Wai Phyo Aung - Blogger
03/01/2022
အကျည်းတန်အမှန်တရားတွေဟာ .
- ပထမတော့ သင့်ကို နာကျင်စေပါတယ်။
- နောက်တော့ ပိုပြီး ပျော်ရွှင်စေပါလိမ့်မယ်။
ကျွန်တော်တို့အားလုံးဟာ အမှန်တရားကိုသာ သိချင်၊ မြင်ချင်၊ လိုချင် နေကြသော်လည်း အမှန်တရားသည် တစ်ခါတရံ ကျွန်တော်တို့အတွက်၊ ကျွန်တော်တို့ ဘဝအတွက် အဆင်မပြေမှုတွေ ရှိလာတဲ့အခါ၊ အနှောင့်အယှက်တွေ ဖြစ်လာတဲ့အခါ အဲဒီအမှန်တရားကို ကျွန်တော်တို့ လုံးဝ မျက်နှာချင်းမဆိုင်ချင်တော့တာမျိုးအထိ ဖြစ်လာတတ်ပါတယ်။
ဒီအခါ အမှားတရားအဖြစ် ကူးပြောင်းယူလို့လဲ မရတာကြောင့် ဒီအမှန်တရားဟာ ကျွန်တော်တို့အတွက် အကျည်းတန်တဲ့ အမှန်တရား ဖြစ်လာပါတော့တယ်။
တနည်းပြောရရင် လူအများစုဟာ သူတို့ကိုယ်တိုင် လုပ်ခဲ့သည်၊ ဖန်တီးခဲ့သည်ဟု ဘယ်လိုပင် ပြောပြော သူတို့အတွက်၊ သူတို့ဘဝရဲ့ အဆင်မပြေသော အမှန်တရားများကို ရင်မဆိုင်ချင်ကြပါဘူး။
မိမိ လုပ်သင့်တယ်ထင်ပြီး လုပ်ခဲ့သော်လည်း အဲဒီလုပ်ရပ်ရဲ့ နောက်ကွယ်က ပြဿနာတွေနဲ့ အခက်အခဲတွေကို တွေ့မြင်လာတဲ့အခါ တတ်နိုင်သမျှ ရှောင်ရှားချင်ကြပါတယ်။
ဒီလို ရှောင်ရှားခြင်းဟာ. .
ပထမတော့ သက်တောင့်သက်သာဖြစ်နိုင်ပေမယ့် နောက်ဆုံးမှာ မပြည့်စုံနိုင်တဲ့အပြင် ထပ်ခါထပ်ခါ ပြန်လည်ဖြစ်စေတဲ့ ဘဝတစ်ခုဆီကို ဦးတည်သွားစေပါတယ်။
အဆိုးဆုံးကတော့ ဒီလိုအဆင်မပြေသောအမှန်တရားများကို ငြင်းဆိုခြင်းဟာ သင့်ဘ၀ကို တာဝန်ယူရန်နှင့် ဒီဇိုင်းဆွဲတဲ့နေရာမှာ ပိုမိုခက်ခဲစေပါတယ်။
နောက်ပြီး ရင်ဆိုင်ရဲ့တဲ့ သတ္တိထက် နှစ်သိမ့်မှုကို အဆက်မပြတ် ရွေးချယ်ပါကလဲ သင်ဟာ အခြားသူများ၏ ရုပ်သေးရုပ်အဖြစ် ဆုံးခန်းတိုင်သွားမှာ ဖြစ်ပါတယ်။
သို့ရာတွင် သင်အနေနဲ့ အောက်ပါအမှန်တရားများကို လက်ခံယုံကြည်ပါက၊ သင်သည် ထူးထူးခြားခြား ပြည့်စုံသောဘဝတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
(၁) ဘဝက မမျှတဘူး။
=======================
ဘဝမှာ တရားမျှတဖို့ မျှော်လင့်နေရင် စိတ်ပျက်အားငယ်စရာတွေပဲ တွေ့နိုင်ပါလိမ့်မယ်။
တစ်ခါတစ်ရံမှာ တချို့သော ကိစ္စရပ်တွေ၊ အဖြစ်အပျက်တွေ ဘာကြောင့် ဖြစ်ပေါ်လာသလဲ သို့မဟုတ် လူတွေ ဘာကြောင့် လုပ်ဆောင်နေရသလဲ ဆိုတာအတွက် ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် ရှိမနေပါဘူး။
သင် လုပ်ရမှာက သင် ထိန်းချုပ်နိုင်တဲ့ အရာတွေကိုသာ
အာရုံစိုက်ပြီး ကျန်တာတွေကို စွန့်လွှတ်လိုက်ပါ။
သင် မထိန်းချုပ်နိုင်သော အရာများကို စိတ်ပူခြင်းသည် သင့်ရဲ့ အချိန်နှင့် စွမ်းအင်ကို ဖြုန်းတီးခြင်းပင်ဖြစ်ပါတယ်။
(၂) ငွေသည် လောကကို အုပ်စိုးသည်။
=======================
သင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ - ငွေဟာ အရေးကြီးပါတယ်။
ငွေဟာ အရာအားလုံးမဟုတ်သော်လည်း အရာများစွာကို ပိုမိုလွယ်ကူစေပြီး ပျော်ရွှင်စရာ ဖြစ်စေသည်မှာ သေချာပါတယ်။
ဘာကြောင့်လဲဆိုရင်. .
