GOLDEN GLOBE

GOLDEN GLOBE

Share

Photos from ဇမ္ဗူဒီပါ Travel Service's post 28/09/2023
05/08/2019

သင်သတိမပြုမိပါက သင်နှင့်သင့်ကားကို အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါတွေလက္ခဏာများ

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို. ဆိုလိုက်ရင် တော်တော်များများက အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာပြဿနာတွေကို ပြေးမြင်တတ်ကြပါတယ် ၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာတွေက ဖြေရှင်းရခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့့် ၊ သင့်ကားနဲ. သင်ရဲ.အသက်အန္တရာယ်အထိအကြီးမားဆုံး ဒုက္ခပေးနိုင်တာကတော့ Suspension ပိုင်းလို.ခေါ်တဲ့ သင့်ကားအောက်ပိုင်းရောဂါတွေပါ ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို.ရှိတယ် ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့်မောင်းတော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ.မောင်းနှင်နေတဲ့ကားတစီးဟာ အင်ဂျင်ပိုင်းဆိုင်ရာချို.ယွင်းမှုကြောင့် ရုတ်တရက်စက်ထိုးရပ်သွားရင် ၊ သင်ခရီးလမ်းမှာစိတ်အနှောက်အယှက်ဖြစ်မယ် ၊ ယုတ်စွအဆုံးအင်ဂျင်တလုံးလဲလိုက်ရတာကလွဲလို. ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေမယ့် ကားအောက်ပိုင်းကSuspension ပိုင်းက ပစ္စည်းတွေပျက်နေတာသတိမပြုမိလို.ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ် ၊ ကျိုးပဲ့သွားမယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေရှိပါတယ် ။

ဒါကြောင့် သင်နဲ.သင့်ကားရဲ. လုံခြုံစိတ်ချရမှု
Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို အကျဉ်းချုပ်တင်ပြပေးပါ့မယ် ။

ကားအောက်ပိုင်း (Suspension ) ကိုအဓိကအားဖြင့် အောက်ပါပစ္စည်းများဖြင့်ဖွဲ.စည်းထားပါတယ် ။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိျင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ အစရှိတဲ့အခြေခံပစ္စည်းတွေနဲ.ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ်အမျိုးအစား ထုတ်လုပ်တဲ့ကုမ္ပဏီပေါ်မူတည်ပြီးအောက်ပိုင်းပစ္စည်းအစိတ်အပိုင်းတွေအများကြီးပါ၀င်ပါသေးတယ် ။ အဲ့ဒီ ပစ္စည်းတွေနဲ.
အဓိကတွဲဖက်အလုပ်လုပ်နေတာကတော့ Brake System ဘရိတ်အဖွဲ.အစည်းတွေနဲ. တာယာတွေပါ ။

(၁) တိုင်းရော့ ( Tie rod )နဲ. မိန်းလုံး ( Tie rod end or Rack End ) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေပြမလဲ

တိုင်းရောနဲ. မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ.မောင်းနေတဲ့အခါမျိုးမှာ ဒါမှမဟုတ် ကားကိုရုတ်တရက်ထောင့်ချိုးကွေ.လိုက်တဲ့အခါမျိုးမှာအရှေ.ဖက်အစွန်းဆုံးဆီကနေ * ဒုတ်ဒုတ် * မည်သံထွက်လာမယ် လာထုနှက်တဲ့အသံမျိုးထွက်နေမယ်ဆိုရင် သင့်ကားရဲ. တိုင်းရော့နဲ. မိန်းလုံးတွေချို.ယွင်းနေပါပြီ ၊

နောက်တချက်က သင်ကားမောင်းနေတဲ့အချိန်တို. ကားဘရိတ်အုပ်လိုက်တဲ့အချိန်တို.မှာ ကားက တဖက်ဖက် ကိုဆွဲနေမယ်၊ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ် ဘက်မညီမမျှစားသွားမယ် ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ. မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ ၊ တိုင်းရော့နဲ. မိန်းလုံးဆိုတာကတော့ကားအောက်ပိုင်းမှာ ပျက်စီးမှုအများဆုံးပစ္စည်းပါ ၊ တိုင်းရော့ကျိုးပိုင်းလို.၊ပြုတ်ထွက်လို. တောင်တက်တို. အဝေးပြေးတို.မှာ အသက်အန္တရာယ်ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့အခုဖော်ပြထားတဲ့ရောဂါလက္ခဏာလေးတွေတွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမားပျက်စီးမှုမဖြစ်ခင် ၀ပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာ နင်းပြီး ပြန်သုံးတန်သုံးဖို.လိုအပ်နေပါပြီ ။

(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင်ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကားအောက်ဘက်ထောင့်ဆီကနေ တချက်တချက် ၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေထွက်တတ်တယ် ၊ အထူးသဖြင့် လမ်းအတိမ်းအစောင်းဖြစ်နေတဲ့နေရာတွေတို. ၊
ချိုင့်ခွက်တွေထဲတို.မှာ မောင်းလိုက်ရင် အဲ့အသံက ထွက်လာတယ်ဆိုရင် အဲ့ဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ.ထုတဲ့အသံမျိုးနဲ.ဆင်ပါတယ် ။

Ball Joint က သင့်ကားဘီးရဲ. ဘယ်ညာအကွေ.အထိန်းတွေမှာ အဓိက ထိန်းပေးထားတာမို. ၊ Ball Joint မကောင်းဘူးဆိုတာနဲ. သင့်ကား စတီယာရင် ( Steering ) ကိုလာပြီး သက်ရောက်မှုတွေရှိလာပါမယ် ၊ ဖြစ်လာနိုင်တာက
သင့်ကား စတီယာရင် မာပြီးလှည်.ရတာခက်သွားမယ် ၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီးထိန်းရခက်သွားမယ် ၊ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကိုဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ဂွေကိုလာတိုးတာမျိုးတွေဟာ
Ball Joint မကောင်းခြင်းရဲ. ရောဂါလက္ခဏာတွေပါ ။ အခြားရောဂါလက္ခဏာကတော့ တိုင်းရောမိန်းလုံးတို.လိုပဲ တာယာအတွင်းအပြင်မညီမညာစားသွားတာမျိုးပါပဲ ။

(၃) ( Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ် ၊ သင့်ကားဘယ်ကိုဖြစ်ဖြစ်ညာကိုဖြစ်ဖြစ်ကွေ.လိုက်လို. တခုခုနဲ.တခု ကြိတ်ဝါးနေသလို * ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် * အသံတွေထွက်လာတယ် ၊
ကွေ.တိုင်းအဲ့လိုအသံတွေထွက်နေတယ်ဆိုရင်အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတရပ်ပါ ။ နောက်ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ကလစ်ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ် ။
မနေ.ကပဲကားတစီး ဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး ၀ပ်ရှော့ကိုကြိုးနဲ.ဆွဲလာရပါသေးတယ် ။

(၄),shock absorber,Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေမကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာထင်ရှားပါတယ် ၊ အထူးသဖြင့် လမ်းအနိမ့်အမြင်မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညောညင်သာမှမရှိတော့ဘဲ အောက်ဘက်ကနေ
ပြင်းထန်စွာလာစောင့်နေတာမျိုးတွေကို သိသာထင်ရှားစွာခံစားရပြီဆိုရင်တော့ အဲ့ဒါ , shock absorber, Spring , Strutsတို. မကောင်းတဲ့လက္ခဏာရပ်ပါ ။ ရှော့ဘားတွေမကောင်းတဲ့ လက္ခဏာနောက်တမျိုးက သင့်ကားကိုယ်ထည်တခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ် ။ နောက်တမျိုးကလည်း တချို.ရှော့ဘားမှာဆိုရင် ဆီတွေယိုကျတာတို. ၊ ရှော့ဘား
ကအောက်ကို ကျပြီး အပေါ်ကို ပြန်ကန်မတက်တော့တာမျိုးတွေကိုလည်း မြင်တွေ.နိုင်ပါတယ်ခမျာ ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်

ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်ဖြစ်နိုင်တာတွေက တာယာလေနဲနေတာ ၊ တာယာ လေပေါင် တဖက်နဲ.တဖက်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင်အရင်စစ်ဆေးရပါမယ် ၊ အခုနောက်ပိုင်းတချို.မော်ဒယ်မြင့်
ကားတွေမှာတော့ တာယာလေပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်းပါတယ် ။

တာယာတဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ် ၊ တာယာတဖက်ဖက်မညီမညာစားနေလား ရှေ.နောက်ဘေး သေချာစစ်ဆေးရပါမယ် ၊ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ် ။

ကားအလိုင်းမင့် (Alignment) မညီမညာဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ် ။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ် ။
တိုင်းရော့တို. မိန်းလုံးတို.မကောင်းတာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေးဆိုင်တွေမှာ ပြုပြင်သင့်ပါတယ် ။

(၆) ဘရိတ်နင်းရတာထိုင်းနေမယ် ၊ ကပ်နေမယ် (၀ါ) လျောနေမယ် ၊ဘရိတ်အုံတွေအရမ်းပူနေမယ် ၊ ဘရိတ်ကလစ်နဲ. ဘရိတ်ဒရမ်နဲ.ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေကုန်နေတာ ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ ၊ ဘရိတ်ရူးလျော့နေတာ ၊ ပင်တွေသံချေးတက်ပြီးကိုက်နေတာတွေဖြစ်နိုင်ပါတယ် ။

(၇) စတီယာရင် လှည်.ရတာချော်နေမယ် ၊ သင် စတီယာရင်ကို လှည့်တဲ့အခါဖြစ် ၊ လှည့်ထားတဲ့အတိုင်းလေးထိန်းတာတဲ့အခါဖြစ်စေ ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည်.ဖို.ခက်ခဲနေမယ် ဆိုရင်s teering Fluid နည်းနေတာဖြစ်နိုင်တယ် ၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ် ၊ Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ် ၊ Steering Pump က O ring ပျက်ပြီးဆီယိုနေတာလည်းဖြစ်
နိုင်ပါတယ် ။

ဒါတွေက ကားတစီးမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်းရောဂါလက္ခဏာရပ်တွေပါ ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါတွေအများကြီးကျန်ရှိပါသေးတယ် ၊ မြန်မာနိုင်ငံမှာက လမ်းမကောင်းတာရယ် ၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်းရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို.လည်းဆိုနိုင်ပါတယ် ။ တချို.ကားတွေမှာဆို ဒူးဆစ်တို. မိန်းလုံးတို.ဘောဂွိုင့် တိုက်ရော့တို.ကို အုပ်ထားတဲ့သဲကာလေးပေါက်တာကို မလဲတာကနေပြီး
အဲ့ဒီအရာတွေကြားထဲမှာနေရမယ့် အမဲဆီတွေအပြင်ထွက်ပြီး ၊ အထဲမှာမရှိရမယ့်သဲတွေဖုန်တွေရွှံ.တွေက အထဲဝင်ကာ အောက်ပိုင်းဆက်စပ်ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလိုတွေ.မြင်ရပါတယ် ။ အောက်ပိုင်းက
လင့်တွေ ၊ Bushing တွေ မကောင်းတာကြောင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ် ။

နောက်တခုက အထက်ပါရောဂါတွေက တခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံးစုပေါင်းပြီးလည်းဖြစ်နိုင်ပါတယ် ။
ကားပေါ်တက်လိုက်လို. အောက်ပိုင်းဆီကနေ သံစုံတီးဝိုင်းသံတွေကြားနေရရင်တော့ သင့်ကားအောက်ပိုင်းတော်တော်များများပျက်စီးယိုယွင်းနေပြီဆိုတာ သတိပြုသင့်ပါတယ် ။ စစဖြစ်ခြင်းရောဂါလက္ခဏာတွေသတိမမူဘဲ မပြုပြင်
မထိန်းသိမ်းရင် အောက်ပိုင်းအခြားဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီး အနည်းဆုံးတာယာစားသွားတာ ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင်ထိခိုက်စေမှာပါ ။

ဒါကြောင့်သင့်ကားအောက်ပိုင်းကနေ မူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ တွေကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ. သင်နဲ.သင့်ကားဘေးအန္တရာယ်ကင်းရှင်းရေး လုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြသပြီး ရောဂါကုသမှုခံယူသင့်ကြောင်း အကြုံပြုတင်ပြပေးလိုက်ရပါတယ်ခမျာ ။
Credit to primeautotechnology

Want your business to be the top-listed Convenience Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

608, Strand Road
Yangon