eYangon
19/04/2018
ပါဝါမီတာ (အိမ်သုံး + လုပ်ငန်းသုံး / စက်မှုသုံး) လျှောက်ထားရာတွင် လိုအပ်သော အချက်များ
ပါဝါမီတာ (အိမ်သုံး + လုပ်ငန်းသုံး / စက်မှုသုံး) လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ ပြည့်စုံစွာ ပါရှိရန် သတ်မှတ် ထားရှိပါသည်။
(၁) မှတ်ပုံတင်မိတ္တူ (မူရင်း ယူဆောင်လာစေခြင်း)
(၂) သန်းခေါင်စာရင်း မိတ္တူ (မူရင်း ယူဆောင်လာစေခြင်း)
(၃) အိမ်သုံးမီတာ ဘေလ် မိတ္တူ (မူရင်း ယူဆောင် လာစေခြင်း)
(၄) ပိုင်ဆိုင်မှု စာချုပ်/ အထောက်အထား (မူရင်း ယူဆောင်လာစေခြင်း)
(၅) အသုံးပြုမည့် ဝန်အားစာရင်း
(၆) လုပ်ငန်း လိုင်စင်/ ကုမ္ပဏီ မှတ်ပုံတင်(လုပ်ငန်းသုံး / စက်မှုသုံး ပါဝါမီတာ အတွက်)
ဝန်ကြီး ဌာန အနေဖြင့် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေရေး ဓာတ်အား သုံးစွဲမည့် အဆောက်အဦးများ အတွက် ပါဝါမီတာ (အိမ်သုံး + လုပ်ငန်းသုံး / စက်မှုသုံး) တင်ပြ လျှောက်ထားရာတွင် လျှောက်ထားသည့် အချိန်မှ စ၍ ဓာတ်အား ဆက်သွယ်သည့် အချိန် အထိ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များ အတိုင်း စိစစ် ဆောင်ရွက်လျက် ရှိပါသည်။
(၁) သတ်မှတ်ချက်များနှင့် ပြည့်စုံ ကိုက်ညီမှု ရှိ / မရှိ စာရွက်စာတမ်းနှင့် အထောက်အထား ပိုင်း ဆိုင်ရာများ စစ်ဆေးခြင်း၊ ၄၀၀ ဗို့ (3F 4 W) ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်း ရှိ / မရှိ ၊ ဓာတ်အား ဆက်သွယ်ပေးမည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ များ ဝန်အား နိုင်နင်းမှု ရှိ / မရှိ ကွင်းဆင်း စစ်ဆေးခြင်း
(၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိပါက ခရိုင် လျှပ်စစ် မန်နေဂျာရုံးသို့ တင်ပြ ၍ ခွင့်ပြုမိန့် ရယူခြင်း
(၃) ခရိုင် လျှပ်စစ် မန်နေဂျာရုံးမှ ခွင့်ပြုချက် ရရှိပါက မြို့နယ် လျှပ်စစ် မန်နေဂျာရုံးမှ ခွင့်ပြုမိန့် ရရှိပါက မီတာ တပ်ဆင်ခြင်း အတွက် အောက်ဖော်ပြပါ လျှောက်ထား သည့် ပါဝါမီတာ (ကီလိုဝပ်) အလိုက် သတ်မှတ် နှုန်းထားများအား ပေးသွင်းစေရာတွင် Infrastructure ကြေးများအား ကာယကံရှင် ကိုယ်တိုင် ဘဏ်သို့ ပေးသွင်းစေခြင်း၊ အုပ်ချုပ်မှု စရိတ်နှင့် ကြီးကြပ်ခများကို သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးတွင် ကာယကံရှင် ကိုယ်တိုင် ပေးသွင်းစေခြင်း၊ ရန်ကုန်တိုင်း ဒေသကြီး စက်မှု ကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီး ဌာန၊(လျှပ်စစ် စစ်ဆေးရေး) သို့ Internal Wiring အား စစ်ဆေးစေပြီး လျှပ်စစ် အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရယူစေခြင်း
(၄) ကာယကံရှင်မှ သတ်မှတ်ကြေးများ ပေးသွင်းပြီးပါက ၄င်းပြေစာနှင့် အတူ မီတာ ထုတ်ယူရန် အတွက် ခရိုင် လျှပ်စစ် မန်နေဂျာရုံးသို့ Indent ဖြင့် တင်ပြ တောင်းခံ၍ ရရှိပါက မီတာတပ်ဆင်ပေးပြီး ၄၀၀ ဗို့ Breaker အထိ ဓာတ်အား ဆက်သွယ်ပေးခြင်း
အထက် ဖော်ပြပါ ပါဝါမီတာ ( အိမ်သုံး + လုပ်ငန်းသုံး / စက်မှုသုံး) အသစ် တပ်ဆင်ခြင်း ( မီးသုံးသူ အသစ် စာရင်း ရေးသွင်းခြင်း)နှင့် စပ်လျဉ်း၍ မီတာ စတင် လျှောက်ထားသည့်မှ မီတာဖတ် မှတ်တမ်း ထွက်ပြီး သည် အထိ သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးများရှိ ဌာန အသီးသီးမှ အောက် ဖော်ပြပါ အတိုင်း လုပ်ငန်းစဉ် အဆင့်ဆင့်အား လိုက်နာ ဆောင်ရွက်လျက် ရှိပါသည်။
(က) စီမံ ခန့်ခွဲရေး ဌာန
လျှောက်လွှာသစ်များ လက်ခံခြင်း ဘုံမှတ်တမ်း ( လျှပ်စစ်ပုံစံ -၂၈၄) ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့်အညီ ဓာတ်အားဆက် သွယ်ရန် လျှောက်လွှာပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ် ပုံစံ-၁၆)၊ ဓာတ်ကြိုး တပ်ဆင်ရန် လျှောက်လွှာ (လျှပ်စစ် ပုံစံ - ၂၅၈) လက်ခံခြင်း
(ခ) ဘဏ္ဍာရေး ဌာန
မှတ်ပုံတင်ကြေးအား ငွေရပြေစာ ( လျှပ်စစ် ပုံစံ -၂၃) ဖြင့် လက်ခံခြင်း
(ဂ) အင်ဂျင်နီယာ ဌာန
လုပ်ငန်း ကုန်ကျစရိတ် တွက်ချက်ခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ (လျှပ်စစ်ပုံစံ -၁၃၈) ဖြင့် မီတာ တပ်ဆင်ရန် စစ်ဆေးခြင်း
(ဃ) စီမံ ခန့်ခွဲရေး ဌာန
မီတာ တပ်ဆင်ရန် စစ်ဆေးပြီးပါက ကျသင့်ငွေ ပေးသွင်းရန် အကြောင်းကြားစာ ( လျှပ်စစ်ပုံစံ-၂၄) ရေးသွင်းခြင်း
(င) ဘဏ္ဍာရေး ဌာန
ကြိုးသွယ်ခ ၊ ကြီးကြပ်ခ ၊ မီးဆက်ခအား (လျှပ်စစ် ပုံစံ-၂၃) မီတာ သတ်မှတ်ကြေး(လျှပ်စစ်ပုံစံ-၂၃) နှင့် အာမခံ စဘော်ငွေ(လျှပ်စစ် ပုံစံ-၉၅) လက်ခံခြင်း၊ (လျှပ်စစ် ပုံစံ-၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း
(စ) စီမံ ခန့်ခွဲရေး ဌာန
လျှပ်စစ် ပုံစံ-၁၃၈ တွင် ငွေရပြေစာ အမှတ် ရေးသွင်းပြီး မြို့နယ် လျှပ်စစ် မန်နေဂျာမှ လက်မှတ် ရေးထိုး၍ မီတာ ထုတ်ယူရန် အင်ဂျင်နီယာဌာန သို့ ပေးပို့ခြင်း
(ဆ) အင်ဂျင်နီယာ ဌာန
မီတာ တပ်ဆင်ရန် အတွက် ပစ္စည်း စီမံရေး ဌာနသို့ ပစ္စည်း တောင်းခံလွှာ လျှပ်စစ်ပုံစံ-၂၅(က) ဖြင့် မီတာ တောင်းခံခြင်း
(ဇ) ပစ္စည်း စီမံရေး ဌာန
မီတာအား ပစ္စည်း ထုတ်ပေးလွှာ ပုံစံ- ၂၅(ခ)ဖြင့် ထုတ်ပေးခြင်း၊ မီတာ မှတ်ပုံတင် စာအုပ်(လျှပ်စစ် ပုံစံ-၆၆)၊ ဘင်းကဒ်(လျှပ်စစ် ပုံစံ-၂၆) ရေးသွင်းခြင်း
(ဈ) အင်ဂျင်နီယာ ဌာန
ထုတ်ယူ ရရှိသော မီတာကို သွားရောက် တပ်ဆင်ခြင်း၊ ပုံစံ များပါသော အမှုတွဲကို စီမံ ခန့်ခွဲရေး ဌာနသို့ ပေးပို့ခြင်း
(ည) စီမံ ခန့်ခွဲရေး ဌာန
မီတာ အသစ် ဆက်ခြင်း၊ ဘုံမှတ်တမ်း ( လျှပ်စစ် ပုံစံ-၂၈၀) ရေးသွင်းခြင်း
(ဋ) ဘဏ္ဍာရေး ဌာန
မီတာဖတ် ကတ်ပြား(လျှပ်စစ် ပုံစံ-၇၆) ရေးသွင်းခြင်း၊ ဓာတ်အား သုံးစွဲသူများ လယ်ဂျာ(လျှပ်စစ် ပုံစံ-၄၃) ရေးသွင်းခြင်း၊ လျှပ်စစ် ပုံစံ-၉၅ လက်ခံ တွင် မီတာ အမှတ်နှင့် စာရင်း အမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ်ထုတ်ခြင်း
ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း Call Center ဖုန်းနံပါတ်များ
၀၁-၂၃၀၂၂၈၅ ၀၁-၂၃၀၂၂၈၆ ၀၁-၂၃၀၂၂၈၇ ၀၁-၂၃၀၂၂၈၈ ၀၁-၂၃၀၂၂၈၉ ။
ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် သက်တမ်းတိုးခြင်း အတွက် လိုအပ်သော အချက်များ
ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် သက်တမ်း ကာလကို ကုမ္ပဏီ၏ မှတ်ပုံတင် လက်မှတ် ခွင့်ပြု ထုတ်ပေးသည့် သက်တမ်း အတိုင်း ခွင့်ပြု ထုတ်ပေးပါသည် ။ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် သက်တမ်းတိုးခြင်းကို သက်တမ်း ကုန်ဆုံးသည့် နေ့ မတိုင်မီ (၃)လ ကြိုတင်၍ လျှောက်ထားနိုင် ပါသည်။ ကုမ္ပဏီများ အတွက် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနနှင့် သမဝါယမ အသင်းများ အတွက် သမဝါယမ ဦးစီး ဌာန တွင် သက်တမ်း တိုးခွင့် ဦးစွာ ဆောင်ရွက် ရပါမည်။ မှတ်ပုံ တင်သက်တမ်း ကုန်ဆုံးသည့်နေ့ နှင့် ယင်းနေ့ မတိုင်မီ ကြိုတင် လျှောက်ထားခြင်းကို သတ်မှတ်သည့် သက်တမ်း တိုးမြှင့်ကြေးများ သာ ပေးဆောင်စေပြီး ထပ်မံ သက်တမ်း တိုးမြှင့်ခွင့်ပြုပါသည်။
သက်တမ်းတိုး တင်ပြရာတွင် အောက် ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြ ရပါမည်။
(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ
(ခ) ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ ( မိတ္တူ / မူရင်း)
(ဂ) ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် ( မိတ္တူ / မူရင်း)
(ဃ) ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်( မိတ္တူ / မူရင်း )
(င) ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ / ရှယ်ယာ စာရင်း ( မိတ္တူ / မူရင်း )
သမဝါယမ အသင်းများ သည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် သက်တမ်းတိုး လျှောက်ထား လိုပါက အောက်ဖော်ပြပါ တင်ပြ ရမည့် စာရွက်စာတမ်းများကို တင်ပြ ရပါမည်။
(က) အသင်းမှ လျှောက်ထားသော Letter Head လျှောက်လွှာ
( ခ) သမဝါယမ ဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ်ရုံး၏ ထောက်ခံစာ
(ဂ) သမဝါယမ အသင်း မှတ်ပုံတင် လက်မှတ် ( မိတ္တူ / မူရင်း)
(ဃ) ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် မူရင်း / မိတ္တူ
ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ
ကုန်သွယ်ရေး ဦးစီး ဌာန
ပို့ကုန် သွင်းကုန် ရုံး(ရန်ကုန်)
၂၂၈ / ၂၄၀၊ ကမ်းနားလမ်း နှင့် ရွှေဘုံသာ လမ်းထောင့် ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။
ဖုန်း ၀၁-၂၄၅၀၈၄ ( ပို့ကုန် ) ၊ ၀၁-၂၅၄၅၃၆ ( သွင်းကုန်) ။
ဝန်ဆောင်မှု ပေးသည့် ရုံးဖွင့်ချိန်
တနင်္လာမှ သောကြာ (နံနက် ၀၉း ၃၀ မှ ညနေ ၀၄း၃၀)။
ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် ထုတ်ပေးခြင်း
၁။ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ်များကို နေပြည်တော် ရုံးချုပ်ရှိ ကုန်သွယ်ရေး ဦးစီး ဌာန မှ ခွင့်ပြု ထုတ်ပေးလျက် ရှိရာမှ လုပ်ငန်းရှင်များ ပိုမို လွယ်ကူစွာ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် ပို့ကုန် ၊ သွင်းကုန် ရုံး(ရန်ကုန်) တွင် ၁၇-၁၁-၂၀၀၄ ရက်နေ့မှ စ၍ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် အသစ် ထုတ်ပေးခြင်း ၊ သက်တမ်းတိုး ဆောင်ရွက်ခြင်း ၊ အခြား ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းနှင့် မိတ္တူမှန် ထုတ်ပေးခြင်း ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် စိစစ်ရေးကတ်များ စိစစ် ခွင့်ပြု ပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိပါသည်။
၂။ နိုင်ငံသား ကုမ္ပဏီများသည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ်များကို အောက်ဖော်ပြပါ စာရွက် စာတမ်းများဖြင့် တင်ပြ လျှောက်ထားနိုင်ပါသည်။
(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ / Online ပုံစံဖြင့် လျှောက်လွှာ
(ခ) ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ( မိတ္တူ / မူရင်း) ၊ ကုမ္ပဏီ မှတ်ပုံတင်ကြေး ပေးသွင်းသည့် Certificate of Registration of Documents (CRD) (မိတ္တူ / မူရင်း) နှင့် ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်(မိတ္တူ / မူရင်း)
(ဂ) ဒါရိုက်တာ အဖွဲ့ဝင် အမည် စာရင်း(Form 26) (မိတ္တူ / မူရင်း)
(ဃ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အစုရှယ်ယာ စာရင်း(Form 6) (မိတ္တူ / မူရင်း)
(င) ဒါရိုက်တာ / အမှုဆောင် အဖွဲ့ဝင်များ၏ ဓါတ်ပုံဇယား
(စ) သင်းဖွဲ့ မှတ်တမ်း စာအုပ် (မူရင်း)
(ဆ) MIC ခွင့်ပြုမိန့်( MIC ခွင့်ပြုချက်ဖြင့် လျှောက်ထားသော ကုမ္ပဏီများသာ)
(ဇ) လျှောက်ထားသူ MD / Director ၏ Pass Port မိတ္တူ (MIC ခွင့်ပြုချက်ဖြင့် လျှောက်ထားသော နိုင်ငံခြား ကုမ္ပဏီများသာ)
(ဈ) လုပ်ငန်း ခွင့်ပြုမိန့် (Form of Permit) ( MIC ခွင့်ပြုချက် ဖြင့် လျှောက်ထားသော နိုင်ငံခြား ကုမ္ပဏီ များသာ)
၃။ MIC ခွင့်ပြုမိန့် ရယူရန် မလိုသော နိုင်ငံခြား ဝန်ဆောင်မှု ကုမ္ပဏီများနှင့် နိုင်ငံခြား ကုန်သွယ်မှု ကုမ္ပဏီများ သည် အောက် ဖော်ပြပါ စာရွက်စာတမ်းများ ဖြင့် တင်ပြ လျှောက်ထား နိုင်ပါ သည်။
