MAHA Group

MAHA Group

Share

is a Myanmar Investment & Management Entity focusing on Technology related businesses. MyanmarXpress ICT Solutions and Inspire Myanmar Media & Entertainment are members of MAHA Group. MAHA Group also is a participant of the UN Global Compact Initiative.

Photos 08/11/2016

Go Crazy!

HEADLINER ANNOUNCEMENT!
Myanmar... You Guessed It... You Got It...
**********
World's No. 1 DJ Martin Garrix will be taking us into the New Year at AVA Music Festival @ The One Entertainment Park, Yangon on 31 December 2016 as we Countdown to Madness! 👐👐👐
**********

Photos 12/10/2016

Artist Annoucement

ARTIST ANNOUNCMENT
**************************
၂၄-၂၅ ဒီဇင်ဘာ ၂၀၁၆ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ကျင်းပမည့် Flowers & Music Festival 2016 တွင် မိတ်ကပ်မကြိုက်တဲ့ အဓိပတိဖွား ဝေလ မှ Runner Band နှင့်အတူ ဖျော်ဖြေတင်ဆက်သွားမည်။
**************************
Wai La will be performing with his Runner Band at Flowers & Music Festival 2016, which will be held at Pyin Oo Lwin, 24-25 December 2016.
**************************

More announcements on the way...

Photos from MAHA Group's post 22/05/2016

ကဆုန်လပြည့်နေ့အလှူဟာ မြန်မာအံ့ထူးအောင်ကုမ္ပဏီ MAHA Group အနေနဲ့ နှစ်စဉ်အလေးထားပြုလုပ်သွားမယ့် အလှူပါ . အဓိကကတော့ ကုမ္ပဏီစတင် အသက်သွင်းခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာတင် ပထမဆုံး ဝင်ငွေ ကျပ်သုံးသိန်း ဝန်းကျင်နဲ့ ပထမအကြိမ် စတင်လှူဒါန်းခဲ့တဲ့ အလှူဖြစ်လို့ပါပဲ . ၂၀၁၅ မှာလည်းလှူဒါန်းနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ တတိယအကြိမ်အဖြစ် Proart Construction & Decoration Co.,Ltd. နဲ့အတူ ပူးပေါင်း လှူဒါန်းနိုင်ခဲ့ပါတယ်. မိမိတို့လုပ်ငန်းခွဲများဖြစ်သော MyanmarXpress နှင့် အစဉ်အားပေးလျှက်ရှိသော Customer များ နှင့် Inspire Myanmar ၏ Sponsor များနှင့် ပရိသတ်များ နှင့်တကွ အလှူငွေများ ထည့်ဝင်ပေးခဲ့ပါသော Htoo Foundation စိန်ရွှေပွား, မြကန်သာ အုန်း မြန်မာထမင်းဆိုင်, Winner Sports (အားကစားပဒေသာ), Mmtix တို့အား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပြီး ရှေ့လာမည့်နှစ်များတွင်လည်း ယခုထက်ပိုမိုလှူဒါန်းနိုင်ရန် ကြိုးစားသွားပါမည့်အကြောင်း...

မိုးညှင်းသတင်းနှင့်ကြော်ငြာ: ကဆုန်လပြည့် ဗုဒ္ဓနေ့ *************** 19/05/2016

ကဆုန်လပြည့် ဗုဒ္ဓနေ့
***************
ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။

ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့

(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။

ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။

http://mohnyinnews.blogspot.com/2015/05/blog-post_0.html

မိုးညှင်းသတင်းနှင့်ကြော်ငြာ: ကဆုန်လပြည့် ဗုဒ္ဓနေ့ *************** ကဆုန်လပြည့် ဗုဒ္ဓနေ့ *************** ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြော...

10/05/2016

ဒီနှစ် ကဆုန်လပြည့်နေ့မှာတော့ ကျွန်တော်တို့ MAHA Group | MyanmarXpress & Inspire Myanmar တို့အနေနဲ့ နှစ်စဉ်လှူဒါန်းနေကြအတိုင်း တတိယနှစ်အဖြစ် ဆက်လက်လှူဒါန်းသွားမှာပါ. ဒီနှစ်မှာတော့ ကျွန်တော်တို့ သူငယ်ချင်းများဖြစ်တဲ့ Proart Construction & Decoration Co.,Ltd. တို့နဲ့အတူ ပူးပေါင်းပြီး ထူးထူးခြားခြား ထိထိရောက်ရောက်လေးဖြစ်အောင်တော့ တစ်မျိုးစဉ်းစားစီစဉ်ထားပါတယ်. လုပ်အားပဲဖြစ်ဖြစ် ငွေအားပဲဖြစ်ဖြစ် ပါဝင်လှူဒါန်းကြဖို့အတွက် ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါတယ်. အသေးစိတ်များကိုလည်း ဆက်လက်တင်ပြပေးသွားပါမယ်. 🙏🏻

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

#610 No 523 Pyay Road
Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30