FCS Global Logistics
22/05/2026
We Are Hiring !!
✅ Freight Forwarding Manager (1) Post
Job Requirements
- Business Administration, Logistics, Supply Chain Management (သိုမဟုတ) ၎င်းနှင့်သက်ဆိုင်သော ဘာသာရပ်တစ်ခုခုဖြင့် ဘွဲရရှိထားသူဖြစ်ရပါမည်။ (သက်ဆိုင်ရာ လုပ်ငန်းလက်မှတ်များဖြစ်သော FIATA Diploma၊ IATA စသည်တို ရရှိထားသူများကို ဦးစားပေးပါမည်။)
- Freight Forwarding, Logistics (သိုမဟုတ်) 3PL လုပ်ငန်းပိုင်းဆိုင်ရာများတွင် လုပ်ငန်းအတွေ့အကြုံ (၇) နှစ်ရှိရပါမည်။
- ကုန်စည်အမျိုးအစားများ၊ သယ်ယူပိုဆောင်ရေးလမ်းကြောင်းများနှင့် စာရွက်စာတမ်းလုပ်ငန်းစဉ်များ (ဥပမာ - IATA, FIATA) ကို အသေးစိတ် ကျွမ်းကျင်စွာ နားလည်ထားသူ ဖြစ်ရမည်။
-ညှိနှိင်းဆောင်ရွက်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း၊ ဆက်သွယ်ပြောဆိုနိုင်စွမ်းနှင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း မြင့်မားရမည့်အပြင် ကုန်စည်များကို အချိန်နှင့်တပြေးညီ ခြေရာခံနိုင်သည့် စနစ်များ (Real-time tracking systems) တွင်လည်း ကျွမ်းကျင်ရမည်။
✅ Digital Marketing Executive – 2 Posts
Job Requirements
• TikTok Trends များနှင့်အညီ ဆွဲဆောင်မှုရှိသော ဗီဒီယိုတိုများ စီစဉ်ရိုက်ကူးခြင်းပြုလုပ်နိုင်ရပါမည်။
• Facebook နှင့် အခြား Platform များအတွက် နေ့စဉ် Post တင်ခြင်းနှင့် Content ရေးသားရပါမည်။
• Comment နှင့် Message များကို ဖော်ရွေစွာ ပြန်လည်ဖြေကြားပြီး Followerများနှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်နိုင်သူဖြစ်ရပါမည်။
• Reach နှင့် Engagement အခြေအနေများကို ပုံမှန်စစ်ဆေးပြီး Performance Report
တင်ပြရပါမည်။
• Social Media Page Management အတွေ့အကြုံရှိပြီး Photoshop, CapCut, Canva စသည့် Tools များ ကျွမ်းကျင်ရပါမည်။
• Creativity ကောင်းမွန်ပြီး Content အမြင်သစ်များ ထုတ်ဖော်နိုင်ရပါမည်။
✅ Export Import & Logistics Staff - 2 Posts
Job Requirements
- Export/Import အကြောင်း အခြေခံရှိသူဖြစ်ရပါမည်။
- Customer Service အတွေ့အကြုံရှိရမည်ဖြစ်ပြီး အစိုးရရုံးနှင့် ဌာနဆိုင်ရာများသို ဝင်ထွက်သွားလာနိုင်ရပါမည်။
- Export Import လုပ်ငန်းများ, Logistics Process နှင့်ပတ်သက်၍ နားလည်တတ်ကျွမ်းရပါမည်။
- Computer ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမည်။ (Word, Excel, Powerpoint, Mail)
- Team Work ကောင်းမွန်ပြီး ဌာနတာ၀န်ခံ၏ instruction အတိုင်းဆောင်ရွက်ရပါမည်။
Positionများအားလုံးအတွက်
- ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
- လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။
- အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရပါမည်။
-လစာအပြင် Allowance & Bonus များခံစားခွင့်ရှိပါမည်။
📧 CV Form များအား အောက်ပါ လိပ်စာများမှတဆင့်ပေးပို့ လျှောက်ထားနိုင်ပါတယ်ရှင့်။
Mail Address - [email protected]
Viber No - 09264260546
Mail Address - [email protected]
Viber No - 09264260546
21/05/2026
( Myanmar Customs Tariff 2022 ) HS Codeဆိုတာဘာလဲ ???
ကမ္ဘာ့အကောက်ခွန်အဖွဲ့သည် Harmonized Commodity Description and Coding System (Harmonized System - HS– 2022 )Version ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးရန် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံအလိုက် HS 2017 မှ HS 2022 ကို ပြောင်းလဲ ကျင့်သုံးရန် ဆောင်ရွက်ကြရပါတယ်။
အာဆီယံနိုင်ငံတွေ အနေနဲ့ ( WCO HS )ကို အခြေခံသည့် ASEAN Harmonized Tariff and Nomenclature – AHTN 2022 ကို ညှိနှိုင်း သဘောတူပြီး ဖြစ်လို့ ယခု ၂၀၂၂ ခုနှစ်အတွင်း စတင်ကျင့်သုံးခဲ့သည်။
HS ( Harmonized System )ရဲ့သမိုင်းကြောင်း
[ကုန်သွယ်သည့်နိုင်ငံအားလုံးက ဘုံသဘောတူကျင့်သုံးသည့် စနစ်တစ်ရပ် ဖြစ်ပေါ်ရေး အားထုတ်ကြရာက ၁၉၈၈ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် စနစ်တစ်ခုဖြစ်ပါတယ်။
ဒီစနစ် မတိုင်မီ ပထမဆုံး နိုင်ငံတကာ စာရင်းအင်းဆိုင်ရာကုန်ပစ္စည်း အမည်ပေးစနစ် - International Statistical Nomenclature ကို ၁၉၁၃ ခုနှစ်မှာ စတင် လက်ခံ ကျင့်သုံးခဲ့ပါတယ်။ ယင်းနောက် အကောက်ခွန်တွေရဲ့ ပထမဆုံး အမည်ပေးစနစ်ကို ၁၉၃၁ ခုနှစ်မှာ League of Nations က လက်ခံကျင့်သုံးခဲ့ပြီး ယင်းအား Geneva Nomenclature ဟုခေါ်ဆိုခဲ့ပါတယ်။
၁၉၃၈ ခုနှစ်တွင် League of Nations က “Minimum list of Commodities for International Trade Statistics” ကိုထုတ်ပြန်ခဲ့ပါသည်။ ယင်းတွင် လိုအပ်သလို ပြင်ဆင်ရန် အချက်အများအပြားရှိသည့်အတွက် United Nations သည် ကျွမ်းကျင်သူ အကြံပေးများနှင့်ညှိနှိုင်း၍ the United Nations Standard International Trade Classification (SITC) (1950 edition) ကိုထုတ်ပြန်ခဲ့ပါသည်။
The Customs Co-operation Council – ( CCC )ဖွဲ့စည်းရေး ကွန်ဗန်းရှင်း ၄-၁၁-၁၉၅၂ တွင် စတင်သက်ဝင်ပါသည်။ ( CCC )က Brussels Tariff Nomenclature (BTN) ကို ၁၉၅၅ ခုနှစ်တွင် ဖြန့်ချီပါသည်။ ယင်းအား ၁၉၇၄ တွင် Customs Cooperation Council Nomenclature (CCCN) ဟု အမည်ပြောင်းခဲ့ပါသည်။ယင်း ( CCCN )ကို အဓိကအခြေခံ၍ HS ကို တည်ဆောက်ခဲ့ခြင်းဖြစ်တယ်။ ဒီလိုဆောင်ရွက်ရာမှာ the SITC၊ the European Community Nomenclature၊ the United States Nomenclature၊ the Canadian Nomenclature နှင့် the Japanese Nomenclature တို့ဆီက နမူနာအချို့ ကို အသုံးပြုခဲ့ပါတယ်။] (စာကိုး)
HS ကို ၁၉၈၈ ခုနှစ်မှာ စတင်ကျင့်သုံးတယ်။ အစပိုင်းမှာ ၄ နှစ်တစ်ကြိမ်ပြင်ခဲ့ပါတယ်။ ၁၉၉၂၊ ၁၉၉၆ ခုနှစ်တို့ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ပြင်ခဲ့ပြီး ယင်းနောက်ပိုင်း ၅ နှစ်တစ်ကြိမ် ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၇ နှင့် ၂၀၂၂ တို့ဖြစ်ပါတယ်။
⚠️HS ကို ဘာလို့ ပြင်ဆင်တာလဲ
နည်းပညာတိုးတက်လာခြင်း၊
ကုန်သွယ်မှု မရှိတော့၍ ပယ်ဖျက်ခြင်း၊
ကုန်သွယ်မှု ပုံစံများပြောင်းလဲလာခြင်း၊
ရှင်းလင်းလွယ်ကူရေး ဆောင်ရွက်ခြင်း၊
အသုံးပြုခြင်းသည် ကုန်သွယ်မှု အလေ့အကျင့်များ ထင်ဟပ်စေခြင်း၊
လူမှုပတ်ဝန်းကျင်နယ်ပယ်များနှင့် သက်ဆိုင်သော ပစ္စည်းများအတွက် ပြင်ဆင်ခြင်း။
✔️HS Code အလွယ်ရှာခြင်း
♻️အဆင့် ၁
Google မှာ ကိုယ်သိချင်တဲ့ ကုန်ပစ္စည်း HS Code အမျိုးအစားကိုတိုက်ရိုက်ရှာဖွေပါ။
အဆိုပါရရှိလာသော WCO HS Code ၆ လုံးအားတူညီမှုရှိ မရှိ Myanmar Customs Tariff 2022တွင်ထပ်မံစစ်ဆေးပါ။
အာဆီယံဒေသတွင်းဖြစ်လျှင် AHTN ( ASEAN Harmonized Tariff Nomenclature) Code ၈ လုံးမြောက်အထိ တူညီရပါမယ်။
♻️အဆင့် ၂
2022 Visionကို googleတွင်ရှာဖွေနိုင်သည်။
https://customs.gov.mm/wp-content/uploads/2024/10/Customs-Tariff-of-Myanmar-2022-updated19.12.2022.pdf
♻️အဆင့် ၃
အထက်ပါကိုက်ညီမှုရှိလျှင် CEPT သက်သာခွင့်ရရှိရန် Advanced Ruling အား အကောက်ခွန်ဦးစီးဌညနတွင်ကြိုတင်ပါ။ ARမှအတိုင်း CEPT formတွင် HS Code ထည့်ပါ။ မှန်ကန်မှုရှိမှသာ Duties Exemption ခံစားနိုင်ပါမည်။
အရေးကြီးသောကုန်စည်ဖြစ်လျှင် Pre Valuation လုပ်ပါ။
♻️အဆင့် ၄
AI Search Engine တွင် Myanmar Customs Tariff 2022 HS Code for ( product name ) နဲ့ရှာပါ။
WCO Code ( 1 to 6 digit )
AHTN Code ( 7 to 8 digit )
Stat Code ( 9 to 10 digit ) ဟုခေါ်ဆိုပါသည်။
HS Codeဆိုတာ ကုန်သွယ်သွယ်မှုအတွက်အရေးပါသော Digit Codeများဖြစ်ပါတယ်။ ဘာကြောင့်အရေးပါသလဲ။
၁။ ပေးဆောင်ရမည့် အကောက်ခွန် (Tariff) ကို တိကျစွာ သတ်မှတ်နိုင်ခြင်း။
ဒါဟာ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခုရဲ့ HS Code ပေါ်မူတည်ပြီး အစိုးရကို ပေးဆောင်ရမည့် သွင်းကုန်ခွန် (Import Duty)၊ ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) စတာတွေ ဘယ်လောက်ကျသင့်မလဲဆိုတာ တွက်ချက်ရတာ ဖြစ်ပါတယ်။ ကုဒ်နံပါတ် မှားသွားရင် အခွန်ပိုပေးရတာမျိုး ဒါမှမဟုတ် အခွန်ရှောင်သလိုဖြစ်ပြီး ဒဏ်ရိုက်ခံရတာမျိုး ဖြစ်နိုင်ပါတယ်။
၂။ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများနှင့် ကန့်သတ်ချက်များကို သိရှိနိုင်ခြင်း။
အချို့ကုန်ပစ္စည်းတွေ (ဥပမာ - ဆေးဝါး၊ ဓာတုပစ္စည်း၊ အစားအသောက်၊ တိရစ္ဆာန်ထွက်ပစ္စည်း) ကို တင်သွင်း/တင်ပို့မယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ထောက်ခံချက် (Recommendation) ဒါမှမဟုတ် သွင်းကုန်/ပို့ကုန် လိုင်စင် (License) လိုအပ်တတ်ပါတယ်။ HS Code ကို ကြည့်ခြင်းအားဖြင့် မိမိပစ္စည်းက ကန့်သတ်ကုန်ပစ္စည်း ဟုတ်မဟုတ်၊ ဘယ်ဌာနရဲ့ ခွင့်ပြုချက် လိုမလိုဆိုတာကို ကြိုတင်သိရှိနိုင်ပါတယ်။
၃။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု သဘောတူညီချက်များ (FTAs) ဖြင့် အခွန်ကင်းလွတ်ခွင့် ရရှိနိုင်ခြင်း။
ဥပမာအားဖြင့် အာဆီယံနိုင်ငံအချင်းချင်း (သို့မဟုတ်) တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တွေအရ အခွန်လျော့ပေါ့ခွင့် (သို့မဟုတ်) သုညရာခိုင်နှုန်းအထိ အခွန်ကင်းလွတ်ခွင့် ရရှိဖို့ဆိုရင် သက်ဆိုင်ရာ Form D, Form E ,…. တွေမှာတင်ပြရမယ့် HS Code က မှန်ကန်နေဖို့ အထူးလိုအပ်ပါတယ်။
၄။ ဆိပ်ကမ်းများတွင် ကုန်ပစ္စည်း စစ်ဆေးရလွယ်ကူပြီး အချိန်ကုန်သက်သာခြင်း။
အကောက်ခွန်ဌာန (Customs) တွေဟာ ကုန်ပစ္စည်းတစ်ခုချင်းစီကို လိုက်လံစစ်ဆေးဖို့ အချိန်ရှားပါးတဲ့အပြင် ကုန်စည်စီးဆင်းမှုမနှောင့်နှေးစေဖို့ HS Code ကို ကြည့်ပြီး အန္တရာယ်ရှိနိုင်တဲ့ ကုန်ပစ္စည်းလား၊ အခွန်တိမ်းရှောင်နိုင်ခြေ ရှိသလားဆိုတာကို Risk Management စနစ်နဲ့ စစ်ဆေးပါတယ်။ Code မှန်ကန်ရင် ဆိပ်ကမ်းကနေ ကုန်ပစ္စည်း ထုတ်ယူရတာ ပိုမိုမြန်ဆန် ချောမွေ့စေပါတယ်။
၅။ နိုင်ငံတကာ ကုန်သွယ်မှု စာရင်းအင်း (Trade Statistics) ကောက်ယူနိုင်ခြင်း။
အစိုးရတွေနဲ့ ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းတွေဟာ နိုင်ငံတစ်နိုင်ငံကနေ ဘယ်လိုကုန်ပစ္စည်းတွေ ဘယ်လောက် ပမာဏအထိ စီးပွားရေးလုပ်နေလဲဆိုတဲ့ စာရင်းဇယားတွေကို ဒီကုဒ်နံပါတ်တွေကတစ်ဆင့် စောင့်ကြည့်ခွဲခြမ်းစိတ်ဖြာကြပါတယ်။ ဒီလိုစာရင်းအင်းတွေကတစ်ဆင့် နောက်နောင် စီးပွားရေးမူဝါဒတွေ ချမှတ်ရာမှာ အသုံးချနိုင်ပါတယ်။
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုကိုဆောင်ရွက်ကြတဲ့အခါမှာ အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများဟာ ကုန်သည်လုပ်ငန်းရှင်များရဲ့အသက်သွေးကြောဖြစ်ပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများကို စာဖတ်ပြီး သင်တန်းတက်ပြီး လုပ်ကိုင်တတ်ဖို့မဖြစ်နိုင်ပဲ လက်တွေ့လုပ်ဆောင်နိုင်မှသာ လုပ်ငန်းရဲ့သဘောသဘာဝကို အလုံးစုံသိရှိနိုင်မှာဖြစ်ပါတယ်။
Thu Ra Kyaw ( FCS )
SOP
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |