Thu Zar Soe Store

Thu Zar Soe Store

Share

Photos from Thu Zar Soe Store's post 19/03/2023

စားလိုက်တိုင်း ကြိုက်နေတာ တကျွတ်ကျွတ်..
ဝါးလိုက်တိုင်း ခိုက်နေတာ တကျွတ်ကျွတ်...

Photos from Thu Zar Soe Store's post 23/07/2022
01/10/2021

ဘေဘီလေးတွေရဲ့ မေမေတို့ရေ...
ဒီနေ့တော့ မေမေတို့ရဲ့ မိခင်နို့ရည်မှာ ဘာတွေပါဝင်လဲဆိုတာ ViPlus Myanmar ကနေ ပြောပြပေးချင်ပါတယ်။

၁။ ကာဗိုဟိုက်ဒရိတ် (Carbohydrate)

မိခင်နို့ရည်တွင် အဓိက ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ် ကတော့ Lactose (လက်တို့စ်) ဖြစ်ပြီးဘေဘီလေးအတွက် ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားများကို အစာအိမ်တွင်းမှာ ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဘေဘီလေးအတွက် လိုအပ်တဲ့ Calcium (ကယ်လ်ဆီယမ်)၊ Phosphorus (ဖော့စ်ဖရပ်စ်) နှင့် Magnesium (မဂ္ဂနီဆီယမ်) ဓာတ်များ အစာအိမ်ကစုပ်ယူနိုင်ဖို့

လည်း အကူအညီပေးပါတယ်။

၂။ ပရိုတိန်း (Protein)

မိခင်နို့ရည်ထဲတွင် Whey (ဝေး) ပရိုတိန်း နှင့် Casein (ကေစင်း) ပရိုတိန်း အဓိက ပါဝင်ပါတယ်။ ဘေဘီလေးတို့ အစာအိမ်ထဲမှအစာများအလွယ်တကူ ကြေညက်စေရန် ကူညီပေးပါတယ်။

၃။ ကောင်းမွန်သောအဆီ

မိခင်နို့ရည်တွင် ပါရှိသောကောင်းမွန်သောအဆီများသည် ဘေဘီလေးတို့ရဲ့ဦးနှောက်နှင့်အာရုံကြော ဖွံ့ဖြိုးမှုကို အဓိက လုပ်ဆောင်ပေးပါတယ်။ အဆီမှာသာပျော်ဝင်နိုင်တဲ့ ဗီတာမင်များကိုလည်း အစာအိမ်မှ စုပ်ယူနိုင်အောင်လည်း ကူညီပါတယ်။

၄။ ဗီတာမင်ဓာတ်များ

မေမေတို့ကိုယ်တိုင် သောက်သုံးလိုက်သော ဗီတာမင်ဓာတ်များသည် မိခင်နို့ရည်မှတဆင့် ဘေဘီလေးဆီ

ရောက်ရှိပြီး ဘေဘီလေး အတွက်အကျိုးရှိတဲ့ ဗီတာမင်ဓာတ်များ ရရှိပါတယ်။ ဒါကြောင့် မိခင်နို့ရည်တိုက်ကျွေးနေတဲ့ မေမေတို့အတွက်ရော ဘေဘီလေးအတွက်ပါ ဆရာဝန်ညွှန်ကြားသော ဗီတာမင်များကို မိခင်နို့ရည်တိုက်ကျွေးနေသည့် ကာလအတွင်း သောက်သုံးရန် လိုအပ်ပါတယ်။

၅။ အရည်ဓာတ် (ရေဓာတ်)

မေမေတို့ရဲ့ နို့ရည်မှာ ရေဓာတ်က
ခန့်မှန်းခြေအားဖြင့် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း
အထိ ပါဝင်ပါတယ်။
ရေဓာတ်က ဘေဘီလေးတို့အတွက် အထူးတလည် လိုအပ်တဲ့ ဓာတ်တခုပါ။
နွေရာသီလို ပူပြင်းတဲ့နေ့ရက်တွေမှာဆို မေမေတို့ရော
ဘေဘီလေးတို့ပါ ရေဓာတ်ပြည့်ဝဖို့ အရမ်း
အရေးကြီးပါတယ်။

ကဲ ဒီလောက် အာဟာရပြည့်ဝတဲ့ မေမေတို့ရဲ့ နို့ရည်သာ ဘေဘီလေးတို့ကို တိုက်ကျွေးဖို့ အကောင်းဆုံး ဆိုတာ သိလောက်ပြီပေါ့

'_Milk_Ingredients

Photos from Thu Zar Soe Store's post 31/07/2021

ပစ္စည်းတွေ တဖြတ် ရောက်ပါပြီကွယ်။
GLUCERNA မပါပါ။
ENSURE VANILA အသေးဘူး မပါပါ။
ငှက်သိုက်၊ ကြက်ပေါင်း မပါသေးပါ။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

အမှတ်​ ၃၇၂ ၃၇၃ မင်္ဂလာဒုံ​ဈေး ​မြောက်​ဘက်​ခြမ်း
Yangon
11021