BSA Production Training
Hello Good Day.
04/01/2020
ဝတ္ထုကနေ ရုပ်ရှင်အဖြစ် ဘယ်လို ပြောင်းလဲကြမလဲ
အပိုင်း (၁)
Adaptation: The 5 Key elements to a successful Adaptation
ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြောင်းတဲ့ခါ သိထားသင့်တဲ့ အချက် (၅) ချက်
ပထမဦးဆုံး ပြောချင်တာကတော့ ၀တ္ထုမှာတွေ့ရတဲ့ ရေးသား
နည်းတွေ ဇာတ်ကြောင်းပြောဟန်တွေ ဇာတ်ကောင်ရဲ့အတွင်းစိတ်တွေကို ဖော်ပြပုံတွေဟာ ရုပ်ရှင်နဲ့ မတူဘူးဆိုတာကို သိထားရပါမယ်။
ဒါကြောင့် ကျွန်တော်တို့ ရုပ်ရှင်အဖြစ် ပြန်ပြောင်းတဲ့အခါ ဒိုင်ယာလော့တွေ အသံတွေ ရုပ်တွေအဖြစ် ပြန်လည် ပြောင်းလဲရပါတယ်။ ခုနက ၀တ္ထုရေးတဲ့အခါမှာ အသုံးပြုတဲ့ နည်းစနစ်အချို့ကို ဇာတ်ညွှန်းမှာ သုံးမယ်ဆိုရင် ရုပ်ရှင်ဟာ ပရိတ်သတ်ကို ဘယ်လိုမှ ဆွဲဆောင်မှု ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ၀တ္ထုကနေ ရုပ်ရှင်အဖြစ် အသက်သွင်းတဲ့အခါ အဓိက သိထားသင့်တဲ့ အကြောင်းအရာ (၅) ခုကို ဖော်ပြပေးသွားပါမယ်။ ၀တ္ထုကနေ ရုပ်ရှင်အဖြစ် ပြန်ပြောင်းတဲ့အခါ သိထားသင့်တဲ့ အကြောင်းအရာတွေ များစွာ ရှိပါတယ်။ ဒီအကြောင်းအရာ များစွာထဲက အချို့ကို အပိုင်းလိုက် တင်ဆက်ပေးသွာပါမယ်။
Harry Potter, The Hunger Games, The lovely Bones ဆိုတဲ့ ရုပ်ရှင်အားလုံးဟာ ၀တ္ထုက တစ်ဆင့် ပြန်လည်အသက်သွင်းထားတဲ့ ရုပ်ရှင်တွေ ဖြစ်ပြီးတော့ အင်မတန် အောင်မြင့်ခဲ့ကြပါတယ်။ ဒီလို ဘာကြောင့် ရုပ်ရှင်မှာ အောင်မြင်ခဲ့ကြသလဲဆိုတော့ အခု ကျွန်တော်တို့ပြောမဲ့ အချက် (၅) ချက်ကို အလေးထားလို့ပါပဲ။
အဲ့ဒီ ရုပ်ရှင်မှာ အောင်မြင်စေတဲ့ အချက် (၅) ချက်ကတော့
(၁) An Empathetic Hero
နံပါတ်တစ် အရေးကြီးဆုံးကတော့ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်ပါ။ ဇာတ်ဆောင်ဟာ ဇာတ်လမ်းအစမှသည် အဆုံးထိ သူရဲ့ ဖြစ်တည်မှု ခံစားမှု ယုံကြည်မှု ဆန္ဒ အခြေအနေအားလုံးကို ပရိတ်သတ်က မျှဝေ ခံစားလို့ ရရပါမယ်။ Hero နှင့်အတူ မျှဝေ ခံစားနိုင်မှ ဇာတ်လမ်းအစကနေ အဆုံးထိ ပရိတ်သတ်က ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
(၂) Hero ဟာ ရှင်းလင်းတဲ့ တိကျတဲ့ ဆန္ဒရှိရပါမယ်။ ဆန္ဒအတွက် ကြိုးစားရုန်းကန်ရင်း ဇာတ်လမ်းအဆုံးမှာ အောင်မြင်ရပါမယ်။
ဒီကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ဇာတ်လမ်းထဲမှာ Hero ဟာ ပြင်းပြတဲ့ ဆန္ဒရှိရပါမယ်။ Hero က ဘာဖြစ်ချင်တာလဲပေါ့။ အချစ်ကို လိုချင်တာလား။ အမေကို ရှာနေတာလား။ ဥပဒေ အသစ်တခု တင်ချင်တာလား။ တရားခံ ဖမ်းချင်တာလား။ အဆိုတော် ဖြစ်ချင်တာလား။ တစ်ခုခုကို ဖြစ်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒရှိရပါမယ်။ ဒီဆန္ဒ ရည်မှန်းချက်အတွက် အခက်အခဲပေါင်းစုံကို Act 1 အပြီး ရုပ်ရှင်ရဲ့ (၂၅) မိနစ်လောက်ကနေ အခက်အခဲတွေကို စတင် ရုန်းကန်လှုပ်ရှားရပြီး Climax ရောက်သည်အထိ ကြိုးစားရပါတယ်။ဒါကတော့ သူဖြစ်ချင်တဲ့ အိပ်မက်တစ်ခုအတွက် ကြိုးစားခြင်းကို ပြောပြတာဖြစ်ပါတယ်။ သူ့ရဲ့ အတွင်းစိတ်အခြေအနေ သူ့ကိုယ်သူ ပြန်လည်ရှာဖွေ တွေ့ရှိမှု လက်ခံမှုတွေ မပါသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Hero ဟာ ရှင်းလင်းတဲ့ တိကျတဲ့ ပြင်းပြတဲ့ ရည်မှန်းချက် ဆန္ဒ ရှိရပါမယ်။
(၃) ပြဿနာကို ဧရာမ အကြီးကြီး ဖန်တီးပေးရပါမယ်။
ခုနက ပြောခဲ့သလို Hero သည် သူ့ရဲ့ ဆန္ဒကို ပြည့်ဝအောင် လုပ်ဖို့အတွက် ခရီးလမ်းတစ်လျှောက်မှာ ကြီးမားတဲ့ အခက်အခဲ အတားအဆီးတွေကို ဖန်တီးပေးရပါမယ်။ အခက်အခဲက မကြီးမားရင် ကျွန်တော်တို့ ပရိတ်သတ်ရဲ့ အာရုံကို ဖမ်းစားနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ ဆိုကြပါစို့ ။ ကျွန်တော်တို့ရဲ့ Hero ဟာ အဆိုတော် တစ်ယောက်ဖြစ်ချင်တယ်။ အဆိုလည်းကောင်း အတီးလည်းကောင်း မိဘကလည်း ချမ်းသာတယ်။ ဒီတော့ ဘာအခက်အခဲမှ မရှိဘဲ တေးစီးရီးထုတ်လိုက်တာ တစ်ခါတည်း အောင်မြင်ပြီး အဆိုတော် ဖြစ်သွားတယ်။ ဒါဆို ပရိတ်သတ်က စိတ်ဝင်စားမှာ မဟုတ်တော့ဘူး။ ဒီတော့ ဧရာမ အခက်အခဲ အတားအဆီးတွေကို ဖန်တီးပေးရပါမယ်။ Hero က အဆိုတော် ဖြစ်ချင်တယ်။ ဒါပေမဲ့ ပိုက်ဆံက မရှိဘူး။ နယ်က တက်လာမယ်။ နေဖို့ စားဖို့ ခက်ခဲတဲ့အပြင် တေးစီးရီး သွင်းဖို့ ပိုက်ဆံက မရှိ။ တစ်ဖက်ကလည်း အလုပ်လုပ်ရမယ်။ တစ်ဖက်ကလည်း သူဖြစ်ချင်တဲ့ အဆိုပညာက လေ့လာရဦးမယ်။ ဒီတော့ အလုပ်က လုပ်ရသေး။ သီးချင်းရေးဆိုဖို့က အချိန်က လုရသေးနဲ့။ သူ ပင်ပန်းမယ်။ တေးစီးရီ ထွက်ဖို့ ဆို သူ့အတွက် ပိုပြီးခက်ခဲသွားပြီ။ ဖြစ်တောင် မဖြစ်နိုင်တော့ဘူး။ အဲ့ဒီအတွက် သီးချင်ဆိုဖို့ ရတဲ့နေရာတွေရှာ ပြဿနာတွေကြုံ ဒီလိုမျိုး ဖြစ်အောင် ဖန်တီးရပါမယ်။ ဒါပေမဲ့ ဒီလို အခက်အခဲကို မဖြစ်ဖြစ်အောင် ကြိုးစားပြီး နောက်ဆုံး အဆိုတော်ဖြစ်သွားအောင် ပြဿနာကို ချပေးလိုက် ဖြေရှင်းလိုက် လုပ်ပေးရပါတယ်။ အဆိုပြိုင်ပွဲမှာ ၀င်ပြိုင်တယ်ဆိုရင်လည်း အခက်အခဲပေါင်းစုံ ဖန်တီးပေးရတဲ့အပြင် အင်မတန် တော်တဲ့ ပြိုင်ဘက်တွေကို ခက်ခဲစွာ ယှဉ်ပြိုင်ပြီး နိုင်တာသွားတာမျိုး ပြရပါမယ်။ ဒီလို အခက်အခဲ ပေါင်းစုံကြားကနေ ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းမှု ပူဆွေးမှု ကြောက်လန့်မှု ဒီခံစားမှုတွေကပဲ ပရိတ်သတ်ရဲ့ အာရုံကို ဖမ်းစားနိုင်တာ ဖြစ်ပါတယ်။
(၄) ရိုးရှင်းရပါမယ်။
ရုပ်ရှင်တစ်ကားလုံးကို စာကြောင်းတစ်ကြောင်းတည်းနဲ့ ဖော်ပြလို့ ရအောင် ရိုးရှင်းရပါမယ်။ မိမိဇာတ်လမ်းဟာ အင်မတန် ရှုပ်ထွေးနေရင် ပရိတ်သတ် နားလည်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အင်မတန် ရှည်လျား ထွေပြား ရှုပ်ထွေးတဲ့ ဇာတ်လမ်းတွေဆိုရင် ကြော်ငြာဖို့အတွက်လည်း ခဲယဉ်းတယ်။ ရောင်းရဖို့လည်း မလွယ်ဘူး။ လူလည်း စိတ်မ၀င်စားကြဘူး။ ဒါကြောင့် မိမိဇာတ်လမ်းကို စာကြောင်း တစ်ကြောင်းတည်းနဲ့ ပြောလို့ ရတဲ့အထိ ရိုးရှင်းရပါမယ်။
(၅) ရင်းနှီးပြီးသား ဖြစ်ရပါမယ်။
ဒါကတော့ ကျွန်တော်တို့ ဇာတ်လမ်းအမျိုးအစားကို အဓိက ထားပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပရိတ်သတ်ဟာ ဇာတ်လမ်းအမျိုးအစားကို ကွဲကွဲပြားပြားသိမှ သူတို့ ခံစားမှုကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ Romance ဆိုရင် ချစ်ခြင်းမေတ္တာအကြောင်းကို ခံစားချင်လို့ ရွေးချယ်ကြမှာပါ။ Action ဆိုလည်း Action ကိုခံစားချင်လို့ Drama ဆိုလည်း Drama ပေးတဲ့ ရသ Comedy ဟာသဆိုလည်း ဟာသရသ Sci-Fi ဆိုလည်း သူက ပေးတဲ့ မတူညီတဲ့ ရသကို ခံစားဖို့ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ဇာတ်လမ်းအမျိုးအစားကို တိတိကျကျ ဖော်ပြထားမယ်ဆိုရင် ပရိတ်သတ်က ရွေးရလွယ်ကူစေပါယ်။ ဒါကြောင့် မိမိ ဖန်တီးထားတဲ့ ရုပ်ရှင်ဟာ Romance လား Drama လား ပရိတ်သတ်နဲ့ တစ်သားတည်းကျပြီးသား ရင်းနှီးပြီးသား ဇာတ်လမ်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ဒါမှ မိမိဇာတ်လမ်းက ရောင်းရ လွယ်ကူပါလိမ့်မယ်။
ဒါကြောင့် ၀တ္ထုကနေ ရုပ်ရှင်အဖြစ် ဖန်တီးမယ်ဆိုရင် ဒီအချက်တွေကို သိထားရပါမယ်။ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ဇာတ်ညွှန်းရေးတယ်ဆိုတယ် အင်မတန် ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။ Hollywoodမှာတော့ ဇာတ်ညွှန်းရေးသူတွေဟာ ၀တ္ထုရေးဆရာတွေလောက် ရိုသေလေးစားမှု မခံကြရပါဘူး။ ဘာလို့လဲဆိုတော့ ၀တ္ထုကို ကြိုက်နှက်သက်ခဲ့တဲ့ ပရိတ်သတ်တွေက ၀တ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးတဲ့အခါ ဇာတ်ညွှန်းရေးသူတွေကို အပြစ်မြင်ကြတယ်။ ဝေဖန်ကြပါတယ်။
ဆက်လက်ပြီး အပိုင်း (၂)ကို ဖော်ပြပါမယ်။
မူရင်း - Michael Huage
ဘာသာပြန် - စိုးမင်းထွန်း
နောက်လည်း ဇာတ်ညွှန်းနဲ့ ပတ်သက်တာတွေ ဆက်လက်ဖော်ပြဦးမည်
ဖြစ်၍ CTA Page ကို Like and Share လုပ်ထားနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
959
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |