HARP Organization
31/10/2025
"Franca Viola: အီတလီသမိုင်းကို ပြောင်းလဲ
စေခဲ့သူ"
သူမ အသက် ၁၇ နှစ်မှာ သူ့အားအဓမ္မကျင့်သူနဲ့ လက်ထပ်ဖို့ ဥပဒေက ဖိအားပေးခဲ့ပါတယ်—မဟုတ်ရင်တော့ ဂုဏ်သိက္ခာအပြီးအပိုင် ပျက်စီးမယ်ပေါ့။
ဒါပေမယ့်သူကတော့ “မလုပ်နိုင်ဘူး” လို့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
၁၉၆၅ ခုနှစ်မှာ Sicily ပြည်နယ် Alcamo မြို့က ဆယ်ကျော်သက်မိန်းကလေး တစ်ဦးဖြစ်တဲ့ Franca Viola ဟာ အီတလီသမိုင်းကို ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် သူ အသက်ရှင်ဖို့ လိုအပ်ခဲ့တာပေါ့။
Franca ဟာ Mafiaဂိုဏ်း နဲ့ အဆက်အသွယ်ရှိပြီး ငြင်းပယ်တာကို လက်မခံနိုင်တဲ့ လူဆိုး Filippo Melodia လက်မှာ အညံ့မခံခဲ့ပါဘူး ။
ဒါကြောင့် ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ Melodia နဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဟာ သူတို့ မိသားစုအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
သူတို့က Franca ရဲ့ အမေကို ရိုက်နှက်ခဲ့ပြီး Franca နဲ့ သူမကို ကာကွယ်ဖို့ အသည်းအသန် ကြိုးစားခဲ့တဲ့ ၈ နှစ်သားလေး Mariano ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။
Mariano ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ Franca ကိုတော့ ပြန်မလွှတ်ခဲ့ပါဘူး။
သူ့ကို ရှစ်ရက်ကြာ ဖမ်းဆီးထားခဲ့ပြီး မုဒိမ်းကျင့်၊ ခြောက်လှန့်ကာ တိုက်ခိုက်သူနဲ့ လက်ထပ်ဖို့ ဖိအားပေးခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ ၁၉၆၅ ခုနှစ် အီတလီမှာ လက်ထပ်ခြင်းဟာ တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်ပြီး ဥပဒေ လည်း ဖြစ်နေလို့ပါ။
အီတလီ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၄၄ (Article 544 of the Italian Penal Code) အရ မုဒိမ်းကျင့်သူဟာ သားကောင်နဲ့ လက်ထပ်မယ်ဆိုရင် အပြစ်ဒဏ်အားလုံးကနေ လွတ်မြောက်ခွင့် ရရှိမည် ဆိုပြီး သတ်မှတ်ထားလို့ပါ။ ဒါကို "matrimonio riparatore"—"ဂုဏ်သိက္ခာ ပြန်လည်ထိန်းသိမ်းခြင်း လက်ထပ်ပွဲ" လို့ ခေါ်ပါတယ်။ ဒါဟာ မုဒိမ်းကျင့်ခံရခြင်းကြောင့် ပျက်စီးသွားတဲ့ အမျိုးသမီးရဲ့ "ဂုဏ်သိက္ခာ" ကို ဒီလို လက်ထပ်ခြင်းက ပြန်လည် "ထိန်းသိမ်း" ပေးလိမ့်မယ် ဆိုတဲ့ ခေတ်နောက်ကျတဲ့ အတွေးအခေါ် ကြောင့်ပါပဲ။
ဒါပေမယ့် ဒါဟာ ရှေးခေတ်သမိုင်း မဟုတ်ပါဘူး။ ၁၉၆၅ ခုနှစ်ပါ—အမေရိကန်က ဗီယက်နမ်ကို တပ်တွေ စေလွှတ်တဲ့ နှစ်ပါ။
Franca ကို ရှစ်ရက်အကြာ နောက်ဆုံး လွှတ်ပေးလိုက်ချိန်မှာ လူတိုင်း—သူ့ရဲ့ရပ်ရွာ၊ လူ့အဖွဲ့အစည်း၊ သူ့မိသားစုဝင်အချို့ပါမကျန်က—အမျိုးသမီးတွေ အမြဲလုပ်လေ့ရှိတဲ့အတိုင်း လက်ထပ်လိမ့်မယ် လို့ မျှော်လင့်ခဲ့ကြပါတယ်။
Franca Viola က တော့ “မလုပ်နိုင်ဘူး” ပါပဲ။
သူ့ ဖခင်ရဲ့ ထောက်ခံမှုနဲ့အတူ Filippo Melodia နဲ့ လက်ထပ်ဖို့ငြင်းဆိုခဲ့ပြီး တရားစွဲဆိုခဲ့ပါတယ်။
ချက်ချင်းဆိုသလို ပြင်းထန်တဲ့ အတိုက်အခံတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ သူမရဲ့ မိသားစုကို ရှောင်ဖယ်ခဲ့ကြပါတယ်။ သူတို့ရဲ့ လယ်ကွင်းတွေကို မီးရှို့ခဲ့ကြတယ်။
သူတို့ရဲ့ နာမည်ဟာလည်း ဂုဏ်သိက္ခာ ပျက်ပြားမှုရဲ့ အဓိပ္ပာယ် ဖြစ်လာခဲ့ပါတယ်။
ဂုဏ်သိက္ခာဆိုင်ရာ စည်းကမ်းတွေ အမြစ်တွယ်နေပြီး Mafia သြဇာ လွှမ်းမိုးမှု ကြီးမားတဲ့ Sicily မှာ ဒီအစဉ်အလာကို ဆန့်ကျင်တာဟာ အလွန်အန္တရာယ်များတဲ့ လုပ်ရပ် ပါ။
ဒါပေမဲ့ Franca က နောက်မဆုတ်ခဲ့ပါဘူး။
တရားခွင်ဟာ နိုင်ငံတစ်ဝန်းလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် အီတလီနိုင်ငံသားတွေဟာ မုဒိမ်းကျင့်သူတွေကို ကာကွယ်ပြီး သားကောင်တွေကို အပြစ်ပေးတဲ့ ဥပဒေရဲ့ ကြောက်မက်ဖွယ်ရာ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ သတင်းစာတွေကလည်း အသေးစိတ်အချက်တိုင်းကို ဖော်ပြခဲ့ကြပါတယ်။
အီတလီနိုင်ငံဟာ- (၁)Franca ရဲ့ သတ္တိကို ထောက်ခံသူတွေ နဲ့ (၂) မိသားစုကို "အရှက်ရစေသူ" အဖြစ် ပြစ်တင်ရှုတ်ချသူ- တွေအကြား နှစ်ဖွဲ့ ကွဲပြားသွားခဲ့ပါတယ်။
၁၉၆၆ ခုနှစ်မှာတော့ Filippo Melodia ကို ပြစ်မှုစီရင်ပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပါတယ်။
Franca Viola ဟာ အီတလီသမိုင်းမှာ "ဂုဏ်သိက္ခာ ပြန်လည်ထိန်းသိမ်းခြင်း လက်ထပ်ပွဲ" ကို လူသိရှင်ကြား ငြင်းဆန်ခဲ့ပြီး မုဒိမ်းကျင့်သူကို အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။
ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲက ကြီးမားခဲ့ပါတယ်။ အီတလီသမ္မတ Giuseppe Saragat က သူမကို လက်ခံတွေ့ဆုံခဲ့တဲ့အပြင် Pope Paul VI—ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်—သူမနဲ့ တွေ့ဆုံခဲ့ပြီး အခြေခံကျတဲ့ အရာတစ်ခု ပြောင်းလဲနေပြီဆိုတာကို အသိအမှတ်ပြုခဲ့ပါတယ်။
၁၉၆၈ ခုနှစ်မှာ Franca ဟာ "ဂုဏ်သိက္ခာ ပျက်စီးသွားတဲ့" အမျိုးသမီးအဖြစ် မဟုတ်ဘဲ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင်တဲ့ ငယ်သူငယ်ချင်း Giuseppe Ruisi နဲ့ လက်ထပ်ခဲ့ပါတယ်။
သူတို့ရဲ့ လက်ထပ်ခြင်းက အကြမ်းဖက်မှုရဲ့ သားကောင်တွေဟာ ချစ်ခြင်း၊ လေးစားခြင်းနဲ့ ပုံမှန်ဘဝတွေ ရထိုက်တယ်ဆိုတာကို ထင်ရှားစေတဲ့ မြင့်မြတ်တဲ့ လက်ထပ်ခြင်းပါပဲ။
ဒါပေမဲ့ ဥပဒေက ချက်ချင်းမပြောင်းလဲခဲ့ပါဘူး။ ပုဒ်မ ၅၄၄ ဟာ ဆက်လက်တည်ရှိနေခဲ့ပါတယ်။
နောက်ထပ် ၁၅ နှစ် ကြာတဲ့အထိ တောင်ပေါ့။ ၁၅ နှစ်ကြာအောင် တက်ကြွလှုပ်ရှားမှုတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲမှုတွေ၊ အမျိုးသမီး ရေးရာ တက်ကြွ လှုပ်ရှားသူတွေကြောင့် နောက်ဆုံး ၁၉၈၁ ခုနှစ်မှာတော့
အီတလီပါလီမန်ဟာ "ဂုဏ်သိက္ခာ ပြန်လည်ထိန်းသိမ်းခြင်း လက်ထပ်ပွဲ" ဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။
မုဒိမ်းကျင့်သူတွေဟာ သူတို့ရဲ့ သားကောင်တွေနဲ့ လက်ထပ်မယ် ဆိုရုံမျှနှင့် တရားဥပဒေကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး။
Franca Viola ရဲ့ ဇာတ်လမ်းဟာ ဘဝတစ်လျှောက်လုံး အနိုင်ကျင့်ခံခဲ့ရပြီး ဂုဏ်သိက္ခာကို မှားယွင်းတဲ့ ဥပဒေတွေရဲ့ ထောင်ချောက်ထဲမှာ ပိတ်မိခံရတဲ့ အမျိုးသမီးတွေအားလုံးအတွက် မီးအိမ်ရှင် ဖြစ်ပါတယ်။
သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး "No" လို့ ငြင်းဆိုပိုင်ခွင့်ကို ရွေးချယ်ခဲ့တဲ့ လုပ်ရပ်ဟာ တစ်နိုင်ငံလုံးအတွက် ကျိန်စာတစ်ခုကို ဖြေဖျောက်လိုက်ခြင်း ပါပဲ။
လူ့အဖွဲ့အစည်းတစ်ခုလုံးက လက်ထပ်စေချင်ခဲ့ပေမယ့် သူမကတော့ တရားမျှတမှုကို တောင်းဆိုခဲ့ပြီး မုဒိမ်းကျင့်သူကို ထောင်ထဲပို့ခဲ့ပါတယ်။
သူမတစ်ဦးတည်းရဲ့ သတ္တိက စုနှစ်ပေါင်းများစွာကြာ အမြစ်တွယ်နေတဲ့ မှားယွင်းတဲ့ ဥပဒေကို အပြီးတိုင် ဖယ်ရှားပစ်ခဲ့တာပါ။
SharingMyanmar
Crd
02/10/2024
02/10/2024
မသီတာ(စမ်းချောင်း) - နွေဦးယဉ်ကျေးမှု (culture) ကို တည်ဆောက်ကြစို့ MoeMaKa Burmese Community News, Media & Literature Site, Burma Myanmar
07/06/2024
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
[email protected]