Khet's Handmade

Khet's Handmade

Share

Photos from Khet's Handmade's post 02/11/2025

ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး ဖားအိတ် နောက်တစ်အိတ်ပေါ့

Khet's Handmade Zizar Khet

Photos from Khet's Handmade's post 09/10/2025

ဒါလေးတွေကတော့ customer ကိုယ်တိုင် ရိုက်ပို့ပေးတာလေးတွေပါ
အိတ်လေးရဲ့ အသေးစိတ်ကို မန့်ထဲမှာ လင့်ခ်လေး ပြန်ချပေးထားမယ်နော်

နိဟွန်မှာမို့ Yukata လေးနဲ့ ရိုက်ပို့ပေးဦးမယ်ပြောပေမဲ့ ဒီက အရမ်းတင်ချင်နေပြီမို့ တင်နှင့်လိုက်ပြီ ဟီး

Khet's Handmade Khet Zizar

Photos from Khet's Handmade's post 08/10/2025

ပန်းပွင့်အိတ်ကိုမှ စိတ်ကြိုက် Customized order လေးပါ 🌸

ခရမ်းရောင်လေးကို နုရာကနေ ရင့်သွားတဲ့ အအသွေးဆင်မျိုးလေး ကြိုးကိုလည်းချည်ကြိုးနဲ့အပြင် အဖြုတ်အတပ်လုပ်လို့ရ၊ ခေါက်ပိုက်ဆံအိတ်ထည့်လို့ဆန့်တဲ့ 3cm ထုလေးနဲ့ပါ။ တစ်ပုံချင်းစီ အသေးစိတ်လေး ဝင်ကြည့်ပေးကြနော် 💜

စိတ်ကြိုက်အော်ဒါလေးတွေ လက်ခံနေပါတယ်နော်

Zizar Khet Khet's Handmade

Photos from Khet's Handmade's post 05/10/2025

မနှစ်က အမှတ်တရတွေ

Photos from Khet's Handmade's post 04/09/2025

ဖားအိတ်လေး နောက်တစ်အိတ်

ဒီတစ်ခေါက်တော့ ဖုန်းထည့်ရုံတင်မကတဲ့ နည်းနည်းဝဝဖားပြဲလေး

Zizar Khet Khet's Handmade

17/08/2025

Shopping Bag လေးနော် ( ͡° ͜ʖ ͡° )

ပုံ ခွက်ဒစ်

Photos from Khet's Handmade's post 12/08/2025

2 ways net bag လေးနဲ့ Pencil case အမှာလေးပါ။ 2 ways bag ဆိုတဲ့ အတိုင်း ကြိုးလေးကို အတိုရော အရှည်ရော ဆွဲပြီးလိုသလိုလွယ်လို့ရပါတယ်။ net bag ဆိုပေမဲ့ ​နည်းနည်းလေး ပိုတောာင့်အောင် အပေါက်ကလေးတွေ သေးထားပါတယ်။

တကယ်တော့ ဒီလို အပေါက်ပါတဲအိတ်တွေဟာ croc ဖိနပ်လိုပဲ အပေါက်တွေမှာ charms လေးတွေ ကြိုက်သလောက် တပ်လို့ရတာမျိုးပါ။ အခုမှာထားတာလေးကတော့ ပင်လယ်ဘက်ယိမ်းတာလေးပေါ့။ ကိုယ် ဘယ်လို charm လေးတွေ သုံးချင်တယ်ဆိုတာပေါ် မူတည်မှာလို့ရသလို အိတ်အောက်ခံကို ပင်တိုင်ထားပြီး charms လေးတွေပဲ set လိုက် လဲတပ်ရင်ကို အမြဲသစ်လွင်တဲ့ စတိုင်တစ်ခုကို ဖန်တီးလို့ရမှာပါ 💚

Pencil case လေးကတော့ ထည့်သာပြတာပါ အရေးပေါ်ချုပ်တာ စောင်းသွားလို့ မသေမသပ်ဖြစ်သွားတဲ့ failed project လေးပါ။ နမူနာကြည့်လို့ရအောင်သာ ထည့်ပြတာပါ။

Khet's Handmade Zizar Khet

07/08/2025

ဒါမျိုး လိုချင်ကြလားဟင် 😗

Crochet Pizza Slice Bandana😍

Photos from Khet's Handmade's post 05/08/2025

တစ်ခေါက်က Instock ဆိုတဲ့ ​လင့်ခ်ထဲက အိတ်လေး ကိုယ်တိုင်ပဲ ယူလိုက်ပါပြီ။
https://www.facebook.com/share/p/1FUbpduLHo/

အမှာအိတ်တို့ အဝတ်တို့ကို လူမှာ ဝတ်ပြလေ့မရှိတာမို့ အခုအိတ်ကတော့ ကိုယ်တိုင်ယူလိုက်ပြီမို့ မြင်သာအောင် လွယ်ပြထားပါတယ်နော်။ ပုလဲကြိုးလေးနဲ့မဟုတ်ဘဲ သားရေကြိုးလေးနဲ့ကိုမှ အတို အလတ် အရှည် ပုခုံး စလွယ် ကြိုက်သလိုလွယ် ကြည့်လှနေမှာမျိုးလေးပါ။

အနက်ရောင်စိုစိုလေး🖤 အနီရောင်တောက်တောက်လေး❤ကို တစ်ရောင်တည်းသီးသန့် လယ်ဿာကြိုးရှည်လေးနဲ့ဆိုရင် ရမ်းမိုက်မှာ။ မဟုတ်လည်း ဆင်စွယ်ရောင်လေး နံသာရောင်လေးကိုမှ ပုလဲကြိုးလေးဖြစ်ဖြစ်၊ ဒါမှမဟုတ် နှစ်ဖက်လုံးအလှလုပ်ပြီး ကိုင်းအမာအကြည်လေးတပ်ရင်လည်း ပွဲတက် အထိ သင့်တော်သောနော်။ 👑

ပုံကတော့ အပေါ် လင့်ခ်ထဲ အသေးစိတ်ရေးပြထားသလို ချည်ကျန်တွေနဲ့ ထိုးထားတာလေးပါ။ (link ထဲကဈေးကတော့ လုံးဝ မရဘူးနော် အဲ့ဒါ ချည်ကျန်ဈေးပါရှင့်)

ကိုယ်လိုချင်တဲ့ အရောင်စပ် ချည်အမျိုးအစား ကြိုး/ကိုင်း လေးတွေပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါမယ်နော်။ Order confirm ဖို့ Half prepaid ပါ။ ဒါလေးကတော့ ကြာချိန် ၄ ရက်ကနေ တစ်ပတ်ပါ။

Khet Zizar

Photos from Khet's Handmade's post 04/08/2025

မတ်တပ်လေးပဲ Instock နော်
ထိုင်နေတာလေးက ကိုယ့်မန်းသားဖို့ ထိုးပေးထားတာလေး လောဆယ် ခဏ ယှဉ်ပြတာ 😍

မတ်တပ်လေးကတောင် ဒီတစ်ရုပ်ပဲ အစမ်းထိုးဈေးနဲ့မို့ 15,000 နဲ့ ရတာနော်၊ ဖားအကိတ်လေးတောင် ၉၀၀၀ ဝန်းကျင်ရှိတာ သိတယ်ဟုတ်

Order မှာမယ်ဆိုရင်တော့ ထိုင်ထိုင်ထထ သေးသေးကြီးကြီး ချည်အမျိုးအစား စိတ်ကြိုက်ပြောပြီး လာမှာလို့ရပါတယ်ရှင်

It's all about love and patience.
Khet's Handmade Khet Zizar

03/08/2025

ဖားပြားပြားလေး ခေတ်စားပြီးတော့ ဖားကိတ်ကိတ်လေး ခေတ်စားတယ်ဆိုလို့ ထိုးပြလိုက်ပါပြီနော်..🐸
ဈေးလေးကတော့ ခုလို ​ခြေလက်ပုတိုလေးနဲ့ဆို 8000 ကျပ်ပါ
ခြေလက် ရှည်ရှည်တွဲလောင်းလေး လိုချင်ရင်တောာ့ 9000 ကျပ်ပါ

ခု ဒါလေးကတော့ စားပွဲပေါ် ဟန်ချက်ညီညီထောင်ထားလို့ရတယ်နော်
နှစ်မျိုးလုံးကို ကီးချိန်းလေး ချိတ်စရာကြိုးလေး တက်ချင်ရင်လည်း ရပါတယ် ၅၀၀ ပိုယူပါတယ်။

Zizar Khet Khet's Handmade

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon