SLW Book Shop
05/02/2026
✍🏼 လယ်တွင်းသားစောချစ်
📖 ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး (၁၅၀၀၀ ကျပ်)
📖 ကျွန်တော်အမုန်းဆုံးကျွန်တော် (၁၂၀၀၀ ကျပ်)
💁♂️မြန်မာနိုင်ငံ အနှံ့ ပစ္စည်းရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်ရှင့်
#ငွေပေးချေမှုအတွက်💁♂️
ပစ္စည်းပို့ဝန်ဆောင်မှု နှင့် စာတိုက်မှတဆင့် ပေးပို့သောပါဆယ်များအတွက် စာအုပ်ရောက်မှငွေချေရမည်ဖြစ်ပြီး၊
နယ်များအတွက်💁♂️....
Ninjavan(or)Royal express နှင့်လည်းအိမ်ရောက်ငွေချေစနစ်များဖြစ်ပို့ဆောင်ပေးပါတယ်ရှင့်
#နယ်များအတွက်ကားဂိတ်များမှတဆင့် ပေးပို့ရသောပါဆယ်များအတွက်
စာအုပ်တန်ဖိုးကိုကြိုလွှဲရမည်ဖြစ်ပါသည်။
တန်ဆာခကြိုရှင်းရန်လိုအပ်ပါကလည်း တန်ဆာခပါကြိုလွှဲနိုင်ပါတယ်ရှင့်
ကြိုလွှဲရာတွင် KBZ Pay ဖြင့်လွှဲရမည်ဖြစ်ပြီး
ရာခိုင်နှုန်းထပ်ဆောင်းပေးရန်မလိုအပ်ပါ။
စာအုပ်ကောင်းတွေဖတ်မယ်📚
အိမ်မှာနေမယ်
အသိဉာဏ်တိုးအောင် လုပ်မယ်
Shwe La Wunn Co.,Ltd
မှ စာဖတ်ပရိတ်သတ် တိုးပွားလာအောင်
အဓိက စွမ်းဆောင်ပေးမယ့် ရည်ရွယ်ချက်အရ အိမ် အရောက် စာပေ ဝန်ဆောင်မှု စနစ်
အိမ်အရောက်ပို့ ဝန်ဆောင်မှု စနစ် အတွက်
comment တွင် ပို့လျှင် မှားသွားနိုင်ပါသဖြင့်
Messanger မှ ပို့ပေးပါရှင့်
Phone☎ ဆက်လျှင် ပိုမိုမြန်ဆန်သလို အများဖြင့် လုပ်နေရပါသဖြင့် နားလည်ခွင့်လွတ်ပေးပါရန် ကြိုတင် ပြောကြားအပ်ပါသည်ရှင့်
PAGE ၏ MESSENGER မှ တဆင့် ၎င်း ၊စာအုပ်တိုက် သို့ ရုံးချိန် အတွင်း တိုက်ရိုက်
ဖုန်းခေါ်ဆို ၍ သော် ၎င်း မှာကြား နိုင်ပါတယ်
♦အိမ်အရောက်ဝန်ဆောင်မှု အတွက်
♦ကျေးဇူးပြု ၍ ပြည့်စုံစွာ ရေးသား မှာယူ ပေးပါ ရှင့်...
👤 အမည်
🏠 နေရပ်လိပ်စာ အပြည့်အစုံ
📲 ဆက်သွယ်ရန် လွယ်ကူသော ဖုန်းနံပါတ်
📮 အနီးဆုံး စာတိုက်
📚 မှာယူလိုသော စာအုပ် နှင့် အရေအတွက်
စာတိုက် မှ တန်ဖိုးပေးရွေး VPL စနစ် ဖြင့် မှာယူသူ ထံ အိမ် အရောက် ပို့ပေးမှာ ဖြစ်ပါတယ် စာတိုက် မှ ပေးပို့ပါက မှာယူသူ ထံ ၅ရက် မှ ၁၀ရက် အတွင်း ရောက်ရှိ မှာ ဖြစ်ပါတယ်...
📲phone
09 770410060
SLW Book Shop
အမှတ် (၁၂) ၊ သုဓမ္မာလမ်း ၊ ကျောက်မြောင်း ၊တာမွေ ၊ ရန်ကုန်မြို့။
09/01/2026
📚 စာအုပ်အကြောင်းမပြောခင် စာရေးသားတဲ့ ဆရာမအကြောင်း အရင်ပြောပါရစေ။ ဆရာမရဲ့ မိဘတွေက စာပေလောကနဲ့ ရင်းနှီးတဲ့သူတိုင်း သိကြမယ့် ပုဂ္ဂိုလ်တွေပါပဲ။ အဖေက စံရွှေမြင့်ရုပ်ပြတွေကို ရေးသားတဲ့ ကာတွန်းမြင့်သိန်းဖြစ်ပြီး အမေကတော့ ထုတ်ဝေသူ/အယ်ဒီတာအဖြစ် နာမည်ကြီးခဲ့ဖူးတဲ့ ဒေါ်တူးတူးမြင့်သိန်းတို့ပါ။ ဆရာမက တရားအားထုတ်ခြင်း၊ ပါဠိကျမ်းစာပေ၊ စိတ်ပညာပိုင်းဆိုင်ရာတွေမှာ ဝါသနာထုံပြီး လက္ခဏာဖတ်ခြင်း၊ စိတ်ဖတ်ခြင်း၊ တားရော့ဖတ်ခြင်းနဲ့ ရှေ့ဟောဖြစ်ခြင်း အစရှိတဲ့ ပညာရပ်များကို တတ်မြောက်ကျွမ်းကျင်သူ ဖြစ်ပါတယ်။
📖 ဒီဖြည်ရန်ကျန်သော ဆက်ထုံးများဆိုတဲ့ စာအုပ်လေးက ဆရာမဂျူလီယာမြင့်သိန်းရဲ့ ပွဲဦးထွက်စာအုပ်လေးပါ။ ပရလောကကို နောက်ခံပြုထားတဲ့ ကျောချမ်းစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆရာမက ရှေ့ဖြစ်ဟောသူ ဖြစ်တာမို့ client ဖြစ်သူ ဆရာဝန်မလေးများ မေးမြန်းတိုင်ပင်မှု ပြောပြချက်များအရ သုတေသနဓာတ်ခွဲခန်းထဲမှ မကျွတ်လွတ်နိုင်ခဲ့ရှာတဲ့ ပရတစ်ဦးနဲ့ ဆရာဝန်အမျိုးသမီးတစ်ဦး ကူညီဆက်သွယ်မှု ပြုခဲ့ရာမှ ပရလောကသူရဲ့ စွဲလန်းစိတ်ကို ဒီစာအုပ်အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် အခြေခံထားပေမဲ့ ဇာတ်အိမ်ဖွဲ့ပြီး ချဲ့ကာရေးရတဲ့အတွက် အချို့သော ဇာတ်ကောင်တွေ၊ နေရာတွေ၊ အဖြစ်အပျက်တွေကတော့ဖြင့် စိတ်ကူးဖြင့် ဇာတ်လမ်းဖန်တီးထားခြင်းဖြစ်တယ်လို့ ဆရာမက ဆိုပါတယ်။
____________________
👻 ငွေဆောင်ကမ်းခြေကို အပန်းဖြေအနားယူဖို့ ရောက်လာကြတဲ့ ကုထုံးနဲ့ ဆေးဝါးဗေဒ (pharmacology) မှ အထူးသုတေသန ပြုလုပ်နေကြတဲ့ ဆရာဝန်မလေးနှစ်ယောက် နေခြည်ရဲရင့်နဲ့ သက်လျာကိုကို။
👻 အလုပ်ကြိုးစားပြီး အတွဲညီကြပေမဲ့ အကြိုက်နဲ့ နေထိုင်ပုံ မတူကြ။ သက်လျာက မိဘတွေ ဆုံးပါးပြီးကတည်းက အဒေါ်အပျိုကြီးရဲ့ ထိန်းသိမ်းမှုအောက်မှာ ပိပြားစွာ နေရသူ။ ဘယ်ကိစ္စမဆို အဒေါ့်အဆုံးအဖြတ် နာခံရတယ်၊ ခွင့်တောင်းရတယ်။ နေခြည်ကျတော့ မိဘအစုံရှိတယ်။ သာမန်ဝန်ထမ်း မိဘတွေက ပေါက်ဖွားလာပေမဲ့ နွေးထွေးပြီး ဖြည့်ဆည်းပေးခံရတဲ့ တစ်ဦးတည်းသောသမီး။ ဆုံးဖြတ်ချက်ချ ပြတ်သားပြီး သွေးအေးတည်ငြိမ်တယ်။ မိဘတွေကလည်း နေခြည့်ကို ယုံကြည်မှု မပြည့်ပေးထားတယ်။
👻 ဟိုတယ်ရောက်လို့ စားသောက်ပြီးချိန်မှာ သက်လျာက အခန်းပြန်နားပြီး နေခြည်ကတော့ ကမ်းခြေမှာ သွားထိုင်တယ်။ သူထိုင်နေတဲ့ ခုံတန်းရှည်အနီးနားမှာ အမျိုးသမီးတစ်ယောက် healing sound လို ငြိမ့်ညောင်းတဲ့ အသံလေးကို kalimba နဲ့ တီးခတ်နေတာကို နားထောင်ရင်း အိပ်ပျော်သလို ဖြစ်သွားတယ်။
👻 အိပ်ပျော်သွားချိန်မှာ ဓာတ်ခွဲခန်းထဲ ရောက်နေတယ်။ သူ့ကိုယ်သူ အိပ်မက်မက်နေတာကို သိပြီး နိုးဖို့ ကြိုးစားပေမဲ့ မျက်စိမှိတ်ပြီး ပြန်ဖွင့်လည်း ဒီနေရာမှာသာ ဖြစ်နေတယ်။ အိပ်မက်ကနေ နိုးလာအောင် ရုန်းထွက်ပေမဲ့ ချိတ်ဆက်စရာ ခန္ဓာကိုယ် ဘယ်လိုရှာရမယ်မသိ။ ဓာတ်ခွဲခန်း ပြတင်းပေါက်နားမှာ လှုပ်ရှားမှုကို တွေ့ရလို့ လှည့်ကြည့်တော့ မခင်သစ္စာအောင်ရယ်။
👻 မခင်သစ္စာအောင် ဆိုတာက နေခြည်တို့ ဓာတ်ခွဲခန်းက စီနီယာအစ်မ။ ကျစ်ဆံမြီးရှည်ရှည်ကို နောက်ကျောမှာ အမြဲချထားပြီး ခရမ်းဖျော့ဖျော့ ပါတိတ်ဝမ်းဆက်ကိုသာ စွဲစွဲမြဲမြဲ ဝတ်လေ့ရှိသူ။ အမြဲတမ်း လေးကန်နေတတ်ပေမဲ့ တော်တယ်။ စကားပြောသံကအစ ဗလုံးဗထွေးနိုင်ပြီး ခြောက်ကပ်ကပ်လေသံနဲ့။ ခေတ်နောက်ကျနေသလို အသုံးအနှုန်း အယူအဆတွေ ပါတတ်သေးတယ်။ မခင်သစ္စာက ဘယ်သူမှမရောက်ခင် ဓာတ်ခွဲခန်းကို ရောက်နေတတ်ပြီး သူအလုပ်လုပ်တဲ့အခါ ထိုင်နေကျ ပြတင်းပေါက်မှာပဲ အမြဲငုတ်တုတ်ကြီး ရှိနေတတ်တယ်။ သက်လျာနဲ့ မိတ်ဆက်ဖို့ ပြောတိုင်း မကြားချင်ယောင် ဆောင်တတ်တာမို့ နေခြည်လည်း မိတ်ဆက်ပေးဖို့ လက်လျှော့လိုက်တယ်။
👻 နေခြည်က လှမ်းခေါ်တော့ မခင်သစ္စာ လှည့်ကြည့်တယ်။ ကမ်းခြေမှာ ရောက်နေပြီး အိပ်နေရာက မနိုးတော့ကြောင်း၊ သေပြီထင်ကြောင်းပြောတော့ မသေသေးဘူးလို့ မခင်သစ္စာက ပြန်ပြောပါတယ်။ မခင်သစ္စာကို ကြည့်တော့ ဝမ်းဗိုက်ကနေ ထဘီအောက်ခြေထိ သွေးတွေရွှဲနေတယ်။ နေခြည် မေးကြည့်တော့ မကြားသလိုနေပြီး လှည့်ထွက်သွားပြီး ပြတင်းပေါက်က ခုံမှာ သွားထိုင်နေတော့တယ်။ နောက်တော့ နေခြည်လည်း လှုပ်နှိုးခံရပြီး နိုးလာတယ်။
👻 နေခြည့်ကို လာနှိုးသူက စောစောက healing sound တီးခတ်နေတဲ့ အမျိုးသမီး။ အမျိုးသမီးက အိပ်မက်မက်နေတဲ့ နေခြည့်ကို လှုပ်နှိုးပေးပြီး အုန်းရည်တိုက်ပေမဲ့ နေခြည်က ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောပါတယ်။ သူက နေခြည့်ကို ဘာတွေ မက်တာ၊ ပိတ်မိနေသလို ခံစားရလား မေးပေမဲ့ နေခြည်မဖြေ။ ကြိုးအနီနဲ့ ချည်ယှက်ထားတဲ့ ကျောက်မဲထုပ်လေး နေခြည့်လက်ထဲ ထည့်လိုက်တော့ လက်ဖဝါးမှာ ရုတ်တရက် အပူလောင်သလို ခံစားရပြီး ကျောက်မဲထုပ်လေးကို လွှတ်ချလိုက်တယ်။ နောက်ပြီး နေခြည်က သူ့အကူအညီ လိုအပ်နေတယ်လို့လည်း အဲဒီအမျိုးသမီးက ပြောပြန်ပါတယ်။ တကယ်တော့ သူမက နာမည်ကြီး ရှေ့ဖြစ်နောက်ဖြစ်ဟောသူ မဂျူလီယာ။
👻 ဒီဖြစ်ရပ်မတိုင်ခင်မှာလည်း နေခြည်က စိတ်ထဲမရှိတဲ့ စကားတွေ သူ့အလိုလို ပါးစပ်ကနေ ပြောထွက်နေမိတာမျိုး၊ ပင်ကိုအသိစိတ်ပျောက်အောင် ဒေါသထွက်မိတာ၊ ပြတင်းပေါက်ထိုင်ခုံနား မတ်တတ်ရပ်ပြီး တစ်ယောက်တည်း စကားပြောနေတာ၊ တစ်ခါတလေ ရယ်နေတတ်တာ၊ ပြတင်းပေါက်အပြင်ကို အကြာကြီး ငေးပြီး စကားတွေ ပြောနေတတ်တာ သက်လျာက ပခုံးကို ခပ်ကြမ်းကြမ်း ကိုင်လှုပ်မှ စိတ်နဲ့လူ ပြန်ကပ်သွားတတ်တယ်။ ဒီလိုပုံမှန်မဟုတ်တာတွေကို သက်လျာ သတိထားမိတဲ့အပြင် အချိန်တိုအတွင်း မခင်သစ္စာကိုလည်း ပါးစပ်က မချနိုင်အောင် ခင်နေတာကိုလည်း အံ့ဩနေမိတယ်။
👻 နေခြည်နဲ့ခင်ပြီး ကူညီပေးတတ်တဲ့ မခင်သစ္စာနဲ့ သက်လျာနဲ့က အပြင်မှာ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးပေမဲ့ သက်လျာအိပ်မက်ထဲက သူ့ကို ရန်လိုပြီး အန္တရာယ်ရှိစေတဲ့ အမျိုးသမီးရဲ့ အသွင်အပြင်ကို နေခြည့်ကို ပြောပြဖြစ်တော့ မခင်သစ္စာ ဖြစ်လို့နေတယ်။ သက်လျာအနေနဲ့ မခင်သစ္စာ အပြင်မှာ တကယ်မရှိဘဲ နေခြည့်စိတ်က ထင်နေသူလို့ ပြောရအောင်ကလည်း မခင်သစ္စာ ပိုင်ပြီး နေခြည် ပြုပြင်ပေးဖို့ ယူထားတဲ့ သစ်သားဘူးလေးကလည်း အပြင်မှာ တကယ်ကြီး ရှိနေတယ်။
👻 ဒါဆို ...
- မခင်သစ္စာအောင်က ဘယ်သူလဲ?
- သူက ဘာလို့ နေခြည်ကိုပဲ စကားပြောပြီး အခြားသူတွေကို မလိုလားရသလဲ?
- နေခြည်ကရော စိတ်ထဲမရှိတဲ့ စကားတွေ ပြောမိတတ်တာလိုမျိုး ဘာလို့ မူမမှန်တာတွေ ဖြစ်နေသလဲ?
- မဂျူလီယာကရော ဆရာဝန်မလေးနှစ်ယောက်ကို ကူညီပေးနိုင်မှာလား?
စသဖြင့် စိတ်ဝင်စားစရာတွေ အများကြီး ပြည့်နှက်နေတဲ့ ပရလောကဇာတ်လမ်းလေးတစ်ပုဒ်ပါ။
____________________
📰 ဒီစာအုပ်က စဖတ်လာကတည်းက တစ်ခန်းချင်း မပျင်းရအောင် ဆွဲခေါ်လာနိုင်အောင် အရေးအသားက ချောမွေ့ပါတယ်။ နောက်ပြီး စာရေးသူဆရာမကိုယ်တိုင်ကလည်း ပရလောကနဲ့ အဆက်အသွယ်ပြုလုပ်နေသူ ကြားခံပုဂ္ဂိုလ် medium တစ်ဦးဖြစ်တာမို့ ပရလောကနဲ့ ပတ်သက်ပြီး သိသင့်တဲ့ ဗဟုသုတအချို့လည်း ထည့်သွင်းပြောပြထားပါတယ်။ ဥပမာအားဖြင့် -
❝များသောအားဖြင့် ကံနိမ့်တဲ့အချိန်၊ ဖြစ်ပေါ်နေတဲ့ ရုပ်အား စိတ်အား ပျော့ညံ့နေတဲ့အချိန်၊ စိတ်လုံခြုံမှုမရှိတဲ့ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ (သို့မဟုတ်) ပရလောကနဲ့ နီးစပ်သောဘဝမှ လာသူ (သို့မဟုတ်) ပရလောကမှာ ဆွေမျိုးတော် စပ်ဖူးသူတွေရဲ့ မျှော်လင့်ကိုးစားခံရသူ (သို့တည်းမဟုတ်) ပြည့်စုံလုံလောက်သော ကုသိုလ်ဒါနဖြင့် ကူညီနိုင်စွမ်းရှိသူတွေမှာ ပရလောကကို မြင်တွေ့ကြားနာရတတ်ပါတယ်။ ကံမနိမ့်ပဲ မြင်တွေ့ ရကြားရ ခံစားရတာမျိုး ရှိတတ်ပေမယ့် နိမ့်သောပရများ ပူးကပ်ခိုတွယ်ခံရသူကတော့ ကံနိမ့်နေတာများပါတယ်။
ပူးကပ်ခိုတွယ်ခံရသူတွေဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံတဲ့ အချိန် ခန္ဓာကိုယ်အားနည်းချိန်မှာ အဖြစ်များပါတယ်။ စိတ်စွမ်းအားကြီးသူတွေ အတွက်က ပရလောကသားကို ကူညီနိုင်စွမ်းရှိပေမယ့်၊ ခံစားကြားနာနိုင်စွမ်းရှိပေမယ့် နိမ့်ကျသော ပရသားများရဲ့ ပူးကပ်ခိုတွယ်ခြင်းကို မခံရပါ။ ကမ္မဇိဒ္ဓိ တန်ခိုးမြင့် သော၊ စိတ်ကောင်းရှိသော၊ နတ်ပုဂ္ဂိုလ်စောင့်သော၊ စွဲ၍ဖြစ်တည်နေသော ကိုယ်မှာ မပူးကပ်ရဲကြပါ။❞
(~ ကျွန်မသိထားသော ပရလောကအကြောင်း)
📚 ပရလောက နောက်ခံပြု ခြောက်ခြားစရာ ဇာတ်လမ်းမျိုးတွေ သဘောကျသူဆို နှစ်သက်သဘောကျမယ့် စာအုပ်လေးပါ။
😇😇😇
📖 စာအုပ်အမည် - ဖြည်ရန်ကျန်သော ဆက်ထုံးများ
👩💻 စာရေးသူ - ဂျူလီယာမြင့်သိန်း
👨🎨 မျက်နှာဖုံးပန်းချီ - ဈာန်ရဲထွဋ်
🖨 ထုတ်ဝေမှု - ပန်းဆက်လမ်းစာပေ၊ ဩဂုတ်လ ၂၀၂၃၊ ပထမအကြိမ်
📄 စာမျက်နှာ - ၂၀၈
📰🗞📰🗞📰🗞📰
#ဖြည်ရန်ကျန်သောဆက်ထုံးများ
#ဂျူလီယာမြင့်သိန်း
crd: ဆရာမထက်ထက်တင်ဇာ
02/01/2026
" ကြာကြာပေါင်းမှအကြောင်းသိမယ် "
- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။
- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။
- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။
- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ
တသင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် ။
ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ.... ။
- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့
မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီး
မနာလိုဖြစ်တတ်သူတွေရှိတယ်။
- အပေါင်းအသင်းများတိုင်း
မိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ်
ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်။
- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့
ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်။
- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်။
-သတိထားပါ
သစ်ပင် ကောက်တာ မြင်ရပေမယ့် …
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်
လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ ။
- အပေါ်ယံ ချိုမြိန်မှုတွေက
ကြာကြာဝါးမှခါးမှန်းသိလာသလို
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊
လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို
ကြာကြာပေါင်းကြည့်မှသာ …
အကြောင်းသိ လာပါလိမ့်မယ်
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |