LUCID UNITY

LUCID UNITY

Share

19/03/2019
19/03/2019

ဘာဖြစ်ချင်တာလည်း...?
=================

ယခု link http://grin.co ရဲ့ Home page design ကို web designer Max Stasiuk က ဆွဲပေးထားတာပါ ။ Home page တစ် page တည်းကို Designer ကြေး အမေရိကန် ဒေါ်လာ 3099 ကျသင့်ပါတယ်။ coding ကြေးကျသင့်ငွေမပါသေးပါဘူး။
လုပ်ငန်းစဉ်အရ designer က photoshop သုံးပြီးဆွဲထားတဲ့ psd fileကို front-end developer ကို ပေးလိုက်တယ်။ front-end developerက ပေးလိုက်တဲ့ psd file ကို ကြည့်ပြီး code clean ဖြစ်အောင် responsive ဖြစ်အောင် စသည့်ဖြင့်တွက်ချက်ပြီးဆွဲ ယုံပါပဲ။

ဘာကာလာ ညာကာလာ သုးံရမလဲ၊
font face ဘယ်နှစ်ခုကို mix လုပ်ပြီးသုးံရမလဲ၊ layout composition ဘယ်လို ချရမလဲ၊
image usage, white space usage ဘာတစ်ခုမှသိ စရာ မလိုပါဘူး။ မိမိ code အရည်အသွေးမှီ ဖို့ အဓိကပါ။ back-end developer လည်း ဒီအတိုင်းပါပဲ ။ ရှေ့ design ပိုင်း ဘာတစ်ခု မှကျွမ်းကျင်ဖို့ မလိုဘဲ မိမိ back-end ပိုင်း အရည်အသွေး မှီဖို့ ကျွမ်းကျင်ဖို့သာ အဓိက လိုတာပါ ။

ဒါတွေဘာကြောင့်ပြောနေရသလဲ ဆိုရင် ကျွန်တော်တို့ lucid unity training ဆီကနေ CDSG မှ ဝန်ထမ်းချိတ်ဆက်ပေးဖို့တောင်းဆိုပါတယ် ။ သူတို့ လို ချင်တဲ့ skill ပြည့်မှီရင် လစာ အနေနဲ့ စင်ကာပူ လစာအတိုင်းပေးမယ်လို့ ပြောပါတယ်။ သူတို့လိုချင်တဲ့ skill ပြည့်မှီတဲ့ ဝန်ထမ်းကို ဖျစ်ညှစ်ထုတ်တာတောင် တယောက် နှစ်ယောက်ထက်ပိုပြီး
မညွန်ပြပေးနိုင်ပါဘူး။

ဘာလို့ အရည်အသွေးပြည့်မှီတဲ့ ဝန်ထမ်းရှားသလဲ ဆိုရင် သင်တန်းသားတွေ လာတယ်
မိမိ passion ကို မသိဘဲ များသောအားဖြင့် developer ပဲ ဖြစ်ချင်ကြတယ် ( developer မှ လစာ ပိုကောင်းတယ် ထင်တာကိုး) အဲ့တော့ ရှေ့ ပိုင်း language တွေ သေချာ မလေ့ကျင့်တော့ဘဲ developer ဖြစ်ရေးသာ ဦးတည်ပြီးလုပ်ကြတယ် ။
website တခုကနေ နှစ်ခု ဆွဲပြီးတဲ့ အခါကျတော့ တစတစ သိလာပြီ အဲ့အချိန်ကျ front-end ပိုင်းလည်း ပြန်မဆင်းချင်ကြတော့ဘူး ( ဆင်းရတယ်လို့ ထင်နေကြလို့ပါ) ရှေ့ဆက်တိုး ဖို့ကလည်း ကိုယ်ပိုင် frame ပဲဆွဲထားမလား၊ framework ပဲ သုးံမလား၊ cms ပဲသုးံမလား၊ database နောက်ပဲ လိုက်မလား၊
language ပိုင်းကျတော့လည်း php က model အောက်နေသလိုလို node နောက်လိုက်ရမလိုလို wordpress က အဆင့် နိမ့်တယ် laravel မှ အဆင့်မြင့်တယ် ထင်တဲ့သူက ထင်သေး ။

pro အဆင့်ရောက်ချင်ရင် ဘယ်ဟာမှ လွယ်ကူတယ်ဆိုတာ မရှိပါဘူး။ အစကတည်း ကလမ်းကြောင်းမှားခဲ့တော့ တွေ့သမျှလက်လှမ်းမှီ သမျှ လိုက်လုပ် ဟိုဟာလည်း ယောင် ယောင် ဒီဟာလည်း ယောင်ယောင် ဘေးက မေးရင်တော့ developer ပေါ့ ရင်ထဲမှာတော့ မလုံ ဘူး ကိုယ့်ဟာကိုယ် လည်း ဘာdeveloper လည်းသေချာ မသိဘူး။ ရတဲ့အလုပ်ပေးတဲ့လခနဲ့ အဆင်ပြေအောင်နေရတော့တာပဲ ။

it လောကထဲ ဝင်ခဲ့တုန်းကတော့ ဘီလ် ဂိတ် ကို အားကျ ပြီးလာခဲ့တာပဲ ။ လက်တွေ့ကျ တော့ ပြတ်တုန်းလတ်တုန်း ၂၃ တွေဖြစ်ကုန်ရော။ အမှန်ကတော့ ရှင်းရှင်းလေးပါ web developer တစ်ယောက်အဖြစ်ရပ်တည်မယ်ဆိုပါတော့ ဈေးကွက်မှာ လို အပ်နေတဲ့ website တစ်ခုကို အရည်အသွေး မှီမှီ တည်ဆောက်ပေးနိုင်ရင် ပြီးပြီ။

AI programmer ဖြစ်မှ OS တစ်ခုလုးံ အစအဆုးံရေးနိုင်မှ Google ကို hack နိုင်မှ မဟုတ်ပါဘူး။ ဒါတွေ ဝါသနာပါရင် နောက်မှ ဆက်လေ့လာပါ မိမိအသက်မွေး မဲ့ ပညာကို pro အဆင့်ရောက်အောင် နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် အရင် လုပ်ရမှာပါ ။ ပထမ အဆင့်မိမိအားသန်တာဘာလည်း သေချာ စဉ်းစား ပါ ။
ဒုတိယအဆင့် အချိန်နဲ့ငွေကြေးကို တွက်ပါ ။

pro အဆင့်ဖြစ်လို့မှ မိမိဝင်ငွေက အမေရိကန် ဒေါ်လာ 2000 အောက်ရောက်နေသေးရင် ကျွန်တော်တို့ဆီလာခဲ့ပါ (free consulting လုပ်ပေးပါ့မယ်) ။ passion ကို သေသေချာချာ မသိလို့။
လုပ်ငန်းစဉ်မသိလို့ ဆွေးနွေးချင်တယ်ဆိုလဲ လာခဲ့ပါ ။


Written by

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. (44/C), First Floor, Corner Of Insein Road And San Yeit Nyein 2St
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00