One Construction - Yangon

One Construction - Yangon

Share

06/08/2023

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။

“လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"

မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ....(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဥ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ စျေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။

စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။

အမှန်တော့ "စျေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဥ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။"စျေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဥ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ၀ှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်း၀င်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။

ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံ၀င်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။

~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။

~ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အ၀င်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။

~အိမ်၀မှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

အရေးကြီးဆုံးကတော့ ...ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ

#မူရင်းစာရေးသူ ကို၀င်းဇော်(သစ်တော)ကို Credit ပေးပါတယ်

မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ

22/07/2023

Construction Company တွေရဲ့ home tourတွေကို သင်ကောကြိုက်ရဲ့လား 🤔🤔

Construction လောကမှာ company တွေများလာတာနဲ့ အမျှ တစ်ဦးနဲ့ တစ်ဦးအပြိုင်အဆိုင် marketing ဆင်းလာကြပါတယ်

Preliminary design stage ကစပြီး တည်ဆောက်ပုံအဆင့်ဆင့်နဲ့ကြေညာကြသလို နောက်ပိုင်း Home Tourလုပ်တာတွေပါတွေ့လာရပါတယ်🏡🚪

ဒီလိုမျိုး home tourလုပ်လိုက်တာဟာ အိမ်ရှင်တွေအတွက် privacy ပိုင်းဆိုင်ရာ အဆင်ပြေမှုရှိပါ့မလား❔❔

စာရေးသူအသိ Architecture design firm တစ်ခုက ဒီလိုပြောဖူးပါတယ်
Architecture design တစ်ခုဟာ ပိုက်ဆံပေးပြီးဝယ်ထားတဲ့ အိမ်ရှင်တစ်ဦးတည်းပိုင်တဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်တဲ့💼💼

အပြင်ပိုင်း 3D design မျိုးကိုသုံးတာမျိုးဟာ အဆင်ပြေနိုင်ပေမယ့် Privacy ရှိရမယ့် အခန်းဖွဲ့လိုမျိုး၊ ဘယ်နေရာကတက်သွားရင် ဘယ်လိုရောက်နိုင်ပါတယ်ဆိုတာမျိုး home tourလုပ်တာမျိုးကအဆင်မပြေနိုင်ပါဘူး🙅‍♂️🙅‍♂️

အိမ်ရှင်ရဲ့ ခွင့်ပြုချက်ရလို့လုပ်မယ်ဆိုရင်တောင် အိမ်တစ်အိမ်ရဲ့ အခန်းဖွဲ့တွေ၊ အိမ်အနေအထားတွေကို တင်ပြတာ အဆင်ပြေနိုင်ပါရဲ့လား
လူကြီးမင်းတို့ကော ဘယ်လိုမြင်ပါသလဲ❔❔

Marketing purpose နဲ့လုပ်တာဆိုပေမယ့် privacy ပိုင်းချင့်တွေးသင့်တယ်လို့ထင်မြင်မိပါတယ်✔️✔️

ဒီဖော်ပြပါအကြောင်းအရာတွေဟာ စာရေးသူတစ်ဦးတည်းအမြင်ဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာရှိစေဖို့ မမျှော်လင့်ပါဘူးခင်ဗျာ✨✨

21/07/2023

ခြံရှိမြေကုန် အိမ်ဆောက်သင့်သလား အပိုင်း (၀၂)??

ပထမပိုင်းမှာကတော့ ခြံရှိမြေကုန်ဆောက်တဲ့အခါ ကုန်ကျနိုင်မယ့်စရိတ်တွေ၊ ဖောင်ဒေးရှင်းပိုင်းဆိုင်ရာတွေအကြောင်းပြောပြပေးထားတာဖြစ်ပါတယ်

အခုအပိုင်းမှာတော့ နောက်ရှုထောင့်တွေကနေ ပြောပြပေးမှာဖြစ်ပါတယ်

ခြံကပ်ဆောက်လိုက်တဲ့အခါ လေဝင်လေထွက် လမ်းကြောင်းကို သတိပြုသင့်ပါတယ်
ဘေးအိမ်ကလည်း ကပ်နေတဲ့အခါ ဘေးဘက်လေစီးကြောင်းပျောက်ကွယ်သွားပြီး air conပိုမိုလိုအပ်လာမှာဖြစ်ပါတယ်🌬️🌬️

အိမ်ချင်းနီးကပ်တဲ့အခါ ဘေးဘက်ပြတင်းပေါက်တွေအလင်းမရတာမျိုးလည်းဖြစ်တတ်ပါတယ်

ဒါ့အပြင် တစ်အိမ်နဲ့တစ်အိမ် အသံမလုံပဲ privacy ကောင်းကောင်းမရနိုင်တာမျိုးလည်းဖြစ်ပါတယ်🔐🔐

အိမ်ချင်းကပ်နေလို့ ဆောက်လုပ်ရေးလုပ်စဉ် မြေတူးတဲ့အခါမှာလည်း ဂရုပြုရပါတယ်
Open excavation ပြုလုပ်တဲ့အခါမျိုးဆို sheet pileတွေသေချာကာရံရသလို အခြားအိမ်ဖက်မှာ အက်ရာပေါ်လာတာမျိုးဆိုရင်လည်း တာဝန်ယူပေးရပါသေးတယ်♻️♻️

ငလျင်လှုပ်တဲ့အခါမျိုးမှာလည်း ဘေးဘက်အိမ်ရဲ့ လှုပ်ရှားမှု၊ ကိုယ့်အိမ်ရဲ့အရွေ့ စတာတွေ ဟန်ချက်မညီပြန်ရင်လည်း ပြဿနာ တက်ရပြန်ပါတယ်
လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းက ရန်ကုန်က အင်အားပျော့ငလျင်တစ်ခုအတွင်း ကန်ထရိုက်တိုက်နှစ်ခု ကပ်ပြီးယိုင်သွားတဲ့ အဖြစ်အပျက်မျိုးလည်းဖြစ်နိုင်ပါတယ်🌆🌆

ဒီကိစ္စတွေအတွက်ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေလည်းရှိပြီးသားဖြစ်ပါတယ်
မဆောက်သင့်တာမျိုးမဟုတ်ဘဲ ကျွမ်းကျင်ပညာရှင်၊အင်ဂျင်နီယာတွေနဲ့ဆောက်သင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်👷‍♂️👷



#ဆောက်လုပ်ရေး

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon