Yarn Over
29/03/2024
Hello ၈၈၃၄တို့ရေ 🎀 မတွေ့ရတာကြာပြီနော်🥺
ဒီတခါတော့ မင်တို့က Coffeeholicလေးတွေအတွက် တစ်နေ့တာမှာအရေးကြီးဆုံးဖြစ်တဲ့အစိတ်အပိုင်းလေးမှာ ပါဝင်ချင်လို့ပါရှင့်🫶🏻
ဒီလောက်ဆို ဘာလေးဖြစ်မလဲသိချင်နေကြပြီဟုတ်
“Coffee Coaster”လေးပဲဖြစ်ပါတယ်ရှင့်☕️
ဒီလိုချစ်စရာကောင်းတဲ့ ကော်ဖီခွက်အောက်ခံလေးတွေကို 2500-4000ထဲနဲ့ ပိုင်ဆိုင်လို့ရပြီဆိုရင်ရော သဘောကျတယ်မလားသဲတို့🫢
ကဲ ဒီလို ဘာဘယ်တီးတစ်ခွက်ဖိုးတောင် မပြည့်တဲ့amountလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ Coaster လေးလိုချင်ရင်တော့ မြန်မြန်ပြေးခဲ့တော့နော်🤩
17/03/2024
Lipstickလေးကိုဘယ်သွား”လဲ သယ်သွားချင်တယ် အိတ်ထဲ မွှေနှောက်ရှာရမှာလဲ ပျင်းတယ်ဆိုရင်တော့ ဒီလို holder လေးက ရှိကိုရှိသင့်တယ်နော်
ဒါမျိုး Lipstick Holder လေးတွေ Yarn Over မှာ Orderအပ်လို့ရနေပြီတဲ့🫢 ကိုယ့်ကောင်မလေးကို လက်ဆောင်ပေးချင်ရင် Holder လေးအပြင် Lipstickလေးပါမှာချင်ရင်လဲ ရောင်းပေးတယ်နော် Surprise Gift ပေးရင် အတော်လေး သဘောကျလောက်မယ့် လက်ဆောင်လေးပဲ💄❤️
Photo Crd
17/03/2024
We’re back🥺💕
မင်မင်တို့ ဒီကြားထဲ Postတွေမတင်ဖြစ်လို့ မေ့နေကြပြီထင်တယ်နော်☹️ဒီနေ့ကစပြီး Pageလေးကို ပုံမှန်ပြန်Runတို့မှာမို့ သဲတုံးတို့ရော အားပေးဖို့အသင့်ဖြစ်ပြီလားရှင့်
ဒီတစ်ခေါက် Comebackလေးမှာတော့ ချစ်စရာကောင်းတဲ့ Tote Bagလေးနဲ့စတင်လိုက်ပါမယ်နော်
စျေးလေးကတော့ Size & design ပေါ်မူတည်ပြီး အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင့်
17/03/2024
ချစ်ရတဲ့ဖူးအတွက်လဲ Special ဖြစ်တာလေး ထိုးပေးချင်ခဲ့တာ အိမ်မက်လေးလဲ ပြည့်ပြီး ဖူးလဲ တကယ်ကြိုက်လို့ ပီတိဖြစ်ရပါတယ်🥰
ဒီညကျရင်လဲ မင်တို့အသစ်သစ်တွေနဲ့ပြန်လာမှာမို့ စောင့်မျှော်နေပေးပါနော်🥺
27/02/2024
ဟိုင်းး ယောရောဘွန်း🥺
မင်တို့Pageလေး အားလုံးရှေ့ကနေ ခဏပျောက်ကွယ်ပြီးနောက် ပြန်လည်ရောက်ရှိလာပါပြီနော် အဲ့တော့ သဲတုံးလေးတို့ကလဲ ပြန်အားပေးလို့ရပါပြီရှင့်🫢
Comebackအနေနဲ့ထွက်လာမယ့်ပစ္စည်းလေးကတော့ သဲငယ်တို့ဘယ်သွားသွား ပျိုမယ်လေးတွေရဲ့အသက်လို့တောင် တင်စားရတဲ့ Lipstickလေးတွေနဲ့ပက်သက်မှာပါရှင့်😽
ကဲ ဘာပစ္စည်းလေးလဲလို့ ခန့်မှန်းကြရင်းနဲ့ နောက်တစ်ပတ်မှာ ချစ်စရာကောင်းတဲ့Itemsလေးတွေနဲ့ ပြန်တွေ့ဆုံကြပါမယ်ရှင်❤️
21/01/2024
ဒီပန်းအိုးလေးရဲ့ ထူးခြားချက်ကလေ မင့်အတွက်ဆိုရင်တော့ မြင်တာနဲ့ အမောပြေတာရှင့်💐✨
လက်ဆောင်ပေးဖို့လဲ အဓိပ္ပာယ်ပြည့်သလို စားပွဲပေါ်မှာ တင်ထားရင်လဲ ချစ်စရာကောင်းလွန်းနေတာပါ သဲငယ်တို့ရယ်🥺
ဒီထဲမှာ ပါဝင်တဲ့ပန်းလေးတွေကလဲ
နေကြာ - ပျော်ရွှင်ခြင်း
နှင်းဆီ - ချစ်ခြင်းမေတ္တာ
လာဗင်ဒါ-နှူးညံ့သိမ်မွေ့ခြင်း
စံပယ်-ဖြူစင်သန့်စင်ခြင်း
ဒီလိုအဓိပ္ပာယ်ရှိတဲ့ပန်းအိုးလေးပဲဖြစ်ပါတယ်ရှင့်❤️
Price - 8000 Mmk per One 🫶🏻
21/01/2024
Finally our first item is out !!
(Giveawayလေးပါဝင်တာမို့ အဆုံးထိ ဖတ်ဖို့မမေ့ရဘူးနော်)
Hello ယောရောဘွန်းလေးတို့ရေ မင်တို့ရဲ့ Yarn Over page လေးရဲ့ ပထမဆုံး ကလေးပုစိလေးဖြစ်တဲ့ Item လေးထွက်လာပါပြီနော်🫢❤️
ဒီItemကိုဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ ပန်းလေးတွေ ပါဝင်တဲ့ ပန်းခြင်းလေးပဲဖြစ်ပါတယ်နော်
ထူးခြားချက်လေးကတော့ ဒီItemလေးတွေမှာ အသုံးပြုထားတဲ့အရာအားလုံးဟာ Handmadeစစ်စစ်ဖြစ်ပါတယ်ရှင့်🧶
ဒီလို အရမ်းချစ်ဖို့ကောင်းတဲ့ Mini ပန်းအိုးလေးကို မင်တို့က
- 8000ကျပ်နဲ့
စတင်ရောင်းချပေးသွားမှာဖြစ်ပြီးတော့ Postတင်ပြီး 12နာရီအတွင်း လာရောက်ဝယ်ယူတဲ့ သဲသဲလေးတို့ကို 5% discount ပေးသွားမှာဖြစ်ပါတယ်ရှင့်!!
တစ်နိုင်ငံလုံးကို အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးနေပါတယ်နော်
**ဒါ့အပြင် မင်တို့ချစ်ရတဲ့ မွတ်နွတ်ပွတ်ကျွတ်လေးတွေအတွက် Itemလေး 1ခုကို မဲဖောက်ပေးသွားမှာဖြစ်ပါတယ် **
ဘယ်လိုကံစမ်းရမလဲဆိုရင်
-ဒီPostလေးကို Publicနဲ့ shareရုံပြီး Ssလေးကို commentလာမန့်ပေးရုံပါပဲနော်
ကံထူးသူလေးကို မင်တို့က 23.1.2024 (ည 8နာရီ)မှာမဲဖောက်ကြေညာပေးသွားမှာပဲဖြစ်ပါတယ်ရှင်❤️
-ချစ်တဲ့မင်🧁
27/12/2023
Hello ယောရောဘွန်း🌻….
First Collection လေး launch မလုပ်သေးခင်မှာ မင့်သဲသဲလေးတို့နဲ့ အဆက်သွယ်မပျက်အောင် အပြေးအလွှား Postလာတင်တာ😘
မင်တို့ရဲ့ First Collection လေးမှာဆိုရင် Items 3 ခုပါဝင်လာမှာဖြစ်ပြီးတော့ 2024 Jan လအလယ်ပိုင်းမှာ Launch လုပ်မယ်ဆိုတာ မင့်သဲပုစိလေးတို့ သိတယ်ဟုတ်🥺
အဲ့ဒါကြောင့် လစာထုတ်ရက်လေးမှာ သရေကွင်းလေးပဲချန်မထားပဲ ပိုက်ပိုက်စုထားကြဦးနော် *Giveaway လေးလဲ ပါမှာဆိုတော့ ဘယ်လောက်ကောင်းလိုက်သလဲ👻*
စျေးအသင့်ဆုံးနဲ့ Qအကောင်းဆုံးတွေပဲ ချပြချင်တဲ့ မင်တို့မို့ အားလုံးမေ့မသွားပဲ Yarn Over Page လေးကိုစောင့်မျှော်ပေးကြပါဦးနော် ဘိုင့်ရီ……🌷💗
-ချစ်တဲ့ မင်🧁
22/12/2023
Hello ယောရောဘွန်း 🌷✨🪐!!
မင်တို့ Yarn Over Page လေးကတော့ Insta /TikTok/Youtube တွေမှာ Trendဖြစ်နေတဲ့ Crochet Designs လေးတွေနဲ့ Handmade လေးတွေကို မြတ်နိုးတဲ့ သဲငယ်တို့ကြား ပေါင်းကူးတံတားသေးသေးလေးပဲဖြစ်ပါတယ်ရှင့်🧶💗✨
ဒီYarn Over Pageလေးကနေလတ်တလောTrendဖြစ်နေတဲ့ designလေးတွေ၊ လူကြိုက်များနေတဲ့ Designဆန်း”လေးတွေကို စျေးနှုန်းသင့်တင့်စွာ၊Qualityကောင်း”နဲ့ ရောင်းချပေးသွားမှာမို့ ငယ်တို့က ချစ်ဖို့ကောင်းတဲ့ Handmade စစ်စစ်လေးတွေကို မြတ်နိုးသဘောကျတဲ့သူဆိုရင်တော့ သေချာပေါက် Like & Follow လေးနှိပ်ထားဖို့ မမေ့နဲ့နော်🪡🧵
ဟောဒီက မင်က First Itemလေးကို 2024 နှစ်စမှာ Launch လုပ်မှာဆိုတော့ နှစ်သစ်ရဲ့ Jan လလယ်မှာ ချစ်ရတဲ့ သဲငယ်တို့နဲ့ ပြန်ဆုံချင်ပါတယ်နော် ဘိုင့်ရီ🧸🎀…
-ချစ်တဲ့ မင်🧁
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon