Kiko - Gift & Home Decor
15/05/2026
Announcement 📢📢📢
လတ်တလော order များ ခဏ ရပ်နားထားပါတယ်ရှင့်😔
14/05/2026
Aromatherapy ရနံ့ကုထုံး ဆိုတာ သဘာဝ အဆီရနံ့တွေကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကို အနားယူစေဖို့၊ mood ကောင်းလာဖို့၊ stress လျော့ဖို့ ကူညီပေးတဲ့ therapy တစ်မျိုးပါ 🌿✨
သဘာဝရနံ့တွေဟာ stress တွေကို လျော့ကျစေတဲ့အပြင် စိတ်ရှုပ်တာ၊ ခေါင်းကိုက်တာ၊ အိပ်မပျော်တာတို့ကိုလည်း.. ပျောက်ကင်းသက်သာစေပါတယ်🍀
ခုလို မိုးအေးအေးနဲ့ အခန်းလေးထဲမှာ scented candle လေးထွန်းထားပြီး ဝတ္ထုလေးဖတ်တာပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ movie လေး ကြည့်တာပဲဖြစ်ဖြစ် အိပ်ယာလေးထဲမှာ ကွေးပြီးနေရတဲ့ feeling လေးကလည်း တကယ့် relaxing ပဲနော်💚💚💚💚💚
Aromatherapy မှာ မင်မင်ခုရောင်းနေတဲ့ Scented Candles လေးတွေလည်း ပါဝင်ပါတယ်... ရနံ့လေးတွေကလည်း အကုန်ကောင်းမွန်ပါတယ်
1. Green tea 🌱🌱🌱
fresh & clean feeling ပေးပြီးတော့ စိတ်ရှုပ်နေတာတွေကိုလျော့ကျစေပါတယ်...
room ကို spa vibe ဖြစ်စေတဲ့အပြင်
productive mood ရချင်တဲ့အချိန်သုံးဖို့ သင့်တော်ပါတယ်
အထူးသဖြင့် Study time, journaling, morning coffee time တို့နဲ့ ပိုပြီးလိုက်ဖက်ပါတယ် ✨
2. Lavender 🪻 🪻 🪻
stress relief ဖြစ်စေပါတယ်။ စိတ်ပင်ပန်းမှုဖြစ်တဲ့ anxiety လျော့ကျစေတယ်
emotional calmness ပေးတဲ့အပြင် lavender တွေရဲ့ အားသာချက်ဖြစ်တဲ့ အိပ်စက်ခြင်းမှာ လုံးဝ အထောက်အကူဖြစ်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်
ညဘက် tulip lamp လေးဖွင့်ပြီး lavender candle ထွန်းထားရင် healing night vibe အရမ်းရစေပါတယ် 🌙
3. Rose 🌹 🌹 🌹
feminine energy တက်စေတဲ့အပြင် self-love mood ရစေတယ်...
rose ဆိုတဲ့အတိုင်းပဲ အနံ့လေးက romantic & elegant feeling ပေးပါတယ်....
ကိုယ့်ကိုကိုယ် အရမ်းချစ်ဖို့ ထိုက်တန်တာဖြစ်လို့ rose candle လေးထွန်းပြီး soft music လေးဖွင့် Self-care day, skincare time,me time လေးတွေ ဖန်တီးကြည့် အရမ်းလိုက်ဖက်တယ် 💕
မင်မင်ရေ တို့က couple မို့ ro ချင်တာဆိုလည်း စိတ်မပူနဲ့ romantic vibe ပါပြီးသားမို့ အိမ်မှာ candle လေးထွန်းပြီး dinner date လုပ်ကြည့်နော်😍
4. Japanese Persimmon 🍊🍊🍊
သူ့ရဲ့အနံ့လေးကိုလေ မင်မင်ရှယ်ကြိုက်တာ နွေးထွေးတဲ့ vibe လေးကွာ အိမ်နဲ့တူတဲ့ အနံ့ပေ့ါ (အိမ်ဆိုတာ လူတစ်ယောက်လည်း ဖြစ်နိုင်တာပဲလေနော်😩)
လုံးဝ warm & comforting vibe ရတယ်
cozy home feeling ပေးတဲ့အပြင်လေ autumn cafe aesthetic လိုမျိုးခံစားရတယ်
Rainy day, reading time, quiet evening တွေအတွက် perfect ပဲ 🍂 (ဒီရာသီနဲ့ ကွက်တိနော်)
5. Sea / Ocean 🌊
အရမ်းစိတ်ရှုပ်နေတဲ့ အချိန်မှာ ပင်လယ်ကြီးကို မြင်ရတဲ့ခံစားချက်လိုမျိုး စိတ်ကို refresh ဖြစ်စေတယ်
breathing feeling ပိုပေါ့သွားသလိုခံစားရတယ်🩵💙
လေထုကအစ ကြည်ကြည်လင်လင် သန့်စင်နေတဲ့ vibe မျိုး ပေးစွမ်းတယ်
ရေချိုးပြီးတဲ့အချိန်၊ အခန်းလေးကို သန့်ရှင်းထားပြီး ထွန်းရင်လေ hotel vibe ရစေတယ် 🩵
မေ့လိုမျိုး cozy aesthetic ကြိုက်တဲ့သူအတွက်ဆို scented candle တွေက decor တင်မဟုတ်ဘူး
“ကိုယ့်စိတ်ကို ကိုယ်ဂရုစိုက်တဲ့ ritual လေး” လိုဖြစ်သွား စေပါတယ် ✨
ပြီးတော့ ဖန်ခွက်လေးတွေကလည်း တခါသုံးမဟုတ်ဘူးနော် နောက် ပြန်သုံးလို့ရတယ်🥰
ဈေးလေးကလည်း တစ်သောင်းစွန်းစွန်းလေးပါပဲရှင်
Tittok မှာ ဝက်ဝက်ကွဲရောင်းရတဲ့ tulip lamp လေးတွေ
မင်မင် stock တွေအများကြီး ထပ်ဖြည့်ပေးထားပါတယ်ရှင်
12/05/2026
hello hello Kiko လေး နေမကောင်းနေတာနဲ့ page လေးမှာ အနည်းငယ် တည်ငြိမ်နေပါတယ်လို့ 🤧
ခု နေပြန်ကောင်းသွားပြီဆိုတော့ sale လေးတွေ ပြန် run နေပါပြီ ခ🥰
ပစ္စည်းအသစ်လေးတွေ အများကြီးထပ်ဝင်ထားလို့ page လေးကို follow ထားပေးပါနော်😍
ဒီလထဲမှာ promotion တွေ ပေးဖို့လည်း ရှိပါတယ်ရှင့်🤗
crochet top လေးတွေ ထပ်ရောက်ထားပါတယ်ရှင့်🤗
beach သွားရင် ဝတ်မလား ထသွားထလာ jean အတိုလေးနဲ့ ဝတ်မလား အရမ်းသင့်တော်တဲ့ outfit လေးပါ🥰
အသားလေးက မထူဘဲ အိအိလေးဖြစ်ပြီး အရောင်က အဖြူနဲ့ cream ညိုလေးပါရှင်🤍🤎
no bra လေးမို့ ခေါင်းစားစရာမလိုဘဲ လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်လို့ရပါပြီ🤍
အရေအတွက်များများပါလို့ စိတ်ကြိုက်မှာယူလို့ရပါပြီနော်✨
#ကမ်းခြေ
08/05/2026
အရမ်းချစ်စရာကောင်းတဲ့ Budget Binder (ငွေစုစာအုပ်)လေးတွေ ဝင်ထားပါတယ်ရှင်🥰
စုဘူးနဲ့စုရင် မှိုတက်မှာလည်းကြောက်တယ်၊ နေရာလဲယူတယ်၊ တခါသုံးလည်း မဖြစ်ချင်ဘူး၊ အရေးကြီးဆုံးအချက်က အလွယ်တကူပြန်ထုတ်လို့ မရဘူးပေါ့နော်🤭
အဲ့ဒီ အခြေအနေလေးတွေကနေ လွတ်မြောက်ဖို့အတွက် မင်မင်က ဒီငွေစုစာအုပ်လေးကို အကြံပြုပါတယ်ရှင်
Photo album လေးလို နေရာလဲမယူတဲ့အပြင် သေးသေးကျစ်ကျစ်လေးနဲ့ တကယ် အသုံးတည့်ပါတယ်✨
အရွက် ၁၀၀ ပါလို့ စိတ်ကြိုက် စုလို့ ရပါတယ်ရှင်💰💰
nuna လိုမျိုး မောင်လေးကြွေချင်တယ်ဆိုရင်လေ
မင့်ဆီမှာ nuna လိုမျိုး လှလှလေး ဝတ်လို့ရတဲ့ silk scarf လေး ရှိတယ်နော်🥰
Yumi လို မောင်လေးလဲရ ကိုယ်လည်းလှ
ဘယ်လောက်မိုက်လဲ🤭
အကောင်သေးပေမယ့် စွာကျယ်လေးနော်
အရမ်းချစ်စရာကောင်းတာပါဆို
ရောင်စုံပန်းခင်းလေးထဲ ရောက်သွားသလိုမျိုး dreamy world ထဲက princess လိုမျိုး feeling လေးပေးမယ့် tulip lamp လေးပါရှင်🌷
မီးလေးလင်းလာရင် အရမ်းချစ်ဖို့ကောင်းတာ😍
ကိုယ့်ရဲ့ ချစ်ချစ်လေးကို princess treatment လေး ပေးချင်တဲ့ vibe မျိုးဆို ဒါလေးယူနော်😍
ပန်းနဲ့ ခရမ်းလေးကုန်
ရောင်စုံလေးရဦးမယ်ရှင်🥰
ကိုယ့်ရဲ့အိမ်တံခါးလေးပဲဖြစ်ဖြစ် ဆိုင် ၊ ရုံးခန်းတံခါးလေးတွေ ဖွင့်လိုက်တိုင်းမှာ သာယာငြိမ့်ညောင်းတဲ့ အသံလေးနဲ့ ဆီးကြိုပေးမယ့်
Door Wind Chime လေးပါ✨
ရိုးရှင်းပေမယ့် တန်ဖိုးရှိတဲ့ အလှဆင်ပစ္စည်းလေးတစ်ခုဖြစ်သလို၊ အိမ်ကိုလာတဲ့ ဧည့်သည်တွေကိုလည်း နွေးထွေးတဲ့ ကြိုဆိုမှုကို ပေးစွမ်းနိုင်ပါတယ်✨
တပ်ဆင်ရတာ အရမ်းလွယ်ကူပြီး မည်သည့်တံခါးမျက်နှာပြင်မှာမဆို အဆင်ပြေစေပါတယ်✨
ဆည်းလည်းသံလေးဖြစ်လို့ energy ကောင်းသလို လာဘ်လည်းကောင်းစေပါတယ်ရှင်🍀
🔔Instock ပါရှင်
18200ပါ💰💰
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon