GIB Gems
06/02/2026
"ထာဝရဆိုတဲ့ စကားလုံးကို အဖိုးတန်ကျောက်မျက်လေးတွေနဲ့ သက်သေထူလိုက်ပါ" 💖
ကိုယ့်ချစ်သူကို ပေးချင်တဲ့ လက်ဆောင်တွေထဲမှာ ခဏတာပွင့်ပြီး ညှိုးနွမ်းသွားမယ့် 💐 ပန်းစည်းတွေ ထက် ကမ္ဘာတည်သရွေ့ တန်ဖိုးမပြယ်မယ့် ကျောက်မျက်ရတနာလေးတွေက "ထာဝရ" ဆိုတဲ့ အဓိပ္ပာယ်ကို ပိုပြီး လေးနက်စေပါတယ် 💎💌
အဖိုးတန်ရတနာလေးတွေထဲကမှ... ဘယ်လိုကျောက်လေးတွေကို ရွေးချယ်ကြမလဲ? 🤔💭
❤️ အချစ်ရဲ့မီးလျှံ - ပတ္တမြား (Ruby)
"ကိုယ့်နှလုံးသားက မင်းအတွက် အမြဲတမ်း နွေးထွေးနေမှာပါ" ဆိုတဲ့ အဓိပ္ပာယ်နဲ့အတူ သစ္စာတရားနဲ့ ရဲရင့်မှုကို ကိုယ်စားပြုတဲ့ ပတ္တမြားနီနီရဲရဲလေးတွေ ❤️ ကိုယ့်ချစ်သူရဲ့ လက်သူကြွယ်ထက်မှာ အမြဲတမ်း လင်းလက်နေပါစေ 💍
💙 တည်ငြိမ်ခြင်းရဲ့ အလှ - နီလာ (Sapphire)
အဆုံးအစမရှိတဲ့ ကောင်းကင်ပြာကြီးလိုပဲ... 🌌 တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ ယုံကြည်မှုနဲ့ တည်ကြည်မှုကို နီလာလေးတွေက သက်သေခံပေးပါလိမ့်မယ်။ အေးချမ်းတဲ့ အချစ်ကို တန်ဖိုးထားသူတွေအတွက် အပြာရောင် ရင်ခုန်သံပါပဲ 💙🌊
💚 ရှင်သန်ခြင်း နိဒါန်း - မြ (Emerald) 🤍
စိမ်းစိုရွှန်းလဲ့နေတဲ့ မြကျောက်လေးတွေက အမြဲတမ်း ဆန်းသစ်နေတဲ့ အချစ်ရေးကို ဖော်ဆောင်ပါတယ်။ 🌿 တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့အတူ အချစ်တွေ တိုးပွားရှင်သန်နေစေဖို့ "မြ" ရတနာလေးတွေက ဆုတောင်းပေးနေသလိုပဲပေါ့ 💚🍃
🤍 စင်ကြယ်ခြင်းရဲ့ ပြယုဂ် - "ပုလဲ" (Pearl)
ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ သန့်စင်တဲ့ မေတ္တာတရား။ 🐚 ကျော့ရှင်းပြီး နူးညံ့တဲ့ ပုလဲလုံးလေးတွေက ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာနဲ့ အလှတရားကို ပိုမိုတောက်ပစေမယ့် "ပင်လယ်ပြင်ရဲ့ လက်ဆောင်" ပါပဲ
✨ Gib Gems က ရွေးချယ်ဖော်ပြပေးတဲ့ ကျောက်မျက်တိုင်းဟာ သဘာဝရဲ့ အနုပညာလက်ရာတွေ ဖြစ်သလို ကိုယ့်ရဲ့ချစ်ခြင်းပြယုဂ်ကို ကမ္ဘာတည်သရွေ့ သိမ်းဆည်းပေးထားမယ့် အဖော်မွန်တွေလည်း ဖြစ်ပါတယ် 🤝💎
ဒီနှစ် Valentine မှာ စကားလုံးတွေထက် ပိုလေးနက်တဲ့၊ အချိန်တွေထက် ပိုခိုင်မြဲတဲ့ လက်ဆောင် တစ်ခုနဲ့အတူ "ချစ်တယ်" လို့ ပြောလိုက်ရအောင် 🎁💍
#ချစ်သူများနေ့လက်ဆောင်
24/01/2026
💎 Portable Wealth: လက်သူကြွယ်ပေါ်က ဘဏ်တိုက် 💍
ချမ်းသာတဲ့သူတွေက ကျောက်မျက်ရတနာတွေကို ဘာကြောင့် သိန်းထောင်ချီ ပေးဝယ်ကြတာလဲ❓
လှချင်ရုံသက်သက်မဟုတ်ပါဘူး။ သူတို့ရဲ့ ဓနဥစ္စာတွေကို သယ်ဆောင်ရလွယ်ကူတဲ့ ပုံစံ (Portable Wealth) အဖြစ် ပြောင်းလဲထားတာပါ🏃♂️💨
ရွှေအထုပ်လိုက်သယ်မလား? 💰
လက်စွပ်တစ်ကွင်းပဲ ဝတ်မလား? 💍
Portable Wealth ဆိုတာ ဒါပါပဲ။
✨ Portable Wealth ရဲ့ အားသာချက် (၃) ခု
၁။ Concentrated Value (စုစည်းထားသော တန်ဖိုး) 💎
သိန်း ၅,၀၀၀ လောက် တန်ဖိုးရှိတဲ့ ရွှေကို သယ်ဖို့ဆိုရင် အလေးချိန် အများကြီးရှိတာကြောင့် သယ်ရခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သိန်း ၅,၀၀၀ တန်ဖိုးရှိတဲ့ နီလာ (သို့) စိန် တစ်လုံးကိုတော့ လက်စွပ်အဖြစ် ဝတ်ထားရုံနဲ့ အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ် 💼✨
၂။ Global Currency (ကမ္ဘာသုံး ငွေကြေး)🌍
အရည်အသွေးမြင့် ကျောက်မျက်တွေရဲ့ ဈေးနှုန်းဟာ ဒေါ်လာနဲ့ချိတ်ဆက်နေပါတယ်။
ဒါကြောင့်ကျပ်ငွေတန်ဖိုး ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်အရှိဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ 📈💵
၃။ Privacy (သီးသန့်ဖြစ်မှု) 🔒
ကျောက်မျက်ရတနာဟာ ကိုယ့်လက်ထဲမှာတင် ရှိနေတာမို့ အရေးကြုံတဲ့အခါ အမြန်ဆုံး ဖလှယ်နိုင်တဲ့ အားသာချက် ရှိပါတယ်။ 🤝✅
⚠️ သတိပြုရမဲ့အချက်လေးတွေတော့
ရှိပါတယ် ⚠️
Portable Wealth အဖြစ် စုဆောင်းမယ်ဆိုရင် လူတိုင်းကြိုက်တဲ့ **အရည်အသွေး** ဖြစ်ဖို့ လိုပါတယ်။ ဈေးကွက်မှာပြန်ရောင်းရလွယ်တဲ့ ကျောက်မျိုး (ဥပမာ - Royal Blue Sapphire, Pigeon Blood Ruby) တွေကိုသာ ရွေးချယ်
သင့်ပါတယ် 🔝✨
အဖိုးတန်ကျောက်မျက်ရတနာတွေနဲ့
ပတ်သက်ပြီး စိတ်ချယုံကြည်စွာ တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ Gib Gems ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ 🤗💎✨
24/12/2025
Merry Christmas...🌲🌲🌲
18/12/2025
ကရင်နှစ်သစ်ကူးနေ့အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။
#2025
11/12/2025
မွန်တာနား နီလာ (Montana Sapphire) ဆိုတာ....
မွန်တာနား နီလာဆိုတာ အမေရိကန်ပြည်ထောင်စု၊ မွန်တာနားပြည်နယ်မှာ အဓိကတွေ့ရတဲ့၊ ထူးခြားတဲ့ နီလာကျောက်ပါ။
၁၈၆၅ ခုနှစ်ဝန်းကျင် ရွှေရှာဖွေနေချိန်က စတင်တွေ့ရှိခဲ့ပေမဲ့ တန်ဖိုးရှိမှန်း မသိခဲ့ကြပါဘူး။ နောက်ပိုင်း မှပဲ တန်ဖိုးရှိတဲ့ ကျောက်မျက်တွေ ဖြစ်ကြောင်း သိရှိခဲ့ကြတာပါ။
ဒီကျောက်ဟာ ကမ္ဘာ့အဆင့်မီတဲ့ အရည်အသွေးရှိပြီး "Made in America" ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားပါတယ်။
မွန်တာနား နီလာမှာ အစိမ်းရောင်နဲ့ အပြာရောင် ရောစပ်ထားတဲ့ စိမ်းပြာရောင် (Teal) ဒါမှမဟုတ် မီးခိုးပြာရောင် လို ထူးခြားတဲ့ အရောင်တွေ ရှိပါတယ်။
တူးဖော်ရရှိတဲ့ ကျောက်အများစုကို အပူပေးပြုပြင်ခြင်း (Heat Treatment) လုပ်ပြီးတော့ ပိုတောက်ပတဲ့ အရောင်ကို ဖန်တီးလို့ရပါတယ်။
ကျောက်ရဲ့ တန်ဖိုးကိုတော့ ဒီအချက်တွေကို အဓိကကြည့်ပြီး ဆုံးဖြတ်ပါတယ်။
အရောင်ပြည့်ဝတဲ့ စိမ်းပြာရောင် (Teal) ရှိလေ၊ တန်ဖိုးပိုမြင့်လေပါ။ အချို့ ကျောက်တွေကတော့ အလင်းရောင်အောက်မှာ အရောင်ပြောင်းလဲတတ်တာကြောင့် ပိုပြီး တန်ဖိုးရှိပါတယ်။
အပူပေးပြုပြင်ခြင်းလုံးဝမလုပ်ရသေးဘဲ (No Heat) သဘာဝအတိုင်း လှပတဲ့ အရောင်ရှိတဲ့ ကျောက် တွေက ဈေးအမြင့်ဆုံးရရှိပါတယ်။
အတွင်းပိုင်း အားနည်းချက် (အပြစ်) နည်းပြီး ကြည်လင်တဲ့ ကျောက်က တန်ကြေးပိုရှိပါတယ်။
အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ ဈေးကွက်ထဲမှာ အရောင်လှပပြီး အပူမပေးထားတဲ့ (No Heat) မွန်တာနား နီလာကို အရည်အသွေးမြင့်ပြီး ထူးခြားတဲ့ ကျောက်မျက်အမျိုးအစားအဖြစ် တန်ဖိုးထားကြပါတယ်။
မွန်တာနား နီလာက သမားရိုးကျ နီလာအများစုထက် တန်ဖိုးပိုမြင့်နိုင်ပေမဲ့ မြန်မာ (Burmese) ဒါမှမဟုတ် ကက်ရှ်မီးယား (Kashmir) နီလာတွေရဲ့ တန်ကြေးကိုတော့ လိုက်မမီပါဘူးတဲ့ခင်ဗျာ။
ကဲ.... Gib Gems ရဲ့ ပရိသတ်တွေကော ဘယ် “နီလာ” က အကောင်းဆုံးလို့ထင်လဲ
Made in America လား?
Made in Myanmar လား?
