွယ်သွားတယ်လို့ မဆိုလိုပါဘူး။ ကုမ္ပဏီတစ်ခုအနေနဲ့ မပေးဆောင်ရသေးတဲ့ အခွန်တွေရှိနေရင် ဒါဟာ ဥပဒေကို ရှောင်တိမ်းနေတာပါပဲ။
၄။ တာဝန်ရှိသူများအပေါ် ကြားရောက်ဒဏ် 👤
ကုမ္ပဏီတစ်ခု Struck-Off ဖြစ်သွားပြီဆိုရင် ဒါဟာ ဒါရိုက်တာ၊ မန်နေဂျာ စတဲ့ တာဝန်ရှိသူတွေရဲ့ ဥပဒေရှုထောင့်ကနေ ပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ နောင်အနာဂတ်မှာ ကုမ္ပဏီအသစ်ထောင်ခြင်း၊ ဘဏ်နဲ့ငွေကြေးကိစ္စ ဆောင်ရွက်ခြင်း စတာတွေမှာ အတားအဆီးတွေ ကြုံရနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ? 🛡️
· နှစ်စဉ် အခွန်ကိစ္စများ မှန်မှန်ဆောင်ရွက်ပါ။
· မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပုံမှန် ပြုလုပ်ပါ။
· ကုမ္ပဏီ၏ ဘဏ်ငွေစာရင်းကို ပုံမှန်စစ်ဆေးပါ။
· လိုအပ်ပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆောင်ရွက်ပါ။
Zaw Consultant အနေနဲ့ကတော့ သင့်ရဲ့လုပ်ငန်းကို ဥပဒေနဲ့အညီ စနစ်တကျ လည်ပတ်နိုင်အောင် နှစ်စဉ် လိုက်နာရမယ့် အချက်တွေကို အသေးစိတ် အကြံပေးနိုင်ပါတယ်။
Struck-Off ဆိုတာ ကြောက်စရာကောင်းတဲ့ စကားလုံးပါ။ ဒါပေမယ့် စနစ်တကျ ကာကွယ်လိုက်နာမယ်ဆိုရင် လွယ်လွယ်ကူကူ ရှောင်လွဲနိုင်တဲ့ ကိစ္စတစ်ခုပါပဲ။
အခုပဲ Zaw Consultant ကို ဆက်သွယ်လိုက်ပါ။ သင့်ရဲ့ကုမ္ပဏီကို ဥပဒေနဲ့အညီလည်ပတ်စေဖို့ ကျွန်တော်တို့က ကူညီပေးပါမယ်။
ဆက်သွယ်ရန်
==========
ကျွန်ုပ်တို့၏ “ဝန်ဆောင်မှုများ” အကြောင်းပိုမိုသိရှိလိုပါက အောက်ပါဆက်သွယ်ရန် လိပ်စာများမှတစ်ဆင့်ဆက်သွယ်နိုင်ပါသည်။
☎️ : +959 252 612 600
☎️ : +959 796 403 760
☎️ : +959 456 881 802
Email : [email protected]
👍 သင့်လုပ်ငန်း အောင်မြင်ရေးအတွက် ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။
#ငွေးကြေးကိုင်တွယ်နည်း
22/04/2026
Zaw Consultant ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဗဟုသုတတွေနဲ့ စီးပွါးရေးနဲ့ပတ်သတ် Content တွေကို TikTok မှာ အားပေးလို့ရပြီနော်။ 🎬✨
အကျိုးရှိမယ့် အကြောင်းအရာတွေ၊ လုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့ တခြား စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီဒီယိုလေးတွေကို အမြဲတင်ဆက်ပေးနေတာမို့ အခုပဲ Follow လုပ်ထားလိုက်ရအောင်။ ✅📱
နောက်ကျမကျန်ရလေအောင် Zaw Consultant ရဲ့ TikTok Channel လေးကို ဒီမှာ Follow လုပ်ထားပါဦး - 👇
🔗 TikTok ID: .consultant
ဆက်သွယ်မေးမြန်းရန်
📞 Phone: 09-252612600, 09-796403760, 09-456881802
📧 Email: [email protected]
17/04/2026
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။ 💮✨
ယနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေ။
နှစ်သစ်မှာ ရတနာရွှေငွေများ ဆတက်ထမ်းပိုး တိုးပွားပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏🌼
မင်္ဂလာရှိသော နှစ်သစ်မှာ လုပ်ကိုင်ကြံစည်သမျှ အောင်မြင်ဖြစ်ထွန်းကြပါစေ။ ❄️💦
Consultant
မင်္ဂလာရှိသော သင်္ကြန်အတက်နေ့လေး ဖြစ်ပါစေ... 💦🎊
အတာသင်္ကြန်ရဲ့ အပိတ်နေ့မှာ အညစ်အကြေးတွေအားလုံး ဆေးကြောသန့်စင်ပြီး မနက်ဖြန်မှာ ကျရောက်မယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကို စိတ်သစ်လူသစ်နဲ့ ကြိုဆိုနိုင်ကြပါစေ။
အတက်နေ့မှာ အားရပါးရ ရေကစားရင်း မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။ 🙌💛
Consultant Family #သင်္ကြန်ပွဲတော် #နှစ်သစ်မင်္ဂလာ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11131