SA Personal & Business Development Program
11/01/2021
“ဘိုရူး”
အွန်လိုင်း အခြေခံ အင်းဂလိပ် သင်တန်း
#ဘယ်သူတွေတက်သင့်လဲ?
အင်းဂလိပ်စကားတခွန်းစပြောလျှင် တအိုင်အိုင်နဲ့ တိုင်ပတ်နေလျှင် ဒီသင်တန်းက သင့်အတွက်ပါပဲ။ 😁
သူများတကာ အီးကို ဘွတ်ရွှတ်ကရွတ်ပြောနေသော်ငြား မိမိမှာ ဟောင်းတာယူ (How are you)၊ သစ်တာပေး မှာပဲ အမြဲတမ်းရပ်နေလျှင် ဒီသင်တန်းက သင့်အတွက်ပါပဲ။😁
သမရိုးကျ စာသင်ခန်းမှ ဖောက်ထွက်ပြီး သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင်လေ့လာလိုလျှင် ဒီသင်တန်းက သင့်အတွက်ပါပဲ။😁
#ဘာတွေသင်ပေးမှာလဲ?
သင်တို့သည် မသင်ခင်ကတည်းက တတ်နှင့်ပြီးသားဖြစ်ပါတယ် (Crd: ဆရာကြီးမင်းသိင်္ခ)။
ကျနော်တို့က ခင်ဗျားတို့မေ့နေတာတွေကို သတိလေးလှမ်းပေးရုံပါ။
#ဘာတွေဖြစ်လာမလဲ?
ကွန်ပျူတာ(သို့) ဖုန်းလေးကိုင်ပြီး ညဘက်တွေမှာ
ဂွတ်မောနင်းလို့ ပြောတတ်လာမယ်။ 😁
အင်းဂလိပ်လို ရန်ဖြစ်တတ်လာမယ်၊
အတင်းပြောတတ်လာမယ်၊
စျေးဗန်းခင်းတတ်လာမယ်။
အင်တာဗျူးတဲ့သူတွေကို ခေါင်းမူးပြီး စတွေးစင်အောင်လုပ်နိုင်လာမယ်။
စာတန်းမထိုးတဲ့ အင်းဂလိပ်ရုပ်ရှင်တွေကြည့်တဲ့အခါ အရင်ထက်ပိုပြီး နားလည်တယ်လို့ ထင်ယောင်ထင်မှားဖြစ်လာမယ်။
အင်းဂလိပ် ပုစွန်တောင်စျေးရှင်း မတိုးတက်လာနိုင်သော်ငြား မြန်မာလိုပြောတဲ့အခါ အီးလိုဝဲတတ်လာမယ်။
ကံကောင်းလျှင် လာမယ့်နှစ် The Voice Myanmar မှာ အင်းဂလိပ်သီချင်းဖြင့်ဝင်ပြိုင်ပြီး တစ်နိုင်ငံလုံးကို ရယ်မောပျော်ရွှင်အောင်လုပ်နိုင်လာလိမ့်မယ်။ 😁
(ကျန်တာတွေကို သင်တန်းကျမှ ဆက်ပြောတော့မယ်)
#ဘယ်သူသင်ပေးမှာလဲ?
သင်ကြားပေးမည့်သူမှာ SA Personal & Business Development ရဲ့ English Instructor ဖြစ်သူ ကိုကြည်ပဲဖြစ်ပါတယ်။
(ကိုကြည်သည် ဆရာဟု ခေါ်လျှင် အလွန်အင်မတန် စိတ်ဆိုးတတ်သူဖြစ်ပါတယ်၊ သတိထားကြပါ၊ ယောက်ကျားလေးဆိုလျှင် ဘဒို ဟုခေါ်နိုင်ပြီး၊ မိန်းခလေးဆိုလျှင် ကိုကို(သို့)မောင်ဟု ခေါ်မှ ကြိုက်သူဖြစ်သည်) 😁
ကိုကြည်သည် အင်းဂလိပ်စကားပြောဆိုဆက်ဆံရသော နိုင်ငံခြား အလုပ်အကိုင်များနဲ့ အဖွဲ့အစည်းများရှိ နိုင်ငံခြားသားများအား လှည့်ပတ် ဒုက္ခပေးခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုနီးပါးပင်ရှိလာပြီဖြစ်သလို၊ တစ်ဖက်တွင်လည်း သူ့လိုပဲ တစ်လောကလုံးအားလှည့်ပတ် ဒုက္ခပေးနိုင်ရန် ဘိုရူး ဆရာနှင့်သင်တန်းသား များစွာကိုလည်း မွေးထုတ်ခဲ့ပြီးပြီဖြစ်သည်။
သင်လည်း ဘိုရူး တစ်ယောက်ဖြစ်လိုလျှင် ကိုယ့်လိုရူးနိုင်မယ့် သူငယ်ချင်း ဘိုရူးတစ်ယောက်အား ပို့စ်အောက်တွင် မန်းရှင်းခေါ်ပြီး ယခု ပို့စ်အားရှယ်ပါ။
ပြီးလျှင် 09761121175 သို့ 09421824774 ဖုန်းအား ဆက်၍ စာရင်းသွင်းကြပါကုန်။
၂ လပိုင်း ၂၀၂၁ ပထမအပတ်တွင်ဖွင့်ပါမယ်၊ အချိန်ဇယားနဲ့ သင်တန်းကြေးအသေးစိတ်ကို ခုတင်ထားတဲ့ပုံမှာကြည့်ပေးပါ။
တန်းခွဲ ၂ တန်းသာဖွင့်မည်ဖြစ်ပြီး တစ်တန်းကို လူ ၄၀ သာလက်ခံပါမယ်။
(သင်တန်းအပ်ဖို့ မမှီသူများနောက် ၃ လအတွက်ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။)
#ဘယ်လိုသင်ပေးမှာလဲ?
(အပေါ်မှာ နောက်ထားလို့ အတည်ပြန်ပြောပြတာ)😁
(1) Zoom မှတဆင့် ဆရာ၊ သင်တန်းသားများနှင့် အတူတကွ တိုက်ရိုက်လေ့ကျင့်သင်ယူရပါမယ်။
(2) တစ်ဦးချင်းစီကို သေချာဂရုစိုက်ပြီး အိမ်စာနဲ့တကွ စစ်ဆေးသုံးသပ်ပေးပြီးသင်ပေးသွားပါမယ်။
(3) နိုင်ငံတကာသင်ရိုးများနဲ့ပေါင်းစပ်ကာ အကောင်းဆုံး ကိုယ်ပိုင်သင်ရိုးဖြင့်သင်ယူရပါမယ်။
(4) English စကားပြောကို ပြောရဲဆိုရဲဖြစ်ဖို့ကို အသားပေးပြီး သင်ပေးမယ်၊ Grammar နဲ့ လုပ်ငန်းခွင်သုံး စာရေးတာတွေလည်းပါမယ်၊ Presentation လုပ်တာတွေ၊ Debate လုပ်တာတွေလည်းသင်ပေးမယ်၊ ပုံတိုဝတ္ထုဖတ်တာတွေလည်းသင်ယူရပါမယ်။
(6) English Song၊ Video Role Play များဖြင့်လည်း ပျော်ပျော်ရွှင်ရွှင်လေ့လာသင်ယူရပါမယ်။
(7) တိုးတက်မှုမရှိလျှင် သင်တန်းကြေးပြန်အမ်းသော အစီအစဥ်ပါဝင်ပါတယ်။
(အတန်းပျက်၍ စာလိုက်မလုပ်သောသူများကိုတော့ ပြန်မအမ်းပါ😁)
ဘိုရူးသင်တန်းသားများအားလုံးအတွက် SA Persoanl & Business Development Program မှ စီစဥ်ထားသော ပွဲများနှင့် အခွင့်အလမ်းများအားလုံးကို ဦးစားပေးခံစားခွင့်များရရှိသွားမှာဖြစ်ပါတယ်။
SA Team
#ဘိုရူး
05/01/2021
ကြိုးစားခြင်း ဋီကာ............
လူတစ်ချို့ဟာ မွေးကတည်းကစလို့ ကောင်းမွန်တဲ့ပြုစုပျိုးထောင်မှုတွေနဲ့ကြီးပြင်းလာရတယ်၊ လေ့လာမှုကောင်းကောင်းလုပ်လို့ရတဲ့ ပတ်၀န်းကျင်မှာ ကြီးပြင်းလာရတော့ ရည်မှန်းချက်တွေ စနစ်တကျထားရှိဖို့လည်း သွန်သင်ခံခဲ့ကြရတယ်။ အဲ့ဒီလိုကြီးပြင်းလာရတဲ့ ခလေးအတွက် သူတို့ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားခြင်းကို တကူးတက အားစိုက်စရာမလိုခဲ့ဘူး။ ဥပမာ- သူဌေးသားသမီး၊ ကျောင်းကောင်းကောင်းမှာတက်ခဲ့ရသူတွေ၊ တိုးတက်ချမ်းသာတဲ့ တိုင်းပြည်မှာ မွေးဖွားခံရသူတွေလိုမျိုးပေါ့။
တစ်ချို့လူတွေကျ ခုနကကောင်းတာတွေထက် နည်းနည်းနိမ့်တဲ့ ပတ်၀န်းကျင် ပိုဆင်းရဲတဲ့ ပတ်၀န်းကျင်မှာ ကြီးပြင်းခဲ့ရတော့ ကြိုးစားခြင်းဟာ စူပါပါ၀ါ တစ်ခုလိုဖြစ်နေတတ်တယ်၊ လူတိုင်းမှာ မရှိဘူး။ Marvel Hero တွေထဲက ပီတာ ပါကားဟာ အလွန်ကြီးမားတဲ့ နာကျင်မှုကို အရင်ခံစားရပြီးမှ စူပါပါ၀ါ ရပြီး ပင့်ကူလူသားဖြစ်သွားသလိုမျိုး၊ လူတွေဟာလည်း နာကျင်မှု ကြီးကြီးမားမားရမှ ကြိုးစားခြင်းဆိုတဲ့ စူပါ ပါ၀ါကို စရကြရတယ်၊ ပြီးတော့မှ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဆက်လက် ရှာဖွေကြိုးစားသွားကြတယ်။
ဥပမာ ပြရရင် ကျနော် ငယ်ငယ်က မိသားစုနဲ့ အတူတူ တစ်နှစ်ကို တစ်ခါလောက် အိမ်ပြောင်းရတယ်၊ တအားပင်ပန်းပြီး အလုပ်ရှုပ်တဲ့အတွက် အဖေနဲ့အမေဆို နှစ်တိုင်းညည်းကြတယ်၊ ကျနော်တို့ ခလေးတွေမှာလည်း အိမ်ရှင်ခလေးတွေရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံရတဲ့အတွက် ကိုယ်ပိုင်အိမ် မရှိတဲ့ နာကျင်မှုကို ကျနော်တို့ တစ်အိမ်လုံး ခါးခါးသီးသီး ခံစားရတယ်။ အဲ့ဒီနာကျင်မှုက နှစ်တစ်ချို့ကြာတဲ့ အခါမှာ ကိုယ်ပိုင်အိမ်ရအောင် ကျနော့် မိဘ နှစ်ပါးကို ကြိုးစားစေခဲ့တယ်။
အဲ့ထက်ဆိုးတာ တစ်ခုက ကျနော် ၂ နှစ်သား ၀န်းကျင်လောက်မှာ ဆန်အိုးထဲ ဆန်လုံးလုံးမရှိတဲ့ အဖြစ်ကို ကြုံဖူးတယ်။ ကျနော့်အမေက အဲ့ဒီ ပြဿနာကို ဖြေရှင်းဖို့ အိမ်မှာ ရှိတဲ့ တစ်လုံးတည်းသော စတီးခွက်ကို ရောင်းပြီး ဆန်၀ယ်ခဲ့တယ်။ ပိုက်ဆံ မလောက်တော့ ကျနော်တစ်ယောက်အတွက်ပဲ စားဖို့ရပြီး အမေက ရေသောက်ဗိုက်မှောက်နေခဲ့ရတယ်။ အဲ့လိုရက်တွေများလာတော့ ကျနော်တို့တစ်မိသားစုလုံး ဆန်အိုးက ဆန်မလျော့ဖို့ အားထုတ်ရင်း မသိမသာ ကြိုးစားခဲ့ကြဖူးတယ်။
ကျနော့် မိတ်ဆွေစာရေးဆရာ တစ်ယောက် ပြောဖူးတယ် သူရဲ့ ပထမဆုံး စာအုပ်ကို ထုတ်ဖို့ သူဟာ မလိုအပ်ပဲ အချိန်တွေရွေ့ခဲ့ဖူးတယ်တဲ့။ သို့သော် သူဟာ စာတွေမပြီးခင် စာအုပ်မျက်နှာဖုံးကို အကြွေးနဲ့ကြိုရိုက်ပြီး တခြားရက်ချိန်းတွေကိုလည်း ကြိုချိန်းလိုက်တယ်။ အဲ့ဒီနောက် ကတိစကားတွေ မပျက်အောင်ကြိုးစားရင်း သူ့ရဲ့ ပထမဆုံး စာအုပ်လည်း ချောချောချူချူ ထုတ်ဖြစ်သွားတယ်။ ခုဆိုရင် သူဟာ အုပ်ရေ သောင်းချီ ထုတ်၀ေပြီးဖြစ်တဲ့ ရောင်းအား အကောင်းဆုံး စာရင်း၀င် လူငယ်စာရေးဆရာ တစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်နည်းပြောရရင် comfort zone (သက်တောင့်သက်သာ) နယ်ပယ်ကနေ ကျဥ်းထဲကျပ်ထဲဆီ မိမိကိုယ်ကို တွန်းပို့ပြီး နာကျင်မှုနဲ့ ရင်ဆိုင်စရာ မလိုပဲ ကြိုးစားခြင်းဆိုတဲ့ စူပါပါ၀ါ ကို ယူလို့ရတယ်ဆိုတဲ့သဘောပါ။
အားလုံးပဲ စူပါ ပါ၀ါ ရကြပါစေဗျာ။ နောက်အပတ်များတွင် ထပ်ဆက်ပါမည်။
အမြဲချစ်လျက်
ဂျက်ဖြိုးဝေလင်း
18/12/2020
မပြည့်စုံဘူးလို့ထင်လိုက်တိုင်း အပြည့်စုံဆုံး လှပမှုတွေ ခိုင်မြဲစွာရှိနေတယ်ဆိုတာ ယုံကြည်ထားပါ။
ကိုယ့်နံဘေးမှာ မုန်တိုင်းထန်ဝုန်းဒိုင်းကြဲ အခြေအနေကြုံလိုက်တိုင်း ကိုယ့်ရဲ့ အခိုင်မာဆုံးနားခိုရာနေရာလေး ရှိတယ်ဆိုတာ ယုံကြည်ထားပါ။
အကောင်းဆုံးကြိုးစားပေးဆပ်ခဲ့တာတောင်
အဆိုးဆုံးအခြေအနေတွေပဲ ပြန်ရခဲ့ရင် တစ်ခုပဲ တွေးလိုက်ပါ။ ဒီအခြေ အနေကနေ သင်ရုန်းထွက်လိုက်သင့်ပြီ။ သင့်အတွက် အကောင်းဆုံးတွေ လက်ခံဖို့ အချိန်တန်ပြီ ဆိုတာပါပဲ။
#ပန်းဆုပိုင်
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 68, Lay Daungkan Road, Sa/Thumingalar Ward, Thingankyun Township
Yangon
11071
Opening Hours
| Monday | 09:00 - 21:30 |
| Tuesday | 09:00 - 21:30 |
| Thursday | 09:30 - 21:30 |
| Friday | 09:00 - 21:30 |
| Saturday | 09:00 - 21:30 |
| Sunday | 09:00 - 21:30 |