Charmiverse Co Co

Charmiverse Co Co

Share

08/04/2026

သင်္ကြန်ဘောနပ်ပေးတဲ့ ကုမ္ပဏီစာရင်းလေး ပလိစ် 🫩
အလုပ်လာလျှောက်မလို့

03/04/2026

မယားငယ်လစာပေးသလိုလုပ်နေတာဟေး
မီးလာလို့ တစ်မိနစ်တောင်မပြည့်သေးဘူး
အိတ်ဆောင်မီးလေး အားသွင်းကြိုးတပ်ရုံရှိသေး
သူ့ပထွေးကွယ်လွန်ခြင်းအထိမ်းအမှတ်လုပ်သွားတယ်
သောက်ကျက်သရေပဲ
ငရဲရောက်နေပြီ

30/03/2026

ဒီကမ္ဘာမှာ လူတွေအကြီးမားဆုံး ခံစားနေရတဲ့ရောဂါက
သူတို့တွေ အချစ်မခံရဘူးလို့ ခံစားနေရတဲ့ ရောဂါပါ
အဲ့ဒီမေတ္တာတွေကို ကျွန်မ လိုလိုလားလားပေးချင်ပါတယ်

++ဒိုင်ယာနာ (ဗြိတိန်တော်ဝင်)

21/03/2026

ငါ့ဘဝမှာ အလုပ်ချင်ဆုံးအရာတစ်ခုရှိတယ်
အဲ့ဒီတစ်ခုကို အခုတလော ထထလုပ်မိတော့မလိုဖြစ်နေတယ်
ဘာလုပ်ချင်နေလဲဆိုတော့
MV တွေထဲကလို ရုံးထဲစာရွက်တွေဝဲပစ်ပြီး ထထကချင်နေတာ
အလုပ်လုပ်နေရင်း နားကြပ်ထဲက ကြားနေရတဲ့သီချင်းတွေက
EDM range တွေ သင်္ကြန်သီချင်းအမြူးစားတွေဆို သေပြီပဲ
လူက ထကမရတော့ အလုပ်‌လုပ်နေရင်း ပုခုံးနဲ့ပဲ အာသာပြေ တွန့်ရ လူးရရှာတယ်
အဲ့အချိန်မျိုးဆို ငါ့ကွန်ပျူတာက DJစက်ပဲ
Touch pad ကို သွားသွားပွတ်ပြီး တော်တော်အူကြွနေတာ
သောက်ပြဿနာပေါင်းများစွာကို ရင်ဆိုင်နေရတာပါဆိုရင် ဘယ်သူမှမယုံနိုင်ကြဘူး
နင်ဒီလောက် ထွန့်ထွန့်လူးအူမြူးနေတာကိုတဲ့ 🫩

နိဂုံးချုပ်ကတော့
ရုံးခန်းထဲမှာ စာရွက်တွေကြဲပြီး
ထကချင်တယ် ဒါပဲ 👌

ပုံကတော့ နင်တို့ငါ့ပို့စ်ကို လက်မနဲ့ တွန်းလွှတ်မှာစိုးလို့

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Yangon