AM Learning
"TikTok မှာ View တွေတက်ပေမယ့် Order တွေမတက်လို့ စိတ်ညစ်နေလား?" 💸
ဒါဆိုရင်တော့ နည်းစနစ်မှန်မှန်နဲ့ Boost လုပ်ဖို့ လိုအပ်နေပါပြီ။ AM Learning ရဲ့ TikTok Boosting Class မှာ အကောင့်ဖွင့်ခြင်း၊ ဒေါ်လာ/Coin ဝယ်ယူနည်းကစလို့ ကိုယ်တိုင် Boost လုပ်တတ်တဲ့အထိ အသေးစိတ် သင်ကြားပေးနေပါတယ်။ လွယ်ကူစွာသင်ကြားပြသပေးထားတာဖြစ်တဲ့အတွက် နည်းပညာနဲ့ မရင်းနှီးသူတွေအတွက်ပါ အဆင်ပြေစေပါတယ်။
💡 ဒီသင်တန်းမှာ ဘာတွေထူးခြားလဲ?
• အခန်း (၁) မှ (၁၂) ထိ အသေးစိတ် Video ဖိုင်များဖြင့် သင်ကြားပေးခြင်း။
• မိမိကိုယ်တိုင်သာမက သူများအကောင့်ကိုပါ ဝန်ဆောင်မှုပေးနိုင်တဲ့အထိ တတ်မြောက်စေခြင်း။
• လွယ်ကူမြန်ဆန်စွာ တတ်မြောက်နိုင်စေမယ့် သင်ကြားမှုစနစ်။
သင်ခန်းစာတွေကိုတော့ Telegram နှင့် Facebook မှာ လေ့လာရမှာဖြစ်ပါတယ်။ သင်ခန်းစာဗီဒီယိုတွေကို ကြိုပြီး တင်ထားပေးမှာဖြစ်တဲ့အတွက် ၊ အချိန်ခဏပေးလိုက်ရုံနဲ့ သင်ခန်းစာအားလုံးကို ဆက်တိုက်လေ့လာနိုင်မှာပါ။
သင်တန်းက တသက်တာသင်တန်း( Lifetime class) ဖြစ်တဲ့အပြင် ၊ နားမလည်တဲ့ သင်ခန်းစာတွေကိုလည်း Telegram ၊ Viber ၊ Messenger ကနေ အချိန်မရွေးမေးမြန်းလို့ရမှာဖြစ်ပါတယ်။
ပုံမှန်သင်တန်းကြေး ၁၀၀၀၀၀သိန်းကျပ်ဆိုပေမယ့်
၂၀၂၆နှစ်သစ်မှာ အထူးလျှော့ဈေး ၆၀,၀၀၀သောင်းကျပ်(၄၀%လျှော့ဈေး) အပြင် ၊ ၃၅၀၀၀တန် Content Writing Class ကိုပါအခမဲ့လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။
🔥 Discount အခွင့်အရေးကို လက်လွတ်မခံပါနဲ့!
📩 အသေးစိတ်သိရှိလိုပါက Chat Box မှာ မေးမြန်းနိုင်သလို 09 98 400 9946 ကိုလည်း ဖုန်းဆက်နိုင်ပါတယ်။
17/01/2026
ကိုယ့် Facebook အကောင့်ကို ဘယ်သူတွေဝင်သုံးနေလဲ ဆိုတာ ကြည့်နည်း ။
16/08/2025
ကိုယ့်Fcaebookအကောင့်ကိုဘယ်သူဝင်သုံးနေလဲကြည့်နည်း၊ရှင်းထုတ်နည်း 📣
📌ရည်းစားဘဝမှာ အကောင့်တစ်ခုကို အတူတူသုံးရင်း ပြတ်သွားလို့ ကိုယ့်အကောင့်ထဲကနေ သူ့ကိုရှင်းထုတ်ချင်တဲ့သူတွေ 💔
📌ကိုယ်မသိဘဲ ကိုယ့်အကောင့်ကို ခိုးသုံးနေတဲ့သူတွေကို ရှင်းထုတ်ချင်တဲ့သူတွေ 🔫
📌အကောင့်သူခိုးတွေရဲ့ရန်ကနေကာကွယ်ချင်တဲ့သူတွေအတွက် ပုံထဲကအတိုင်း လိုက်လုပ်ကြည့်ပါ။
လွယ်ကူလေ့လာအေအမ်အယ်
15/08/2025
တယ်လီဂရမ် အကောင့်အမျိုးအစား(၂)ခုရှိတယ်ဆိုတာသိပြီးပြီလား📣
ဟုတ်ပါတယ် နေ့စဉ်သုံးနေတဲ့ တယ်လီဂရမ် အကောင့်အမျိုးအစား(၂)မျိုးရှိပါတယ်။
(၁) တယ်လီဂရမ် (အခမဲ့)
ဒီအမျိုးအစားကတော့ အခကြေးငွေပေးစရာမလိုဘဲ အသုံးပြုလို့ရတဲ့ တယ်လီဂရမ် အကောင့်ဖြစ်ပါတယ်။
(၂) တယ်လီဂရမ် (ပရီမီယံ)
ဒီအမျိုးအစားကတော့ အခကြေးငွေသုံးပြီး အသုံးပြုရတဲ့ အကောင့်အမျိုးအစားဖြစ်ပါတယ်။ (၁)လစာ၊(၃)လစာ၊(၆)လစာ၊(၁)နှစ်စာ စသဖြင့် ဝယ်ယူအသုံးပြုလို့ရပါတယ်။ (၁)လစာအတွက် ၉၀၀၀ကျပ် ပေးရပါတယ်။
📌အခမဲ့သုံးလို့ရတဲ့ တယ်လီဂရမ် အကောင့်နှင့် ပိုက်ဆံပေးသုံးရတဲ့ တယ်လီဂရမ် အကောင့် နှစ်ခုရဲ့ ကွာခြားမှု့တွေကို ဗီဒီယိုမှာဖော်ပြထားပါတယ်။
လွယ်ကူလေ့လာအေအမ်အယ်
#တယ်လီဂရမ်
📣Viber အကောင့်ဖွင့်နည်း
📌Viber အကောင့်ဖွင့်နည်း တောင်းဆိုထားတဲ့ သူတွေအတွက်ပါ ။
📌လူမေးများလွန်းတဲ့ Telegram အကောင့်ဖွင့်နည်း
Telegram အကောင့်ဖွင့်တဲ့အခါ ဖုန်းနံပါတ်၊Gmail နှစ်ခုလုံးထည့်ရပါတယ်။
တစ်ခုသတိထားရမှာက ကုဒ်မကျဘူးဆိုရင် (၂၄) နာရီစောင့်ရတာမျိုးရှိတတ်ပါတယ်။
🔴အကောင့်မဖွင့်ခင်ဒီအချက်တွေကို စစ်ကြည့်ပါ
(၁)ဖုန်းနံပါတ်က အကောင့်ဖွင့်ပြီးသား နံပါတ်ဖြစ်နေလား?
⚠️အကောင့်ဖွင့်ပြီးသားနံပါတ်ဆိုရင် ကုဒ်နံပါတ်က အရင်သုံးခဲ့တဲ့ ဖုန်းအဟောင်းရဲ့ Telegram အပလီကေးရှင်းထဲမှာ ကျမှာဖြစ်တဲ့အတွက် လက်ရှိဖုန်းထဲကို Message ဝင်မှာမဟုတ်ပါ။
(ဒီဟာကအများဆုံးဖြစ်လေ့ရှိတဲ့အကောင့်ဖွင့်လို့မရတာ၊ Message မကျတာရဲ့အကြောင်းတရားပါ၊
‼️Sim card တော်တော်များများက ကိုယ့်နာမည်နဲ့မှတ်ပုံမတင်ထားရင် အဲ့ဒီနံပါတ်တွေက Telegram အကောင့်ဖွင့်ထားပြီးသားနံပါတ်တွေဖြစ်နေတတ်ပါတယ်)
(၂) Telegram အကောင့်မဖွင့်ခင် VPN ပိတ်ပါ။ Flight mode ဖွင့်ပါ။ ဖွင့်ပြီးရင်ပြန်ပိတ်ပါ။လိုင်းပြန်ဖွင့်ပါ ပြီးမှ အကောင့်ဖွင့်ပါ။
(၃)ဖုန်းလိုင်းကောင်းဖို့လိုပါတယ်၊ အင်တာနက်လိုင်းကောင်းဖို့လိုပါတယ်။
ဒီ(၃)ချက်ကို အရင်စစ်ကြည့်ပါခင်ဗျ။ အားလုံးအဆင်ပြေကြပါစေ🙏
📣နောက်ထပ်မကြာခဏကြုံတတ်တဲ့ ဒစ်ဂျစ်တယ်နှင့်အွန်လိုင်း ပြဿနာ ဖြေရှင်းနည်းတွေကိုလည်း တင်ပေးနေမှာဖြစ်လို့ Follow နှိပ်ခဲ့ပါဦးနော်
"လွယ်ကူလေ့လာ AML"
#လွယ်ကူလေ့လာaml
08/06/2025
Telegram အကောင့်လွယ်ကူစွာဖွင့်နည်း 🤗
Telegram ခေတ်မှာ Telegram အကောင့်တစ်ခုရှိဖို့တော့ လိုတယ်နော်။
Telegram အကောင့်ကို လွယ်ကူစွာလုပ်ချင်ရင်တော့ ပုံလေးတွေအတိုင်း တစ်ဆင့်ခြင်းစီ လုပ်သွားလို့ရပါတယ်။ အကောင့်ဖွင့်လို့အဆင်မပြေသေးရင် Chat Box မှာလာမေးလို့ရပါတယ်။
"လွယ်ကူလေ့လာ AML "
06/06/2025
TikTok အကောင့်လွယ်ကူစွာဖွင့်နည်း ✌️
TikTok ကနေ ကိုယ့်ရဲ့လုပ်ငန်းကို လူသိများစေဖို့ ၊ ငွေရှာဖို့အတွက်ဆိုရင် TikTok အကောင့်ရှိမှရပါမယ်နော် ။ TikTok အကောင့်ကို လွယ်လွယ်ကူကူဖွင့်ချင်ရင်တော့ ဒီ Post ကိုကြည့်ပြီး လွယ်ကူစွာဖ္ငင့်လို့ရပါပြီ။
"လွယ်ကူလေ့လာ AML"
ောင့်ဖွင့်နည်း
01/06/2025
Facebook အကောင့်ကို လွယ်ကူစွာဖွင့်နည်း ✌️
❗Facebook အကောင့်တစ်ခုဖွင့်ဖို့ ခက်ခဲနေတယ်ဆိုရင် ဒီပုံလေးတွေကို ကြည့်ပြီး တစ်ဆင့်ခြင်းစီလိုက်လုပ်ကြည့်လိုက်ပါ။လုပ်နေရင်း အဆင်မပြေတာ ရှိခဲ့ရင် Messenger ကနေ မေးမြန်းလို့ရပါတယ်။ နည်းပညာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို လွယ်ကူရိုးရှင်းစွာ မျှဝေပေးနေတာဖြစ်လို့ Page ကို Like and Follow လုပ်ထားပြီး စောင့်ကြည့်လို့ရပါတယ်ခင်ဗျ။ 🤗