21/11/2025
(The Twin Gems)
အမွှာညီအစ်ကိုလို တူညီတဲ့ ပတ္တမြားနဲ့ နီလာ
ပတ္တမြား (Ruby) နဲ့ နီလာ (Sapphire) တို့ဟာ သူတို့ရဲ့ တောက်ပတဲ့အလှကြောင့် ကျောက်မျက်လောကမှာ လူကြိုက်များတာပါ။ ဒါပေမဲ့ သူတို့နှစ်ခုရဲ့ ဇာစ်မြစ်ကို လေ့လာကြည့်ရင် တကယ့်ကို ဓာတုအမွှာ တွေ ဖြစ်နေ တာကို တွေ့ရပါတယ်။
ပတ္တမြားနဲ့ နီလာတို့ဟာ ဖွဲ့စည်းတည်ဆောက်ပုံအရ Corundum လို့ခေါ်တဲ့ တွင်းထွက်အုပ်စုကြီးထဲက လာတာပါ။ သူတို့နှစ်ခုလုံးရဲ့ အဓိက ဓာတုဒြပ်ပေါင်းကတော့ Aluminum Oxide (အလူမီနီယမ် အောက်ဆိုဒ်ဒ်) ဖြစ်ပြီး 𝐀𝐥₂𝐎₃ လို့ ရေးပါတယ်။
Corundum အုပ်စုဝင်အားလုံးဟာ စိန်ပြီးရင် ဒုတိယ အမာကျောဆုံး တွင်းထွက်တွေ ဖြစ်ပြီး Mohs Hardness Scale မှာ ၉ ရှိပါတယ်။ ဒါကြောင့် အဖိုးတန်ရတနာအဖြစ် သတ်မှတ်ခံရတာပါ။
ဓာတုအခြေခံတူညီပေမယ့် အရောင်ကွာခြားမှုကတော့ Corundum ဖွဲ့စည်းစဉ်မှာ မတော်တဆ ပါလာတဲ့ အညစ်အကြေးသတ္တု (Trace Elements) အနည်းငယ်ကြောင့် ဖြစ်ပါတယ်။ ဒီလို အရောင်ပေးစွမ်းတဲ့ ဒြပ်စင် တွေကို Chromophores လို့ခေါ်ပါတယ်။
ပတ္တမြား - Corundum ထဲမှာ ခရိုမီယမ် ပါဝင်လာတာမို့ အလင်းရောင်ကို စုပ်ယူတဲ့ပုံစံ ပြောင်းလဲသွားပြီး အနီရောင် ကိုသာ မြင်ရစေပါတယ်။
နီလာ - Corundum ထဲမှာ တိုက်တေနီယမ် နဲ့ သံဓာတ် တို့ ပါဝင်တာမို့ အလင်းရောင်ကို စုပ်ယူပြီး အပြာရောင် ကို ထုတ်ပေးပါတယ်။
Corundum မှာ ခရိုမီယမ် ပါရင် ပတ္တမြား (အနီရောင်) လို့ ခေါ်ပေမယ့် တခြားအရောင်တွေ ပါဝင်တဲ့ Corundum တွေကိုတော့ နီလာ (Sapphire) လို့ပဲ ခေါ်လေ့ရှိပါတယ်။
ဆိုတော့ ပတ္တမြားနဲ့ နီလာဟာဓာတုဖွဲ့စည်းပုံအရ အမွှာညီအစ်ကိုတွေဖြစ်ပြီး၊ သူတို့ရဲ့ တစ်ခုတည်းသော ကွာခြားချက်ကတော့ သဘာဝအတိုင်း ရရှိလာတဲ့ အရောင်ဆိုးဆေး (Coloring Agent) လေးတွေပဲ ဖြစ်ပါတယ်!
ကျောက်မျက်လောကဟာ တကယ်ကို လေ့လာစရာ များလွန်းတယ်လို့ပြောရင် ငြင်းမလား?
ဒီလိုစိတ်ဝင်စားစရာ၊ ဗဟုသုတရစရာလေးတွေကို အလျဥ်းသင့်သလို မျှဝေပေးမှာမို့ Page ကို See First လုပ်ထားဖို့ မမေ့နဲ့နော်
17/11/2025
စိန်အရောင် ဘယ်နှမျိုးရှိလဲ?
စိန်အရောင်ကို အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်။ GIA's D-to-Z Color Grading Scale စနစ်နဲ့ သတ်မှတ်တာပါ။
အရောင်ကင်းစင်တဲ့စိန်များ (The D-to-Z Range)
ဒါကတော့ လက်ဝတ်ရတနာဆိုင်တွေမှာ အများဆုံးတွေ့ရတဲ့ အဖြူရောင်စိန် တွေကို သတ်မှတ်တဲ့စနစ်ပါ။ တကယ်တော့ ဒီစိန်တွေမှာ အရောင် လုံးဝကင်းစင်တာကနေ အဝါဖျော့ဖျော့သမ်းတာအထိ အရောင်အဆင့် ၂၃ မျိုး ရှိပါတယ်။
စိန်ရဲ့တန်ဖိုးဟာ အရောင်ကင်းစင်လေ၊ အဖိုးတန်လေ ပါ။ အဝါရောင်၊ ဒါမှမဟုတ် အညိုရောင် နည်းနည်း ပါလာလေလေ တန်ဖိုးနည်းသွားလေလေ ဖြစ်ပါတယ်။
ထူးခြားအရောင်ပါတဲ့စိန်များ (Fancy Color Diamonds)
ဒါတွေကတော့ အဖြူရောင်စိန်တွေရဲ့ အတိုင်းအတာထဲမှာ မပါဝင်ဘဲ ထူးထူးခြားခြား အရောင်တောက်ပနေတဲ့ စိန်တွေပါ။ ဥပမာ-
အပြာရောင်၊ ပန်းရောင်၊ အနီရောင် (အရှားပါးဆုံးနှင့် တန်ဖိုးအကြီးဆုံး)
စိမ်းပြာရောင်၊ ခရမ်းရောင်၊ ထင်ရှားတဲ့ အဝါရောင် တို့ဖြစ်ပါတယ်။
ဒီစိန်တွေကတော့ အရောင်များလေ၊ တောက်ပလေ တန်ဖိုးပိုကြီးလေ ဖြစ်ပါတယ်။
GIA's D-to-Z Color Grading Scale ဆိုတာဘာလဲ?
GIA ဆိုတာက Gemological Institute of America (အမေရိကန် ကျောက်မျက်ရတနာဆိုင်ရာ အဖွဲ့အစည်း) ကို ဆိုလိုတာပါ။ သူတို့က စိန်ရဲ့အရည်အသွေးကို စစ်ဆေးဖို့အတွက် ကမ္ဘာမှာ အသိအမှတ်ပြုထားတဲ့ စံနှုန်းတစ်ခုကို သတ်မှတ်ပေးခဲ့ပါတယ်။
D-to-Z Scale ဆိုတာ အဲဒီစံနှုန်းထဲက စိန်ရဲ့ အရောင်ကို သတ်မှတ်တဲ့ အဆင့် ဖြစ်ပါတယ်။
GIA ဟာ စိန်တွေကို D အက္ခရာကနေ Z အက္ခရာအထိ စုစုပေါင်း ၂၃ အဆင့် ခွဲထားပါတယ်။ ဒီစကေးလ်ကို စိန်တစ်ခုမှာ အဝါရောင်ဘယ်လောက်ပါလဲ ဆိုတာကို တိုင်းတာဖို့ အသုံးပြုပါတယ်။
D, E, F (Colorless)
အရောင်ကင်းစင်ပြီး ရေခဲလို လုံးဝဖြူစင်၊ ဘာအရောင်မှ မသမ်းဘူးဆိုတဲ့ စိန်တွေက တန်ဖိုးအမြင့်ဆုံးပါ။
G, H, I, J (Near Colorless)
အရောင်မပါသလောက်နီးပါးအထိဖြူပြီး မျက်စိနဲ့ ကြည့်ရင် အဖြူလို့ပဲ ထင်ရပါတယ်။ ကျွမ်းကျင်သူကြည့်မှသာ အရောင်ကို မြင်နိုင်တယ်။ ဈေးနှုန်းမြင့်တဲ့ စိန်အမျိုးအစားပါ။
K, L, M (Faint)
အဝါဖျော့အရောင်အနည်းငယ်ပါနေပါပြီ။ လက်ဝတ်ရတနာတွေကို သတိထားကြည့်ရင် မြင်နိုင်ပါတယ်။ အဲ့လိုစိန်တွေကို ဈေးအသင့်အတင့်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
N-Z Very Light to Light (အဝါဖျော့မှ အဝါနု)
ပါတဲ့အဝါရောင်ကို သိသိသာသာြမင်ရပါတယ်။ တန်ဖိုးနည်းတဲ့ စိန်အမျိုးအစားဖြစ်ပါတယ်။
ဒီလောက်ဆိုရင် စိန်အရောင်တွေအကြောင်း သိသွားပြီထင်ပါတယ်။
မိတ်ဆွေတို့ရဲ့ စိန်တွေကရော GIA's D-to-Z Color Grading Scale အရ ဘယ် Grade ထဲမှာ ပါလဲ?
ကွန်းမန့်မှာ ပြောပြပေးသွားဦးနော်
11/11/2025
နူးညံ့ပြီးလျှို့ဝှက်ဆန်းကြယ်တဲ့ Moon Stone
ကျောက်မျက်ရတနာတွေထဲမှာ နူးညံ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အလှတရားနဲ့ ပြည့်နှက်နေတဲ့ ကျောက်တစ်မျိုးရှိပါတယ်။
အဲဒါကတော့ လကျောက် (Moonstone) ပါ။
လကျောက်ဟာ စိန်၊ ပတ္တမြားလိုမျိုး တောက်ပတဲ့ အလှမျိုး မဟုတ်ဘဲ လမင်းရဲ့ အေးချမ်းတဲ့ အလင်းရောင်ကို သိုလှောင်ထားသလိုမျိုး ထူးခြားတဲ့ ဆွဲဆောင်မှုမျိုးနဲ့ ကမ္ဘာတစ်ဝန်းက ကျောက်မျက်ချစ်သူတွေကို ဖမ်းစားထားနိုင်တဲ့ကျောက်ပါ။
(Moonstone): ကောင်းကင်ဘုံက ရတနာ
လကျောက်ရဲ့ အလှတရားဟာ သူ့ရဲ့ မျက်နှာပြင်ပေါ်မှာ အလင်းတန်း နူးနူးညံ့ညံ့ လှုပ်ရှားကစားနေတဲ့မြင်ကွင်းဖြစ်ပါတယ်။
ထူးခြားတဲ့ အလင်းရောင်ကစားခြင်း (Adularescence)
Moonstone ရဲ့ အဓိက ဆွဲဆောင်မှုကတော့ သိပ္ပံနည်းအရ Adularescence လို့ ခေါ်တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
ဒီကျောက်ဟာ သာမန်အားဖြင့် အရောင်မရှိသလောက်ဖြစ်ပြီး အဖြူ၊ နို့နှစ်ရောင်၊ သို့မဟုတ် အပြာနုရောင် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ အလင်းရောင်က ကျောက်မျက်အတွင်းထဲကို ဝင်ရောက်ပြီး သူ့ရဲ့ အတွင်းပိုင်းရှိ အလွန်သေးငယ်တဲ့ အလွှာလေးတွေ (lamellae) ကို ဖြတ်သန်းတဲ့အခါ ပြန့်ကျဲသွားပါတယ်။
ဒီလို ပြန့်ကျဲမှုကြောင့် နူးညံ့တဲ့အဖြူရောင် ဒါမှမဟုတ် အပြာရောင် "အလင်းတန်း" (Sheen) တစ်ခုဟာ ကျောက်မျက်ရဲ့ မျက်နှာပြင်အောက်မှာ ရွေ့လျားနေသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ ဒါကို မြင်ရတဲ့အခါ လရောင်က ကျောက်တုံးထဲမှာ ပိတ်မိနေသလို ခံစားရတာကြောင့် လကျောက် (Moonstone) လို့ အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။
Moonstone တွေထဲမှာလည်း အရည်အသွေး အမျိုးမျိုးရှိပါတယ်။
အပြာရောင် လျှပ်ပေါ်မှု (Blue Sheen): အပြာရောင် အလင်းတန်းဟာ နူးညံ့ပြီး မျက်နှာပြင်ပေါ် လွယ်လွယ်ကူကူ လှုပ်ရှားကစားနိုင်လေ၊ Moonstone ရဲ့ တန်ဖိုးက ပိုမြင့်လေ ဖြစ်ပါတယ်။
ကျောက်ရဲ့ နောက်ခံအရောင်ဟာ အရောင်မဲ့ပြီး ဖောက်ထွင်းမြင်နေရလေလေ အထဲက အလင်းတန်းက ပိုပြီး ထင်ရှားလေ ဖြစ်တာကြောင့် အဖိုးတန်ပါတယ်။
အရည်အသွေး အမြင့်ဆုံး Moonstone တွေကို သီရိလင်္ကာ နိုင်ငံကနေ အဓိက ရရှိပါတယ်။
Moonstone ဟာ စိန်၊ ပတ္တမြားလိုမျိုး မာကျောတဲ့ ကျောက်အမျိုးအစား မဟုတ်ပါဘူး။ ဒါကြောင့် လက်ဝတ်ရတနာအဖြစ် အသုံးပြုတဲ့အခါ ဂရုစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
မာဆင့် (Hardness)
Moonstone ရဲ့ မာဆင့် (Mohs scale) ဟာ ၆ မှ ၆.၅ သာ ရှိပါတယ်။ ဒါဟာ ပျမ်းမျှအဆင့် ဖြစ်ပြီး၊ စိန် (၁၀)၊ နီလာ/ပတ္တမြား (၉) တို့ထက် အများကြီး ပျော့ပါတယ်။
မာကျောတဲ့ မျက်နှာပြင်နဲ့ ထိမိရင် သို့မဟုတ် တခြားမာကျောတဲ့ ကျောက်မျက်တွေနဲ့ ရောပြီး သိမ်းဆည်းရင် ပျက်စီးနိုင်ပါတယ်။
အပူချိန်ပြောင်းလဲမှု မြင့်မားခြင်းနဲ့ အက်ဆစ်ပါဝင်တဲ့ သန့်စင်ပစ္စည်းများကို ရှောင်ရှားသင့်ပါတယ်။
Moonstone ကို ပျက်စီးမှု နည်းနိုင်တဲ့ ပုံစံတွေမှာ အသုံးပြုတာဟာ အကောင်းဆုံးပါပဲ။
နားဆွဲနှင့် ဆွဲကြိုး (Earrings & Pendants): အထိခိုက်နည်းတဲ့ နေရာတွေဖြစ်တဲ့အတွက် Moonstone ရဲ့ အလှကို အပြည့်အဝ ခံစားနိုင်ပြီး အသင့်တော်ဆုံး ဖြစ်ပါတယ်။
လက်စွပ် (Rings): လက်စွပ်အနေနဲ့ ဝတ်ဆင်မယ်ဆိုရင် နေ့စဉ်သုံး လက်စွပ်ထက် အပြင်ထွက်မှ ဝတ်ဆင်တဲ့ လက်စွပ်အဖြစ် အသုံးပြုသင့်ပါတယ်။
(Protective Settings): ကျောက်ကို ဘေးဘက်ကနေ ကာကွယ်ပေးတဲ့ (Bezel Setting) လိုမျိုး ပုံစံမျိုးကို ရွေးချယ်သင့်ပါတယ်။
Moonstone ကို လက်ဝတ်ရတနာအဖြစ် သုံးဖို့ သင့်တော်ပါတယ်၊ ဒါပေမဲ့ မာကျောမှုနည်းတဲ့ ကျောက်ဖြစ်တဲ့အတွက် ဂရုတစိုက် ကိုင်တွယ်ဖို့နဲ့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
1194,35