ကမ္ဘာ့လူဦးရေအများစုဟာ တစ်ပတ်လျှင် (40+နာရီ ) ငွေအတွက် အလုပ်လုပ်ကြပါတယ်။
အဲဒီ လူအများစုထဲမှာ တချို့က ၎င်းတို့ အလုပ်များကို မုန်းတီးသော်လည်း အိမ်ခန်းခ၊ ဘေလ်ပေးဆောင်ရန် လိုအပ်သောကြောင့် သို့မဟုတ် အခြားရွေးချယ်စရာမရှိတဲ့အချက်တွေကြောင့် လုပ်နေကြရပါတယ်။
ပြောရရင် ကျွန်တော်တို့အားလုံးဟာ မိမိဘဝ၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုကို ငွေအတွက်အလုပ်လုပ်နေကြသော်လည်း၊ အများစုကတော့ ယင်း၏အရေးကြီးမှုကို ငြင်းပယ်ကြပါတယ်။
ဒါပေမယ့် နာကျင်စရာကောင်းတဲ့အမှန်တရားကတော့ “ပိုက်ဆံကို ငါဂရုမစိုက်ဘူး” လို့ ပြောနေတာပါပဲ။
အဖြစ်သင့်ဆုံးက. .
ငွေကြေးရဲ့ ပါဝါနှင့် အရေးပါမှု ငြင်းဆိုခြင်းကို ရပ်လိုက်ပြီး သင့်အကျိုးရှိအောင် မည်သို့အသုံးပြုရမည်ကို စတင်လေ့လာတာ အကောင်းဆုံးပါ။
ဒီအမှန်တရားကို သင်စောစောလက်ခံလေ၊ သင့်ဘဝက ပိုလွယ်လာပါလိမ့်မယ်။
ဒါကြောင့်. .
- သင့်ဝင်ငွေနှင့် ကုန်ကျစရိတ်များကို ခြေရာခံပါ။
- သင့်ဝင်ငွေကို အသုံးမဝင်သော အရာများတွင် ဖြုန်းတီးခြင်းကို ရပ်လိုက်ပါ။
- သင့်ရဲ့ ကိုယ်ပိုင်နည်းလမ်းအောက်မှာသာ နေထိုင်ပါ။ - သင့်ပိုက်ဆံကို မည်သို့အသုံးပြုရမည်ကို လေ့လာပါ။
(၃) မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုချခြင်းသည် ဆုံးဖြတ်ချက် မချခြင်းထက် ပိုကောင်းပါသည်။
=======================
ဆက်လက်ဖော်ပြပါမည်...
(3-jan-2022)
မြူပါ. ဆွပါ. .ရှောင်ပါ
#ကင်းထောက်ထားပါ
=================
လက်ရှိ ခွာစစ်ဆိုတာက. .
