Momentum Builder - Your HR Solution Partner
ကိုယ့်လုပ်ငန်းထဲမှာ ရှိတဲ့ ဝန်ထမ်းတွေကို ဘယ်လိုစနစ်တကျ ဖွဲ့စည်းထားမလဲ?
ကိုယ့်ရဲ့လုပ်ငန်းက အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် စနစ်တကျ ဖွဲ့စည်းထားမှ ဝန်ထမ်းအင်အားတွေ လုပ်အားတွေကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပြီး အလုပ်ပြီးမြောက်မှာ ဖြစ်ပါတယ်..
ကိုယ့်လုပ်ငန်းက လုပ်ငန်းသေးတယ်ဆိုရင် ဉီးဆောင်တဲ့သူကိုယ်နဲ့ ဝန်ထမ်းတွေရှိမယ်။ ဝန်ထမ်းတွေထဲမှာ အရောင်းလုပ်ရတဲ့အပိုင်းရှိမယ် ပစ္စည်းပို့ရတာရှိမယ် ။ ပစ္စည်းစာရင်းတွေကိုင်ရတဲ့သူတွေရှိမယ် ငွေတွေ စာရင်းတွေ ကိုင်ရတဲ့အပိုင်းတွေရှိမယ် လုပ်ငန်းသေးတယ်ဆိုရင် မန်နေဂျာလည်း ကိုယ်ပဲ သဌေးလည်းကိုယ် ပဲ အားလုံးကို ကိုယ်ပဲ အုပ်ချူပ်ထားလို့ရတယ်
လုပ်ငန်းက တဖြည်းဖြည်းကြီးလာမယ် ဆိုရင် ပစ္စည်းတွေရောင်းရတဲ့အတွက် အရောင်းသမားတွေ ထပ်ထည့်ရမယ် ပစ္စည်းပို့ရတာတွေလည်းများလာမယ် သဌေးကိုယ်တိုင်ကလည်း လုပ်ရတာတွေများလာပြီးဆိုရင် အားလုံးကို ကိုင်ထားဖို့ မလွယ်တော့ဘူး လူအင်အားများတဲ့ အဖွဲ့တွေကို ကိုယ့်ကိုယ်စား စီမံဖို့လူတွေထားရတော့မယ် လုပ်ငန်းဖက်က ကြည့်ရင် စီမံခန့်ခွဲတဲ့သူတွေခန့်ထားတာ သာမန်ဝန်ထမ်းထက် လစာပိုပေးရတယ်ဆိုပေမယ့် လုပ်အားချင်းယှဉ်ရင် ဉပမာ ကိုယ်က အရောင်းပိုင်းတွေ အသေးစိတ်စီမံနေမယ့် အစား အခြားအရေးကြီးတဲ့ လုပ်ငန်းချင်း ချိတ်ဆက်တဲ့ကိစ္စတွေ အခြား supplier ရှာတဲ့ ကိစ္စတွေ အလုပ်တွေ လုပ်နိုင်ရင် ကိုယ့်ရဲ့အချိန်တွေကို ပိုပြီးအသုံးချနိုင်မယ် အဲ့ဒါကြောင့် စူပါဗိုက်ဆာတွေ မန်နေဂျာတွေ ကိုလည်းလိုရင် လိုသလို ခန့်ထားဖို့လိုမယ် ဝန်ထမ်းတွေထဲမှာလည်း Senior Junior တွေ တွေများလာမယ် ဝန်ထမ်းအဆင့်တွေ ကွာခြားတာတွေရှိလာပြီးဆိုရင် Organization Chart ကို မဖြစ်မနေ ဆွဲထားဖို့ လိုလာပါပြီ။
Organization Chart ဟာ ဆွဲထားခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက
• ဝန်ထမ်းတွေဟာ ကိုယ့်လုပ်ငန်းမှာ မတူညီတဲ့ အရေးကြီးတဲ့ အပိုင်းတွေက ဘာတွေလဲ
• ကိုယ့်ရဲ့တာဝန်ရှိတဲ့ပိုင်းတွေကဘာတွေလဲ တခြားသူတွေကရော ဘယ်သူတွေက ဘယ်အပိုင်းတွေ တာဝန်ရှိလဲ
• တဦးချင်းစီ ကိုယ်တိုင်က ဘယ်နေရာမှာ ရှိလဲ ကိုယ့်ရဲ့အထက်မှာ ဘယ်သူတွေရှိလဲ ကိုယ့်အောက်မှာ ဘယ်သူတွေရှိလဲ ကိုယ်ကဘယ်သူ့ကို report ပေးရမှာလဲ ရှင်းရှင်းလင်းလင်းသိရမယ်။
• လက်ရှိအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအတွက်ဖြစ်ဖြစ် ဝန်ထမ်းအသစ်တွေအတွက်ပဲဖြစ်ဖြစ် လုပ်ငန်းရဲ့ ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်းသိသွားမယ်
• ဝန်ထမ်းတွေနဲ့ အလုပ်တာဝန်တွေ မရှင်းမလင်းဖြစ်တာတွေ တာဝန်တွေ မထပ်အောင် စီမံနိုင်မယ်
• ဘယ်ကိစ္စဆိုရင် ဘယ်သူ့ကိုပြောရမလဲဆိုတာ သိသွားပြီး လုပ်ငန်းဆောင်ရွက်တဲ့ အခါ အဆင်ပြေလွယ်ကူမယ်
Organization Chart ကိုဆွဲတဲ့အခါမှာ ရိုးရိုးရှင်းရှင်း လုပ်ငန်းဆောင်ရွက်ချက်အလိုက် ဖေါ်ပြရမယ်
ပြုလွယ် ပြင်လွယ်ရှိရမယ် လုပ်ငန်းထဲက ဝန်ထမ်းတွေအားလုံး ပါဝင်ရမယ်။
ဗဟိုထိန်းချူပ်တဲ့စနစ်ကို ရှောင်ရမယ်။ (ဗဟိုထိန်းချူပ်တဲ့စနစ်ဆိုတာ မန်နေဂျာ စူပါဗိုက်ဆာတွေ ဘယ်လောက်ပဲခန့်ထားထား အရာရာတိုင်းကို သူဌေးကပဲ စီမံတာမျိုးပေါ့..။ ကိုယ်ကအရာရာလိုက်စီမံမယ်ဆိုရင် လုပ်ငန်းထဲမှာ ခန့်ထားတဲ့ မန်နေဂျာတွေ စူပါဗိုက်ဆာတွေရဲ့ ဝန်ထမ်းတွေကို ပြောဆိုလုပ်ကိုင် စီမံမှုတွေက အရာမရောက်တော့ပဲ ဝန်ထမ်းတွေအနေနဲ့ကလည်း ဘယ်သူပြောတဲ့အတိုင်းလုပ်ရမလဲဆိုတာ ပိုရှုပ်ထွေးသွားတက်တယ်။
အထူးသဖြင့် ငွေကြေးအသုံးပြုတဲ့ ကိစ္စကလွဲရင် ကိစ္စအကြီးအသေးပေါ်မူတည်ပြီး မန်နေဂျာ စူပါဗိုက်ဆာကို စီမံခွင့်ပေးထားဖို့ လိုပါတယ် တချို့တွေပြောကြတယ် လွဲလို့မရဘူးပေါ့နော် လွဲလို့ရတဲ့လူမျိုးကိုခန့်ထားပြီး သူတို့ကိုကိုယ်က သေချာသင်ထားပြီး တိုက်ရိုက်ညွန်ကြားတာမျိုး သူတို့ကနေတဆင့် သူတို့ရဲ့ အသင်းအဖွဲ့ကို တာဝန်ခံပြီး စီမံခန့်ခွဲတဲ့ အုပ်ချူပ်မှုအဆင့်ဆင့်ရှိတဲ့ စနစ် ကျင့်သုံးသင့်ပါတယ်။
ဝန်ထမ်းတွေရဲ့ တာဝန်တွေက အမျိုးမျိုးဖြစ်နေလို့ ဘယ်ဌာနအောက် ထည့်ရမလဲဆိုတာမျိုးတွေ သူတို့ကို စီမံအုပ်ချူပ်တဲ့သူက တစ်ယောက်ထက်ပိုနေတာမျိုးတွေက ဆက်သွယ်ပြောဆိုရေးမှာ ရှုပ်ထွေးပြီး တာဝန်ယူမှု တာဝန်ခံမှုမှာလည်း မရေရာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲလိုမျိုးဖြစ်ရင် တိုက်ရိုက်အုပ်ချူပ်တဲ့ အပိုင်းနဲ့ နည်းပညာပိုင်း စီမံခန့်ခွဲတဲ့ အပိုင်းဆိုပြီး မတူတဲ့ တာဝန်အပေါ် တာဝန်ခံပေးမယ့်သူ မတူပဲထား မျိုးတွေ လုပ်လို့ရပါတယ်။ မိမိ လုပ်ငန်းပေါ် မူတည်ပြီး ရှင်းလင်းတဲ့ ဖွဲ့စည်းပုံ နဲ့ ဖွဲ့စည်းထားမှာသာ လုပ်ငန်းဘယ်လောက် ကြီးထွားလာပါစေ အခက်အခဲမရှိပဲ ကျစ်ကျစ်လစ်လစ်နဲ့ ထိရောက်စွာ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်၊
Aye Thidar Khine
HR Consultant & Trainer
Momentum builder – Your HR Solution
27/05/2024
ဝန်ထမ်းခန့်တဲ့အခါ အပေါ်ယံကြည့်ပြီး ကိုယ်ကြိုက်တဲ့သူကို အလုပ်ခန့်ရင် ဘာတွေဖြစ်နိုင်လဲ?
🍁လူတော်တော်များများက ရုပ်ရည်လှတာ သဘောကျတက်ကြတယ် ရုပ်ချောရင် အလုပ်ရလွယ်တယ်လို့လည်း ပြောကြတယ်။ အလုပ်ရှင်တွေအနေနဲ့လည်း ရုပ်ချောတဲ့သူတွေကို မြင်မြင်ခြင်း သဘောကျသွားတာမျိုးတွေ ရှိတက်တယ်။ ဒါပေမယ့် ရုပ်ရည်နဲ့ အပေါ်ယံအသွင်ပြင်ကို သဘောကျပြီး အလုပ်ခန့်ရင် အောက်ပါ နောက်ဆက်တွဲ ပြသနာလေးတွေရှိတတ်ပါတယ်။
၁။ ကိုက်ညီတဲ့ အရည်အချင်းမရှိဘူး -ရုပ်ရည်ကို သဘောကျမိတဲ့အတွက် အလုပ်အတွက် လိုအပ်တဲ့ လုပ်ငန်းအတွေ့အကြုံတွေ ကျွမ်းကျင်မှုအရည်အချင်းတွေ အစသဖြင့် လိုအပ်တဲ့ အရည်အချင်းရှိမရှိ သေချာ မစိစစ်မိဘူး။ သေချာ မလေ့လာပဲ ခန့်လိုက်မိရင် တကယ့်လက်တွေ့လုပ်ငန်းခွင်ထဲရောက်မှ မလုပ်တတ်တာတွေ မလုပ်နိုင်တာတွေ တွေ့ရတော့ အခက်ခဲဖြစ်ရတယ်။😰
၂။ မကျွမ်းကျင်လို့ သင်ပေးရတဲ့ အချိန်တွေကြောင့် လုပ်ငန်းလည်ပတ်မှုထိခိုက်တယ်- တချို့အလုပ်တွေက မတက်ရင်သင်ပေးလို့ရပေမယ့် တချို့အလုပ်တွေက ကျွမ်းကျင်ဖို့ အချိန်လိုအပ်တဲ့အတွက် သင်ပေးနေရတဲ့ အချိန်ကြာရင်ကြာသလို လုပ်ငန်းခွင်လုပ်ငန်းလည်ပတ်မှု ကြန့်ကြာတာမျိုးတွေ ထိခိုက်တာမျိုး တွေဖြစ်တက်တယ်😰
၃။ အခြေခံကောင်းမွန်တဲ့ စိတ်သဘောထားရှိမရှိ မသိနိင်ဘူး- ရုပ်လှတိုင်း စိတ်ဓါတ်ကောင်းမှာပဲလို့ တထစ်ချယုံကြည်လို့မရဘူး ။ attitude လိုခေါ်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကောင်းမကောင်းလေ့လာ စီစစ်ခဲ့တာမဟုတ်တဲ့အတွက် စိတ်ဓါတ်မကောင်းတဲ့ ဝန်ထမ်းကို ခန့်မိပြီး လုပ်ငန်းခွင်အတွင်းမှာ မကောင်းတဲ့ စိတ်ဓါတ်တွေ ကူးစက်ပြန့်နှံပြီး အလုပ်ထဲမှာ ပြသနာတွေပေါ်တတ်တယ်။😰
၄။ လုပ်ငန်းခွင် ဆက်ဆံရေး မကောင်းတဲ့သူ ခန့်မိတတ်တယ်။ အင်တာဗျူးမှာ သူ့ရဲံ လုပ်ငန်းအတွေ့အကြုံနဲ့ အရင်လုပ်ငန်းခွင် ပြသနာတွေကို သေချာမလေ့လာမစူးစမ်းမိခဲ့တဲ့အတွက် ဆက်ဆံပြောဆိုလို့ မကောင်းတဲ့သူတွေ ခန့်မိတတ်တယ်။😰
၅။ လုပ်ငန်းခွင်ထဲမှာ အသင်းဖွဲ့စိတ်ဓါတ်ပျက်စီးစေတယ်- သဘောကျတဲ့သူ ခန့်လိုက်တဲ့အတွက် ပိုမိုအရေးပေးမိတာမျိုးတွေ ဖြစ်တတ်တာကြောင့် လုပ်ငန်းခွင် ဆက်ဆံရေး ညီညွတ်မျှတမှုမရှိတော့ပဲ အသင်းအဖွဲ့စိတ်ဓါတ်တွေ ထိခိုက်ပျက်စီးပြီး စိတ်ဝမ်းကွဲစေတယ်။😰
၆။ အလုပ်မကြိုးစားတဲ့သူ ခန့်မိတတ်တယ်။ သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်ချင်စိတ်ရှိမရှိကို သေချာမလေ့လာမိတဲ့ အတွက် အလုပ်ကို မကြိုးစားချင်တဲ့သူတွေ ခန့်မိလို့ လုပ်ငန်းထဲ အဆင်မပြေတာမျိုးတွေ ကြုံရတတ်ပါတယ်။😰
🍁အဲဒါကြောင့် ဝန်ထမ်းခန့်ထားရင် ကိုယ်သဘောကျသူကိုသာ အလေးထားရွေးချယ်ရမှာ မဟုတ်ပဲ လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှု၊ စိတ်နေစိတ်ထား၊ ဆက်ဆံရေးကောင်းမွန်မှု ကြိုးစားအားထုတ်မှု စိတ်အားထက်သန်မှု ခံနိုင်ရည်ရှိမှု ပြသနာဖြေရှင်းနိုင်မှု အားနည်းချက် အားသာချက် အစသဖြင့် လုပ်ငန်းအတွက် လိုအပ်တဲ့ အရည်အချင်းတွေကို အလုပ်လျှောက်ထားသူဆီမှာရှိမရှိ အလေးထားရှာဖွေ သုံးသပ်ပြီး ရွေးချယ်ခန့်ထားမှသာ လုပ်ငန်းအတွက် လိုအပ်တဲ့ လူမှန် နေရာမှန် အရည်အချင်းရှိတဲ့သူတွေကို ခန့်ထားနိုင်မှာ ဖြစ်ပါတယ်။
🌸Aye Thidar Khine🌸
HR Consultant
Momentum Builder – Your HR Solution Partner
# HR consultant
# HR freelance
# Recruitment Service
# Recruitment Selection
18/04/2024
Customer ကို မချေမငံ ဆက်ဆံတဲ့ ဝန်ထမ်းကို ဘယ်လိုကိုင်တွယ် မလဲ??
တချို့သော ဝန်ထမ်းတွေ အထူးသဖြင့် အရောင်းဝန်ထမ်းတွေဟာ Customer တွေကို အပြင်ပန်း အဝတ်အစားကို ကြည့်ပြီး Customer အပေါ် အထင်ကြီးရင် ကြီးသလို အထင်သေးရင်သေးသလို ဆက်ဆံတတ်ကြပါတယ်။ ဒါမျိုးက အခုမှ မဟုတ် ဟိုးအရင်က ကြားဖူးတဲ့ ဇာတ်လမ်းတွေ အမျိုးမျိုးရှိခဲ့တယ်။ ရေမွှေးဝယ်ဖို့ သွားတာ မဝယ်နိုင်ဘူးထင်လို့ သေချာမပြပေးတာ စိတ်ဆိုးပြီး Customer က ရေမွှေးအကောင်းစား ဝယ်ပြပြီး တပုလင်းလုံးကုန်အောင် ခြေထောက်တွေ ဖြန်းပြလိုက်တာမျိုး ၊ သူတို့ မဝယ်နိုင်ဘူးထင်တဲ့ စျေးကြီးတဲ့ ပစ္စည်းကို ဝယ်ပြလိုက်တာမျိုး Customer က မခံချင်လို့ တုန့်ပြန်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ ရှိခဲ့သလို ဘာမှမတုံ့ပြန်ခဲ့ပေမယ့် ကိုယ့်ဆိုင်ကို ရွံမုန်းပြီး တသက်တာ လှည့်မကြည့် တော့တဲ့ Customer တွေ အများအပြား ရှိပါတယ်။ Customer တွေက သူတို့ ကို အထင်အမြင်သေးမှုကို ပစ္စည်းကို ဝယ်ယူပြခြင်းဖြင့် သူတို့ကိုယ်တိုင် တုံံ့ပြန်ဖြေရှင်း ကြပေမယ့် ဒီပြသနာက ဆိုင်ရှင် သို့မဟုတ် မန်နေဂျာက သေသေချာချာ ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။
ဒီကိစ္စကို သေသေချာချာ မကိုင်တွယ် မဖြေရှင်းဘူး ဆိုရင် ကိုယ်မသိလိုက်တဲ့ အချိန်မှာ Customer တွေ အများအပြား ဆုံးရှုံးသွားပြီး စီးပွါးရေး လုပ်ငန်း ထိခိုက်လာမှာ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက Customer ကို မခြေမငံ ဆက်ဆံတဲ့ ဝန်ထမ်းကို ကိုင်တွယ်ရမယ့် နည်းလမ်းတွေနဲ့ အဲ့လိုဝန်ထမ်းတွေ မခန့်မိအောင် သတိထားရမယ့် အချက်လေးတွေ ဖြစ်ပါတယ်။
(၁) ဝန်ထမ်းရဲ့ Attitude - ဒီလိုဆက်ဆံတတ်တဲ့ ဝန်ထမ်းဟာ ချမ်းသာတဲ့သူကိုမှ အထင်ကြီးတဲ့ စိတ်သဘောထားရှိတယ်။ သူရောင်းတဲ့ ပစ္စည်းဟာ ချမ်းသာတဲ့သူမှ ဝယ်နိုင်တယ်လို့ အထင်ရောက်နေတယ်။ Customer ရဲ့ အပေါ်ယံ အဝတ်အစားကို ကိုကြည့်ပြီး ကြည့်ပြီး ဆင်းရဲတယ် ချမ်းသာတယ် တဘက်သတ်အမြင်နဲ့ သုံးသပ်တယ်။ သူဆင်းရဲတယ်လို့ ထင်တဲ့သူကို အထင်မကြီးဘူး မဝယ်နိုင်ဘူးလို့ တထစ်ချ ယူဆတယ်။ စိတ်ထဲရှိတဲ့ အတိုင်းလည်းဆက်ဆံတယ် အဲဒါကြောင့်လည်း ဒီလိုပြသနာတွေ ကြုံရတယ်။ ဒီလိုဝန်ထမ်းမျိုးတွေဟာ Attitude မကောင်းတဲ့အတွက် Customer ကိုမလေးစားဘူး။ ဝန်ထမ်းအချင်းချင်းမှာလည်း ပြသနာတွေ တတ်လေ့ရှိတယ်။ ဒါကြောင့်ဝန်ထမ်းခန့်တဲ့ အခါတိုင်း ခန့်မယ့်ဝန်ထမ်းမှာ ကောင်းမွန်တဲ့ attitude ရှိမရှိ အလေးပေး သတိထားပြီး လေ့လာပြီးမှ ခန့်သင့်ပါတယ်။
(၂) Customer Service သင်ပေးခြင်း - Customer နဲ့ ထိတွေ့ ဆံသော ဝန်ထမ်းအားလုံးအား အလုပ်စဝင်စဉ်ကတည်း လုပ်ငန်းသဘောသဘာဝ၊ ကုန်ပစ္စည်းအကြောင်း၊ Customer အပေါ်ထားရမယ့် စိတ်သဘောထားနဲ့ ဆက်ဆံရမယ့် ပုံစံ အစသဖြင့် Customer Service ကို စနစ်တကျ သင်ကြားပေးထားခြင်း ပြုလုပ်ထားသင့်ပါတယ်။
(၃) စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားခြင်း - ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး Customer Service ဆိုင်ရာ စည်းကမ်းများ ထည့်သွင်းထားပြီး မလိုက်နာပါက အရေးယူမည် ဖြစ်ကြောင်း ဝန်ထမ်းများအား အသိပေးထားရန် လိုပါတယ်။
(၄ )ပြသနာအား ဖြေရှင်းခြင်း- ဝန်ထမ်းရဲ့ ဆက်ဆံရေး အဆင်မပြေမှုကြောင့် ပြသနာဖြစ်လျှင် မန်နေဂျာ သို့မဟုတ် လုပ်ငန်းရှင် ကိုယ်တိုင် ဖြေရှင်းပေးပါ။ သေချာမေးမြန်းပါ။ Customer က ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ Customer ကိုတောင်းပန်ပါ။ ဝန်ထမ်းကို တောင်းပန်ခိုင်းပါ။
(၅)ဝန်ထမ်းနဲ့ စကားပြောပါ- Customer ပြန်သွားရင် အဲဒီဝန်ထမ်းနဲ့ သီးခြားတွေ့ဆုံ စကားပြောပါ။ လူကြားထဲ မဆူပါနဲ့ ။ သေချာမေးမြန်းပါ။ ဒီကိစ္စကို အရေးမကြီးသလို မထားလိုက်ပါနဲ့။ သူပြောတာလည်း နားထောင်ပေးပါ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အကြံဉာဏ်ပေးပါ။ မည်သည့် Customer မဆို Customer အား လေးစားစွာ ဆက်ဆံရန် သင်ပါ။ နှုတ်ဖြင့် သတိပေးပါ။ ကတိခံဝန်ချက် စာနဲ့ရေးသား ရယူထားပါ။
(၆) နောင်တချိန်ထပ်ဖြစ်ရင် Action ယူပါ။ အလားတူဖြစ်ရပ် ထပ်ဖြစ်ရင် စာဖြင့်သတိပေးပါ။ တချို့ ဝန်ထမ်းသည် အကြိမ်ကြိမ် သတိပေးသော်လည်း မပြောင်းလဲသော ဝန်ထမ်းမျိုးရှိတတ်ပါတယ်။ အနည်းဆုံး (၃) ကြိမ်တိုင်တိုင် သတိပေးလို့မှ မပြောင်းလဲ မပြုပြင်လျှင် ထိုဝန်ထမ်းကို လေဘာလောနဲ့ အညီ အလုပ်ထုတ် ပိုင်ခွင့်ရှိပါသည်။ လျော်ကြေးပေးရန်မလိုပါ။ ပြုပြင်လို့မရတဲ့ ဝန်ထမ်းအား အလုပ်မှရပ်ဆိုင်းခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
လုပ်ငန်းထဲမှာရှိတဲ့ ဝန်ထမ်းတိုင်းဟာ လုပ်ငန်းကို ကိုယ်စားပြုနေတဲ့သူတွေ ဖြစ်လို့ သူတို့ရဲ့ အပြုအမှုတွေဟာ မိမိလုပ်ငန်းရဲ့ ပုံရိ့ပ်တွေပဲဖြစ်ပါတယ်။ မိမိဝန်ထမ်းများရဲ့ ဆက်ဆံရေး နဲ့ Customer Service ပိုကောင်းလာစေဖို့ ဆိုင်ရှင်တိုင်း လုပ်ငန်းရှင်တိုင်းက အထူးဂရုပြုသင့်ပါတယ်။ ဝန်ထမ်းများ ဆက်ဆံရေးကောင်း စေဖို့ အလုပ်ခန့်တဲ့အချိန်ကတည်း စိတ်သဘောထားပိုင်း စိစစ်သတိထားမယ်၊ လုပ်ငန်းခွင် စတင်ဝင်ရောက်တာနဲ့ သေချာသင်ကြားမယ်။ စည်းမျည်းစည်းကမ်းတွေချမှတ်ထားမယ်။ ဝန်ထမ်းတွေ သိရှိထားစေမယ်။ ပြသနာ ဖြစ်လာတဲ့အခါလည်း သေချာကိုင်တွယ် ဖြေရှင်းမယ် ဆိုရင် မိမိလုပ်ငန်းမှ ဒုက္ခပေးတဲ့သူ နည်းသွားပြီး ပိုမိုအောင်မြင်လာမှာ ဖြစ်ပါတယ်။
Aye Thidar Khine
HR Consultant
Momentum Builder - Your HR Solution Partner
# HR Consultant
# HR Solution
# Human Resource Management
# Recruitment
# Customer Service
# HR Training
03/10/2023
သင့်လုပ်ငန်းအတွက် HR Consulting ပြုလုပ်ခြင်းဖြင့် ဘာတွေ အကျိုးရှိစေနိုင်ပါသလဲ
အောက်ပါအချက်များသည် သင်၏လုပ်ငန်းကို အကျိုးရှိစေနိုင်သည့် အချက်များ ဖြစ်ပါသည်။
📎Expertise : HRM ပိုင်းကျွမ်းကျင်သူများ၏ အသိပညာနှင့် လုပ်ငန်းအတွေ့အကြုံများ ရယူပြီး မိမိလုပ်ငန်းတွင် ကျင့်သုံးသင့်သည့် ဝန်ထမ်းများ စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ မိမိလုပ်ငန်းနှင့် လျော်ညီသော မူဝါဒများ လုပ်ငန်းစဉ်များအား ချမှတ်နိုင်ခြင်း။
📎Compliance and Risk Management: အလုပ်သမား ဉပဒေနှင့် စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ စေသည့် မူဝါဒများ ဆွေးနွေး အကြံပေးသွားမည် ဖြစ်သဖြင့် ဉပဒေဆိုင်ရာ အန္တရယ်များ လျော့ချနိင်ခြင်း။
📎 Talent Acquisition: လုပ်ငန်းအတွက် လိုအပ်သောဝန်ထမ်း ရှာဖွေခြင်း လူတွေ့စစ်ဆေးခြင်း လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော အရည်အချင်းရှိသူများ ရွေးချယ်ခြင်းအား ဝန်ဆောင်မှုရယူနိုင်ခြင်း။
📎 Employee Relation and Retention: ဝန်ထမ်းရေးရာ ပြသနာများ ကူညီဖြေရှင်းနိုင်သော အကြံဉာဏ်များရယူနိုင်ခြင်း နှင့် ဝန်ထမ်းကောင်းများ ထိန်းသိမ်းနိုင်မည့် နည်းလမ်းများ အကောင်ထည်ဖေါ် နိင်ခြင်း။
📎 Performance Management ဝန်ထမ်းများ၏လုပ်ငန်းတာဝန်များ၊ လုပ်ငန်း စွမ်းဆောင်မှု သတ်မှတ်ချက်များ ရေးဆွဲခြင်း အသိပေးခြင်း အကဲဖြက်ခြင်း လုပ်ငန်းဆောင်ရွက်မှု ရလဒ်များအတိုင်း အကျိုးခံစားခွင့်များ ပေးခြင်း အစီအစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း။
📎 Training and Development: ဝန်ထမ်းများ၏ စွမ်းဆောင်မှုနှင့် စိတ်ဓါတ်ရေးရာ တိုးတက်ဖွံဖြိုး ရေး အစီအစဉ်များ ရေးဆွဲ အကောင်အထည် ဖေါ် နိုင်ခြင်း။
📎 Cost-Effective Solutions: HRM ပိုင်းကျွမ်းကျင်သော အချိန်ပြည့်ဝန်ထမ်း ငှားရမ်းခြင်းနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်သက်သာခြင်း။ လုပ်ငန်းတစ်ခုစီ၏ HR ပိုင်းဆိုင်ရာလိုအပ်ချက်များ ပြည့်မီစေသည့် ဝန်ဆောင်မှုရယူနိုင်ခြင်း
အစသဖြင့်သော အကျိုးများ ရှိနိုင်စေနိုင်တဲ့အတွက် သင့်ရဲ့ လုပ်ငန်းလိုအပ်ချက်များ Momentum Builder Your HR Solution Partner ကို ဆက်သွယ်မေးမြန်း ဆွေးနွေးနိုင်ပါတယ်
Solution
Consultant
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11211