APS Technology

APS Technology

Share

05/10/2025

🪔သီတင်းကျွတ်ပိတ်ရက် အသိပေးကြေညာခြင်း🪔

5.10.2025 မှ 8.10.2025 အထိ သီတင်းကျွတ်ပိတ်ရက်အဖြစ် ရုံးပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်..

ဝါလကင်းလွတ်သီတင်းကျွတ်အချိန်ခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်..❤️

Photos from APS Technology's post 13/06/2025

Facebook နဲ့ Messenger ပေါ်တွင် မြန်မာဘာသာအသုံးပြုသူများအတွက် Meta Myanmar မှ အသိပေးကြေညာချက်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ စတင်ပြီး မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက် စာသား ပြောင်းလဲခြင်းကို Facebook တွင် မြင်တွေ့ရတော့မည် မဟုတ်ပါကြောင်း Meta Myanmar မှ အသိပေးထားပါတယ်။ ဆိုလိုသည်မှာ သင့်ဖုန်းတွင်ထည့်သွင်းထားသော ဘာသာစကားဆက်တင်ကို မြန်မာဘာသာ (‌‌ဇော်ဂျီ) ဟု သတ်မှတ်ထားဆဲဖြစ်ပြီး မြန်မာဘာသာ (ယူနီကုတ်) ကို မပြောင်းလဲထားပါက၊ သင်သည်_

- သင့် Facebook စာမျက်နှာမှာရှိတဲ့ အကြောင်းအရာအပြည့်အစုံကို ဖတ်ရှုလို့ မရနိုင်တာ ဖြစ်နိုင်ပါတယ်။
- သင်တင်ထားတဲ့ပိုစ်တွေကလည်း အခြားသူတွေမှာ မှန်မှန်ကန်ကန် မပေါ်နိုင်တာ ဖြစ်နိုင်ပါတယ်။
- မြန်မာဘာသာ (ဇော်ဂျီ) နဲ့ ထည့်သွင်းထားတဲ့ အကောင့်အမည်ကလည်း မှန်ကန်စွာ မပေါ်နိုင်တာ ရှိနိုင်ပါတယ်။

သင့်ရဲ့ Facebook အသုံးပြုမှုအတွေ့အကြုံကို အဆင်ပြေလွယ်ကူ ချောမွေ့စေရန်အတွက်၊ သင့်ဖုန်းရဲ့ ဘာသာစကားဆက်တင်ကို မြန်မာဘာသာ (ယူနီကုတ်) သို့ ယခုပဲ ပြောင်းလဲအသုံးပြုဖို့ အကြံပြုပေးချင်ပါတယ်။ သင့်သူငယ်ချင်းများနှင့် မိသားစုဝင်များရဲ့ ဖုန်းများမှာလည်း ဘာသာစကားဆက်တင်ကို ပြင်ဆင်ဖို့ သတိပေးလိုက်ပါတယ်နော်။

သင့်ရဲ့ဖုန်းတွင် မြန်မာဘာသာ (ယူနီကုတ်) သို့ မည်သို့ပြောင်းလဲရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိရှိရန်နှင့် သင့်ရဲ့ Facebook အကောင့်အမည်ကို ပြောင်းလဲရန် ယခုဖော်ပြထားတဲ့ Help Center ဆောင်းပါးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ - https://www.facebook.com/help/1824022561788685

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yankin
Yangon
11081

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00