(က) ကုမ္ပဏီမှ လျှောက်ထားသော Letter Head လျှောက်လွှာ / Online ပုံစံဖြင့် လျှောက်လွှာ
(ခ) ကုမ္ပဏီ မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော အကြောင်းကြားစာ ( မိတ္တူ / မူရင်း ) / ကုမ္ပဏီ မှတ်ပုံတင်ကြေး ပေးသွင်းသည့် Certificate of Registration of Documents (CRD) ( မိတ္တူ / မူရင်း) နှင့် ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်( မိတ္တူ /မူရင်း )
(ဂ) ဒါရိုက်တာ အဖွဲ့ဝင် အမည် စာရင်း( Form 26 ) ( မိတ္တူ / မူရင်း )
(ဃ) ဒါရိုက်တာ အဖွဲ့ဝင်များ၏ အစုရှယ်ယာ စာရင်း( Form 6 ) ( မိတ္တူ / မူရင်း )
(င) ဒါရိုက်တာ / အမှုဆောင် အဖွဲ့ဝင်များ၏ ဓါတ်ပုံဇယား
(စ) သင်းဖွဲ့ မှတ်တမ်း စာအုပ် ( မူရင်း)
(ဆ) လျှောက်ထားသူ MD/Director ၏ Pass Port မိတ္တူ
(ဇ) လုပ်ငန်း ခွင့်ပြုမိန့် ( Form of Permit ) ( မူရင်း / မိတ္တူ )
၎။ သမဝါယမ အသင်းများ အနေဖြင့် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် အသစ် လျှောက်ထားရာတွင် အောက် ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြ ရပါမည်။
(က) အသင်းမှ လျှောက်ထားသော Letter Head လျှောက်လွှာ / Online ပုံစံဖြင့် လျှောက်လွှာ
(ခ) သမဝါယမ ဦးစီး ဌာန ၊ ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ထောက်ခံစာ
(ဂ) သမဝါယမ အသင်း မှတ်ပုံတင် လက်မှတ် (မိတ္တူ / မူရင်း)
(ဃ) သမဝါယမ အသင်း၏ အမှုဆောင် စာရင်း
(င) သမဝါယမ အသင်း အမှုဆောင်များ၏ ဓါတ်ပုံဇယား
(စ) သမဝါယမ အသင်း စည်းကမ်း စာအုပ်
၅။ မှတ်ပုံတင် သက်တမ်း ကာလမှာ ရင်းနှီး မြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန မှ ကုမ္ပဏီ အား မှတ်ပုံတင် ခွင့်ပြုသည့် ကာလ အတိုင်း ဖြစ်ပြီး မှတ်ပုံတင်ကြေးများမှာ အောက်ပါ အတိုင်း ပေးသွင်း ရပါမည်။
(က) (၁) နှစ် ၅၀၀၀၀ ကျပ်
(ခ) (၂) နှစ် ၁၀၀၀၀၀ ကျပ်
(ဂ) (၃) နှစ် ၁၅၀၀၀၀ ကျပ်
(ဃ) (၃) နှစ် အထက် ၂၀၀၀၀၀ ကျပ်
မှတ်ပုံတင် သက်တမ်း ကာလကို ကုမ္ပဏီ၏ မှတ်ပုံတင် လက်မှတ် ခွင့်ပြု ထုတ်ပေးသည့် သက်တမ်း အတိုင်း ခွင့်ပြု ထုတ်ပေးပါသည် ။
ဝန်ဆောင်မှု ပေးသည့် ရုံး တည်နေရာ
ကုန်သွယ်ရေး ဦးစီး ဌာန
ပို့ကုန် သွင်းကုန်ရုံး(ရန်ကုန်)
၂၂၈ / ၂၄၀၊ ကမ်းနားလမ်း နှင့်ရွှေဘုံသာလမ်းထောင့် ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး။
ဖုန်း ၀၁-၂၄၅၀၈၄ ( ပို့ကုန် ) ၊ ၀၁-၂၅၄၅၃၆ ( သွင်းကုန်)
ဝန်ဆောင်မှု ပေးသည့် ရုံးဖွင့်ချိန်
တနင်္လာမှ သောကြာ (နံနက် ၀၉း ၃၀ မှ ညနေ ၀၄း၃၀)။
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon