MyanmarParty.com

MyanmarParty.com

Share

12/01/2021

“၂ဝ၂၁ ခုနှစ်အတွက် ၁၂ ရာသီဖွားတို့ရဲ့ အချစ်ရေးဟောကိန်းများ”

မိဿရာသီဖွား ( မတ် ၂၁ - ဧပြီ ၁၉ အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ လာမယ့်နှစ်မှာ သင့်အချစ်ရေးက အရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါလိမ့်မယ်။ ဒီနှစ်အတွက် သင့်အချစ်ရေးကတော့ အလွန်ငြိမ်သက်နေပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ဧပြီလမှ ဇွန်လအတွင်း၊ သြဂုတ်လမှ စက်တင်ဘာလအတွင်းမှာ သင့်အချစ်ရေးက အဆင်ပြေမှုတွေ ရှိနိုင်ပါတယ်။ သင်ချစ်တဲ့သူ ရှိနေရင် ဒီနှစ်ကုန်ခါနီးမှ သူ့ဆီက သဘောတူညီချက် သို့မဟုတ် အဖြေတစ်ခုခုကို သင်ရရှိနိုင်ပါတယ်။ ၂ဝ၂၁ ခုနှစ် နှစ်ကုန်ခါနီးတွင် ချစ်ခြင်းနဲ့လက်ထပ်ခြင်း ထပ်တူကျတဲ့လူမျိုး ပေါ်ပေါက်လာနိုင်ဖွယ် ရှိပါတယ်။

ပြိဿရာသီဖွား ( ဧပြီ ၂ဝ - မေ ၂ဝ အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် အချစ်ရေးက ဘဝမှာ အရေးအပါဆုံးအရာတစ်ခု ဖြစ်ပါလိမ့်မယ်။ သင့်လက်တွဲဖော်နဲ့ သင်ဟာ အပြန်အလှန်လေးစားမှု ရှိနိုင်ပြီး နားလည်မှုရှိကြမှာပါ။ ချစ်တဲ့သူနဲ့ ခရီးအတူတူသွားရနိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်နိုင်ပါမယ်။ သင်ချစ်မြတ်နိုးတဲ့သူအတွက် ဘာပဲ ပေးဆပ်ရ၊ ပေးဆပ်ရ သင်က ပေးဆပ်ဖို့ အဆင်သင့်ရှိနေမယ့်သူတစ်ယောက်ပါပဲ။ သင်ချစ်ရသူက သင့်အပေါ်မှာ ယုံကြည်အားကိုးလိုတဲ့စိတ်များ ရှိအောင် သင်က အရာရာမှာ အလိုက်သိတဲ့သူပါ။

မေထုန်ရာသီဖွား (မေ ၂၁ - ဇွန် ၂ဝ အတွင်းမွေးဖွားသူများ)
၂ဝ၂၁ ခုနှစ် ဟောကိန်းအရ သင့်အတွက် အချစ်ဇာတ်လမ်းတွေ များပြားနိုင်တဲ့နှစ်ပါပဲ။ စိတ်ကူးယဉ်ဆန်တဲ့အချစ်တွေ တွေ့ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သင့်ကို တန်ဖိုးထားနားလည်တဲ့သူတစ်ဦးနဲ့ပဲ ဆုံစည်းခွင့်ရဖို့ သင်မျှော်လင့်နေပါလိမ့်မယ်။ ဒီအချိန်က သင့်အတွက် နှလုံးသားနဲ့ ခံစားပြီး ဆုံးဖြတ်လို့ရမယ့် အချိန်ကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ သင့်ကို ချစ်ကြိုက်တဲ့သူများ ပေါများနိုင်တဲ့နှစ်မို့ ရွေးချယ်ရလည်းခက်နိုင်ပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းများက အစ သင့်ကို ချစ်ခင်တဲ့စိတ်နဲ့ ကူညီမှုတွေ ရနိုင်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ - ဇူလိုင် ၂၂အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ပြောရမယ်ဆိုရင် သင်တို့ ရာသီဖွားတွေဟာ အချစ်နဲ့ပတ်သက်ရင် ခံစားလွယ်တတ်သူများဖြစ်ပါတယ်။ စာနာစိတ်ရှိတာကတော့ အားသာချက်တစ်ခုပါ။ သင်နဲ့ သင်ချစ်ရတဲ့သူ နှစ်ဦးသား ပေါင်းဖက်ပြီး ငြိမ်းချမ်းတဲ့ဘဝတစ်ခု တည်ဆောက်ဖို့ စိတ်ကူးတွေ ရှိပါလိမ့်မယ်။ ချစ်ရသူနဲ့ ပေါင်းဖက်နိုင်ဖို့အတွက် အလုပ်တွေ ကြိုးစားနေတတ်ပါတယ်။ သင့်အချစ်ရေးက အမြဲအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုနဲ့ ကတောက်ကဆဖြစ်မှုလေးတွေလည်း ရှိနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ။ သင်က ချစ်ရတဲ့သူကို ပျော်ရွှင်အောင်ထားချင်တဲ့သူတစ်ယောက်ပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၂အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ဒီရာသီဖွားတွေရဲ့ အချစ်ရေးက ရိုလာကိုစတာ စီးနေရသလိုပါပဲ။ အချစ်ရေး ကံကောင်းပေမဲ့ ချစ်သူနဲ့ ပတ်သက်ပြီး နားလည်မှု၊ ယုံကြည်မှုတွေ တည်ဆောက်တဲ့အခါမှာ သင့်အတွက် နားလည်ရခက်တဲ့ စိန်ခေါ်မှုလေးတွေ ရှိနိုင်ပါတယ်။ လူတချို့က သင့်အချစ်ရေးကို ဆန့်ကျင်လာတာမျိုး ရှိနိုင်ပါတယ်။ သင့်အချစ်ရေးက ပထမနှစ်ဝက်အစပိုင်းမှာ အခက်အခဲတွေ ရှိနိုင်ပေမယ့် သင်က စေ့စပ်တိကျတဲ့သူ တစ်ယောက်မို့ ပြဿနာတွေကို ကျော်ဖြတ်နိုင်မှာပါ။ ချစ်သူရှိပါက နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ လက်ထပ်မယ်ဆိုရင် အချိန်ကောင်းပါပဲ။

ကန်ရာသီဖွား ( သြဂုတ် ၂၃ - စက်တင်ဘာ ၂၂အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ကန်ရာသီဖွားတွေရဲ့ အချစ်ရေးဟာ အနည်းငယ်ရှုပ်ထွေးနိုင်ဖွယ် အခြေအနေရှိပါတယ်။ သင်ဟာ တစ်ကိုယ်တည်းသမား ဖြစ်နေခဲ့ရင် ဘဝထဲကို တစ်စုံတစ်ယောက်ဝင်ရောက်လာနိုင်ပါတယ်။ အဲ့ဒီတစ်စုံတစ်ယောက်က သင့်ကို အလွန်ချစ်မြတ်နိုးမယ့်သူဖြစ်ပြီး အချိန်တိုအတွင်း သူနဲ့ သံယောဇဉ်နှောင်တွယ်သွားနိုင်ပါတယ်။ ချစ်ခြင်းတရားနဲ့ပတ်သက်ပြီး လောကကြီးက သင့်ကို စမ်းသပ်မှာမို့ စမ်းသပ်တဲ့ဒဏ်ကို မခံနိုင်ရင် ခွဲခွာရခြင်းဆိုတာကို သင်ကြုံနိုင်ပါတယ်။ ဇွန်၊ ဇူလိုင်လနဲ့ ဒီဇင်ဘာလတွေမှာ ငြင်းခုံရန်ဖြစ်တဲ့ကိစ္စများ ရှောင်ရှားစေချင်ပါတယ်။ အချစ်နဲ့ ပတ်သက်ပြီး သည်းခံမှုရှိဖို့လည်း သတိရပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၂အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ နှစ်စကတည်းက သင့်အချစ်ရေးကံတရားက ကောင်းမွန်နေပါလိမ့်မယ်။ သင့်စိတ်ကူးအိပ်မက် ထဲက ရင်ဖိုစိတ်လှုပ်ရှားဖွယ်အချစ်တွေနဲ့ ကြုံတွေ့ကောင်း ကြုံတွေ့ နိုင်ဖွယ်ရှိပါတယ်။ သင့်အပေါ် အပြန်အလှန်လေးစားမှု ရှိတဲ့ ချစ်သူမျိုးကြောင့် အမှတ်ရစရာကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ပြီးတော့ ချစ်သူအံအားသင့်ပျော်ရွှင်သွားအောင် ခရီးအတူတူသွားဖို့လည်း တိတ်တိတ်လေး စီစဉ်ချင်တာမျိုး၊ ဒါမှမဟုတ် ချစ်သူကို လက်ဆောင်ပေးဖို့ စီစဉ်နေတဲ့အတွေး ရှိနိုင်ပါတယ်။ ဒီနှစ်မှာ သင်ချစ်ရတဲ့သူနဲ့ အိမ်ထောင်ပြုမယ် ဆိုရင် သင့်အနေနဲ့ ပိုပြီးသာယာပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဖန်တီးနိုင်မှာပါ။

ဗြိစ္ဆာ ရာသီဖွား (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ဒီရာသီဖွားတို့ရဲ့ အချစ်ရေးတွေက ထင်သလောက်တော့ အဆင်ပြေချောမွေ့နေတာ မဟုတ်ဘဲ အဖုအထစ်လေးတွေ ရှိနိုင်ပါတယ်။ သင့်အချစ်ရေးက စိတ်လှုပ်ရှားစရာကောင်းသော်လည်း စိတ်အပြောင်း အလဲမြန်တဲ့ ချစ်သူကြောင့် သင့်အနေနဲ့ စိတ်အနှောင့်အယှက်လေးတွေ ရှိနိုင်ပါတယ်။ တစ်ခါတလေမှာ နှစ်ဦးကြား ညှိမရတဲ့ ကိစ္စအချို့ကြောင့် ပြဿနာတက်ပြီး နားလည်မှုလွဲမှားစေတဲ့အခြေအနေတွေ ပေါ်ပေါက်နိုင်ဖွယ်ရှိပါတယ်။ နှစ်ဦးသားကြားမှာ တစ်ဦးက အလျှော့ပေးပြီး သည်းခံမှသာ ရေရှည်တည်မြဲဖို့ အဆင်ပြေပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာ ဆိုတဲ့ကြိုးကို သင့်အနေနဲ့ အလျှော့အတင်းမှန်အောင် ထိန်းညှိတတ်ပါစေ။

ဓနု ရာသီဖွား ( နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ ဓနုရာသီဖွားတွေရဲ့အချစ်ရေးက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတဲ့ နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။ သင့်လက်တွဲဖော်ကို အပြန်အလှန်လေးစားမှုရှိသလို နားလည်မှု ရှိပေးပါ။ ဖေဖော်ဝါရီလရဲ့ ချစ်သူများနေ့မှာ သင့်အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကိစ္စလေးတွေ တွေ့ကြုံနိုင်ပါတယ်။ ချစ်သူမရှိတဲ့သူများ ကလည်း ကိုယ်ချစ်တဲ့သူတွေဆီက အချစ်ကို ရဖို့အတွက် ရင်ထဲက အချစ်ကို ထုတ်ဖော်ပြသသင့်ပါတယ်။ ဧပြီလ၊ ဇူလိုင်လနဲ့ စက်တင်ဘာလတို့က ချစ်ခြင်းမေတ္တာတရားတွေ ပြည့်လျှံနေတဲ့ လတွေမို့ အဲ့ဒီလတွေမှာ အချစ်နဲ့ ပတ်သက်ပြီး သင်ပိုစန်းပွင့်နိုင်ပါတယ်။ ချစ်သူရှိတဲ့သူများအနေနဲ့ ဒီနှစ်အကုန်မှာ အိမ်ထောင်ကျကိန်းရှိပါတယ်။

မကာရ ရာသီဖွား ( ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၁၉အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ မကာရ ရာသီဖွားတွေ ပျော်ရွှင်နိုင်စေဖို့ ချစ်ခြင်းမေတ္တာက သယ်ဆောင်လာပေးလာပါလိမ့်မယ်။ အချစ်နဲ့ ပတ်သက်ပြီး စိတ်အားထက်သန်မှုတွေ ရှိနေတဲ့နှစ်တစ်နှစ်မို့ လူရွေးမှန်ခဲ့တယ်ဆိုရင် သင့်အချစ်ရေးဟာ ပျော်ရွှင် ရပါလိမ့်မယ်။ သင့်ကို ချစ်တဲ့သူအများစုက သင့်ကို အထင်ကြီးလေးစားပြီး စချစ်တတ်ပါတယ်။ သင့်လက်တွဲဖော် ဖြစ်လာမယ့်သူ ကလည်း သင့်လိုပဲ အကျင့်စရိုက်တူညီတတ်ပြီး ပျော်ပျော်နေတတ်တဲ့သူ ဖြစ်နိုင်ပါတယ်။ ဦးနှောက်နဲ့ နှလုံးသားကို ချင့်ချိန်ပြီး ချစ်တတ်ပါစေ။

ကုမ်ရာသီဖွား ( ဇန်နဝါရီ ၂ဝ - ဖေဖော်ဝါရီ ၁၈အတွင်းမွေးဖွားသူများ )

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ အချစ်ရေးကနေ သင့်အတွက် အကျိုးအမြတ်တွေ ရနိုင်ပါတယ်။ မြင်မြင်ချင်း ချစ်တဲ့အချစ်မျိုး ကြုံတွေ့နိုင်ဖွယ်ရှိပါတယ်။ ဘယ်လောက်ပဲ အနေအေးတဲ့ ရေခဲတုံးဖြစ်နေပါစေ။ တကယ်ချစ်တဲ့သူနဲ့ ဆိုရင် နီးစပ်ဖို့အတွက် ကြိုးစားမယ့်လူဖြစ်သွားနိုင်ပါတယ်။ ချစ်သူကို စိတ်ချမ်းသာအောင် ထားချင်တဲ့သူတွေထဲမှာ ကုမ်ရာသီဖွားတွေလည်း အပါအဝင်ဖြစ်ပါတယ်။ သင်ချစ်တဲ့သူ ဒါမှမဟုတ် သင့်အိမ်ထောင်ဖက်က ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေကြားကာလထဲမှာ အလုပ်ကိစ္စနဲ့ ခရီးဝေးသွားရနိုင်ပါတယ်။ သင့်အနေနဲ့ ချစ်သူကို အနေနီးနီး၊ ဝေးဝေး ဂရုစိုက်ဖို့ မမေ့ပါနဲ့။ အပြန်အလှန်နားလည်မှု ရှိပါစေ။

မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၁၉ - မတ် ၂ဝအတွင်းမွေးဖွားသူများ)

၂ဝ၂၁ ခုနှစ် ဟောကိန်းအရ မိန်ရာသီဖွားတို့ရဲ့ အချစ်ရေးကံကြမ္မာက နိမ့်နေပါတယ်။ တစ်ကိုယ်တည်းသမား တွေကတော့ အချစ်ကြောင့် ခံစားခဲ့ရတဲ့အချိန်ကာလတွေကို တွေးပြီး ချစ်ဖို့ကြောက်နေတတ်ပါတယ်။ ဘဝအတက် အကျတွေကြားမှာ တခြားသူတွေကို ချစ်ဖို့မပြောနဲ့။ သင့်ကိုယ်သင် ချစ်ဖို့တောင် မေ့နေတတ်ပါလိမ့်မယ်။ ချစ်သူရှိတဲ့သူတွေအနေနဲ့လည်း အဆင်မပြေတဲ့ အချိန်တွေ ရှိသလို အဆင်ပြေတဲ့အချိန် တွေလည်း တစ်လှည့်စီ ရှိနိုင်ပါတယ်။ တကယ်သည်းခံပြီး နားလည်မှု ရှိတဲ့ချစ်သူမျိုးနဲ့ မှသာ ရေရှည်အဆင်ပြေနိုင်ပါလိမ့်မယ်။

Want your business to be the top-listed Event Planning Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Mya Khwar Nyo Housing
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00