MEN News

MEN News

Share

15/11/2025

ပဲခူး ဧရာဝတီ တနင်္သာရီ မွန်မှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာမယ်

နိုဝင်ဘာ ၁၅ - MEN

ဒီနေ့ညနေအထိ ရန်ကုန်တိုင်းဒေသကြီးမှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး၊ဇလဌာနကထုတ်ပြန်ပါတယ်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေမှာ အများအားဖြင့် သာယာမယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။



#ရာသီဥတု
#မိုးလေဝသ
#သဘာဝပတ်ဝန်းကျင်
#မိုးထစ်ချုန်း

Telegram https://t.me/menvnews

Photos from MEN News's post 21/10/2024

၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးကြီးခြင်းနှင့်လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်မည်

အောက်တိုဘာ ၂၁ / MEN News

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် မုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ကြောင်း မိုး၊ဇလဌာနကယနေ့ ထုတ်ပြန်သည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်းသိရသည်။

အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားသင့်ကြောင်း၊ ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု သင့်ကြောင်းမိုး၊ဇလဌာနက ထုတ်ပြန်သည်။

မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကလည်း အိန္ဒိယမိုးလေဝသဋ္ဌာနနှင့် WINDY - ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်များအရမုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်မဟုတ်ကြောင်း၊ အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီသို့သာ ဦးတည်ရွေ့လျားကာ အောက်တိုဘာ ၂၄ ရက် ညပိုင်းမှ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအချိန်အတွင်း ဖေါ်ပြပါပြည်နယ်တခုခု၏ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ယနေ့ညနေတွင်ထုတ်ပြန်သည်။

မုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မြို့အောက်ဘက်) ဒေသများတွင် မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းများတွင် မိုးအသင့်အတင့်သာရွာနိုင်မည်ဟု ခန့်မှန်းရကြောင်း
ဦးဝင်းနိုင်က လူမှုကွန်ရက်ကတဆင့်ပြေသည်။

Photo - ရန်ကုန်မြို့တွင် ယနေ့မိုးသည်းထန်မှုကြောင့်ရေကြီးနေစဉ်။ (Photo - CJ/FB)


#ဆိုင်ကလုန်း
#မုန်တိုင်း

Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

19/10/2024

(အထူးမိုးလေဝသသတင်း)
၃၆ နာရီအတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးသက်လေပြင်းကျနိုင်

◼မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်

အောက်တိုဘာ ၁၉ / MEN News

ထိုင်းပင်လယ်ကွေ့တွင် လေပွေလှိုင်းစတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာ ၂၂ ရက်မှ စတင်၍ ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% အထိ ရှိနေကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးသက်လေပြင်းကျနိုင်ကြောင်းမိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကပြောသည်။

ဌင်းဒေသများတွင် မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၂၅ မိုင်ခန့်အထိ ရှိနိုင်ကြောင်း၊ အောက်တိုဘာ ၂၀ ရက် နေ့လည် ၂ နာရီမှ အောက်တိုဘာ ၂၂ ရက် နံနက် ၂ နာရီအထိ(၃၆ နာရီအတွင်း ဖေါ်ပြပါပြည်နယ်တိုင်းဒေသများတွင် မိုးရေချိန် ၇၀ မီလီမီတာအထက်(၂.၇၅ လက်မနှင့်အထက်) မိုးရွာသွန်းနိုင်ပြီး မိုးများနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်ရှိနေသည်ကို တွေ့ရကြောင်း အောက်တိုဘာ ၁၉ ရက်၊ နံနက် ၈ နာရီခွဲအချိန်တွင် ဦးဝင်းနိုင်ကလူမူကွန်ရက်ကတဆင့်ထုတ်ပြန်သည်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းနီးပင်လယ်ပြင်တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ လေတိုက်နှုန်း တနာရီ မိုင် ၃၀ အထက် ရှိနိုင်ပြီး၊ လှိုင်းအမြင့် ၇ ပေအထိ ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်ရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ လက်ရှိအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ စတင်၍ဖြစ်ပေါ်နိုင်မည့် ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်မည်မဟုတ်ကြောင်းသိရသည်။

မုန်တိုင်းလမ်းကြောင်း မြန်မာ့ကမ်းရိုးတန်းနှင့်နီးကပ်ခြင်း၊ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအနီးမှဒေသများသည် မုန်တိုင်းလမ်းကြောင်း၏ ညာဘက်ခြမ်းတွင် ရှိနေခြင်းတို့ကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုရှိနိုင်/များနိုင်ကြောင်း ဦးဝင်းနိုင်က အသိပေးတင်ပြသည်။

မိုး၊ဇလဌာနကလည်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်း ရပ်ဝန်း၏အရှိန်တို့ကြောင့် ယနေ့ ၁၉-၁၀-၂၀၂၄ ရက်နေ့မှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပြီး
မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ၊ ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုသင့်ကြောင်း မိုးဇလဌာနကထုတ်ပြန်သည်။

Photo - win naing / fb



#မုန်တိုင်း
#မိုးသက်လေပြင်း

Facebook https://www.facebook.com/mentvnews
Telegram https://t.me/menvnews

Photos from MEN News's post 03/08/2024

ထိုင်း အမျိုးသားဥယျာဉ်တခုတွင် နှစ်သန်းပေါင်း ၁၂ဝခန့်ရှိ ဒိုင်နိုဆောခြေရာ ၁ဝ ခုထက်မနည်း တွေ့

သြဂုတ် ၃ / MEN News

ထိုင်းနိုင်ငံ ဖစ်ဆနုလော့ (Phitsanulok) ခရိုင်၊ နမ်ခန်ထိုင်း (Nakhon Thai)ရှိ
Phu Hin Rong Kla အမျိုးသားဥယျာဉ် စခန်းချသည့်နေရာ၌ ဒိုင်နိုဆောခြေရာ ၁ဝ ခုထက်မနည်း တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod English တွင်ဖော်ပြသည်။

သဲကျောက်နှင့် ရွှံ့ကျောက်ပလပ်ဖောင်းများပေါ်တွင် တွေ့ရှိသည့် ခြေရာများနှင့် ပတ်သက်၍ ပဏာမ စစ်ဆေးမှုရလဒ်များကို သတ္တုအရင်းအမြစ်ဌာနကလည်း
သြဂုတ် ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းခြေရာများကို အလယ်ကျောက်လွှာခတ် အစောပိုင်း Cretaceous ကာလ၏ ကရေတက်ဆီယပ်စ်ကာလ ဖွဲ့စည်းမှုမှ ဒိုင်နိုဆောခြေရာများအဖြစ် ဖော်ထုတ်တွေ့ရှိခဲ့ပြီး နှစ်သန်းပေါင်း ၁၂ဝ ခန့် သက်တမ်းရှိပြီး ခြေရာများကို ဧရိယာ စတုရန်းမီတာ ၂၅ဝဝ ခန့် ဖြန့်ကျက်ထားကြောင်းသိရသည်။

ခြေရာအများစုသည် သီရိုပိုဒ်အုပ်စုမှ အလတ်စားမှ အကြီးစား အသားစားဒိုင်နိုဆောများမှဖြစ်ပြီး ခြေတစ်ချောင်းစီတွင် ခြေချောင်းသုံးချောင်းကို ထင်ရှားစွာပြသထားကြောင်းလည်းဆိုသည်။

စစ်တမ်းအဖွဲ့သည် နောက်ထပ် ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး Phu Hin Rong Kla အမျိုးသားဥယျာဉ် စခန်းချနေရာအား သဘာဝခရီးသွားဧည့်သည်များ ဆွဲဆောင်မှုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်တွင် ဘူမိဗေဒလေ့လာရေး ရည်ရွယ်ချက်များအတွက် သိပ္ပံနည်းကျ အချက်အလက်များကို စုဆောင်းမည်ဖြစ်ကြောင်းသိရသည်။

Photo - Khaosod English


#ဒိုင်နိုဆော

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address

Yangon