Trigo lyli

Trigo lyli

Share

05/05/2024

''စောင့်ဆိုင်းခြင်း''

ကျွန်တော်ဟာတစ်စုံတစ်ယောက်ကိုစောင့်ခဲ့တယ်၊
ထို့အတူ
ကျွန်တော့်ကိုလည်းတစ်စုံတစ်ယောက်က
စောင့်နေခဲ့တယ်။

ကျွန်တော်တို့ဟာ
မညီမျှသော
စောင့်ရခြင်းတွေနဲ့၊

ဘဝဟာလည်မြဲ
စောင့်ရဆဲ။

ဘာ​ကြောင့်ဆိုသောအဖြေ
ကျွန်တော်တို့မှာမရှိ။

အရှိန်ပြင်းသောမီးရထားနှင့်ဘူတာအိုကဲ့သို့
ကျွန်တော်တို့ဟာ
ခတ္တခဏတွေ့ဆုံမူတွေအတွက်
စောင့်မြဲစောင့် လျှက် စောင့်နေခဲ့ဆဲဘဲ။

05/05/2024

အရှုံး

အချစ်နဲ့စစ်ဟာကျရှုံးရင်

အထိနာတတ်တယ်ဆိုတာ
မှောင်မိုက်ပျက်စီးလွယ်တယ်ဆိုတာ
မောင်ယုံတယ်မလား။

မောင်ဟာတိုးဖွဖွ ရယ်လေတယ်၊

ဒီအဓိပ္ပါယ်ဟာ
မောင်မသိဘူးဆိုတဲ့သဘော
မောင်တကယ်ကိုမသိပါဘူးဆိုတဲ့သဘော၊

မောင်ဘယ်နားလည်နိုင်မလည်း
မောင်ဟာ အချစ်မှာမကျရှုံးရသေးတဲ့
ကောင်ငယ်ကလေး

ကျွန်မဟာမောင့်ကြောင့်
မောင့်ကြောင့်လေ....

05/05/2024

''တိမ်တွေလိုလူ''

တစ်ခါတစ်လေ
တိမ်တွေကိုမြင်လို့ကိုယ်ငိုတယ်ဆိုရင်
မင်းယုံမလား။

တိမ်တွေကိုကြည့်ရုံနဲ့၊.
တိမ်တွေလိုအလွယ်တကူ၊

အခြားသောအရပ်ကိုရွေ့သွားတဲ့
လူတစ်ယောက်ကို
ကိုယ် ရဲ့ အသိအာရုံမှာ
တစ်ခါတစ်ရံပေါ်ပေါ်လာတက်တယ်လို့
ပြောရင်ရော
မင်းယုံဉီးမှာလား။

တိမ်စိုင်တွေက ထူထပ် များပြားနေတဲ့အခါ
ပူလောင်ရပင်မဲ့၊

တစ်ခါတစ်ရံလည်း
တိမ်ငွေ့ပျံလို့ရွာကျတဲ့မိုးရေစက်တွေလို
ကိုယ့်ကိုအေးချမ်းစေခဲ့ဖူးတယ်။

05/05/2024

''လွဲ''
ဆရာအောင်ချိမ့်ဆိုသလိုဆို
''ကျွန်တော်တို့ဟာ
ဘယ်ရထားမှာလွဲခဲ့တာလည်း
တစ်ခါလွဲရင်နှစ်ပေါင်းဘယ်လောက်
ကြာမှာလည်း''
ကျွန်တော်တို့လွဲခဲ့တယ်
ကျွန်တော်တို့ဝေးမြဲဝေးခဲ့တယ်
အကြောင်းရင်းဟာ
ကျွန်တော်တို့လမ်းတွေမတူခဲ့လို့
နီးလျှက်နဲ့တောင်
လမ်းတွေမတူခဲ့ကြလို့
ဆုံမှတ်ဟာရော
ဘယ်လောက်ကြာအုံးမှာလည်း
ကျွန်တော်တို့ဟာ
တစ်ကမ္ဘာထဲလည်ပတ်ရှင်သန်ရင်း
မျက်နှာချင်းဆိုင်အခွင့်အရေးလေးတောင်
မရှိခဲ့ရရှာ။

05/05/2024

''စိတ္တဇအတွေးများ''
အတိတ်ကခြေရာတွေဆီ
ခြေဉီးလှည့်မိတော့
ကိုယ့်ဟာကိုယ် ငိုင်တွေရတယ်။
မရွေးချယ် ခံ ခဲ့ရတာ ကိုယ်ပါလားဆိုတာ
အကြိမ်ကြိမ်ပြန်တွေးမိတော့
စိတ်နှလုံးသားဟာ
အကြိမ်ကြိမ် ထပ်သေရတယ်။
သန်းခေါင်ယံ ညနက်တွေ လန့် နိုးချိန်တိုင်း
ဝေးသွားတာတကယ်ဆိုတာ
ကိုယ့် ဉီးနှောက်ကအသိပေးပြန်တယ်၊
မဟုတ်ဘူး မဟုတ်ဘူး
ကိုယ်တို့မဝေးခဲ့သေးဘူး
ကိုယ့်မေးခွန်း ကိုယ့်ဟာကို ပြန်ဖြေဖြစ်တယ်။
ရူးကြောင်ကြောင်ပါဘဲကွယ်
ဒီလိုနဲ့ ဘဲ မိုးလင်းခဲ့ပြန်တယ်။

04/05/2024

အဲ့ဒီနေ့ကလေ ပျော်ရမယ်ထင်ပြီး
မေတ္တာ တွေတပွေ့တပိုက်နဲ့
အကို့ဆီလာခဲ့တာအကိုရဲ့
တစ်ကယ်ပျော်ခဲ့ရသူက ညီမ မဟုတ်ဘဲ
အကိုနဲ့အကို့အမျိုးသမီးဖြစ်သွားခဲ့ရတယ်ရှင်
ရင်ကျိုးမတက်ပါဘဲ အကိုရယ်
ဒုတိယ လူဘယ်တော့မှ မဖြစ်ချင်တဲ့မိန်းမက
အကိုနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ကွယ်
ဝဋ်ရှိသမျှ ကျေပါစေ တော့ ။

03/05/2024

ပျော်အောင်နေနေရတယ်ဆိုထဲက
အထိအရှ အလွန်များခဲ့လို့မဟုတ်လား
မပျော်တာနဲ့တစ်ပြိုင်နက်
ပြိုလဲ ကျသွားမှာဆိုတာ ကိုယ့်နှလုံးသား က
အကြိမ်ကြိမ် သတိပေးနေခဲ့လို့သာ
အထိအရှအနည်းဆုံးနဲ့ ဆက်ရှင်သန်နေခဲ့တာ။

03/05/2024

''ပုဂံမှာ မိုးတွေရွာနေတယ်ဖြူ''

ရေးသူ=ဆရာ ဆန်းကျော်စွာဝင်း
ရွတ်သူ=ထရီဂိုလိုင်လီ

03/05/2024

ကျွန်တော်တို့ဟာ
အသက်ရှင်ရေးကိုအပြေးအလွှားလိုက်ရင်း
အိမ်မက်ပျောက်နေတဲ့လူငယ်တွေပါ။

26/04/2024

အေးချမ်းခြင်းတွေဘဲ
ပေးချင်တာပါအချစ်ရယ်
တတ်နိုင်သလောက်လည်း
အေးမြစေဖို့ရည်ရွယ်ခဲ့ပါတယ်
မင်း က ပူလောင်စေရတယ်ဆိုပြန်တော့
ကိုယ့်မှာမရည်ရွယ်ခဲ့ပါဘူး
အရိပ်ရအောင်ထီးမိုးပေးမိတာပါအချစ်ရယ်
ပိူပူ ရတယ်ဆိုရင်တော့
ကိုယ်က ရပ် ကျန်နေခဲ့ပေးမှာပါ
ကိုယ်အချစ်လေး အေးချမ်းပါစေ တော့
အေးချမ်းပါစေ တော့။

25/04/2024

အထိအခိုက်မခံနိုင်တော့တဲ့
အနေအထားမို့လားမသိဘူး။
တစ်ယောက်​ယောက်ကကိုယ့်ကိုနာကျဉ်စေတယ်
ဝမ်းနည်းစေတယ် စိတ်ထိခိုက်စေတယ်ဆိုရင်
အဲဒီလူအနားက ကိုယ်ထွက်လာခဲ့လိုက်တယ်။
မထွက်လာနိုင်သေးရင်လဲ ခပ်ကွာကွာမှာနေတယ်။

ရသင့်တဲ့နာကျင်မှုထက် ပိုရခဲ့ပြီးပြီလေကွယ်။
ထပ်ပြီးနာကျင်ရမယ်ဆိုရင် ထွက်ပြေးတဲ့လမ်းကို
ကိုယ်ရွေးမှာပဲ....။

- ltm -

25/04/2024

ထပ်တူထပ်မျှအေးချမ်းရတယ်ဆိုတာ
တကယ်ရောရှိလို့လား
တစ်နည်းနည်း
တစ်ဖုံဖုံနဲ့ လောင်မြိုက်ရတာပါဘဲ
နွေခေါင်ခေါင် မှာ
အအေးရိပ်ပြေးလွှားရှာနေရတဲ့ငှက်သူငယ်လိုဘဲ
ဟိုအရိပ် အေးမယ်ထင်လို့ဝင်နားခိုလိုက်
မအေးတဲ့အခါပြန်ထွက်လာလိုက်နဲ့
မမျှတ တဲ့တောင် ပံတွေ ညောင်းညာကိုက်တဲ့အထိ
တရိပ်ရိပ်ပျံသန်းနေခဲ့ရတယ်။

24/04/2024

စစ်ကြီးပြီးရင် ခန်းစီးအသစ်တွေလဲကြမယ်
ပျော်စရာကောင်းတဲ့ဖျော်ရည်တွေသောက်ကြမယ်
ဘုရားကျောင်းပေါ်မှာ
အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်
တောင်းရမယ့်ဆုက
ချစ်တဲ့သူများသာ ​အဓွန့်ရှည်ပါစေ။
#ကြည်ဇော်အေး

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon