Innova Myanmar

Innova Myanmar

Share

Photos from The Branded Creative Agency's post 10/06/2017
Photos 25/03/2017

Brochure Basic ( Designing Brochure)
လက်ကမ်းကြော်ငြာ လုပ်တတ်ချင်သလား (2)
==========================
အရင် post မှာတုန်းက Optical Centre "အမြင်အာရုံဗဟိုချက်မ" အကြောင်း ရေးခဲ့ပြီးပါပြီ။ ဒီ တစ်ခေါက် "Zed" Pattern" အကြောင်း ပြောပြချင်ပါတယ်။

အခု ဖော်ပြထားတဲ့ Picture (1) မှာအစအက္ခရာကို ပြူတူးပြဲတဲလုပ်ပြထားတဲ့ စတိုင်ကို သုံးစွဲထားပါတယ်။ဒဗလျူကိုကြီးပြီး အသားထူထားတဲ့ စတိုင်လ်ကို သုံးစွဲထားပါတယ်။ အဲဒီကြော်ငြာကို ဒီဇိုင်းထုတ်သူဟာ ပညာသားပါသူဆိုတာ သိသာနေပါတယ်။ သူက ပညာခန်းကို ထုတ်ပြထားပါတယ်။ အမြင်အာရုံဗဟိုချက်မှာ ဒဗလျူကို နေရာချပြီး ကြော်ငြာရဲ့ အရေးပါတဲ့ အချက်ကို ဖော်ပြပေးထားတယ်။ ကြော်ငြာလောကသားတွေ လက်ခံထားတဲ့ အချက်က စစချင်းမှာ ငြိအောင် ချိတ်လိုက်နိုင်ရင် ဖတ်တဲ့သူက ဆက်ဖတ်သွားတာ စာပိုဒ်ဆုံးတဲ့အထိဆက်ဖတ်သွားမယ်တဲ့။

"ZED" Pattern

မျက်လုံးက စာရွက်ကို ဖြန့်ကြက်ပြီး ကြည့်တဲ့အခါ အင်္ဂလိပ် အက္ခရာ ဇက် ပုံသဏ္ဍန်အတိုင်း ကြည့်သွားပါတယ်။ အဲ့ဒီလို ကြည့်တဲ့အခါ တာစထွက်တဲ့နေရာက အမြင်အာရုံ ဗဟိုချက်ဖြစ်ပါတယ်။ အဲဒီ ဗဟိုချက်ကနေ ၀ဲဘက်သွားတယ်။ စာရွက်အစွန်းနားရောက်ရင် အောက်ဖက်ကို ဓားလွယ်ခုတ်ဆင်းတယ်။ယာဖက်ကို စောင်းစောင်းလေး ဆင်းသွားတာ ဖြစ်ပါတယ်။ ပြီးရင် ၀ဲဘက်ကို တန်းတန်းပြန်သွားပါတယ်။ အဲ့ဒီလမ်းတစ်လျှောက်မှာ ကြော်ငြာရဲ့ အရေးပါတာတွေ၊ သိစေချင်တာတွေကို မလွဲမသွေ နေရာချထားပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း သူသတိပြုမိမှာ ဖြစ်ပါတယ်။

ပိုရှင်းပြီး ပိုသဘောပေါက်သွားအောင် နောက်ထပ် နမှုနာ Picture (2&3) မှာဖော်ပြပေးထားပါတယ်။ ၂ခါထပ်တော့ မှတ်မိသွားတာပေါ့။
နမူနာအဖြစ်ဖော်ပြထားတဲ့ ကြော်ငြာ Picture (3)မှာ အမြင်အာရုံဗဟိုချက်ကိုရော ဇက်လမ်းကြောင်းကိုပါ
၂မျိုးစလုံးသုံးထားပါတယ်။

အမြင်အာရုံဗဟိုချက်မှာ ဘာတွေရနိုင်သလဲဆိုတာကို အစပြုပေးထားပါတယ်။ ပြီးတဲ့အခါ မျက်လုံးတွေက လိုက်ကြည့်မယ့် "ဇက်"လမ်းကြောင်းမှာ အသိပေးချင်တာတွေကို ခပ်ကြဲကြဲ လိုရင်းတိုရှင်းရေးထားပါတယ်။

အချက်အလက်ရဲ့ အစမှာ အမည်းစက်ကြီးကြီး ရေးထိုးထားပြီး ကြော်ငြာကို ရေးမယ်ဆိုရင် အခုလို မျဉ်းတစ်ကြာင်းနဲ့တစ်ကြာင်း ခပ်ကြဲကြဲရေးရမှာဖြစ်ပါတယ်။ ပြီးတော့ နေရာလွတ် အဖြူသားကိုလည်း အထက်နဲ့အောက်မှာ ချန်ပေးရပါတယ်။ ဒါမှ ကိုယ်သိစေချင်တာတွေက တသီးတခြား ဖြစ်နေကြမှာ
ဖြစ်ပါတယ်။ နေရာလပ် အဖြူသားဟာ အရေးပါတဲ့ အင်္ဂါတစ်ရပ်ဖြစ်ပါတယ်။ နေရာ အလဟဿ ဖြစ်တာလို့ မယူဆသင့်ပါဘူး။

ဆက်လက်ဖော်ပြပါမည်။

" DROP - CAP "
This ad uses what is called a "Drop-Cap" on the first word of the main paragraph. Putting this Drop-Cap at the optical centre of the page tends to lead the readers eyes to an important part of the ad. A common premise in advertising is that if you can "hook" or capture a reader's interest, the reader is more likely to continue reading the entire ad.

"ZED" PATTERN
"Zed" Pattern Human beings tend to read, or scan, in a zed pattern. The eyes flow in a left-to-right, top-to-bottom pattern, much like an old-fashioned typewriter. If you design your ad accordingly, you will increase the chances of the reader paying attention to the majority of your ad.

Photos 18/03/2017

Brochure Basic ( Designing Brochure)
လက်ကမ်းကြော်ငြာ လုပ်တတ်ချင်သလား (1)
==========================
လက်ကမ်းကြော်ငြာတစ်ခု လုပ်ကိုင်ရာမှာ အခြေခံ အချက်အလက်တွေအတိုင်း လုပ်ကိုင်သွားရင် သင့်ရဲ့ လက်ကမ်းကြော်ငြာဟာ အကောင်းဆုံးဖြစ်သွားနိုင်ပါတယ်။ အခြေခံတွေဖြစ်ပေမယ့် အခြေခိုင်သွားစေမယ့် အချက်တွေဖြစ်လို့ လိုက်နာဖို့လိုတယ်ဆိုတာသဘောပေါက်စေလိုပါတယ်။

လက်ကမ်းကြော်ငြာဟာ ကြော်ငြာတစ်ခုဖြစ်တယ်။ ဒီတော့ကြော်ငြာတစ်ခု ဖန်တီးတော့မယ်ဆိုရင် လိုက်နာအပ်တဲ့ အချက်သုံးချက်ရှိပါတယ်။

(၁) ရှေးဆိုရိုးစကား ရှိတယ်။ "Steal from the best " တဲ့။ အကောင်းဆုံးကို ခိုးချပါတဲ့။ သူများတွေရဲ့ဟာကို ကြည့်ပြီး သူတို့ရဲ့ သူတို့ရဲ့ စိတ်ကူးတွေကို လေ့လာပါ။ နမူနာပုံစံတွေ ရှိတာကို လိုက်ကြည့်ပါ။ သူတစ်ပါးဆီမှ အကြံဥာဏ်တောင်းခံပါ။

(၂) KISS : Keep It Short Confusion
KISS ဆိုတာ နမ်းခိုင်းတာ မဟုတ်ပါဘူး။ လိုတိုရှင်းဖြစ်အောင် လုပ်ပါတဲ့။

(၃) CCC: Clutter Creative Confusion
စီသုံးလုံးမှာClutter ကဗြုတ်စဗျင်းတောင်းများဖြင့် ရှုပ်ပွနေတာ။ Creative က ဖန်းတီးတာ။ Confusion က
ဘာပြောချင်မှန်း မသိတော့ဘဲ စိတ်ထွေသွားတာ။

ဒီတော့ သင့်ရဲ့ ကြော်ငြာမှာ ရှုပ်ပွနေအောင် လုပ်ထားရင်ကြော်ငြာကို မြင်တဲ့သူက ဘာကိုကြည့်ရမှန်း မသိဘဲ ဖြစ်နေပါလိမ့်မယ်။
ကြော်ငြာက ပြောပြချင်တာကို သိဖို့အရေး ကောက်ရိုးပုံထဲ အပ်ရှာခိုင်းသလို မဖြစ်စေနဲ့။ ကြော်ငြာကို ကြည့်ရူသူက
အပ်ကိုအလွယ်တစ်ခုတွေအောင်လုပ်ပါ။ ဒီအတွက် သူက အပ်ကို ဘယ်လိုရှာဖွေသလဲဆိုတာ သိထားဖို့ လိုပါတယ်။

Optical Centre (အမြင်အာရုံ ဗဟိုချက်)

Readers sub-consciously focus in on a spot slightly above and to the left
of the physical centre of a page.
This is called the Optical Centre of the page.
The Optical Centre is where you want to place an important
feature of your ad,
because this spot will get the most, and first attention.
If a reader is 'scanning' the page,
this is probably where their eyes will begin.

ဦးစွာ ပထမ သိထားရမှာက အမြင်အာရုံ ဗဟိုချက် ဖြစ်ပါတယ်။ စာရွက်ကို ဖတ်ကြည့်သူရဲ့ စိတ်က ဗဟိုချက်ကို ခန့်မှန်းလိုက်ရာမှာ
တကယ့်စာရွက် ဗဟိုချက်ရဲ့ အပေါ်ဘက်နည်းနည်း၊ဝဲဘက်နား နည်းနည်းမှာဗဟိုချက်ရှိတယ်လို့ထင်မြင်ယုံကြည့်ပါတယ်။
အဲဒီနေရာမှာ ကြော်ငြာရဲ့ အရေးပါတာကို နေရာချရပါမယ်။ ကြော်ငြာကို ကြည့်လိုက်တဲ့အခါ အရင်ဆုံးမြင်စေချင်တာကို အဲဒီနေရာမှာ ထားသိုထားရမယ်။ ဖတ်ရှုသူရဲ့ မျက်လုံးက စာကို စ မဖတ်ခင်မှာ စာရွက်ကို တစ်ချက်ဖြန့်ကြည့်ပြီး ကြည့်လိုက်တဲ့အခါမှာ အဲ့ဒီနေရာကို
အာရုံအရင်ဆုံးရောက်ပါတယ်။ အဲ့ဒီနေရာကို Optical Centre လို့ခေါ်ပါတယ်။

ဆက်လက် ဖော်ပြပါမည်။

Photos 13/03/2017

BUSINESS NAME CARD
လိပ်စာကတ်တစ်ခုကို အကောင်းဆုံး ဘယ်လိုလုပ်ရမလဲ?
=============================
သင်ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ဝယ်သူတွေသိစေတဲ့ နည်းလမ်းတွေထဲမှာ လိပ်စာကတ်တွေကအထိရောက်ဆုံး နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
သင်ဘာတွေလုပ်နိုင်တယ်ဆိုတဲ့အကြောင်းတွေကို သင်လိပ်စာကတ်က ပြောပြပေးနိုင်ပါတယ်။ အရွယ်အစား
သေးငယ်ပေမယ့် လိပ်စာကတ်တွေကို ပြီးစလွယ် မပြုလုပ်သင့်ပါဘူး။

Don't compromise when it come to your business name cards.Make memorable first impression with brilliant colors on thick paper.

တစ်ယောက်နဲ့တစ်ယောက် စတင်မိတ်ဆက်တဲ့အခါ သင်ရဲ့ လိပ်စာကတ်ကို ပုံမှန် အပေးအယူပုံစံမျိုးပဲ မဟုတ်ပဲ လိပ်စာကတ်ဒီဇိုင်း၊ စာရွက်အမျိုးအစား၊ ပုံနှိပ်အရည်အသွေး အများကြီး ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါဟာ first impression ဖြစ်တာကြောင့် သင့်ကို အထင်ကြီး လေးစားစေပါတယ်။

အရည်အသွေးကောင်းမွန်ဖို့အတွက်က Quality အဓိကထားတဲ့ ပုံနှိပ်တိုက်တွေမှာ အလုပ်အပ်ဖို့ လိုအပ်ပါတယ်။ သူတို့က အကောင်းဆုံးဖြစ်အောင် အကြံဉာဏ်တွေပေးပါလိမ့်မယ်။

BUSINESS NAME CARDS FEATURES
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
လိပ်စာကတ် တစ်ခုလုပ်တော့မယ်ဆိုရင် . . . .

Art Card , White Card, Singapore Card ဆိုပြီး စက္ကူအမျိုးအစားတွေရှိပါတယ်။စာရွက် ဂရမ် (gsm)ပေါ် မူတည်ပြီး အထူးအပါး ကွဲနိုင်ပါတယ်။

Can be in any sizes
(Maximum size 3.5in x 2in)
စိတ်ကြိုက်အရွယ်အစား ပြုလုပ်နိုင်ပေမယ့် ပုံမှန်အားဖြင့်
3.5in x 2 in အရွယ် အများဆုံးပြုလုပ်ကြပါတယ်။

Full color on front or both sides
သင့်လုပ်ငန်းနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ရွေးချယ်နိုင်ပြီး တစ်ဖက် နှစ်ဖက် စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။

Optional lamination for extra durability
ကြာရှည်ခံအောင်နဲ့ ရေစိုခံနိုင်ဖို့ lamination ပါသင့်ပါတယ်။
(အပြောင်နဲ့ အမှိန်ဆိုပြီး နှစ်မျိုးရှိပါတယ်)

BUSINESS NAME CARDS MARKETING TIPS
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
လိပ်စာကတ်တစ်ခုမှာ လိုအပ်တဲ့ အချက်အလက်လေးတွေကို အကြံဉာဏ်ပေးထားတာရှိပါတယ်။ လေ့လာလို့ရအောင် အောက်မှာဖော်ပြပေးထားပါတယ်။

(1) Make your messaging clear Don’t use text that is too small

(2) Use text and images wisely – Simple is the best

(3) The less text and imagery in such a small space the better.

(4) Present a professional image with your business name card

(5) Don’t compromise when it comes to your business name cards. Make a memorable first impression with brilliant colors on thick paper stock.

D&P
Deign & Printing
09797611893

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Address

No. (15), Ground Floor, U Wi Zar Street, Pazundaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00