Future Sky Computer Training Team
29/11/2021
ကွန်ပျူတာအခြေခံလေ့လာနေသူများအတွက်
လုပ်ငန်းသုံး Excelအသုံးပြုပုံများနှင့် Microsoft wordအသုံးပြူနည်း သင်ခန်းစားများ
Excel(2013) သင်ခန်းစာ(13)ခု
Lesson(1)
အခြေခံexcel မိတ်ဆက်
https://www.facebook.com/189723948344915/posts/865045727479397/
Lesson(2)
အခြေခံဇယားဆွဲနည်း
https://www.facebook.com/189723948344915/posts/865743380742965/
Lesson(3)
အခြေခံ
အပေါင်းအမြှောက် အနှုတ် အစား ပြုလုအ်နည်း
https://www.facebook.com/189723948344915/posts/866255824025054/
Lesson(4)
Gender ခွဲနည်း(ကျား/မ)ခွဲနည်း
https://www.facebook.com/189723948344915/posts/866918520625451/
Lesson(5)
If functionဖြင့်
Bonusတွက်နည်း
https://www.facebook.com/189723948344915/posts/867498183900818/
Lesson(6)
If finctionဖြင့်
အောင်စာရင်းထုတ်နည်း
A B အဆင့် ခွဲနည်း
https://www.facebook.com/189723948344915/posts/868065460510757/
Lesson(7)
Sumif
Sumifs function အသုံးပြုနည်း
https://www.facebook.com/189723948344915/posts/869209567063013/
Lesson(8)
AND function
Sumproduct function
အသုံးပြုနည်း
https://www.facebook.com/189723948344915/posts/869835927000377/
Lesson(9)
Vlookup Functionအသုံးပြုနည်း
https://www.facebook.com/189723948344915/posts/871011903549446/
Lesson(10)
Data Validation အသုံးပြုနည်း
https://www.facebook.com/189723948344915/posts/872164060100897/
Lesson(11)
အချိန်ကုန်သက်သာအောင် အမြဲရိုက်ရမည့် စာရင်းတွေကို New listထည့်ထားနည်းး
ကိုယ်ရိုက်ချင်တဲ့ ဂဏာန်းတွေရိုက်မရတဲ့အခါ ဘယ်လိုရိုက်မလဲ
ပိုက်ဆံတွေရှေ့က $ တွေ ကျပ်တွေ ဘယ်လိုထည့်မလဲ
တန်ဖိုးမရှိတဲ့ 0 ကို -(dash)အဖြစ်ဘယ်လိုပြောင်းမလဲ
https://www.facebook.com/189723948344915/posts/876250729692230/
Lesson(12)
ရုံးလုပ်ငန်းလုပ်လိုသူတွေအတွက် EXcel
functionအသုံးပြုပြီး
အလုပ်ကြာချိန်ကို ဘယ်လိုတွက်မလဲ?
#မွေးနေ့ မွေးရက် မွေးလတွေကို ဘယ်လိုတွက်မလဲ?
https://www.facebook.com/189723948344915/posts/873192883331348/
Lesson(13)
ဒါကတော့ ရုံးအလုပ် လုပ်လိုသူတွေအတွက်ပါ
Excel ဖိုင် ၂ ဖိုင်ကို ပြိုင်တူဘယ်လိုသုံးမလဲ?
Excelဖိုင် ၂ ဖိုင် ဖွင့်ပြီး စာရင်းဇယားတွေကုိ
ဘယ်လိုတိုက်ကြည့်မလဲ?
https://www.facebook.com/189723948344915/posts/873651986618771/
ကွန်ပြူတာ အခြေခံလေ့လာသူများအတွက်
MICROSOFT WORDအသုံးပြုနည်းသင်ခန်းစာများ
LESSON(1)
https://fb.watch/dFLanpQ7EX/
Lesson(2)
https://fb.watch/dFLdFNmEwJ/
Lesson(3)
https://fb.watch/dFLeZB2SL1/
Lesson(4)
https://fb.watch/dFLgd3eQAM/
Lesson(5)
https://fb.watch/dFLhYhsGBY/
Lesson(6)
https://fb.watch/dFLlCNkNOT/
Lesson(7)
https://fb.watch/dFLodTCxCt/
Lesson(8)
https://fb.watch/dFLpyBpQq8/
Lesson(9)
https://fb.watch/dFLq_olazA/
Lesson(10)
https://fb.watch/dFLv86O6Sd/
Lesson(11)
https://fb.watch/dFLwX-tuX4/
Pageကို likeလုပ်ထားပေးပါ
https://www.facebook.com/ထာဝရငြိမ်း-189723948344915/
အားလုံးအဆင်ပြေကြပါစေ။
ထာဝရငြိမ်း(ရေဦး)
13/04/2020
ခုမှ Digital Marketing နယ်ပယ်ကို စဝင်မယ့် ညီငယ် ညီမငယ်များအတွက်
(ခုမှ Digital Marketing နယ်ပယ်ကို စဝင်မယ့် ညီငယ် ညီမငယ်များအတွက်သာ)
Digital Marketing ကို လေ့လာတော့မယ်ဆိုရင် ကိုယ်ဘာလို့ လေ့လာမှာလဲဆိုတာကို ကိုယ့်ကိုယ်ကို သေချာပြန်မေးပါ။
ပေါ်ပင်မှာ ပျော်ရွှင်ချင်ရုံလား???
ရေရှည် အသက်မွေးဝမ်းကြောင်းအနေနဲ့ ဝင်လုပ်ချင်တာလား???
အလုပ်ဝင်လုပ်ရုံလေးပဲလား???
ကိုယ့်အလုပ်မှာ အသုံးချနိုင်ရုံမကဘဲ သူများလုပ်ငန်းတွေအတွက်ပါ Services ပေးနိုင်တဲ့ Professional Freelancer အထိ ဖြစ်ချင်တာလား???
အဲ့မေးခွန်းလေးတွေ သေချာပြန်မေးကြည့်ပါဦး။ ကိုယ်တက်မယ့်သင်တန်းက ကိုယ့်လိုအပ်ချက်တွေကို တကယ်ဖြည့်ဆည်းပေးနိုင်လားဆိုတာ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ တက်ဖို့ဆုံးဖြတ်ပါ။ ရက်တိုသင်တန်းအများစုက ဆေးမြီးတိုလိုပါပဲ၊ ခဏတော့ အဆင်ပြေလိမ့်မယ်။ သင်တန်းတက်တုန်းကတော့ ဟား အရမ်းကောင်းတယ် မိုက်တယ်ပေါ့။ ပြီးတော့ သင်တန်းက ရက်ပိုင်းနဲ့ ဆင်းသွားရော။ အဲ့မှာ ပြန်မလုပ်ဖြစ်ကြတော့ဘဲ ဘာမှသေချာမလုပ်တတ် မကိုင်တတ်ဖြစ်နေကြတာတွေ အများကြီးမြင်တွေ့နေရပါတယ်။ သေချာလုပ်မယ်ဆိုမှ တက်ကြပါ။
ဒီနယ်ပယ်က စဉ်ဆက်မပြတ် ဆက်မလေ့လာတော့ဘူးဆိုရင် တိုးတက်မှုမရှိရုံမကဘူး၊ ဆုတ်ယုတ်ပြီး နောက်ကျကျန်ခဲ့တဲ့အထိကို ပြိုင်ဆိုင်မှု ပြင်းထန်၊ အပြောင်းအလဲမြန်တဲ့ နယ်ပယ်ပါ။ ဒါကြောင့် ဇမရှိရင်တော့ မစခဲ့စေချင်ပါဘူး။
Marketing ပညာရပ်က အမြဲတိုးတက်ပြောင်းလဲနေပါတယ်။ ခုဆို 4.0။ အထူးသဖြင့် Digital Marketing!!! Digital နည်းပညာက ဘယ်လောက်ထိ တိုးတက်ပြောင်းလဲတာ မြန်နေလဲဆိုတာ အစ်ကိုတို့ အားလုံးအသိပဲလေ။ Digital Marketing ဆိုတာ IT နဲ့ Marketing ကို ပေါင်းစပ်ထားတာပါ။ ဒါကို အပြည့်အဝအသုံးချနိုင်ဖို့ဆိုရင် IT၊ Marketing တို့နဲ့ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာရှိနေဖို့ မဖြစ်မနေလိုပါတယ်။
ပညာရပ်တစ်ခုခုကို လွယ်လွယ် တတ်မယ် မထင်ပါနဲ့။ ထင်နေရင် ဟဟပဲ အပေးခံနေရပါလိမ့်မယ်။ အထူးသဖြင့် Marketing နယ်ပယ်က Management ပညာရပ်တွေထဲမှာ အကျယ်ပြန့်ဆုံး ပညာရပ်ကြီးတစ်ခုပါ။ လူ့သဘော လူ့မနောတွေကို ကောင်းကောင်းသိမှ နားလည်မှ၊ ဖြည့်ဆည်းပေးတတ်မှ လုပ်ရတာ ပိုအဆင်ပြေပါတယ်။ ရက်တိုသင်တန်းတွေ တက်ချင်တက်ပါ၊ တက်ပြီးရင်တော့ ဆက်ပြီးလေ့လာနေမှ ဖြစ်ပါမယ်။
MBA တွေဘာတွေရှိနေတာ အလကားမဟုတ်ပါဘူး။ စီးပွားရေးလုပ်ဖို့ကို သိပ္ပံနည်းကျ ယုတ္တိနည်းကျ သေချာလေ့လာထားပြီးမှ ဒီဘာသာရပ်ထွက်ပေါ်လာတာပါ။ တတ်နိုင်ရင်တော့ Academic level ကနေ စသင်ယူတာ အကောင်းဆုံးပါပဲ။ Marketer တစ်ယောက်လုပ်မယ်ဆိုရင် အနည်းဆုံး Marketing Dip လေးတော့ ယူထားသင့်ပါတယ်။ ဒါမှ Marketing Concept ကို ကောင်းကောင်းနားလည်ပြီး ပြောတတ်ဆိုတတ် အသုံးချတတ်မှာပါ။ Manager level ထိသွားချင်ရင် ဒါတွေက မရှိမဖြစ်ပါပဲ။ တတ်နိုင်သေးရင် Business Management Dip လေးပါယူထားလိုက်ပါဦး။ စီးပွားရေးလုပ်ငန်းတစ်ခုကို စနစ်တကျ ဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိသွားပါမယ်။
အခြေအနေအရ ဘာ Dip မှမယူနိုင်သေးလဲ ကိစ္စမရှိပါဘူး။ စာအုပ်တွေဖတ်၊ တတ်သိပညာရှင်တွေဆီမှာ ချဉ်းကပ်လေ့လာပြီး DIp တက်တာထက် ပိုရအောင်တောင် လေ့လာလို့ ရပါသေးတယ်။ စာအုပ်တွေ တကယ်ဖတ်ချင်ရင် အစ်ကိုပေးပါ့မယ်။ အစ်ကိုပြောတာ ယုံ၊ အဲ့ဒါတွေ လေ့လာပြီးရင် ညီတို့ ညီမတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး လေ့လာရတာ ပိုကောင်းလာမှာ သေချာပါတယ်။
အဲ့လောက်ဆို Professional အဖြစ် ရပ်တည်ဖို့ အခြေခိုင်ပြီ။ အခြေခိုင်ပြီပဲပြောတာနော်။ Digital Marketer တန်းလုပ်လို့ရပြီ မပြောပါဘူး။ Digital Marketing နဲ့ အကျွမ်းတဝင်ဖြစ်အောင် ကိုယ်တိုင်လေ့လာစမ်းသပ်ရမှာတွေ ရှိပါသေးတယ်။ လေ့လာစမ်းသပ်ဖို့ချည်းသက်သက်ကို အချိန်အနည်းဆုံး(၃)လလောက်တော့ ပေးပါ။ အဲ့ (၃)လမှာ (၁)ရက်ကို (၅)နာရီကနေ (၈)နာရီလောက်ထိ သေချာအာရုံစိုက်ပြီး လေ့လာပါ။ Digital Marketing Gp တွေအကုန်ဝင်ထားပြီး ဝင်မေး ဝင်လေ့လာကြည့်ရပါမယ်။ Gp တွေဝင်ချင်ရင် ပြောခဲ့ပေးပါ။
ဒီ field ထဲက လူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ ကိုယ်ကမသိလို့ မေးတဲ့အခါမှာလဲ အထူအပါးနားလည်ဖို့ လိုပါတယ်။ Digital Marketer တွေ fb သုံးတာ အလုပ်အတွက် အများဆုံးသုံးနေကြတာပါ။ မီးစိမ်းနေတိုင်း အားမနေကြပါဘူး။ မေးတဲ့အခါလည်း အစအဆုံး အကြာကြီးဖြေပေးနေရမယ့် မေးခွန်းတွေကို ရှောင်ပါ။ သူတစ်ပါးရဲ့ အချိန်နဲ့စွမ်းအင်တွေကို ကိုယ့်ကြောင့် မဖြုန်းတီးရပါစေနဲ့။
မေးဖို့အကောင်းဆုံးနည်းတွေကတော့ သူတို့ Knowledge Sharing Post တွေတင်တဲအချိန်မှာ comment မှာမေးတာမျိုး၊ Live တွေမှာမေးတာမျိုး၊ ကိုယ်မေးချင်တာတွေကို စာတစ်စောင်ထဲနဲ့ မေးထားပြီး အားမှဖြေပေးဖို့ကို တောင်းဆိုထားတာမျိုးတွေဆို ဖြေပေးရမယ့်သူဘက်က နည်းနည်းတော့ ဝန်ပေါ့စေပါမယ်။
ကိုယ့်ဘာသာလေ့လာလို့ရလား???
-------------------------------------
သိပ်ရတာပေါ့။ Self-study ကောင်းလေ ပိုတိုးတက်လေပါပဲ။ လေ့လာသင့်တဲ့ဟာလေးတွေ အောက်မှာ ပြောပြပေးခဲ့ပါမယ်။
မြန်မာလို လေ့လာဖို့
--------------------------
၁)ကိုရန်နိုင်ဦး
bit.ly/KoYanNaingOo
၂)ကို Alex Khine
bit.ly/ALKYoutube
၃) ကိုအောင်မွန်ချမ်း
bit.ly/AMKYoutube, aungmonchan.com
၄)ကိုကျော်ဇင်လတ်
bit.ly/KoKyawZinLat
၅) Digital Sai
bit.ly/DigitalSai
၆) ကိုသက်နောင်
bit.ly/KoTNYoutube
-------------------------------------
English လို လေ့လာဖို့
----------------------
Social Media Marketing?
socialmediatoday.com
Google ကသင်တာ?
http://learndigital.withgoogle.com/.../digital-marketing
Building Websites Easily?
wpbeginner.com
Free Good Certificates?
academy.hubspot.com/
ဒါတွေအကုန်လုံးကို Bookmark လုပ်ထားပြီး နေ့တိုင်းလေ့လာပါ။ အကျိုးထူးစေရမယ်လို့ အာမခံပါတယ်။
အခါအားလျှော်စွာ ဒီပို့စ်မှာ အသစ်အသစ်တွေ ထပ်ပြီး ဖြည့်ပေးသွားပါဦးမယ်။ သိချင်တာလေးတွေရှိရင်လဲ ချက်ချင်းမေးသွားကြပါ။
လိုအပ်ရင် အချိန်မရွေးပြန်ဖတ်ရအောင်ရယ်နဲ့ တစ်ညလုံးမအိပ်ဘဲ ရေးပေးထားတဲ့ အစ်ကို အားရှိအောင်ရယ်တော့ လက်ဖ် ရီအက်ရှင်လေးနဲ့ ရှဲလေးပါ လုပ်ပေးသွားကြပါဦး😊
Photo credit to Google
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11051