Myanmar Street Animal Protection

Myanmar Street Animal Protection

Share

Photos from Myanmar Street Animal Protection's post 29/06/2026

ဒီကလေးတွေမွေးစားလို့ရပါသေးတယ်ရှင်။

https://m.facebook.com/story.php?story_fbid=1502325071908777&id=100063938948099

Photos from Myanmar Street Animal Protection's post 28/06/2026

သ-တ်စားဖို့ ဆိုပြီးအဖမ်းခံထားရတဲ့ကြောင်လေးပါ။ သ-တ်ဖို့ လုပ်နေတယ်ဆိုတာသိတော့ ပြန်ဝယ်ခဲ့ရပါတယ်။

ပိုင်ရှင်မရှိ၊ လမ်းဘေးကြောင်လေးဆိုပေမယ့် သ-တ်စားမယ့်လူက ပြန်ရောင်းဖို့ကိုတောင် စျေးကိုင်နေတာပါ။

အခုတော့ ရအောင်ဝယ်လာပြီး ဆေးခန်းမှာဆေးကုပေးနေပါတယ်။ ဆေးကုပြီးရင် ဒီကလေးကို အပြင်မှာပြန်ထားမရတော့ပါဘူး။

ကလေးက အထီးလေးပါ။ လိမ္မာပြီး အနေအေးပါတယ်။ စည်းကမ်းလည်းရှိပါတယ်။ ကာကွယ်ဆေး လည်းစုံပါပြီ။

ေ-သ ဘေးက လက်မတင်လေး လွတ်လာတဲ့ကလေးမလို့ သူ့အတွက် လုံခြုံပြီး စိတ်ချရတဲ့ သခင်ရစေချင်လို့ကူညီမွေးစားပေးပါဦးရှင်။

တိုက်ရိုက်ဆက်သွယ်ရန်

Facebook: Thet Zin Oo
https://www.facebook.com/share/1GpA9SgyEW/?mibextid=wwXIfr

Ph: 09250011972

တည်နေရာ: ပုစွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Myanmar Street Animal Protection's post 28/06/2026

26.6.2026 နေ့တွင် MSAP အဖွဲ့ (၂) မှ ဘားအံမြို့နယ်ရှိအောက်ပါနေရာများတွင် လေလွင့်ခွေး စုစုပေါင်း (၇၁) ကောင်တို့ကို သားဆက်ခြားပေးခဲ့ပါတယ်။

📌ဘားအံမြို့နယ်

➤ အမှတ် (၅) ရပ်ကွက်

➤ ကမ်းနားစျေး

➤ ရေပေါ်စျေး

⛔ မိတ်လိုက်ပြီးတဲ့ ခွေးမတွေ၊ ကိုယ်ဝန်ရှိတဲ့ခွေးမတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ခွေးမတွေကို တားဆေးထိုးပေးလို့ မရတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။

🐕🐕🐕🐕🐕🐕

လမ်းဘေးခွေးအများစုက အသက်တိုကြပါတယ်။ သူတို့အသက်ရှင်တဲ့ နှစ်ကာလတိုအတွင်းမှာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုပေါင်းစုံ ကြုံနေကြရပါတယ်။

ထိုအသက်ရှင်စဥ် နှစ်အနည်းငယ်ကာလအတွင်း ထပ်ခါထပ်ခါမျိုးပွားပြီး ဒုက္ခမရောက်ရအောင် ရရှိတဲ့ အလှုငွေနဲ့လောက်အောင် မျိုးထိန်းပေးနေရတာ ဖြစ်ပါတယ်။

လမ်းဘေးတိလေးတွေကို မျိုးထိန်းပေးတာနဲ့ပတ်သက်ပြီး ယခုဆောင်ရွက်နေတာထက်ကောင်းတဲ့ အကြံဉာဏ်ပေးလိုပါက ဒီဖောင်လေးမှာ အကြံပေးနိုင်ပါတယ်ရှင်။

Feedback Form

https://forms.gle/gF5VGmr3j2m8EFr87

လမ်းဘေးတိလေးများ မျိုးပွားပြီးဒုက္ခမရောက်ကြစေဖို့ တိချစ်သူများ တတ်နိုင်သလောက် ကူညီထောက်ပံ့လိုပါက K pay/ AYA pay/ CB pay/ Wave pay

Phoo Pwint Aung - 09 444 685 276

(Note/မှတ်ချက်တွင် 'MSAP' လို့ရေးပေးပါရှင်။)

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon