Thitsa Kha - Kate
Isn’t it oddly satisfying?
How do y’all clean your ear cheese then?
နားပေါက်ကို အဲ့လိုမဆေးရင် ဘယ်လိုဆေးတုန်း?
17/05/2026
ပုံတွေရိုက်ပြီးရင် Editလုပ်ရမှာပျင်းတဲ့ Lazy Kate📸
Kateလိုပုံပြင်ရမှာ ပျင်းတဲ့ကောင်မလေးတွေရယ် Digi Camကို ဝယ်ချင်တယ် ဘယ်လိုပုံထွက်မယ်မှန်းမသိလို့ စွတ်စပ်မဝယ်ရဲဘူးဆိုတဲ့သူတွေအတွက် Kateကအရင်စွန့်စားပေးထားခဲ့ပါတယ် အိပ်ငိုက်နေတဲ့ပုံကို snapလိုက်ရင်တောင် လှပနေစေတဲ့ Digi Camလေးတစ်လုံးပါပဲ✨🤍
အပြင်မှာမျက်နှာကို ဘယ်လောက်ပဲအချိန်ပေးပြီး မိတ်ကပ်ကို မွတ်ထနေအောင်ပြင်ထားပါစေ တွေ့တဲ့သူတိုင်းကလည်း မျက်နှာလေးမွတ်ပြီးသိပ်နေတာပဲပြောပြော ဖုန်းကင်မရာထဲရောက်ရင် ကြည့်မကောင်းတဲ့အထဲမှာ Kateလည်းအပါအဝင်ပါပဲ 🙋🏻♀️
အရင်တုန်းက iPhoneတွေမှာ Xအထိကိုယ့်ကိုယ်ကို ကြည့်ကောင်းတယ်ထင်တယ် 13စကိုင်တဲ့အချိန်ကစပြီး ကြမ်းတမ်းမွဲခြောက်နေချက် စိတ်တွေလည်းလေလွင့်ပါတယ် တကယ်😓
IGမှာလေ film shotတွေစပြီး ခေတ်ပြန်ထတော့ filmက Kateအတွက် point & shootတောင် convenienceမရှိဘူး developလုပ်ရတာလည်းခက်လို့ Digi Camလေးတစ်လုံးဝယ်လိုက်ရာကစပြီး Kateတစ်ယောက် ပုံတွေပြင်ရတဲ့ ပုံပြင်လေးကနေ ဖုန်းထဲတန်းကူးပြီး ပုံတင်တဲ့ဆီကို ကော်ဇောပျံကြီးနဲ့ပါသွားပါလေရော🪽
ခုပုံလေးတွေက EX-ZR1200နဲ့ Make-up Modeဖွင့်ပြီးချထားတာ အဲ့နေ့က အရမ်းပူတော့မိတ်ကပ်မလိမ်းချင်လို့ Digi Camလေးပဲ အားကိုးထားတယ် Make-up Mode (Skin Brightening)ဖွင့်ထားပြီး ရိုက်ရင် အဲ့လို soft focusလေး(အများကြီးဆိုလည်းမကြိုက် Kateနဲ့မလိုက်) မခို့တရို့ရတာလေးလည်း သဘောကျလို့ 🫧
နောက်ဆုံးမှာ ကင်မရာပုံလေးထည့်ပေးထားတယ် ရှာတော့ဝယ်ရမယ်ထင်တယ် Kateတုန်းကတော့ Pre-lovedကိုမှ 𝟯𝟱𝗺𝗺 𝗙𝗹𝗶𝗰𝗸𝘀ကဝယ်တာ ဆက်ရောင်းသေးလား မပြောတတ်ဘူးရယ် အဆင်ပြေကြပါစေ✨
Locationလေးတွေက Vietnamရဲ့ Son Tra Marina Cafe - Da Nang (ဒါနန်းမြို့) Ancient City Latern Boats port - Hoi An (ဟွိုင်အန်းမြို့) Ling Uhn Pagoda - Marble Mountainတို့ပဲဖြစ်ပါတယ် 📍
အရမ်းရိုင်းတယ်
03/05/2026
Dior Gold House ကိုသူများတွေသွားနေတာ ခဏခဏတွေ့တယ် ရှေ့ကလည်းခဏခဏဖြတ်တယ် တစ်ခါမှမဝင်ဖြစ်တာနဲ့ သွားဖူးတယ်ရှိအောင် အချိုလေးသွားတည်းဖြစ်ပါတယ် Honest Reviewပေးမယ် နော်📝
ပြခန်းကတော့ဒီအတိုင်း Central Chidlomကအဆင်းလမ်းကြုံဖြစ်ဖြစ် ဒီအတိုင်းဝင်ကြည့်လို့ရပါတယ် ဝယ်ချင်တာရှိရင်ဝယ်ပေါ့ ကဖေးထိုင်မယ်ဆိုရင်တော့ sevenrooms.com ကနေ Seating Bookingကြိုတင်ရပါတယ် Walk-in မရပါဘူး ၁၀မိနစ်နောက်ကျခွင့်ရှိတယ် Cancelလုပ်ရင် ကတ်ထဲကနေ ဘတ်၅၀၀ဖြတ်သွားတယ် ဘိုကင်တစ်စောင်ကိုမိနစ်၉၀အချိန်ရပါတယ် 🕰️
Seatingရွေးရင် Glass Houseကိုပဲရွေးပြီး reserveလုပ်ပါ ၅နာရီနေရောင်လောက်ဆို သိပ်လှတာပဲ အေးဆေးစားရင်းသောက်ရင်းဓာတ်ဖမ်းပေါ့လေ အထဲမှာအကုန်ပြီးမှ မှောင်ရီချိန် အပြင်မှာမီးတွေထွန်းတာနဲ့ကွက်တိ ဓာတ်ပုံလေးဘာညာချလပ်ခဲ့ 📸
အချိုပွဲအပိုင်းကိုပြောရရင်တော့ I’ll start with the drinks menu. ကော်ဖီကောင်းပါတယ် ခပ်ပြင်းပြင်းလေးကြိုက်တတ်ရင် soooo goood Mochaတောင်တော်တော်ထိမိဂွိ☕️ ကော်ဖီက ဘတ် ၃၀၀ ဝန်းကျင်ကျတယ် နောက်ပြီးကျ Virgin Neroliထပ်မှာခဲ့တယ် (this one blew my mind, chef kiss✨) စျေးတွေကတော့ ဘတ်၄၀၀ဝန်းကျင်🍸
Dessertsကတော့ သိပ်ပြီးဘဝင်မကျဘူး Croissantနဲ့ ကိတ်မုန့် စားခဲ့တာမှာ 🥐Croissantက La Pétaleကိုtryကြည့်ခဲ့တယ် ဘတ်၄၀၀ အရသာကပုံမှန်ပဲ ထူးခြားတာမရှိဘူး 🧁ကိတ်မုန့်ကတော့ အဲ့နေ့ကအီတာတွေ ခံတွင်းမတွေ့တော့တာနဲ့ Signature Dessertထဲက refreshingဖြစ်စေမဲ့ La Colle Noireကို မှာစားခဲ့တာ ဘတ်၆၀၀ကျော်ဆိုတော့ မျှော်လင့်ချက်တစ်စုံတစ်ရာနဲ့ပေါ့လေ လှတာပဲရှိတာ အရသာက ရိုးရိုးLemon tartအတိုင်းပါပဲ (I couldn’t do my little dance for this. Sad…) Textureလေးတွေ အစုံအလင်နဲ့ Attentionတော့ရစေပေမဲ့ အရသာက မလာဘူး ဟီးဟီး ကိုယ်ပဲ menuအရွေးမှားလားတော့မသိ 🥺
သွားထားတဲ့သူတွေ အများကြီးတွေ့တယ် Menuမတူတာလေးတွေ Tryကြည့်ဖြစ်ခဲ့ရင် ကောင်းတာလေးcommentမှာ recommendလေးလုပ်သွားကြပါဦး🤍✨
ပြောပြဦးမယ် သူ့အိမ်သာထဲက Gris Dior Lotionကိုလေ အရှည်ကြီးတို့ ရောက်မှတော့တန်အောင်ဆိုပြီး လက်မှာသွားလိမ်းမိတာ ၃ရက်လုံးရေ၆ကြိမ်လောက် ချိုးတာတောင် အနံ့ကမပြယ်ဘူး ဘာတွေထည့်ထားလဲတော့မသိ လူလည်းမူးနောက်နေတာ တကယ်🥹
Click here to claim your Sponsored Listing.