TharGyi

TharGyi

Share

20/11/2024

ဆန္ဒကို သိက္ခာနဲ့ထိန်းပါ။
===================

ဖုန်းလေးတစ်ချက် ဖွင့်လိုက်တာနဲ့
ဖောက်ပြန်ဖို့ သိပ်လွယ်ကူနေတဲ့
အခြေအနေမျိုးမှာ
အိမ်ထောင်သည်တွေ ဖောက်ပြန်ဖို့
အခွင့်အရေး ပိုရနေသလိုပါပဲ။

လွတ်လပ်ခွင့်ဆိုတဲ့ အခွင့်အရေးကိုသုံးပြီး
လူပျိုယောင် အပျိုယောင်
တစ်ကိုယ်တော်ပုံတွေတင် သုံးရာကနေ
လူပျိုစိတ် အပျိုစိတ်တွေ
ဝင်လာကြတယ်လေ။
တခြားသော မိန်းမ/ယောက်ျားတွေနဲ့
စကားပြောကြတယ်
အစကတော့ ရိုးသားပါလိမ့်မယ်။

ဒါပေမဲ့ အိမ်တွင်းရေး အဆင်မပြေတဲ့အခါ
အပျော်အနေနဲ့ အရွဲ့တိုက်တဲ့အနေနဲ့
ပြောကြရင်းကနေ တခြားသူနဲ့
သာယာသွားတာ အဲ့ဒီကစတာပဲ
ဖောက်ပြန်ခြင်း ဆိုတာ။

ကြားထဲက အိမ်ထောင်သည်မှန်းမသိ
စကားပြန်ပြော သံယောဇဉ်ဖြစ်တဲ့သူက
စနှိုက်ကြော်တဲ့သူ ဖြစ်သွားတာပေါ့။

အိမ်ထောင်သည်တွေ fb သုံးတဲ့အခါ
ကိုယ့်အခြေနေအမှန်ကို လက်ခံနိုင်မှ
သုံးတာအဆင်ပြေလိမ့်မယ်။
မိသားစုရှိတဲ့သူ
မိသားစုပုံနဲ့တင်ပြီး သုံးသင့်ပါတယ်။

အဲ့ဒီပုံလေးအတွက်
စိတ်ကစားချင်တယ်ဆိုရင်တောင်
မိသားစုမျက်နှာနဲ့
စိတ်ထိန်းနိုင်လိမ့်ဦးမယ်လေ။
တစ်ကိုယ်တော်
လူပျိုယောင် အပျိုယောင်သုံးသူများ
များသောအားဖြင့် ဖောက်ပြန်မှုပြုဖို့
အရမ်းလွယ်ကူနေပါတယ်။

တကယ်လည်းဖြစ်နေကြပြီမို့
အိမ်ထောင်သည်များ အဆင့်ရှိရှိ
ကိုယ့်သိက္ခာကိုယ်ထိန်းပြီး
ကိုယ့်ဘဝကိုယ် လက်ခံပြီး
အသုံးပြုနိုင်ကြပါစေ။

ဒီစာလေးကအရမ်းကိုတန်းဖိုးရှိပါတယ်...
Crd. အမွှာ - အမွှာ အငယ်မလေး
#နန်းနှောင်းယိန်း ပြန်လည်မျှဝေသည်။
Crdပေးပါတယ်ခဗျ

14/11/2024

ယောက်ျား တစ်ယောက်ရဲ့
ခန့်ညားတဲ့သွင်ပြင်ဟာ…
မိန်းမတစ်ယောက်ကို
တစ်သက်လုံး ဆွဲဆောင်မထားနိုင်ပါဘူး။

တကယ် ဆွဲဆောင်နိုင်တာက…
အထင်ကြီးစရာကောင်းတဲ့ စိတ်နေစိတ်ထား
အရည်အချင်း
ခေါင်းဆောင်နိုင်မှု
အကြင်နာတရား
အစရှိတဲ့ အရာတွေကသာ
ဆွဲဆောင်ထားနိုင်တာပါ။

