DigitEra Myanmar
ChatGPT ကို ယုံလို့ရလား
ဒီနှစ်ထဲမှာ AI Chatbot တွေအသုံးပြုမှုဟာ ယခင်ကထက်ပိုပြီး မြင့်မားလာတာပါ။
အဲ့တော့ ကျွန်တော်တို့အနေနဲ့ ChatGPT လို Gemini လို AI Chatbot တွေကို အပြည့်အဝယုံလိုရနိုင်သလားပေါ့။
ChatGPT ကိုဖန်တီးခဲ့တဲ့ OpenAI ကုမ္ပဏီရဲ့ CEO Sam Altman ကတော့ အသုံးပြုသူတွေကိုသတိပေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
"AI ဟာ တစ်ခါတစ်လေ မရှိတဲ့အချက်အလက်တွေကို အတည်ပေါက်ကြီး ဖန်တီးပြောတတ်တယ်၊ ဒါကြောင့် ChatGPT ကပေးတဲ့အချက်အလက်တွေကို အမြဲတမ်း မယုံကြည်သင့်ပါဘူး" လို့ ပြောခဲ့တာပါ။
ဒီလိုသတိပေးခဲ့ပေမယ့် လူသားတွေရဲ့ အသုံးပြုမှုကတော့ လျော့ကျသွားခြင်း မရှိပါဘူး။ Sam Altman အနေနဲ့ ယခင်ကလည်း တစ်ကြိမ်ပြောခဲ့ဖူးပါသေးတယ်။ အဲ့အချိန်ကလည်း သုံးစွဲနှုန်းက ကျသွားခြင်း မရှိပါဘူး။
Sam Altman က ကတော့ "ChatGPT ကို လုံးဝမရှိတဲ့ စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကိုမေးရင်တောင် ယုံကြည်မှုအပြည့်နဲ့ မှားယွင်းတဲ့အဖြေကို ပုံစံကျကျ ပြန်ဖြေနိုင်တယ်" ဆိုပြီး ထပ်ပြောထားပါတယ်။
ဒါကြောင့် ChatGPT ကို အချက်အလက်ရှာဖွေရာမှာ အထောက်အကူပြု tool တစ်ခုအနေနဲ့သာ သုံးပြီး သူပေးတဲ့ အဖြေတိုင်းကို ၁၀၀% အပြည့်အဝ မယုံကြည်ဘဲ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
#နည်းပညာ
Click here to claim your Sponsored Listing.