Triple Z - Music Agent
Best group of Singers, Musicians and Band.
ရေဒီယိုတေး၊ မြန်မာသံစဉ်၊ ခေတ်ပေါ်တေးဂီတ၊ DJ၊ Rock၊ POP၊ Disco၊ EDM၊ Vina၊ ဇာတ်၊ အငြိမ့်၊ သဘင်၊ ဆိုင်း ဂီတအနုပညာအစုံ
လိုအပ်တဲ့အနုပညာကဏ္ဍကို အပ်နှံနိုင်ပါသည်။
စရဖအရာရှိယောင်ဆောင် ငွေလိမ်သွားသူ ဦးနေ-- သိစေရန်
ငွေသိန်း(၃၀)ပြန်ပေးပါ
07/05/2026
နေခင်းကြောင်တောင် စရဖအယောင်ဆောင် သေနတ်ကိုင်ဓါးပြတိုက်မှုဖြစ်
(၇.၅.၂၀၂၆)နေ့လယ်(၁::၃၀)အချိန်ခန့်
ရန်ကုန် မရမ်းကုန်းခရိုင် မြောက်ဥက္ကလာ
(၂)ရပ်ကွက် သုဇိတာ(၇)လမ်း
ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်
သေနတ်(၂)လက်နှင့်ဓါးပြ(၃)ဦး
ဓါးပြလာတိုက်။
အခင်းဖြစ်မိသားစုဝင်က
ဖုန်းဆက်အကြောင်းကြားသဖြင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးလှိုင်ဝင်းထွန်းက
အဖွဲ့နှင့် အဆိုပါနေအိမ်သိုရောက်ရှိသွား။
ဓါးပြများကရပ်ကွက်အုပ်ကြီးအား
သူတို့က(စရဖ)ကဖြစ်ကြောင်း အိမ်ရှိလူများနှင့်
အုပ်ကြီးပါသူတို့ရုံးသို့လိုက်ခဲ့ရန်အုပ်ကြီးအားသေနတ်ဖြင့်ချိန်၍ပြောဆိုကြောင်း။
အုပ်ကြီးမှ(စရဖ)ဆိုလျင်အကူ(၁)လား(၂)လား
မေးမြန်းရာ ဓါးပြများကောင်းစွာဖြေဆိုနိုင်ခြင်း
မရှိတော့ဘဲ အခြေအနေမဟန်မှန်သိပြီးဓါးပြများ
အခင်းဖြစ်နေအိမ်ပေါ်မှဆင်းပြေးသွားကြကြောင်း။
ထွက်ပြေးသွားသည့်ဓါးပြများအား
ဓါးပြဓါးပြဝိုင်းဖမ်းကြပါဟု အုပ်ကြီးမှ
အော်ဟစ်သဖြင့် အုပ်ချုပ်ရေးအဖွဲ့များ
ရပ်ကွက်ပြည်သူများလိုက်လံဝိုင်းဖမ်းကြကြောင်း။
သစ္စာလမ်းထိပ်အရောက်တွင် ဓါးပြများက
သေနတ်(၂)ချက်ပစ်ဖေါက်ကြောင်း
ဓါးပြများသေနတ်ပစ်ဖေါက်ဟန့်တားသော်လည်း
အုပ်ကြီးနှင့်အဖွဲ့ဝင်များ ရပ်ကွက်ပြည်သူများက
လိုက်လံဝိုင်းဝန်းဖမ်းဆီးကြသောကြောင့် ဓါးပြ(၃)ဦးလုံး
ဖမ်းဆီးနိုင်ခဲ့ကြပြီး ရဲတပ်ဖွဲ့သို့ အပ်နှံလိုက်ကြကြောင်းသိရပါသည်။
ခက်တော့ခက်နေပြီကွာ
တေးဆို - ဇင်သူ(ရွှေသံစဉ်)
တေးရေး - ခွန်စိုင်း
တေးဂီတ - M2O
M2O = MinMyatOo
#ရွှေသံစဉ်
"ပြည်ထောင်စုရဲ့သူရဲကောင်း"
တေးဆို - ဇင်သူသူအောင်(ရွှေသံစဉ်)
တေးရေး - နေစောရွှေ
ဂီတ - ဝင်းမော်(ရွှေသံစဉ်)
ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ
ကျဆုံးခဲ့ရတဲ့ တပ်မတော်သားကြီးကို
ဂုဏ်ပြုထားတဲ့သီချင်းပါ။
ဇင်သူ့ရဲ့ဖခင် တပ်မတော်သားကြီးဟာလည်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တိုင်းပြည်အတွက် ရဲရဲဝံ့ဝံ့ အသက်စွန့်သွားခဲ့ရသူဖြစ်ပြီး ခုချိန်ထိ ဖခင်အလောင်း ဘယ်နေရာမှာ မြေမြှုပ်ခဲ့လဲတောင် ခုထိမသိရပါဘူး...
ဇင်သူ့ကို တပ်မိသားစုကဆိုတာသိကြပြီးတဲ့နောက်မှာ အလုပ်တွေ ပါးလာသလို ဇင်သူကိုယ်တိုင်လည်း ဆိုချင်စိတ်မရှိဖြစ်လာတယ်...
