Next In
21/06/2026
■ Lee Kwang-soo ရဲ့ အလွဲအချော်တွေ
- - - tvN ရဲ့ “GBRB: Farm Operation – Go Go Farm” အစီအစဉ်အသစ်မှာ Lee Kwang-soo တစ်ယောက် နွားချေးတွေ သန့်ရှင်းရေးလုပ်ရင်း သတိလစ်မတတ် ဖြစ်ခဲ့ရတဲ့အကြောင်းကို ရယ်စရာကောင်းအောင် ပြန်ပြောပြသွားလို့ ပရိသတ်တွေ ဟားတိုက်ခဲ့ရပါတယ်။
ဇွန်လ (၁၉) ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ဒီအစီအစဉ်မှာတော့ Lee Kwang-soo၊ Kim Woo-bin နဲ့ Doh Kyung-soo တို့ (၃) ယောက်ဟာ Jeju ကျွန်းမှာ မွေးမြူရေးလုပ်ငန်းကို စိန်ခေါ်မှုတစ်ခုအနေနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ သူတို့ (၃) ယောက်ဟာ စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ၊ ချစ်စရာကောင်းတဲ့ နွားငယ်လေးတွေကို စိတ်ကူးယဉ်ပြီး ရောက်လာခဲ့ပေမဲ့ တကယ့်လက်တွေ့မှာတော့ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။
သူတို့ရဲ့ ပထမဆုံး အလုပ်ကတော့ နွားတင်းကုပ်ကို သန့်ရှင်းရေးလုပ်ပြီး ကြမ်းပြင်မှာ ပေကျံနေတဲ့ နွားချေးတွေကို ဖယ်ရှားရတာပါ။ နွားချေးတွေပေါ် နင်းမိတဲ့အခါမှာတော့ “ဒါ တကယ်ပဲ နွားချေးဟုတ်ရဲ့လား၊ ခံစားချက်က အရမ်းထူးဆန်းတယ်”ဆိုပြီး မျက်နှာပျက်ခဲ့ကြပါတယ်။ Doh Kyung-soo ကလည်း “ကျွန်တော်တို့ အစီအစဉ်က အစားအသောက်အကြောင်း မဟုတ်ဘူးလား၊ တစ်နေ့ကုန် ဒီနွားချေးတွေပဲ သန့်ရှင်းရေးလုပ်နေရမှာလား”ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောဆိုခဲ့ပါသေးတယ်။
အလုပ်လုပ်နေရင်းနဲ့မှ ဗိုက်မကောင်းတတ်တဲ့ Lee Kwang-soo ကတော့ ခေါင်းတွေကို တခါတခါ ခါလိုက်၊ မနိုင်မနင်း ဖြစ်လိုက်နဲ့ ပင်ပန်းနေပါတယ်။ “ကျွန်တော့်ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အနံ့ပဲ။ ပရိသတ်တွေက ကိုယ်တိုင်လာမှပဲ နားလည်မှာပါ”လို့ သူက ဝန်ခံခဲ့ပါတယ်။ သူတို့ သန့်ရှင်းရေး လုပ်ပြီးသား နွားချေးပုံတွေပေါ်ကို ရိုက်ကူးရေးဝန်ထမ်းတွေ နင်းမိတာကို မြင်တော့လည်း “ဘယ်လိုပဲဖြစ်ဖြစ် ပြန်ပုံလာမှာပဲဆိုရင် ဘာလို့ သန့်ရှင်းရေး လုပ်နေရတာလဲ”လို့ အော်ဟစ်လိုက်တာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရယ်မောသံတွေ ပဲ့တင်ထပ်သွားပါတယ်။
အခြေအနေက ပိုဆိုးသွားတာကတော့ Doh Kyung-soo က နွားချေးခဲတစ်ခုကို Kim Woo-bin ဘက်ကို လှမ်းပစ်လိုက်တဲ့ အချိန်ပါပဲ။ “ငါ့ဇစ်ပေါ်မှာ နွားချေးတွေ ပေကုန်ပြီ”လို့ Kim Woo-bin က ညည်းတွားရင်း အဝတ်အစားတွေကို ခါထုတ်ခဲ့ပါတယ်။ သူက Doh Kyung-soo ကို ဒေါသထွက်တဲ့ပုံစံနဲ့ “ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်” လို့ နောက်ပြောင်ပြောလိုက်တာကလည်း ရယ်စရာ အခိုက်အတန့်လေးတစ်ခု ဖြစ်ခဲ့တာပါ။
ပင်ပန်းတဲ့ အလုပ်တွေပြီးလို့ ညစာစားဖို့ စုမိကြတဲ့အခါမှာတော့ Lee Kwang-soo က မပြောပြချင်ဘဲ ဖွင့်ဟလိုက်တဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။ “ဒီအကြောင်း ပြောသင့် မပြောသင့်တောင် မသေချာဘူး။ ခုနတုန်းက ဆီးသွားတဲ့အခါ သတိလစ်မတတ် ဖြစ်သွားတယ်။ နံရံကိုတောင် မှီထားလိုက်ရတယ်။ ဒါ နွားချေးကြောင့် အဆိပ်သင့်တာလား ဘာလားတော့ မသိဘူး”လို့ သူက ပြောလိုက်တာကြောင့် အားလုံး ရယ်မောခဲ့ကြပါတယ်။
အဲဒီလို ရယ်မောနေရင်းနဲ့မှ ထုတ်လုပ်သူ Na Young-seok က Doh Kyung-soo ကို လှည့်ကြည့်ပြီး “နေဦး၊ မင်းရော လက်ရော ဆေးခဲ့ရဲ့လား” လို့ မေးလိုက်ပါတယ်။ အားလုံး အံ့အားသင့်သွားရတာကတော့ Doh Kyung-soo က “မဆေးရသေးဘူး ထင်တယ်” လို့ ဖြေလိုက်တဲ့ အချိန်ပါပဲ။ ထုတ်လုပ်သူက “ခုချက်ချင်း သွားဆေးတော့” လို့ ပြောလိုက်တော့မှပဲ သူက အိမ်သာဘက်ကို အပြေးလေး ထွက်သွားပါတော့တယ်။
အလွဲအချော်တွေ၊ အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ သူတို့ (၃) ယောက်လုံး နွားချေးတွေကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ခဲ့ပါတယ်။ အလုပ်ပြီးသွားလို့ အားအင်ကုန်ခမ်းနေတဲ့ သူတို့ရဲ့ မျက်နှာတွေကို မြင်လိုက်ရတာက ပရိသတ်တွေအတွက်တော့ ဒီအစီအစဉ်ရဲ့ အရယ်ရဆုံး အပိုင်းတွေထဲက တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။
Sources: Nate
21/06/2026
■ ဖခင်တစ်ယောက် ဖြစ်လာပြီးနောက် ဘဝပြောင်းလဲသွားပုံကို ဝန်ခံခဲ့တဲ့ Kim Mu-yeol
- - - ဖခင်ဘဝဆိုတာ Kim Mu-yeol အတွက် ဘယ်ဇာတ်လမ်း၊ ဘယ်ရုပ်ရှင်နဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ ထူးခြားတဲ့ အခန်းကဏ္ဍသစ်တစ်ခု ဖြစ်ခဲ့တာပါ။
Kim Mu-yeol ဟာ ဇနီးဖြစ်သူ Yoon Seung-ah နဲ့အတူ ၂၀၂၃ ခုနှစ်မှာ သားဦးလေးကို ပိုင်ဆိုင်ခဲ့ပြီးနောက်မှာတော့ သူရဲ့ဘဝဟာ နာမည်ကျော်ကြားမှုထက် မိသားစုကို ဗဟိုပြုပြီး လည်ပတ်လာခဲ့ပါတယ်။ အရင်တုန်းက သူ့ရဲ့ ပြင်းထန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ သိခဲ့ကြတဲ့ ပရိသတ်တွေက အခုတော့ သူရဲ့ နူးညံ့တဲ့ ဘက်ကို ပိုမြင်တွေ့လာရပါတယ်။
သားလေးရဲ့ လက်ကို ဆုပ်ကိုင်ထားတာ၊ မိသားစုနဲ့ အပြင်သွားတာ၊ ရိုးရှင်းတဲ့ အချိန်လေးတွေကို အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းတာမျိုးတွေပေါ့။ လက်ထပ်ပြီး (၈) နှစ်ကြာမှ မိဘဖြစ်လာခဲ့ရတာမို့ သူတို့သားလေးရဲ့ မွေးဖွားခြင်းဟာ သူတို့အတွက်တော့ တကယ့်ကို ထူးခြားတဲ့ အဓိပ္ပာယ်တွေ ရှိနေတာပါ။
Kim Mu-yeol က သူ့ကလေးနဲ့ ပတ်သက်တဲ့ ပျော်စရာအကြောင်းလေးတွေကို အမြဲပြောပြလေ့ရှိပါတယ်။ မိသားစုနဲ့ အချိန်ကုန်ဆုံးနေရတာဟာ အပျော်ရွှင်ဆုံးဖြစ်ပြီး ဘာထက်မဆို ဖခင်ဘဝက သူ့ကို ဘဝရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့တယ်လို့လည်း Kim Mu-yeol က ဝန်ခံခဲ့ပါတယ်။
🎇 Kim Mu-yeol နဲ့ Yoo Seung-ah ဘယ်လိုစတွေ့ခဲ့လဲ ?
- - - Teach You A Lesson ဇာတ်လမ်းတွဲနဲ့ အောင်မြင်နေတဲ့ မင်းသား Kim Mu-yeol ဟာ မိသားစုကို အရမ်းချစ်တဲ့သူပါ။ သူနဲ့ သူ့ရဲ့ချစ်ဇနီး Yoo Seung-ah တို့ ဘယ်လို စတွေ့ခဲ့တယ်ဆိုတာကို သူတို့ကိုယ်တိုင် ပြောပြထားတာက ...
Disclaimer — This video and its content do not belong to me. All rights and credits go to the original creator. It is entertainment purpose only. I only translate this video.
Click here to claim your Sponsored Listing.
Contact the establishment
Website
Address
11221