Pwal - Property Sell & Rent

Pwal - Property Sell & Rent

Share

🏠 အိမ်ခြံမြေ ရှာနေလား? အိမ်၊ ရုံးခန်းနဲ့ မြေကွက်တွေကို စိတ်တိုင်းကျ ရှာဖွေဖို့၊ ရောင်းဖို့နဲ့ ငှားဖို့အတွက် Pwal App ရှိနေပါပြီ။ လူကြီးမင်းတို့ရဲ့ အရောင်းအဝယ်ကိစ္စတိုင်းအတွက် အဆင်ပြေဆုံးနဲ့ အလွယ်ကူဆုံး ချိတ်ဆက်ပေးမှာပါ။

27/05/2026

𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 များအတွက် အကောင်းဆုံး 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫

အိမ်ခြံမြေ စီမံကိန်းအသစ်တွေကို လူသိများလာဖို့နဲ့ ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ဆိုတာ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 အင်အား အများကြီး လိုအပ်ပါတယ်။

𝐏𝐰𝐚𝐥 𝐀𝐩𝐩 က သင့်ရဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေကို ပစ်မှတ်ထားတဲ့ ဝယ်ယူသူတွေဆီ အရောက်ပို့ပေးမှာပါ။

ကွန်ဒိုသစ်တွေ၊ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေကို 𝐏𝐰𝐚𝐥 မှာ 𝐋𝐢𝐬𝐭𝐢𝐧𝐠 တင်ထားခြင်းဖြင့် ကျွန်တော်တို့ရဲ့ အခမဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 တွေကို ရယူနိုင်မှာဖြစ်ပြီး 𝐏𝐫𝐨𝐣𝐞𝐜𝐭 တန်ဖိုးကို ပိုမိုမြင့်တင်နိုင်မှာပါ။

ခိုင်မာတဲ့ အိမ်ခြံမြေ ပလက်ဖောင်းတစ်ခုနဲ့ လက်တွဲပြီး သင့်လုပ်ငန်းကို တိုးချဲ့လိုက်ပါ။
လုပ်ငန်းတိုးချဲ့ဖို့အတွက် 𝐏𝐰𝐚𝐥 𝐀𝐩𝐩 နဲ့ အခုပဲ လက်တွဲလိုက်ပါ။

03/05/2026

အိမ်ခြံမြေအရောင်းအဝယ်တစ်ခုမှာ အကျိုးဆောင်ဆိုတာ လူပိုမဟုတ်ပါဘူး။

ရောင်းသူရဲ့ စိုးရိမ်စိတ်နဲ့ ဝယ်သူရဲ့ မျှော်လင့်ချက်တွေကို အကောင်းဆုံး ညှိနှိုင်းပေးရတဲ့ "အဓိကကျတဲ့သူ" တွေပါ။ အချက်အလက်တွေ မှန်ကန်ဖို့၊ ဥပဒေကြောင်းအရ ခိုင်မာဖို့နဲ့ နှစ်ဦးနှစ်ဖက် ကျေနပ်ဖို့ဆိုတာ အကျိုးဆောင်တွေရဲ့ ကျွမ်းကျင်မှုမပါဘဲနဲ့ မလွယ်ကူပါဘူး။

ဒီလောက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရတဲ့ အကျိုးဆောင်တွေအတွက် အလုပ်တွေကို ပိုပြီး ပေါ့ပါးသွားစေဖို့ Pwal App က ရှိနေပါတယ်။

ကိုယ့်ဆီမှာရှိတဲ့ အိမ်၊ ခြံ၊ မြေ Listing တွေကို အလွယ်တကူ တင်ထားရုံနဲ့တင် ဝယ်ချင်တဲ့သူတွေဆီကို ထိထိရောက်ရောက် ရောက်သွားမှာပါ။ ဖုန်းတစ်လုံးရှိရုံနဲ့ ဝယ်သူတွေနဲ့ အမြဲချိတ်ဆက်နေနိုင်ပြီး Professional ကျကျ အလုပ်လုပ်နိုင်ဖို့ Pwal App က အကောင်းဆုံး ပံ့ပိုးပေးမှာပါ။

အရေးကြီးဆုံးအချက်က ဒီလိုထိရောက်တဲ့ Feature တွေကို Free အသုံးပြုလို့ ရတာပါပဲ။
နည်းပညာကို အသုံးချပြီး ကိုယ့်ရဲ့အကျိုးဆောင်လုပ်ငန်းကို အရှိန်မြှင့်ဖို့ အခုပဲ Pwal App ကို စမ်းသုံးကြည့်လိုက်ပါ။

#အိမ်ခြံမြေအကျိုးဆောင် #အခမဲ့အသုံးပြုနိုင်သည်

27/04/2026

ကွန်ဒိုဝယ်တော့မယ်ဆိုရင် "အခန်း" ပဲ ကြည့်ရုံနဲ့ မလုံလောက်ပါဘူး၊ "ဥပဒေ" ကိုပါ သိထားမှ စိတ်ချရမှာပါ! 🏢⚖️

အိမ်ခြံမြေလောကမှာ ခေတ်စားနေတဲ့ ကွန်ဒိုမီနီယံဆိုတာ တိုက်ခန်းတိုင်းကို ခေါ်တာမဟုတ်ပါဘူး။ ၂၀၁၆ ကွန်ဒိုမီနီယံဥပဒေနဲ့အညီ တည်ဆောက်ထားမှသာ ကွန်ဒိုစစ်စစ်ဖြစ်ပြီး ဝယ်ယူသူတွေအတွက် အပြည့်အဝ အကာအကွယ်ရမှာပါ။

ဒီနေ့မှာတော့ ကွန်ဒိုဝယ်ယူသူတွေ ရရှိမယ့် အဓိက အကျိုးခံစားခွင့် (၅) ချက်ကို မျှဝေပေးချင်ပါတယ်။
◾ မြေပိုင်ဆိုင်မှု အချိုးကျရရှိခြင်း သာမန်တိုက်ခန်းတွေနဲ့မတူဘဲ ကွန်ဒိုဥပဒေအရ ဝယ်ယူသူဟာ မိမိအခန်းအကျယ်အဝန်းအလိုက် စုပေါင်းပိုင်မြေ (𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐯𝐞 𝐎𝐰𝐧𝐞𝐫𝐬𝐡𝐢𝐩)ပေါ်မှာ ပိုင်ဆိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ဟောင်းသွားရင်တောင် မြေပိုင်ဆိုင်မှုက ကျန်ရှိနေမှာပါ။

◾ တရားဝင် ပိုင်ဆိုင်မှုလက်မှတ် (𝐔𝐧𝐢𝐭 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞)ကွန်ဒိုအခန်းတိုင်းအတွက် အစိုးရက ထုတ်ပေးတဲ့ သီးသန့်ပိုင်ဆိုင်မှုလက်မှတ် ရရှိမှာဖြစ်လို့ ပိုင်ဆိုင်မှုအငြင်းပွားစရာမလိုဘဲ ခိုင်မာမှုရှိပါတယ်။

◾ ဘဏ်နဲ့ ချိတ်ဆက်နိုင်မှု (𝐁𝐚𝐧𝐤 𝐋𝐨𝐚𝐧)ပိုင်ဆိုင်မှုလက်မှတ် ခိုင်မာတဲ့အတွက် ဘဏ်တွေမှာ အပေါင်ပစ္စည်းအဖြစ် ထားရှိပြီး ချေးငွေရယူတာ ဒါမှမဟုတ် အရစ်ကျစနစ်နဲ့ ဝယ်ယူတာတွေကို စနစ်တကျ လုပ်ဆောင်နိုင်ပါတယ်။

◾ စနစ်တကျ စီမံခန့်ခွဲမှုစနစ် ကွန်ဒိုအသင်း (𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧)ဖွဲ့စည်းပြီး ဘုံပိုင်နေရာတွေ (ရေကူးကန်၊ Gym၊ ဓာတ်လှေကား) ကို စနစ်တကျ ထိန်းသိမ်းရမှာဖြစ်လို့ သင့်ရဲ့ နေထိုင်မှုအဆင့်အတန်းက အမြဲတမ်း 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 တစ်ခုမှာ ရှိနေမှာပါ။

◾ ပြန်လည်ရောင်းချရာမှာ ပိုမိုလွယ်ကူခြင်း နိုင်ငံခြားသားတွေပါ စုစုပေါင်းအခန်းအရေအတွက်ရဲ့ ၄၀% အထိ ဝယ်ယူခွင့်ရှိတဲ့အတွက် သင်ပြန်ရောင်းချချင်တဲ့အခါမှာ ဝယ်လက်ဈေးကွက် ပိုမိုကျယ်ပြန့်ပါတယ်။
ဒါကြောင့် ကွန်ဒိုဝယ်ယူတော့မယ်ဆိုရင် ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 ဟုတ်မဟုတ် အရင်ဆုံး စစ်ဆေးဖို့ မမေ့ပါနဲ့ဦး။

အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အမြဲဖတ်ရှုနိုင်ဖို့ ကျွန်တော်တို့ 𝐏𝐚𝐠𝐞 ကို 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားပေးပါဦးခင်ဗျာ။ ✨

24/04/2026

မြေပုံ၊ မြေရာဇဝင် (၁၀၅/၁၀၆) ဆိုတာဘာလဲ ?

အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် "၁၀၅ မိတ္တူရှိလား" လို့ မေးကြတာ ကြားဖူးမှာပါ။ ၁၀၅ ဆိုတာ သက်ဆိုင်ရာ မြေစာရင်းဌာနက ထုတ်ပေးတဲ့ မြေပုံဖြစ်ပြီး ၁၀၆ ကတော့ မြေရာဇဝင် (ပိုင်ဆိုင်မှုအဆင့်ဆင့်) ဖြစ်ပါတယ်။
ဒီစာရွက်စာတမ်းတွေဟာ လက်ရှိ ရောင်းတဲ့သူဟာ တကယ်ပဲ ပိုင်ဆိုင်ခွင့်ရှိသလား၊ မြေအမျိုးအစားက ဘာလဲဆိုတာကို သက်သေပြနိုင်တဲ့ အထောက်အထားတွေဖြစ်လို့ မဝယ်ခင်မှာ မဖြစ်မနေ စစ်ဆေးရမှာပါ။
စာရွက်စာတမ်း ဗဟုသုတတွေကို 𝐏𝐰𝐚𝐥 မှာ အမြဲလေ့လာနိုင်ပါတယ်။
#အိမ်ခြံမြေအကျိုးဆောင်များ #ဗဟုသုတ

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


1006, Yuzana Tower, West Shwegonedine, Bahan Township
Yangon
11201