Always

Always

Share

12/07/2023

ဒီနေ့တော့ Zero နဲ့ပတ်သက်ပြီး နည်းနည်း ပြောပြချင်ပါတယ်.....

ကမ္ဘာ့အကြီးကျယ်ဆုံး သင်္ချာပညာရှင် တစ်ယောက်ဖြစ်တဲ့ Aryabhatta က Zero ကို တီထွင်ခဲ့ပါတယ်......
ရှေးခေတ် လက်ရေးစာမူတွေမှာတော့ Zero ကို ထင်ရှားတဲ့ ကွက်လပ်တစ်ခုနဲ့သာ ဖော်ပြခဲ့ပါတယ်......
Aryabhatta က ကမ္ဘာကြီးအား Zero Digit တစ်ခုပေးလိုက်တဲ့အတွက် သူက ထာဝရရှင်သန်ပြီ(နာမည်ကျန်ခဲ့မယ်)လို့ ယုံကြည်ထားပါတယ်......
သူက Zero နဲ့အတူ ဒသမကိန်း(Decimal) တွေကို ပါ ပထမဆုံး အဓိပ်ပါယျ ဖွင့်ဆိုခဲ့ပါတယ်....

Zero ဟာ Minus Infinity ရဲ့အဆုံးဖြစ်သလို Plus Infinity ရဲ့ အစလည်း ဖြစ်ပါတယ်......
ကိန်းအားလုံးရဲ့ အလယ်ဗဟိုချက်လို့ ယူဆနိုင်ပါတယ်......
နောက်ပြီး Tarot Card တွေထဲမှာလည်း Card No. Zero (The Fool)ဟာ အစွမ်းထက်ဆုံး Card ဖြစ်နေပါတယ်.....
အဆုံးသတ်ခြင်းတစ်ခုနဲ့ အစပြုခြင်းတစ်ခုရဲ့ လေးနကျတဲ့အဓိပ်ပါယျကို ရည်ညွှန်းပါတယ်....

Zero ဟာ ထူးဆန်းတဲ့ကိန်းတစ်ခုဖြစ်ပြီး လူသားတွေအတွေးထဲက အကြီးဆုံး ဝိရောဓိတစ်ခုလည်း ဖြစ်ပါတယ်....
Zero ဟာ အရာအားလုံးရှိခြင်း (သို့) ဘာမှမရှိခြင်းကို ဆိုလိုပါတယ်...
Zero မရှိရင်သင်္ချာလည်း ရှိမလာနိုင်ပါဘူး.....
Zero ကို ခိုင်မာတဲ့ရပ်တည်မှု ကိန်းဂဏန်းတစ်ခုအနေနဲ့ အသုံးပြုပါတယ်.....
Zero ကိုသာမတီထွင်ခဲ့ရင် Binary System နဲ့ ကွန်ပြူတာတွေလည်း ရှိမလာနိုင်ပါဘူး....
တွက်ချက်မှုတိုင်းအတွက် ကြီးမားတဲ့ တီထွင်မှုဟာလည်း Zero အပေါ်မှာမှီခိုပါတယ်....

***Zero ဟာ အလွန်သေးငယ်တဲ့ နံပါတ်တစ်ခုပါပဲ...
ဒါပေမယ့် သူ့ကို ဘယ်တော့မှ လစ်လျူရှုလို့ မရပါဘူး........

Ref: :wiki


[မှော်ဆရာ]

30/09/2022

Card Of The Day

The Hierophant

ကောင်းသတင်းနဲ့ နာမည် ကျော်ကြားမယ်။

ကိုယ်၊ စိတ်၊ ဝိဉာဏ် ကို
အကောင်းဆုံး ထိန်းချုပ်နိုင်မယ်။

တပည့် တပန်း တွေရဲ့ ယုံကြည်လေးစားမှု ရရှိမယ်။

ဉာဏ်ပညာ တိုးပွားမှုအတွက်
အသစ် အသစ် တွေ သင်ယူရရှိမယ်။

သန့်စင်တဲ့ စိတ်ဝိဉာဏ်နဲ့
အရာရာကို ထိုးဖောက်မြင်နိုင်မယ်။


[မှော်ဆရာ]
30 September 2020

26/07/2022

The Hanged Man

ဒီနေ့ ရေးသားတဲ့ ကတ်ကတော့
Tarot card No.12 (The Hanged Man)
ဖြစ်ပါတယ်။

Description
T ပုံသဏ္ဌာန် ရှင်သန်နေတဲ့သစ်ပင် မှာ ဇောက်ထိုး ချိတ်ဆွဲခံထားရတဲ့ လူတယောက်ပုံ ဖြစ်ပါတယ်။
အဲဒီလူက ကမ္ဘာလောကကြီးကို အများနဲ့ မတူတဲ့
ရှုထောင့်ကနေ ကြည့်ရှုနေပါတယ်။
သူ့ရဲ့ မျက်နှာကတော့ အေးချမ်းမှု၊ တည်ငြိမ်မှုတို့
နဲ့သာ ပြည့်နှက်နေပါတယ်။
ဇောက်ထိုးချိတ်ဆွဲ ခံထားရခြင်းကလည်း သူ့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါတယ်။

မြင့်မြတ်စင်ကြယ်မှုကို ပြတဲ့ စက်ဝိုင်းကိုလည်း
သူ့ရဲ့ ဦးခေါင်းမှာ ဖော်ပြထားပါတယ်။
အနီရောင်ဘောင်းဘီက
လူသားရဲ့ စိတ်ဆန္ဒပြင်းပြမှုနဲ့ ခန္ဓာကိုယ် ကြံခိုင်မှုကို ဖော်ပြပြီး အပြာရောင်ကိုယ်ကျပ် အင်္ကျီကတော့ အသိပညာကို ကိုယ်စားပြုပါတယ်။

Hanged man ကတ်က ယုတ်မာသူတဲ့ မယှဥ်ပြိုင်ခြင်း၊ သူရဲကောင်းရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့
ပိုကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို
ရည်ညွှန်းပါတယ်။

Hanged man ကတ်ကို အတည့်ကျရင်တော့ ရပ်နားခြင်း၊ အရှုံးပေးခြင်း၊ ခွင့်လွှတ်ခြင်း နဲ့ အတွေးအမြင်သစ်တွေကို ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

Hanged man ကတ်ကို ပြောင်းပြန်ကျရင်တော့ နှောင့်နှေးမှု၊ ခုခံမှု နဲ့ ဆုံးဖြတ်ချက် မပြတ်သားမှုမျိုး ဖြစ်တတ်ပါတယ်။

Note: Rider Waite Tarot ကတ်ပေါ်တွင် အခြေခံပြီး
ရေးသားပါသည်။

Translated by Always

ဘာသာပြန်အမှား ခွင့်လွှတ်ပါ။


[မှော်ဆရာ]
26 July 2022 (15:37)

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Than Street
Yangon