PWINT PHOO THIT
“ပွင့်ဖူးသစ်-အိမ်၊ခြံ၊မြေ-အကျိုးဆောင်”
မြန်မာနိုင်ငံ-အိမ်၊ခြံ၊မြေ၊ဝန်ဆောင်မှုအသင်း၊အသင်းဝင်အမှတ်(၁၉၂၀-၂၀၁၃)
အိမ်၊ခြံ၊မြေ၊အကျိုးဆောင်လုပ်ငန်း
အသိအမှတ်ပြုမှတ်ပုံတင်
အမှတ်(၁၃၂/၂၀၂၃)
ဘိလပ်မြေအိပ်ပေါ်က မှတ်သားဖွယ်(၁၇)ချက် နှင့်
ဘိလပ်မြေ (၉) မျိုး
1. Lean concrete လောင်းရင် 1:3:5:1
2. Structure concrete လောင်းရင် 1:2:4:1/2 or1:2:4:1 လို့ရေးထားပါတယ်။
3. အက်ကြောင်းမပေါ်အောင် ၁-ရက်ကနေ ၃-ရက်လောက် ရေဖြန်းပေးပါတဲ့။
4. ဘိလပ်မြေကို အိပ်ဖောက်ပြီးရင် တရက်ထဲနဲ့ ကုန်အောင်သုံးပါတဲ့ဗျ။ မကုန်ရင် သေသေချာချာ ပိတ်ထားပါတဲ့။
5. ဘိလပ်မြေကို ဝယ်ပြီးရင် အမိုးအကာအောက်မှာထားပါ။ စွတ်စိုထိုင်းမှိုင်း ရေရှိရာနဲ့ ဝေးဝေး ထားပါ။ မြေကြီးပေါ်တင်မထားပါနဲ့။ အနဲဆုံး pallet ဆိုတဲ့ ခုံလေး ခုထားပါတဲ့။
6. ဘိလပ်မြေဟာ မျက်စိရဲ့ ရန်သူဖြစ်တယ်ဆိုတာကို အလေးအနက်ထားပါတဲ့။
7. ဘိလပ်မြေရည်ဖြစ်စေ၊ ကွန်ကရစ်တို့ မော်တာတို့ ဖျော်ပြီးကာစဖြစ်စေ ဘိလပ်မြေဝဲစား တတ်ပါ တယ်တဲ့။
8. Chromium (VI) ပါသည့် အတွက်ကြောင့် allergic လည်း ဖြစ်တပ်ပါသတဲ့။
9. ဘိလပ်မြေကိုင်ရင် မျက်စိကာမျက်မှန်၊ မျက်နှာကာ မျက်နှာဖုန်း၊ waterproof အင်္ကျီ၊ လည်ရှည် ဖိနပ်၊ လက်အိပ် စတာတေကို အသုံးပြု ပါတဲ့။
10. ဘိလပ်မြေမှုန့် ဘိလပ်မြေရည် မျက်စိထဲဝင်ရင် ရေသန့်သန့်နဲ့ မြန်မြန်ဆေးပြီး ဆရာဝန်ဆီ သွားပါတဲ့။
11. ဘိလပ်မြေမှုန်ကို အသက်ရှုတဲ့အထဲ ပါမသွားစေနဲ့တဲ့။ ရှူမိရင် လေကောင်း လေသန့် ရှိတဲ့ နေရာ ကို မြန်မြန်ပြေးတဲ့။ လိုအပ်ရင် အသက်ရှူကိရိယာ တပ်ပေးလိုက်ပါတဲ့။ ပြီးရင် ဆရာဝန်ဆီကို ဂုတ်ဆွဲပြီးတော့ ပို့လိုက်တဲ့။
12. ဘိလပ်မြေ လယ်ချောင်းထဲဝင်သွားလို့ မြိုချမိရင် ရေများမျာသောက်တဲ့။ အန်ထွက် အောင် လယ်ချောင်းထဲ လက်ညှိုးထိုးမထဲ့နဲ့တဲ့။ ဆရာဝန်ဆီ မြန်မြန် ခေါ်သွားတဲ့။
13. ဘိပ်လပ်မြေအိပ်ကိုမရင် ခါးကုန်းပြီး မ မ နဲ့တဲ့။ ဒူးညွှတ်ပြီးမှ မပါတဲ့။
14. ခလေးနဲ့ လက်လှမ်းမမှီတဲ့နေရာမှာ ဘိလပ်မြေကိုထားပါတဲ့။ မော်တာကော ကွန်ကရစ် ကောပေါ့ဗျာ။
15. ဘိလပ်မြေအိပ်ပေါ်မှာတော့ ထုတ်လုပ်တဲ့ရက်စွဲ
မပါဘူးဗျ။ ပါတာရှိရင် ပြောပြကြပါအုန်း။
မြန်မာပြည်မှာ ပါလို့ မကောင်းသေးဘူးပေါ့ဗျာ။
ယှဉ်ပြိုင်မှု အားနဲ နေသေးတာပေါ့။
16. Type of cement ဘိလပ်မြေ ၉-မျိုး
16.1 type I. ကို ရေလုံဘို့ အမြန်မာဘို့ စတဲ့ လိုအပ်ချက်တွေမရှိဘူးဆိုရင် သုံးပါတဲ့။
16.2 type IA. ကို လေရောကွန်ကရစ်ဖျော်ရင် သုံးပါတဲ့။
16.3 type II. ကို Sulfate ပါတဲ့မြေမှာ foundation ချရင် သုံးပါတဲ့။
16.4 type IIA. ကို ဆာလဖိတ်နဲ့ ဆက်စပ်တဲ့နေရာမှာ လေရောကွန်ကရစ်ဖျော်ရင် သုံးပါတဲ့။
16.5 type IIMH ကို ထုကြီးထည်ကြီး ကွန်ကရစ်လောင်းတဲ့အခါ နဲ့ ဆာလဖိတ်နဲ့ မကင်းတဲ့နေရာမှာ ကွန်ကရစ်လောင်းရင် အသုံးပြုပါတဲ့။
16.6 type III High early strength မြန်မြန်မာချင်ရင်၊ formwork မြန်မြန်ခွာချင်ရင်၊ ကားမြန်မြန် မောင်း ချင်ရင် အသုံးပြုပါတဲ့။
16.7 type IIIA လေရော၊အမြန်မာ ကွန်ကရစ် ဖျော်ရင် သုံးပါတဲ့။
16.8 type IV low heat hydration အပူနဲနဲဘဲ ထွက်ချင်ရင် သုံးပါတဲ့။
16.9 type V ဆာလဖိတ်ကို ရှောင်လို့ မလွတ်ရင် သုံးပါတဲ့။
17. က document တေဗျို့။ ပုံအမှတ် ၆ - မှာ စာ (၄) စောင်တွေ့လိမ့်မယ်။
A. ACI 301 ဘယ်လိုအဆောက်အဦး၊ ဘယ်လို member ကို၊ ဘယ်လို ကွန်ကရစ်ကို အသုံးပြုရမယ် ဆိုတာကို ရေးထားပါတယ်။
B. ACI 304R ဆိုတာက ကွန်ကရစ်ကို ဖျော်စပ်မယ်ဆိုရင် ဘယ်လိုတိုင်းထွာပါ။ ဖျော်ပြီးလို့ သယ်မယ်ဆိုရင် ဘယ်လိုသယ်ပါ။ လောင်းတဲ့အခါ ဘယ်လိုလောင်းပါလို့ ရေးထားကြောင်းပါဗျာ။
C. ASTM C33 ဆိုတာက ကွန်ကရစ်ဖျော်တဲ့ ကျောက်စရစ်တွေ သဲတွေဟာ ဘယ်လိုစံချိန်စံညွှန်းရှိရမယ် ဆိုတာ ကို ရေးထားတာပါ။
D. ASTM C-150 ဆိုတာက Portland cement ရဲ့ စံချိန်စံညွှန်းတွေကို ရေးထားတာပါ။ သူ့ဘိလပ်မြေအိပ် ပေါ်မှာ ဒီစာပါရင် ဒီ စံချိန်စံညွှန်းနဲ့ပြည့်စုံတယ်လို့ ဖော်ပြထားတာပါ။
(credit-fb
CRD........ Sayar Kyawlwin Htun
မနက်က သူငယ်ချင်းတစ်ယောက်က
ဖုန်းဆက်ပြီး ပြောတယ်။
အခြားနည်းသုံးစွဲခွင့်ကျပြီးသား
မြေကွက်လေး ဝယ်ပြီး အိမ်ဆောက် မလို့၊
မင်းရော ဝယ်မလား တဲ့။
အခြားနည်းသုံးစွဲခွင့်က
ဘယ်လိုခေါင်းစဥ်နဲ့ ချပေးတာလဲ ဆိုတာ
စာရွက်မိတ္တူ ပြခိုင်းလိုက်လို့ ပြောခဲ့တယ်။
မဝယ်ပါဘူး။
မသိရှိသေးသူတွေအတွက် ရှင်းပြပါ့မယ်။
အခြားနည်းသုံးစွဲခွင့် လျှောက်ရင် - - -
၁။ လျှောက်ထားသူရဲ့ အမည်ပေါက်
လယ်ယာမြေ ပုံစံ ၇ ရှိရတယ်။
၂။ ကာယကံရှင်ကိုယ်တိုင် ပုံစံ ၇ မူရင်း /
မိတ္တူ ၊ မှတ်ပုံတင်မိတ္တူ/ အိမ်ထောင်စု
စာရင်း မိတ္တူနဲ့ မြို့နယ် မြေစာရင်းမှာ
သတ်မှတ်တဲ့ ဖောင်တွေ ထုတ် / ဖြည့်ပြီး
လျှောက်ရပါတယ်။
၃။ အခြားနည်း သုံးစွဲခွင့်ကို
ဘယ်လိုအမည်နဲ့ လျှောက်မှာလဲ ဆိုတာ
ခေါင်းစဥ်တပ်ရတယ်။ ဥပမာ -
ဓါတ်ဆီဆိုင်လား ?၊ ဖူဆယ်ကွင်းလား ?
လယ်ယာသုံး စက်ပစ္စည်းဆိုင်လား ?
သီးနှံဂိုဒေါင်လား ? ပလပ်စတစ်စက်ရုံလား?
ကော်စေ့စက်ရုံအတွက်လား ? စသဖြင့်ပေါ့။
၄။ သက်ဆိုင်ရာ ယာမြေ တည်ရှိတဲ့
မိမိယာရဲ့ ရှေ့နောက်ဘေးဘယ်ညာ
အနား ၄ ရပ်က ယာခင်းပိုင်ရှင်များရဲ့
ထောက်ခံချက်ကို ပဏာမယူ။
ရပ်ကွက် / ကျေးရွာမှာ ရှိတဲ့ လယ်စီအဖွဲ့
၅ ဦးကော်မတီထံ မြေပြင်ဓါတ်ပုံ၊
Google ဓါတ်ပုံ၊ ပုံစံ ၇ မိတ္တူ စုံလင်စွာနဲ့
အခြားနည်းသုံးစွဲခွင့်အတွက် ထောက်ခံချက်
အရင်ဆုံး ရယူရတယ်။
၅။ ၅ ဦးကော်မတီထံ ကနေ ထောက်ခံချက်
ရယူပြီးရင် သက်ဆိုင်ရာ မြို့နယ်က
လမ်းဦးစီး၊ စိုက်ပျိုးရေး၊ ကျေးလက်၊
မီးသတ်၊ ဆည်မြောင်း၊ လျှပ်စစ် စတဲ့
ဌာနတွေဆီကနေ ထောက်ခံချက်ယူရတယ်။
၆။ ထောက်ခံချက်ပေါင်းစုံ ရပြီ ဆိုရင်
မြေစာရင်းဦးစီးရုံးမှာ ပုံစံထုတ်၊
မြေပြင်ဓါတ်ပုံ၊ Google ဓါတ်ပုံ ၊
အပိုဒ်။ ၃ မှာပါတဲ့ လုပ်ငန်းအလိုက်
စီမံချက်ရေးသားပြီး တင်ပြရတယ်။
၇။ မြို့နယ်မြေစာရင်းမှာ စီမံချက်တွေ
လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူတွေနဲ့
တင်ပြပြီးတဲ့နောက် ကွင်းဆင်းပြီး
စစ်ဆေးကြတယ်။
၈။ ကွင်းဆင်းစစ်ဆေးပြီးရင် အခြားနည်း
သုံးစွဲခွင့်အတွက် ချထားပေးသင့်တယ် လို့
ဆုံးဖြတ်ပြီးရင် ပုံစံ ၁၀၅/၁၀၆
ရေးဆွဲရတယ်။ ပြီးရင် မြေစာရင်းက
Google မြေပုံမှာ စက်ဝိုင်းတွေရော
အလျားလိုက် မျဥ်းတွေရော စုံလို့ ။
နားတော့မလည်ပါဘူး သူတို့ဆွဲပေးတာ
၉။ ပြီးရင် သတ်မှတ်တဲ့ မြေဧက အကျယ်အဝန်း
အတိုင်း သတ်မှတ်တဲ့ နှုန်းထားနဲ့ မြန်မာ့
စီးပွားရေးဘဏ်မှာ ငွေသွင်းရတယ်။
အလွန်ဆုံးငွေသွင်းရ သောင်းဂဏန်းပါပဲ။
၁၀။ ငွေသွင်းပြီးရင် ကန့်ကွက် ၁ လ ကို
သက်ဆိုင်ရာ ရုံးက ကြေညာသင်ပုန်း၊
မြေကွက် တည်နေရာက ရပ်ကွက်/ ရွာမှာ
လိုက်ကပ်ပြီး ကြေညာပေးရတယ်။
(ဂရံက ၂ ပတ်၊ အခြားနည်းက ၁ လ )
၁၁။ ကန့်ကွက် ၁ လ ပြည့်လို့ Clear ဆိုရင်
မြို့နယ်ရုံးကနေ ထွေအုပ်ကို တင်ပြ။
တစ်ခါ ကွင်းဆင်းစစ်ဆေးပြီး အတည်ပြုမှ
ခရိုင် နဲ့ တိုင်းကို ဆက်တင်ပြရတာ။
၁၂။ ခရိုင် နဲ့ တိုင်းက နေ ဗဟို လယ်/စီထံ
ဆက်လက်တင်ပြပြီး အခြားနည်းသုံးစွဲခွင့်
ကို မူလ တင်ပြထားတဲ့ လုပ်ငန်းအတိုင်း
ပေးသင့်တယ် လို့ ဆုံးဖြတ်မှ အခြားနည်း
အသုံးပြုခွင့်က ရတာ။
၁၃။ ပြီးရင် သတ်မှတ်ကာလအတွင်းမှာ
မူလ တင်ပြပါ စီမံချက် အတိုင်း
အကောင်အထည် မဖော်နိုင်ရင် အခြားနည်း
သုံးစွဲခွင့်ကို ပယ်ဖျက်တယ်။
၁၄။ အခြား လုပ်ထုံးလုပ်နည်းတွေ၊
မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တာတွေ ကျန်သေး။
အဲဒီ Process အတိုင်း လုပ်ရတာ။
ကိုယ်တိုင် အမှုတွဲကို မျက်ခြေမပြတ်
လုပ်ကိုင်ရင်တောင် ၈ လလောက် ကြာတယ်။
သေချာ စီစစ်ပေးတာ။
မသိရင် အခြားနည်းအသုံးပြုခွင့်ကို
၁ လ အတွင်း ရရမယ်။ ဘယ်လောက်ပေး
ဆိုသူတွေက လိမ်ညာတာ ခံရတတ်တယ်။
ကျွန်တော်ကိုယ်တိုင် တောင်သူလယ်သမား
မျိုးရိုးကနေ ဆင်းသက်လာလို့ လယ်ယာမြေ
နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှု ၊ လုပ်ထုံးလုပ်နည်း
၁၀ မျိုးလောက်ကို နှံ့စပ်အောင် လုပ်ဖူးတယ်။
အခုလည်း လေ့လာနေတုန်းပါ။
လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေတွေ
လုပ်ထုံးလုပ်နည်းတွေကိုတော့ ဖတ်မှတ်ပြီး
အတော်များများ လေ့လာ လုပ်ကိုင်ပါတယ်။
အားလပ်ချိန်တွေမှာပေါ့။
သီးနှံတွေ စိုက်ပျိုးတာကတော့
ပဲ၊ နှမ်း၊ စပါး၊ ဘူး၊ ဖရုံ၊ ငရုတ်၊ သခွားက
လွဲရင် မလေ့လာ မစိုက်ပျိုးတတ်ပါဘူး။
သီးနှံ စိုက်ပျိုးရေးက
အမျိုးအစားပေါင်း ၁၀၀၀ လောက်ရှိလို့
မလေ့လာပါဘူး။ စိုက်ပျိုးရေး ပညာရှင်ရဲ့
အလုပ်တွေ မလို့။
အခြားနည်း သုံးစွဲခွင့် ဆိုတာကလည်း
တင်ပြတဲ့ စီမံချက်အပေါ်မှာ သုံးသပ်ပြီးမှ
သင့်တင့်တဲ့ မြေကို အသုံးပြုခွင့်ပေးတာ။
ဥပမာ - ဓါတ်ဆီဆိုင် အတွက်ဆိုရင်
အလွန်ဆုံး ခွင့်ပြုရင် ၁ ဧက ပဲ။
အတိုချုပ် ပြောရရင်
အခြားနည်း သုံးစွဲခွင့်ကျပြီးသား မြေလို့
ပြောလာခဲ့ရင် ဘယ်လို ခေါင်းစဥ်နဲ့
ချပေးတာလည်း ဆိုတာ အရင်မေး။
မြို့နယ် မြေစာရင်းရုံးမှာ တိုက်ဆိုင်စစ်။
အခြားနည်းသုံးစွဲခွင့် ရပြီ ဆိုတိုင်း
အိမ်ဆောက်ဖို့ ၊ မြေကွက်ရိုက် ရောင်းဖို့
မဟုတ်ကြောင်း ပြောပြတာပါ။
အဝယ်မှားလို့ လယ်ယာမြေဥပဒေ အရ
ဖျက်သိမ်းခံရရင် ကိုယ့်လောဘနဲ့ကိုယ်ပါ။
အဲဒါလေးကို
မသိနားမလည်သူတွေ အတွက်
ကိုယ်တိုင် လုပ်ကိုင်ခဲ့ရလို့ သိရှိလာတဲ့
အတွေ့အကြုံ ၃၀ % လောက်ကို
ရှင်းပြတာပါ။
ပညာရှင်တော့ မဟုတ်ပါ။
Crd -copy
အိမ်/ခြံ/မြေ ဝင်ငွေခွန်ဆောင်ကြမယ်
➖➖➖➖➖➖➖➖➖➖➖➖➖
၁ ကျပ် - ၃၀၀၀ သိန်း (၃%) ၉၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၁၀ သိန်း
၃၀၀၁ သိန်း - ၆၀၀၀ သိန်း (၅ %) ၁၅၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၂၀ သိန်း၊ ပေါင်း ၂၇၀ သိန်း
၆၀၀၀ သိန်း - ၁၀၀၀၀ သိန်း (၁၀%) ၄၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၁၆၀ သိန်း၊ ပေါင်း ၁၀၄၀
သိန်း
၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း (၁၅%) ၃၀၀၀ သိန်း၊ တံဆိပ်ခေါင်းခွန် (၄%) ၈၀၀ သိန်း၊ ၄၈၄၀ သိန်း
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
အဆောက်အဦးပါရင်
➖➖➖➖➖➖➖
ပထမတန်းစားအာစီ 1 Sqft 40000L
ဒုတိယတန်းစားအာစီ 1 Sqft 25000L
Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000L
သစ်သားအုတ်ညှပ် 1 Sqft 20000L
သစ်သားအိမ် 1 Sqft 10000L
ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000L
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000L
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000L
➖➖➖➖➖➖➖➖➖➖➖➖➖➖
အရောင်းသမားက ၁၀% ဆောင်ရမယ် စာချုပ်စာတမ်းရုံးမှာ ၁၀၀၀၀ နဲ့ ဝယ်အဝယ်စာချုပ်ပြီး ပြန်ရောင်းတော့ ၁၅၀၀၀… အမြတ်ငွေ ၅ ထောင်ပေါ် မူတည်ပြီး ၁၀ % ဆောင်ရပါမယ်
(လွတ်လပ်စွာ ကူးယူဖော်ပြနိုင်သည်)
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
*ယုဇနဥယျာဉ်အိမ်ယာထဲမှာ အခန်းများငှါးရန် (အိမ်ရှင်)ရှိပါသည် ။
*မ/ဒဂုံ(၄၃)ရပ်ကွက်၊၄၀+၆၀(ဂရံ)
မြေ +နှစ်ထပ်အိမ်ပါ-ရောင်းရန်ရှိပါသည်။
(၆၅၀၀)
ညှိနှိုင်း။
*ဗဟန်း စျေးကွေ့-ဆရာစံရပ်ကွက်၊
၂၀+၄၀-သုံးထပ်တိုက် (ဂရံ)ရောင်းရန်ရှိပါသည်
(၆၅၀၀)
ညှိနှိုင်း။
ဆက်သွယ်ရန်
095163741
09250502937
Ko Tar(MRESA)
31/01/2025
2013-ကတည်းကဒီအလုပ်ကိုလုပ်ခဲ့တာပါဗျ၊pageကတော့ခုမှစရပါတယ်.
31/01/2025
ရောင်းချင်တာ/ဝယ်ချင်တာ..
အိမ်ရှင်/အိမ်းငှါးချင်တာ…
လိုအပ်လျင်
31/01/2025
အာဆီယံ အိမ်၊ခြံ၊မြေ-နှင့်၊MRESA
31/01/2025
အိမ်၊ခြံ၊မြေ၊ပညာဆည်းပူး
31/01/2025
MRESA ဌာနချုပ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11414