မိမိထက် လက်နက်အင်အား သာလွန်တဲ့သူတွေကို ရှိနေတဲ့ စုစည်းမှုတွေ အင်အားတွေ ပြန့်သွားအောင် မြူထုတ်တာပါ။ ခွဲထုတ်တာပါ။
ဒီနေရာမှာ မြူတယ်
ဆိုတာကလဲ အရေးကြီးလှပါတယ်။
မမြူရင် လာမှာမဟုတ်ပါ။
ရန်ကုန်မှာ ဒီနေ့ သူတို့ အတော်လေး ပင်ပန်းနေလောက်ပါပြီ။ တချို့နေရာတွေဆို အင်အားမသုံးနိုင်လို့ ဖိန့်သဘောမျိုး လူယောင် လာပြနေတာပါ။
ဒီလိုမျိုးဆို နည်းနည်း ပြန်ဆွပေးပါ။
သို့သော်လည်း.
ဒေါသတကြီးနဲ့ တချို့နေရာတွေကိုတော့ ဖြိုခွဲတတ်ပါတယ်။
ဒီလိုအချိန် ကိုယ့်ဘက်က ပြန်ဆိုင်ရင် အထိနာတတ်ပါတယ်။ ဒါကြောင့် ခွာပေးဖို့ လိုပါတယ်။ အဲ အတားအဆီးလေးတွေတော့ လက်ဆောင်ပေးခဲ့ပေါ့လေ။
လုပ်သင့်တာက.
နေ့စဉ်ရက်ဆက် ကိုယ့်ဖက်က အလျော့မပေးဘဲ ပြဿနာပေးရမယ်။ နေရာပေါင်းစုံ ဖြစ်ဖို့လိုပါတယ်။
ဖမ်းလိုက်ရင် ငြိမ်သွားမှာပါ၊
ဖြိုခွဲလိုက်ရင် ကြောက်သွားမှာပါလို့ထင်တဲ့ သူတို့စိတ်ဓါတ်ကို ရိုက်ချိုးနိုင်ရမယ်။
အဲ့လိုလုပ်တဲ့နေရမှာ အထိအခိုက်နည်းအောင်လုပ်ပါ။ ဒီအတွက် အတားအဆီးတွေတော့ ထားထားရပါမယ်။ ဒါမှ သူတို့ ဖယ်နေရတာနဲ့ အလုပ်ရှုပ် အားကုန်မှာပါ။
အတားအဆီးဆိုတာကလည်း အဓိက သပိတ်ကြောင်းကြီးရှိရာနေရာကို ရောက်ရှိစေမယ့် ပတ်ပတ်လည် လမ်းကြောင်းတွေကို ဆိုလိုတာပါ။ ဒါမှ နှောင့်နှေးကြန့်ကြာပြီး အဓိက သပိတ်ကြောင်းတွေအနေနဲ့ ကြိုတင် ပြင်ဆင်နိုင်မှာပါ။
အရေးကြီးဆုံးက တစ်နေရာနဲ့ တစ်နေရာ Communication ရှိဖို့ အရေးကြီးပါတယ်။
တချို့မြို့တွေ ဒီလမ်းနဲ့ ဟိုဘက်လမ်းတောင် ဘာဖြစ်လဲ မသိကြပါဘူး။
အဓိကက လာဖိန့်တာလား၊ ဖြိုခွဲဖို့လားဆိုတာ အင်အား အတိအကျ သိဖို့လိုပါတယ်။
ဖြစ်နိုင်ရင်.
ကင်းထောက်တွေနဲ့ လမ်းဆုံတွေမှာ ကြိုသတင်းယူလို့ရအောင် စောင့်နေတာမျိုး ပိုကောင်းတယ်။
ဖေ့ဘွတ်မှာပျံ့တဲ့ ကောလဟာလမျိုးထက် ကိုယ့်လူပို့တဲ့ တကယ့်သတင်းမှန်နဲ့ သွားရင်ပိုကောင်းပါတယ်။
တစ်ခါတည်း သူတို့ရဲ့ သတင်းပေးတွေကိုလဲ
စောင့်ကြည့်ပါ။
အဓိက က ကိုယ်တွေက နယ်မြေကျွမ်းတော့ တစ်ပန်းသာတယ်ဆိုတာ မမေ့ပါနဲ့။
အော်တာ အင်အားပြတာအရေးကြီးသလို၊
အန္တရာယ်ကင်းရေးနဲ့ လျှင်မြန်စွာ ရွေ့လျားနိုင်ရေးကလဲအရေးကြီးတယ်။
#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ
Click here to claim your Sponsored Listing.