MTGA Myanmar
01/10/2024
"ဝမ်းနည်းကြေကွဲခြင်း"
ကိုဝေဖြိုးအောင်(ခ)ကိုကျော်စည်သူ
(ပြင်သစ်ဧည့်လမ်းညွှန်)
အသက် (၃၇)နှစ်
ပြင်သစ်ဘာသာစကားပြော ဧည့်လမ်းညွှန် ကိုဝေဖြိုးအောင်(ခ) ကိုကျော်စည်သူ သည် ၂၉.၉.၂၀၂၄ (တနင်္ဂနွေ) နေ့တွင် ကွယ်လွန်အနိစ္စ ရောက်သွားပြီး၊ ၁.၁၀.၂၀၂၄ (အင်္ဂါနေ့) ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရေဝေးသုဿန်၌သင်္ဂြိုဟ်ပြီးစီးပါကြောင်းသိရှိရပါ
သဖြင့်လုပ်ဖော်ကိုင်ဘက်ဧည့်လမ်းညွှန်များနှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
08/05/2024
"အထူးဝမ်းနည်းကြေကွဲခြင်း"
ဆရာမကြီးဒေါ်တင်သန်းယု
အသက် (၈၁)နှစ် ဂျာမန်ဧည့်လမ်းညွှန် (ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း)-ငြိမ်း
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်း(ဧည့်လမ်းညွှန်အခြေခံသင်တန်းများ)တွင်ပို့ချသင်ကြားပေးခဲ့သူ၊ဧည့်လမ်းညွှန်မျိုးဆက်သစ်များစွာကို မွေးထုတ်ပေးခဲ့သူ၊တင်သန်းယု (မြန်မာ့ခရီးသွား) ကလောင်အမည်ဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စာအုပ်များနှင့် ခရီးသွားဗဟုသုတ ဆောင်းပါးများ ရေးသားခဲ့သူ၊ ဝါရင့်ဂျာမန်ဘာသာစကားပြော ဧည့်လမ်းညွှန်ဖြစ်သူ
ဆရာမကြီး ဒေါ်တင်သန်းယု (အသက် ၈၁ နှစ်) သည် ၈.၅.၂၀၂၄ နေ့တွင်ခရစ်တော်၌ အိပ်ပျော်သွားကြောင်းသိရပါသဖြင့် တပည့် ဧည့်လမ်းညွှန်များနှင့်
မြန်မာနိုင်ငံဧည့်လမ်းညွှန်များ
အသင်းအနေဖြင့် အထူးဝမ်းနည်း ကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်ပါသည်။
၁၂.၅.၂၀၂၄ (တနင်္ဂနွေ) နေ့ မွန်းလွဲ ၃ နာရီတွင် ရေဝေးသုဿန် (ခရစ်ယာန်ဂိုဏ်းပေါင်းစုံခန်းမ)၌ ဝတ်ပြုဆုတောင်းပွဲပြုလုပ်အပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ပါ၍ တပည့် ဧည့်လမ်းညွှန်များလာရောက်ဂါရ၀ပြုနိုင်ရန်အတွက်ထပ်ဆင့် အသိပေးအပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
01/12/2023
"ဝမ်းနည်းကြေကွဲခြင်း"
ဦးကျော်ဘိုးသာ
အသက်- ၆၁ နှစ်
(ပြင်သစ်ဧည့်လမ်းညွှန်)
ပြင်သစ်ဘာသာစကားပြော ဧည့်လမ်းညွှန် ဦးကျော်ဘိုးသာ (အသက် ၆၁ နှစ်) သည် ၃၀.၁၁.၂၀၂၃ ( ကြာသပတေးနေ့) နေ့လည် ၁၂ နာရီ တွင် ၉၆ ပါးသော ရောဂါဖြင့်ကွယ်လွန်အနိစ္စ ရောက်သွားပြီး၊ (၁.၁၂.၂၀၂၃) ရက် နေ့လည် (၃ နာရီ) အချိန်တွင် ပခုက္ကူမြို့၌သင်္ဂြိုဟ်မည်ဖြစ်
ကြောင်းကျန်ရစ်သူမိသားစုထံမှသိရှိရပါသဖြင့်လုပ်ဖော်ကိုင်ဘက်ဧည့်လမ်းညွှန်များနှင့်မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှဝမ်းနည်းကြေကွဲရပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။ ။
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
Click here to claim your Sponsored Listing.
Contact the school
Address
Yangon
11101