Myanmarcarmarkets.com

Myanmarcarmarkets.com

Share

Photos from Myanmarcarmarkets.com's post 18/02/2020

Peugeot ရဲ႕ 10% Down Payment ေပးသြင္း႐ုံျဖင့္ ရရွိႏိုင္မည့္ အထူးအခြင့္အေရး
================================================================================================
Peugeot Showroom မွ ကားမ်ားကို ကားတန္ဖိုး၏ 10% ေပးသြင္း႐ုံျဖင့္ ဝယ္ယူႏိုင္ၿပီး အထူးအခြင့္ အေရးမ်ား ခံစားရမည့္အျပင္ Europe Countries မ်ားကိုပါ အခမဲ့သြားေရာက္ႏိုင္မည့္ အခြင့္အေရးတစ္ခုျဖစ္ေသာ “ PEACE of MIND with Peugeot ” Promotion ကို က်င္းပ သြားမည္ျဖစ္သည္။
Peugeot Showroom မွ ကားမ်ားကို ေဖေဖာ္ဝါရီလအတြင္း ၀ယ္ယူမည့္ Customers မ်ားအတြက္
- (10%) ကနဦးေပးသြင္းေငြ
- (7) ႏွစ္အရစ္က် အစီအစဥ္
- (3) ႏွစ္အတြင္း မိမိကားအခမဲ့ျပဳျပင္မႈမ်ား
- (3) ႏွစ္အတြင္း ကားမေတာ္တဆမႈမ်ားအတြက္ အလုံးစုံအာမခံခ်က္
- (3) ႏွစ္အတြင္း Official warranty
ကဲ့သို႔ေသာ အထူးအခြင့္အေရးမ်ားျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္သည္။
ထို႔အျပင္18.1.2020 မွ 31.3.2020 အတြင္း ၀ယ္ယူမည့္ Customers မ်ားထဲမွ Winner တစ္ဦး ေရြးခ်ယ္သြားမည္ျဖစ္ၿပီး winner ျဖစ္သူက Peugeot Head Office တည္ရွိရာ ကမာၻ႔လည္ပတ္မႈ အမ်ားဆုံးစာရင္းဝင္ ပဲရစ္ၿမိဳ႕ေတာ္အပါအ၀င္ ျပင္သစ္ - ဂ်ာမနီ - ဆြစ္ဇလန္- အီတလီၿမိဳ႕ တို႔ရွိ အထင္ကရေနရာမ်ားသို႔ အေကာင္းဆုံးဝန္ေဆာင္မႈမ်ားႏွင့္ စရိတ္ၿငိမ္း သြားေရာက္ လည္ပတ္ႏိုင္မည္ျဖစ္သည္။
အေသးစိတ္အခ်က္အလက္မ်ားအတြက္ 09969707777 သုိ႔ ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။



(Unicode)
Peugeot ရဲ့ 10% Down Payment ပေးသွင်းရုံဖြင့် ရရှိနိုင်မည့် အထူးအခွင့်အရေး
================================================================================================
Peugeot Showroom မှ ကားများကို ကားတန်ဖိုး၏ 10% ပေးသွင်းရုံဖြင့် ဝယ်ယူနိုင်ပြီး အထူးအခွင့် အရေးများ ခံစားရမည့်အပြင် Europe Countries များကိုပါ အခမဲ့သွားရောက်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သော “ PEACE of MIND with Peugeot ” Promotion ကို ကျင်းပ သွားမည်ဖြစ်သည်။
Peugeot Showroom မှ ကားများကို ဖေဖော်ဝါရီလအတွင်း ဝယ်ယူမည့် Customers များအတွက်
- (10%) ကနဦးပေးသွင်းငွေ
- (7) နှစ်အရစ်ကျ အစီအစဉ်
- (3) နှစ်အတွင်း မိမိကားအခမဲ့ပြုပြင်မှုများ
- (3) နှစ်အတွင်း ကားမတော်တဆမှုများအတွက် အလုံးစုံအာမခံချက်
- (3) နှစ်အတွင်း Official warranty
ကဲ့သို့သော အထူးအခွင့်အရေးများဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့အပြင်18.1.2020 မှ 31.3.2020 အတွင်း ဝယ်ယူမည့် Customers များထဲမှ Winner တစ်ဦး ရွေးချယ်သွားမည်ဖြစ်ပြီး winner ဖြစ်သူက Peugeot Head Office တည်ရှိရာ ကမ္ဘာ့လည်ပတ်မှု အများဆုံးစာရင်းဝင် ပဲရစ်မြို့တော်အပါအဝင် ပြင်သစ် - ဂျာမနီ - ဆွစ်ဇလန်- အီတလီမြို့ တို့ရှိ အထင်ကရနေရာများသို့ အကောင်းဆုံးဝန်ဆောင်မှုများနှင့် စရိတ်ငြိမ်း သွားရောက် လည်ပတ်နိုင်မည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များအတွက် 09969707777 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Photos from Myanmarcarmarkets.com's post 10/02/2020

2020 Lexus RX Review
================================================================================================
ယခုေရးသားမည့္ 2020 Lexus RX Review သည္ ေျမာက္အေမရိကေဒသေစ်းကြက္သို႔ တင္ပို႔သည့္ Lexus RX ကို ေရြးခ်ယ္ေရးသားျခင္းျဖစ္သည္။ အျခားေသာ ေဒသ၊ ႏုိင္ငံ၊ ေစ်းကြက္မ်ားသို႔ တင္ပို႔ေရာင္းခ်သည့္ 2020 Lexus RX Model မ်ားႏွင့္ အခ်က္အလက္မ်ား ကြဲလြဲႏုိင္ပါမည္။
Lexus RX သည္ ျမန္မာႏုိင္ငံရွိ Lexus မ်ားႏွစ္သက္သည့္ Customer မ်ား အထူးရင္းႏွီးသည့္ Model ျဖစ္သည္။ Luxury SUV ျဖစ္သည့္အတြက္ စြယ္စံုအသံုးျပဳႏုိင္ၿပီး ႐ုပ္ထြက္လည္း လွပေသာေၾကာင့္ ကမၻာအႏွံ႔တြင္ ေအာင္ျမင္ၿပီး အလြန္ေရာင္းအားေကာင္းသည့္ Model လည္းျဖစ္သည္။ ဆန္းသစ္မႈကို အၿမဲစဥ္းစားဖန္တီးသည့္ Lexus သည္ RX Model ကိုလည္း 2020 အတြက္ ေျပာင္းလဲမႈအသစ္အခ်ိဳ႕ ျဖင့္ ထုတ္လုပ္လုိက္ၿပီး ၿပိဳင္ဆုိင္မႈမ်ားသည့္ Midsize SUV ေလာကအတြက္ စိတ္၀င္စားဖြယ္ Model အျဖစ္ ပါ၀င္လာမည္ျဖစ္သည္။ Lexus RX ကဲ့သို႔ ထင္ရွားသည့္ အျခား Brands မ်ားမွ Model မ်ားမွာ Acura MDX, Infiniti QX60, Audi Q7, Mercedes-Benz GLE Class တုိ႔ျဖစ္ၾကပါသည္။
Lexus ၏ L-Fitness ပံုစံရွိသည့္ Big Grille ကို ႏွစ္သက္သည့္ Fun မ်ားဆိုပါက 2020 RX ၏ Style ကို ယခင္ Model မ်ားကဲ့သို႔ ေက်နပ္လက္ခံမည္ျဖစ္သည္။ ၄င္းတြင္ ယခင္ Model မ်ားကဲ့သို႔ ဒီဇိုင္းဖန္တီးမႈကို ဆက္လက္ထည့္သြင္းထားမည္ျဖစ္ၿပီး Lower Bumper ဒီဇိုင္းႏွင့္ ႏွင္းခြဲမီးတုိ႔သည္ Style အသစ္ျဖစ္မည္။ အေရွ႕မီးႀကီးအား Triple Beam Slim LED ပံုစံအသစ္ကို ယခု 2020 တြင္ ထည့္သြင္းထားပါသည္။ သြယ္လ်သည့္ Body Style ႏွင့္အတူ အေနာက္ဖံုး ဒီဇုိင္းသည္လည္း ပံုစံျဖင့္ ဖြင့္ႏုိင္သည့္အတြက္ ပစၥည္းမ်ားျဖင့္ လက္မအားပါက လြယ္ကူစြာအသံုးျပဳႏုိင္မည္ျဖစ္သည္။
က်ယ္၀န္းသပ္ရပ္ၿပီး သားနားစြာ ခင္းက်င္းထားသည့္ RX ၏ အတြင္းခန္းထံုးစံအတုိင္း Quality ေကာင္းသည့္ ပစၥည္းမ်ားျဖင့္သာ ဖန္တီးထားပါမည္။ ထူးျခားခ်က္မွာ Touch Screen စနစ္အသစ္ပါ၀င္သည့္ Lexus ၏ Multimedia System ပံုစံအသစ္ကို စတင္ထည့္သြင္းထားကာ နာမည္ေက်ာ္ Apple CarPlay ႏွင့္ Android Auto အပါအ၀င္ အျခား Apps မ်ား၊ Functions မ်ား စံုလင္စြာ ထည့္သြင္းထားပါသည္။ 8-inch Screen ကို Optional အေနျဖင့္ ထည့္သြင္းထားပါသည္။ Ph အားသြင္းရန္ႏွင့္ အျခားအသံုးျပဳမႈမ်ားအတြက္ USB Port ၆ ခုအထိ ထည့္သြင္းထား၍ ဟန္က်ပါသည္။
ေျမာက္အေမရိကေစ်းကြက္သို႔ တင္ပို႔သည့္ RX Model တြင္ RX 350/RX 350L ႏွင့္ RX 540h/ RX 450hL ဟူ၍ ပံုစံ(၂)မ်ိဳးရွိၿပီး RX 350/RX 350L တု႔ိတြင္ အင္ဂ်င္အေနျဖင့္ 3.5L V6 Engine ဓာတ္ဆီအင္ဂ်င္ႏွင့္ 8-Speed Auto gear တုိ႔ တပ္ဆင္ထားၿပီး ေရွ႕ဘီးယက္စနစ္သည္ Standard ျဖစ္သည့္ AWD စနစ္ကို မွာယူရႏုိင္သည္။ RX 450h/RX450hL တုိ႔တြင္မူ 3.5L ဓာတ္ဆီအင္ဂ်င္ႏွင့္အတူ လွ်ပ္စစ္ေမာ္ကာ ၂ ခုေပါင္းစပ္ထားၿပီး CVT Autogear ျဖင့္ တြဲဖက္ထားပါသည္။ Suspension စနစ္အေနျဖင့္ ၾကံ့ခုိင္ထူထဲသည့္ Stabilizer Bar မ်ားအား အေရွ႕ႏွင့္ အေနာက္ ၀န္႐ိုးတုိ႔တြင္ တပ္ဆင္ထားၿပီး လမ္းၾကမ္းသံုးအတြက္ ယာဥ္ကိုတည္ၿငိမ္ေစမည့္ ေအာက္ပုိင္းစနစ္မ်ားအား အဆင့္ျမႇင့္တင္ထည့္သြင္းထားပါသည္။ ကားအေကြ႕မ်ားတြင္ ယာဥ္၏အရွိန္ကို ထိန္းေပးျခင္းျဖင့္ အႏၱရာယ္ကို ေလ်ာ့ခ်ေပးသည့္ Active Corner Braking စနစ္လည္း ပါ၀င္ပါသည္။ လူငယ္ႀကိဳက္ RX F Sport ကိုလည္း ၀င့္ၾကြားသည့္ ပံုစံျဖင့္ ဖန္တီးထားၿပီး Performance Damper မ်ား၊ Sport Plus ႏွင့္ စိတ္ႀကိဳက္ေရြးခ်ယ္ႏုိင္သည့္ Drive Model မ်ား စံုလင္စြာထည့္သြင္းထားသည့္အျပင္ ေလေအးခံသည့္ Intake, Active Variable Suspension, Active Sound Control စသည့္ Features မ်ားပါ၀င္သည့္ F Sport Performance Package ကိုလည္း မွာယူႏုိင္မည္ျဖစ္သည္။
Lexus သည္ Safety ပုိင္း အားအေတာ္ေကာင္းေအာင္ ႀကိဳးစားထားသည့္ Brand ျဖစ္သည့္အတြက္ 2020 RX Model မ်ားတြင္ တည္ေဆာက္သည့္ Structure မွစ၍ Active Safety ဆုိင္ရာမ်ားအထိ အေကာင္းဆံုး စီစဥ္ဖန္တီးထားပါသည္။ 2020 RX Model မ်ားတြင္ Lexus ၏ နာမည္ေက်ာ္ Lexus Safety System Plus 2.0 ေခၚ လံုၿခံဳေရးနည္းပညာေပါင္းစပ္အစုအား Model Lineup အားလံုးတြင္ ထည့္သြင္းထားမည္ျဖစ္ၿပီး ၄င္းတြင္ပါ၀င္သည့္ Safety ဆုိင္ရာနည္းပညာမ်ားမွာ အရွိန္အားလံုးအတြက္ ထိေရာက္စြာ ထိန္းခ်ဳပ္ႏုိင္သည့္ Adaptive Cruise Control, အေရးေပၚအလိုအေလ်ာက္ဘရိတ္စနစ္၊ လမ္းသြားလမ္းလာမ်ားအား သတိေပးသည့္စနစ္၊ Lane Keeping Assist, Automatic High-Beam ႏွင့္ Road Sign Assist စသည္တုိ႔ ပါ၀င္ပါမည္။
နိဂံုးခ်ဳပ္အေနျဖင့္ Toyota ၏ JDM Model အျဖစ္ ထင္ရွားသည့္ Toyota Harrier ၏ Upgrade Version အေနျဖင့္ ထုတ္လုပ္ထားေသာ Lexus RX သည္ အထူးညႊန္းဆိုရန္ မလိုအပ္သည့္ ကားေကာင္းတစ္စီး ျဖစ္သည္။ 2020 Model Year အတြက္ အဆင့္ျမႇင့္တင္မႈအခ်ိဳ႕ ျဖည့္စြက္ထားသည့္အတြက္လည္း အသစ္အဆန္းမ်ား ပါ၀င္မည့္ RX Model ကို ေစာင့္ေနသည့္ RX ခ်စ္သူမ်ားအႀကိဳက္ႏွင့္လည္း ထပ္တူက်မည့္ Model ျဖစ္ပါေၾကာင္း…။

# Seagull Myint


(Unicode)
2020 Lexus RX Review
================================================================================================
ယခုရေးသားမည့် 2020 Lexus RX Review သည် မြောက်အမေရိကဒေသဈေးကွက်သို့ တင်ပို့သည့် Lexus RX ကို ရွေးချယ်ရေးသားခြင်းဖြစ်သည်။ အခြားသော ဒေသ၊ နိုင်ငံ၊ ဈေးကွက်များသို့ တင်ပို့ရောင်းချသည့် 2020 Lexus RX Model များနှင့် အချက်အလက်များ ကွဲလွဲနိုင်ပါမည်။
Lexus RX သည် မြန်မာနိုင်ငံရှိ Lexus များနှစ်သက်သည့် Customer များ အထူးရင်းနှီးသည့် Model ဖြစ်သည်။ Luxury SUV ဖြစ်သည့်အတွက် စွယ်စုံအသုံးပြုနိုင်ပြီး ရုပ်ထွက်လည်း လှပသောကြောင့် ကမ္ဘာအနှံ့တွင် အောင်မြင်ပြီး အလွန်ရောင်းအားကောင်းသည့် Model လည်းဖြစ်သည်။ ဆန်းသစ်မှုကို အမြဲစဉ်းစားဖန်တီးသည့် Lexus သည် RX Model ကိုလည်း 2020 အတွက် ပြောင်းလဲမှုအသစ်အချို့ ဖြင့် ထုတ်လုပ်လိုက်ပြီး ပြိုင်ဆိုင်မှုများသည့် Midsize SUV လောကအတွက် စိတ်ဝင်စားဖွယ် Model အဖြစ် ပါဝင်လာမည်ဖြစ်သည်။ Lexus RX ကဲ့သို့ ထင်ရှားသည့် အခြား Brands များမှ Model များမှာ Acura MDX, Infiniti QX60, Audi Q7, Mercedes-Benz GLE Class တို့ဖြစ်ကြပါသည်။
Lexus ၏ L-Fitness ပုံစံရှိသည့် Big Grille ကို နှစ်သက်သည့် Fun များဆိုပါက 2020 RX ၏ Style ကို ယခင် Model များကဲ့သို့ ကျေနပ်လက်ခံမည်ဖြစ်သည်။ ၎င်းတွင် ယခင် Model များကဲ့သို့ ဒီဇိုင်းဖန်တီးမှုကို ဆက်လက်ထည့်သွင်းထားမည်ဖြစ်ပြီး Lower Bumper ဒီဇိုင်းနှင့် နှင်းခွဲမီးတို့သည် Style အသစ်ဖြစ်မည်။ အရှေ့မီးကြီးအား Triple Beam Slim LED ပုံစံအသစ်ကို ယခု 2020 တွင် ထည့်သွင်းထားပါသည်။ သွယ်လျသည့် Body Style နှင့်အတူ အနောက်ဖုံး ဒီဇိုင်းသည်လည်း ပုံစံဖြင့် ဖွင့်နိုင်သည့်အတွက် ပစ္စည်းများဖြင့် လက်မအားပါက လွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်သည်။
ကျယ်ဝန်းသပ်ရပ်ပြီး သားနားစွာ ခင်းကျင်းထားသည့် RX ၏ အတွင်းခန်းထုံးစံအတိုင်း Quality ကောင်းသည့် ပစ္စည်းများဖြင့်သာ ဖန်တီးထားပါမည်။ ထူးခြားချက်မှာ Touch Screen စနစ်အသစ်ပါဝင်သည့် Lexus ၏ Multimedia System ပုံစံအသစ်ကို စတင်ထည့်သွင်းထားကာ နာမည်ကျော် Apple CarPlay နှင့် Android Auto အပါအဝင် အခြား Apps များ၊ Functions များ စုံလင်စွာ ထည့်သွင်းထားပါသည်။ 8-inch Screen ကို Optional အနေဖြင့် ထည့်သွင်းထားပါသည်။ Ph အားသွင်းရန်နှင့် အခြားအသုံးပြုမှုများအတွက် USB Port ၆ ခုအထိ ထည့်သွင်းထား၍ ဟန်ကျပါသည်။
မြောက်အမေရိကဈေးကွက်သို့ တင်ပို့သည့် RX Model တွင် RX 350/RX 350L နှင့် RX 540h/ RX 450hL ဟူ၍ ပုံစံ(၂)မျိုးရှိပြီး RX 350/RX 350L တု့ိတွင် အင်ဂျင်အနေဖြင့် 3.5L V6 Engine ဓာတ်ဆီအင်ဂျင်နှင့် 8-Speed Auto gear တို့ တပ်ဆင်ထားပြီး ရှေ့ဘီးယက်စနစ်သည် Standard ဖြစ်သည့် AWD စနစ်ကို မှာယူရနိုင်သည်။ RX 450h/RX450hL တို့တွင်မူ 3.5L ဓာတ်ဆီအင်ဂျင်နှင့်အတူ လျှပ်စစ်မော်ကာ ၂ ခုပေါင်းစပ်ထားပြီး CVT Autogear ဖြင့် တွဲဖက်ထားပါသည်။ Suspension စနစ်အနေဖြင့် ကြံ့ခိုင်ထူထဲသည့် Stabilizer Bar များအား အရှေ့နှင့် အနောက် ဝန်ရိုးတို့တွင် တပ်ဆင်ထားပြီး လမ်းကြမ်းသုံးအတွက် ယာဉ်ကိုတည်ငြိမ်စေမည့် အောက်ပိုင်းစနစ်များအား အဆင့်မြှင့်တင်ထည့်သွင်းထားပါသည်။ ကားအကွေ့များတွင် ယာဉ်၏အရှိန်ကို ထိန်းပေးခြင်းဖြင့် အန္တရာယ်ကို လျော့ချပေးသည့် Active Corner Braking စနစ်လည်း ပါဝင်ပါသည်။ လူငယ်ကြိုက် RX F Sport ကိုလည်း ဝင့်ကြွားသည့် ပုံစံဖြင့် ဖန်တီးထားပြီး Performance Damper များ၊ Sport Plus နှင့် စိတ်ကြိုက်ရွေးချယ်နိုင်သည့် Drive Model များ စုံလင်စွာထည့်သွင်းထားသည့်အပြင် လေအေးခံသည့် Intake, Active Variable Suspension, Active Sound Control စသည့် Features များပါဝင်သည့် F Sport Performance Package ကိုလည်း မှာယူနိုင်မည်ဖြစ်သည်။
Lexus သည် Safety ပိုင်း အားအတော်ကောင်းအောင် ကြိုးစားထားသည့် Brand ဖြစ်သည့်အတွက် 2020 RX Model များတွင် တည်ဆောက်သည့် Structure မှစ၍ Active Safety ဆိုင်ရာများအထိ အကောင်းဆုံး စီစဉ်ဖန်တီးထားပါသည်။ 2020 RX Model များတွင် Lexus ၏ နာမည်ကျော် Lexus Safety System Plus 2.0 ခေါ် လုံခြုံရေးနည်းပညာပေါင်းစပ်အစုအား Model Lineup အားလုံးတွင် ထည့်သွင်းထားမည်ဖြစ်ပြီး ၎င်းတွင်ပါဝင်သည့် Safety ဆိုင်ရာနည်းပညာများမှာ အရှိန်အားလုံးအတွက် ထိရောက်စွာ ထိန်းချုပ်နိုင်သည့် Adaptive Cruise Control, အရေးပေါ်အလိုအလျောက်ဘရိတ်စနစ်၊ လမ်းသွားလမ်းလာများအား သတိပေးသည့်စနစ်၊ Lane Keeping Assist, Automatic High-Beam နှင့် Road Sign Assist စသည်တို့ ပါဝင်ပါမည်။
နိဂုံးချုပ်အနေဖြင့် Toyota ၏ JDM Model အဖြစ် ထင်ရှားသည့် Toyota Harrier ၏ Upgrade Version အနေဖြင့် ထုတ်လုပ်ထားသော Lexus RX သည် အထူးညွှန်းဆိုရန် မလိုအပ်သည့် ကားကောင်းတစ်စီး ဖြစ်သည်။ 2020 Model Year အတွက် အဆင့်မြှင့်တင်မှုအချို့ ဖြည့်စွက်ထားသည့်အတွက်လည်း အသစ်အဆန်းများ ပါဝင်မည့် RX Model ကို စောင့်နေသည့် RX ချစ်သူများအကြိုက်နှင့်လည်း ထပ်တူကျမည့် Model ဖြစ်ပါကြောင်း…။

# Seagull Myint

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

No. 618, 4th Floor (A), Waruna 6 Street, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00