Transform With Me

Transform With Me

Share

19/12/2025

𝑴𝒆𝒅𝒊𝒂 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔𝒉𝒊𝒑 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕
MYEO 🤝🏻 Transform With Me

MYEO ရဲ့ AI Bus Training (Mon & Kayin) မှာ Transform With Me ကလည်း National Media Partner အနေနဲ့ ပါဝင်ထားကြောင်း ဝမ်းမြောက်ဝမ်းသာဖြင့် ကြေညာလိုက်ပါတယ်။

ဒီနေ့ခေတ်မှာက အလုပ်၊ ကျောင်း၊ နေ့စဉ်ဘဝတွေမှာပါ AI က အရေးပါလာပါပြီ။

အဲ့လို AI ကို လူတိုင်းနီးပါး အသုံးပြုလာကြတဲ့အချိန် AI အကြောင်းကို မသိရင်၊ အသုံးမချတတ်ရင် နောက်မှာကျန်ခဲ့မှာပါ။

ဒါကြောင့် မြန်မာနိုင်ငံကလူတွေအနေနဲ့ AI အကြောင်း များများသိကြစေဖို့ လူတိုင်းကို ဒီ AI Bus Training မှာ သင်ပေးသွားပါမှာ ဖြစ်ပါတယ်။

အဓိကကတော့ လူငယ်တွေသာမက ဆရာ/မတွေနဲ့ မိဘတွေပါ AI ကို သုံးတတ်စေချင်ပါတယ်။

ပြီးတော့ ဒီ Training မှာသင်ပေးသွားမယ့် အကြောင်းအရာတွေက
- Fundamental of Generative AI
- AI Prompts 101 – How to Talk to AI
- Work Smarter not Harder – Maximize Productivity with AI
- AI in Combating Fake News, Hoax & Misinformation
- Ethical AI Usage – Plagiarism & Copyright Issues
စတာတွေမို့လို့ AI နဲ့ပတ်သက်ပြီး လုံးဝအခြေခံကနေ ရသွားမှာပါ။

နောက်တစ်ခုက ဒီ Training ကနေ ASEAN ဒေသတစ်ခွင်လုံးမှာ AI စာတတ်မြောက်ရေး (AI Literacy) အတွက် အရေးတကြီးလိုအပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားနေတာပါ။
- AI နည်းပညာ အမြန်တိုးတက်မှုနဲ့ လူထုထဲက ကျွမ်းကျင်မှုနည်းပါးမှုကြားက Skill Gap တွေကို ဖြည့်ဆည်းပေးမယ်။
- AI သုံးပြီး Productivity တိုးတက်အောင် သင်ပေးမယ်။
- AI ကနေပေးတဲ့ အန္တရာယ်ရှိ အကြောင်းအရာတွေ (သတင်းမှားတွေ၊ အတုအယောင်ဗီဒီယိုတွေ) ကို တိုက်ဖျက်နည်း သင်ပေးမယ်။
- မူပိုင်ခွင့်နဲ့ စာပေအတုအယောင်ပြုမှု ပြဿနာတွေအတွက် လမ်းညွှန်ချက်တွေပေးမယ်။

ဒီ Training က AI ကျင့်သုံးမှုကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပေးပြီး AI Ready ASEAN ရည်မှန်းချက်တွေနဲ့ တိုက်ရိုက်ကိုက်ညီအောင် ဒီဇိုင်းဆွဲထားတဲ့ ဗျူဟာကျတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ပြီးတော့ ဒီ Training က ASEAN Foundation နဲ့ Google.org တို့နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ AI Ready ASEAN training ဖြစ်ပါတယ်။

ဒါကြောင့် သင်ပေးမယ့် သင်ခန်းစာတွေ၊ အကြောင်းအရာတွေကို တကယ်ကို ယုံကြည်ရတယ်ဆိုတာ အာမခံနိုင်ပါတယ်။

ဒါကြောင့်မို့လို့ လူတိုင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

AI Bus (Mon & Kayin ) Online Training ကို ပြုလုပ်သွားမယ့်နေ့ရက်တွေက…
Dec 19, Dec 20, Dec 21 ဖြစ်ပါတယ်။

အချိန်ကတော့
10 am to 12 pm
2 pm to 4 pm ဆိုပြီး တရက်ကို (၂)ချိန်လုပ်သွားပါမယ်။

AI အတွေ့အကြုံတွေ အများကြီးရသွားမယ့်အပြင် Tool တွေ သုံးတာ၊ အဖွဲ့လိုက်လုပ်တာလည်း ပါမှာမို့လို့ ပျော်ပျော်ရွှင်ရွှင် လေ့လာရမှာပါ။

မွန်နဲ့ကရင် ကလူတွေအကုန်လုံးကို အောက်က Link မှာ အခမဲ့ စာရင်းပေးထားတော့နော်။

https://m.me/myeo.hub?ref=mon_karen_myeo_aibus

(တကယ်လို့ Link ကနေ နှိပ်လို့အဆင်မပြေရင် MYEO Messenger CB မှာ mon karen myeo aibus လို့ စာပို့ပြီးတော့လည်း စာရင်းပေးလို့ရပါတယ်။)

နောက်ထပ်လာမယ့် AI Bus နဲ့ပတ်သက်တဲ့ Update တွေကို သိချင်ရင်တော့ အောက်က Tele Link ကို Join ထားလိုက်နော်။

https://t.me/myeochannel



&Kayin
#လူငယ်တွေအတွက်_AIBus

03/12/2025

Together With Me Group နှင့် Transform With Me ၏ Founder နှင့် Chief Visionary Officer ဖြစ်သူ ကိုမျိုးမင်းသူ၏ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် အထူးအမှာစကား။
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။)

Special Message from Mr. Myo Min Thu, Founder and Chief Visionary Officer of Transform With Me and Together With Me Group, on the occasion of the International Day of Persons with Disabilities
(3 December 2025)

Photos from Transform With Me's post 24/10/2025

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ Wyndham Grand ဟိုတယ်မှာ Food Systems Forum 2025 ကို Myanmar Innovative Life Sciences ကကြီးမှူးပြီး သက်ဆိုင်ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ပညာရှင်များနဲ့အတူ အောင်မြင်စွာ ပြုလုပ်ကျင်းပပြီးစီးခဲ့ကြတဲ့ မှတ်တမ်းပုံရိပ်များပဲဖြစ်ပါတယ်။

ဒီ Forum တွင် အစားအစာဘေးကင်းရေး၊ အာဟာရပြည့်ဝရေးနှင့် ရာသီဥတုဒဏ်ကြံ့ကြံခံနိုင်သော စားနပ်ရိက္ခာစနစ်များအကြောင်း တစ်နေ့တာ ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လေ့လာသင်ယူခြင်းများအတွက် မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ အစားအစာ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ နှင့် လူမှုအဖွဲ့အစည်းများနှင့်အတူ ယခုနှစ် Forum ၏ ဆောင်ပုဒ်ဖြစ်သော “Building Resilience for Uncertainties” အခင်းအကျင်းအောက်တွင် တွေ့ဆုံဆွေးနွေးအဖြေရှာခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲမှာ Transform With Me အဖွဲ့အစည်းအနေနဲ့လဲ Myanmar Consumers Union MCU ရဲ့ ဦးဆောင်ခင်းကျင်းပေးမှုနဲ့အတူ MCU ရဲ့ လှုပ်ရှားမှုတစိတ်တပိုင်းအဖြစ် "AI is enhancement, not replacement: Extending human capabilities to make conscious choice for consumers" ခေါင်းစဉ်နဲ့အတူ Breakout Room တစ်ခုအဖြစ် Dialogue Workshop ပုံစံနဲ့ ပါဝင်ဖြစ်ခဲ့ကြပါတယ်။

ပြည်တွင်း နှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူ ခေါင်းဆောင်များ၊ သုတေသန ပညာရှင်များ၊ တီထွင်ဖန်တီးသူများ အားလုံးပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရပြီး လူငယ်ရှု့ထောင့်၊ စားသုံးသူရှု့ထောင့်၊ နည်းပညာရှု့ထောင့်တို့ကနေ Food Traceability and AI အကြောင်းများကို တင်ပြဆွေးနွေးခွင့်ရရှိခဲ့တဲ့အတွက် များစွာ ဂုဏ်ယူကျေနပ်အားရမိပါတယ်။

[English Languag]

🌾 The Food Systems Forum 2025 was successfully convened on October 22, 2025, at the Wyndham Grand Hotel in Yangon. Organized by Myanmar Innovative Life Sciences, the forum brought together relevant domestic and international organizations and experts.
​Under this year's theme, “Building Resilience for Uncertainties,” the forum provided a full day of discussion, collaboration, and learning. It united stakeholders from Myanmar’s private sector, including food producers and entrepreneurs, with development partners and Civil Society Organizations (CSOs). The sessions focused on critical issues such as food safety, nutrition security, and climate-resilient food systems, facilitating a collective search for solutions.
​"Transform With Me" was honored to contribute by facilitating a Breakout Room session structured as a Dialogue Workshop. This session was conducted under the leadership of the Myanmar Consumers Union (MCU) as part of MCU's ongoing initiatives. Our session was titled, "AI is enhancement, not replacement: Extending human capabilities to make conscious choice for consumers."
​We are immensely proud and satisfied to have participated in this significant forum, which gathered expert leaders, researchers, and innovators from Myanmar and the international community. We were privileged to present on the topics of Food Traceability and AI, offering insights from the youth, consumer, and technological perspectives.

Photos from Transform With Me's post 19/09/2025

၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်ရေး ရက်သတ္တပတ်၏ အစီအစဉ်များထဲမှ တစ်ခုသို့ ဖိတ်ကြားလွှာ🇲🇲

🌍Myanmar Climate Action Week 2025🌍

စားသုံးသူများရဲ့ စနစ်ကျတဲ့ တွန်းအားနဲ့အတူ ကျန်းမာသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေး ရည်ရွယ်လျက် “Cooling Down the Consumer - Creating a Healthy Environment" အမည်ဖြင့် ပြုလုပ်ကျင်းပသော အွန်လိုင်းဆွေးနွေးမျှဝေပွဲသို့ တက်ရောက်နိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ အဆိုပါအစီအစဉ်ကို ​၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်ရေး ရက်သတ္တပတ် Myanmar Climate Action Week (MCAW)2025 ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မြန်မာစားသုံးသူများ သမဂ္ဂ Myanmar Consumers Union က ဦးစီးပြုလုပ်ကျင်းပတာဖြစ်ပြီး Transform With Me အဖွဲ့အစည်း၏ တည်ထောင်သူနှင့် ဗျူဟာရေးဆွဲချမှတ်ရေး တာဝန်ခံ ကိုမျိုးမင်းသူက စကားဝိုင်းဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်သွားမည်ဖြစ်ပါသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ကိုမျိုးမင်းသူအနေဖြင့် Transform With Me အဖွဲ့အစည်း ကိုယ်စားပြုပြီး ၂၀၁၈ ခုနှစ်ကတည်းက တစိုက်မတ်မတ်ဆောင်ရွက်လာခဲ့သော ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်များအား လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွေ့အကြုံများကို အခြေခံလျက် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်မှုလုပ်ငန်းများ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော စားသုံးသူဗဟိုပြု ချဉ်းကပ်မှုနှင့် လူငယ်ရေးရာပါဝင်လှုပ်ရှားဆောင်ရွက်မှုများအကြောင်းကို အခြားနယ်ပယ်အသီးသီးမှ အတွေ့အကြုံရင့် ဆရာ၊ ဆရာမများနှင့်အတူ ဆွေးနွေးဟောပြောသွားမှာဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

🔗​စကားဝိုင်း‌ဆွေးနွေးပွဲ အစီအစဉ် အသေးစိတ်

✓​နေ့ရက် - ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် (စနေနေ့)။
✓​အချိန် - နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ (မြန်မာစံတော်ချိန်)။
✓​ကျင်းပမည့်ပုံစံ - Microsoft Teams Platform ကို အသုံးပြု၍ အွန်လိုင်းမှတဆင့် Virtual အဖြစ်။

​🔗​Microsoft Teams Platform - အွန်လိုင်းတက်ရောက်ရန်လင့်ခ်

✓​Meeting ID: 328 972 665 959 2
✓Passcode: p5iJ9MF6

#ရာသီဥတုပြောင်းလဲမှု #စားသုံးသူအခွင့်အရေး #တသားတည်း

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address

Kyan Mar Yay Seik Kan Compound, Corner Of Pansodan Road And South Of Kannar Road, Seikkan Township
Yangon
11182