ဇင်သူတို့ စစ်ဘေးရှောင်လာရပြီမို့ ကျန်ရစ်တဲ့အမေနဲ့ မိသားစု နေထိုင်စားသောက်ဖို့ လုံးပန်းနေရတာလည်း ပါပါတယ်...
ဘဝရဲ့ ရွှေတောင်ကြီး ပြိုလဲခဲ့တာ တစ်လပြည့်ချိန်မှာ ဆရာဦးဝင်းမော်(ရွှေသံစဉ်)က "ရော့ ဒီသီချင်းဆို ဒါကညည်းဘဝနဲ့ ထပ်တူကျနေတဲ့သီချင်း" လို့ ပေးလာတယ်...
ပထမဆုံး စမ်းဆိုချိန်မှာပဲ မျက်ရည်တာ ကျိုးခဲ့ရတယ်...
ဒီလိုသီချင်းမျိုးကို ဆိုရင် ဇင်သူ့ အနုပညာလမ်းအတွက် ခက်ခဲမယ့်အပြင် အန္တရာယ်များတာ သိပါတယ်...
ဇင်သူ ဘာမှ မမှုတော့ဘူး...
အဖေက တိုင်းပြည်အတွက် အသက်တောင်စွန့်ခဲ့တာလေ...
ဖခင်တစ်ယောက်လုံးတောင် ဆုံးရှုံးခဲ့ရပြီပဲ...
ဘာကိုထပ်ပြီး စိုးရိမ်နေရမှာလဲ...
ဒီသီချင်းနဲ့ ဇင်သူဖြစ်ချင်တာလေး ဖြစ်ရရင် ဆိုရကျိုးနပ်မှာပါ...
ဘာလဲဆိုတော့
ဒီသီချင်းလေးကို ဇင်သူတို့လို တပ်မတော်သားမိသားစုဝင်တွေဆီ ရောက်စေချင်တယ်...
ဟိုး နေပြည်တော်တစ်နေရာက သူရဲကောင်းစစ်သည်ဗိမာန်မှာ လုပ်တဲ့ပွဲမှာ ဒီသီချင်းကို ဂုဏ်ပြုသီဆိုခွင့် ရချင်တယ်...
ဇင်သူ့ဖခင်သူရဲကောင်းဝိညာဉ်အတွက် သူရဲကောင်းစစ်သည်ဗိမာန်မှာ တစ်နေရာမြင်တွေ့ချင်ပါတယ်...
- မိသားစုထက် နိုင်ငံတော်ကို ချစ်တဲ့သူကြီး
- လက်နက်မချ အလံဖြူမထောင် စခန်းမစွန့်ခွာခဲ့သူ
- မင်းတို့အမေကို မင်းတို့လက်ထဲအပ်လိုက်ပြီနော် သွားကြတော့လို့ မာမာထန်ထန် ပြောလွှတ်ခဲ့သူ
- ခြေထောက်ထိထားတာတောင် ကျွန်တော့ထက် အရေးကြီးလူနာကိုပဲခေါ်သွားပါ ကျွန်တော် ရသေးတယ် လို့ လာခေါ်တဲ့ ရဟတ်ယာဉ်ကို ပြောလွှတ်သူ
- ငါ့ဖုန်းကို ခေါ်လို့ရနေသေးရင် ငါမသေသေးဘူး လို့ပြောခဲ့သူ
ဇင်သူ့ ကျဆုံးဖခင်ကြီးနှင့်တကွ တပ်မတော်သားများအားလုံးအတွက် နှလုံးသားနှင့် သီဆိုထားတာလေးကို ခံစားနားဆင် အားပေးကြပါဦးရှင်
ဇင်သူသူအောင်(ရွှေသံစဉ်)
#ရွှေသံစဉ် #ပြည်ထောင်စုရဲ့သူရဲကောင်း #တပ်မတော်
ခက်တော့ခက်နေပြီကွာ
#ခက်တော့ခက်နေပြီကွာ #ရွှေသံစဉ်
ငယ်ငယ်က ကိုယ့်အိုင်ဒေါကြီး မမရွှေထိုက်နဲ့
ခွန်စိုင်း(ရွှေသံစဉ်) ရဲ့ ဖျော်ဖြေမှု
မြန်မာ့အကမှာ
ငယ်ငယ်ကတည်းက
ပထမဆုရခဲ့ဖူးတော့
ဘာသင်္ကြန်သီချင်းလာလာ
အပြုံးမပျက် အေးဆေးလေး...
17/04/2026
Triple Z ရဲ့ အမာခံ Active Band က
ပျိုတိုင်းကြိုက်တဲ့ ဟိန်းဇော် ရဲ့ ဖျော်ဖြေမှု
17/04/2026
ဝင်းမော်(ရွှေသံစဉ်)စီစဉ်တဲ့
အပျော်တွေအပြည့်နဲ့
အတက်နေ့သင်္ကြန်ပွဲ
ဇင်သူသူအောင် (ရွှေသံစဉ်)
ခွန်စိုင်း (ရွှေသံစဉ်)
M ဆိုင်း (ရွှေသံစဉ်)
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11061