မိန်းမတစ်ယောက်ရဲ့
လှပချောမောတဲ့ ရုပ်ရည်ကလည်း…
ယောက်ျားတစ်ယောက်ကို
တစ်သက်လုံး မဖမ်းစားထားနိုင်ပါဘူး။

တကယ်ဆွဲဆောင်နိုင်တာက…
မိခင်စိတ်ဓာတ် ရှိမှု
မိန်းမပီသမှု
နားလည်ပေးမှု
အစရှိတဲ့ အရာတွေကသာ
ဆွဲဆောင်ထားနိုင်တာပါ။

ဒါကြောင့်…
တစ်ယောက်ကို တစ်ယောက်
တစ်သက်လုံး
ဆွဲဆောင် ဖမ်းစားထားနိုင်ဖို့ ဆိုရင်

တစ်ယောက်နဲ့ တစ်ယောက်
အထင်ကြီးစရာ စိတ်နေစိတ်ထားလေးတွေ
ပိုင်ဆိုင်ထားဖို့ လိုပါတယ်။

Credit ~

12/11/2024

ဒီနေ့အတွက်စကားလက်ဆောင်
****************************
ဝမ်းပန်းတသာ
ကြိုဆိုခြင်းမရှိတဲ့ အခမ်းအနားတွေကို ရှောင်ပါ။

လှိုက်လှိုက်လှဲလှဲ
နှုတ်ဆက်ခြင်းမရှိတဲ့ လက်တွေကို မျက်နှာလွှဲပါ။

ဖော်ဖော်ရွေရွေ မရှိတဲ့
အပေါင်းသင်းတွေကြား မသွားပါနှင့်။

အဆင့်အတန်းခွဲတတ်တဲ့
သူငယ်ချင်းတွေကို သံယောဇဉ် ဖြတ်ပါ။

ဝတ်ကျေတန်းကျေ
ဖိတ်ကြားခြင်းတွေကို ဥပေက္ခာပြုပါ။

မျက်နှာလိုက်တဲ့
အသင်းအဖွဲ့တွေထဲ မဝင်ပါနှင့်။

ရင်ထဲကမပါတဲ့
အပြုံးတွေအတွက် မခံစားပါနှင့်။

ဒီလောက်ဆိုရင်
သင် ... အရွယ်တင်နုပျို စိတ်ချမ်းသာမှာ သေချာပါတယ်။..

12/11/2024

ဘ (13) လုံး
1.ဘဝမမေ့နဲ့။

2.ဘဝင်မမြင့်နဲ့။

3.ဘယ်သူနဲ့မှ မနှိုင်းယှဉ်နဲ့။

4.ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပျော်အောင်နေ။

5.ဘယ်သူဘာပြောပြောစိတ်မညစ်နဲ့။

6.ဘဝမှာအောင်မြင်ဖို့နေ့တိုင်းသင်ယူလေ့လာ။

7.ဘဝမှာကျေးဇူးရှိဖူးသူကိုမစော်ကားမိစေနဲ့။

8.ဘယ်လိုဘဝပဲရောက်ရောက်စိတ်မညစ်နဲ့ ။

9.ဘယ်နေရာမှာနေနေကြိုးစား။

10.ဘဝမှာအရာရာကိုငွေနဲ့တန်ဖိုးမဖြတ်နဲ့။

11.ဘယ်သူဘာပြောပြောလိုက်မခံစားနဲ့

12.ဘရမ်းဗတာမနေနဲ့ အချိန်ကိုတန်ဖိုးထားပြီးနေ။

13.ဘူကောင်/အပူသည်တွေကိုရှောင် ။

နံပါတ်ဘယ်လောက်ကို လက်ရှိလုပ်နေပြီလဲ။

SU Myanmar

🩵

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11411