"လွယ်ကူလေ့လာ AML"
31/05/2025
Gmail အကောင့်ကို လွယ်ကူစွာဖွင့်နည်း 🙌
📌နည်းပညာခေတ်မှာ လူတိုင်းGmail အကောင့်တစ်ခုတော့ရှိထားဖို့လိုပါတယ်။ Gmail အကောင့်တစ်ကောင့်ရှိရုံနဲ့ အင်တာနက်ပေါ်မှာ လူမှု့ကွန်ရက်အကောင့်များအပြင်တခြားသော အကောင့်များကိုပါ လွယ်ကူစွာဖွင့်လို့ရမှာဖြစ်ပါတယ်၊၊အဲ့ဒီအတွက် Gmail အကောင့်တစ်ခုကို လွယ်ကူစွာနဲ့ ဘယ်လိုဖွင့်ရမလဲဆိုတာကို တစ်ပုံချင်းစီ ရှင်းပြထားပေးပါတယ်။တစ်ဆင့်ခြင်းစီကို သေချာလိုက်လုပ်မယ်ဆိုရင် Gmail အကောင့်တစ်ခုကို အချိန်တိုအတွင်းဖွင့်နိုင်မှာဖြစ်ပါတယ်။ အဆင်မပြေတာခဲ့ရှိရင် Messenger ကနေ အချိန်မရွေးမေးလို့ရပါတယ်ခင်ဗျ။
လွယ်ကူလေ့လာ "AML" 🙋
30/05/2025
𝑬𝒎𝒂𝒊𝒍ဆိုတာဘာလဲ၊ 𝑬𝒎𝒂𝒊𝒍ဘယ်နှစ်မျိုးရှိလဲ...
🙋ဒီနေ့မှာတော့ အွန်လိုင်းပေါ်မှာအလုပ်လုပ်နေရတဲ့သူတွေအတွက် သိထားသင့်တဲ့ Email အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။
📭အရင်ခေတ်က စာပို့တဲ့အခါ စာရွက်တွေကို အဓိကအသုံးပြုပြီး စာတိုက်ကနေတဆင့် ပေးပို့ကြတယ်၊ လက်ခံကြပါတယ်။နည်းပညာတွေတိုးတက်ပြောင်းလဲလာတဲ့အခါ Emailကနေတဆင့် စာပို့တဲ့ စနစ်ထွန်းကားလာခဲ့ပါတယ်။Emailရဲ့အရှည်ကတော့ "Electronic Mail" ဖြစ်ပါတယ်။Emailတွေကို အဓိကအားဖြင့် (၂)မျိုးအသုံးပြုကြပါတယ်။ဝယ်ယူသုံးစွဲရတဲ့ Email နှင့် အခမဲ့သုံးလို့ရတဲ့ Emailတို့ဖြစ်ပါတယ်။ဝယ်ယူသုံးစွဲရတဲ့ Email ကျတော့ (၁)နှစ်စာ(၂)နှစ်စာ (၅)နှစ်စာ ဝယ်ယူရလေ့ရှိပြီး၊သက်တမ်းကုန်ပါက ပြန်ပြီးသက်တမ်းတိုးဝယ်ယူရပါတယ်။
📧လူသုံးများပြီး၊ အခမဲ့သုံးလို့ရတဲ့ Email တွေကတော့ 𝖦𝗈𝗈𝗀𝗅𝖾 𝖬𝖺𝗂𝗅 ၊𝖸𝖺𝗁𝗈𝗈 𝖬𝖺𝗂𝗅 ၊𝖮𝗎𝗍𝗅𝗈𝗈𝗄 𝖬𝖺𝗂𝗅 တို့ဖြစ်ကြပါတယ်။မြန်မာပြည်မှာအများဆုံးအသုံးပြုကြတာကတော့ "Gmail"လို့ခေါ်တဲ့ "Google Mail" အမျိုးအစားဖြစ်ပါတယ်။
📌နည်းပညာနဲ့ပတ်သက်ပြီး လူတိုင်းသိထားသင့်တဲ့ အကြောင်းအရာတွေကို မျှဝေပေးနေမှာဖြစ်လို့ AM Learing ကို Like and Follow လုပ်ပြီး စောင့်ကြည့်လို့ရပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
11041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |